ကျုပ်ခင်ဗျားကို အရင်..လက်ခံလိုက်မယ်
Vol. 26 Ch. 382
#ဘာသာပြန် = စနိုးဝှိုက်
အားကစား ဝတ်စုံကိုဝတ်ထားတဲ့ မိန်းမလှလေးဟာ..လင်းဖန်ကို ဒေါသထွက်တဲ့ အကြည့်တွေိနဲ့ ကြည့်နေခဲ့တယ်..။သူမ ဒီအကောင် တင်ပါးတွေကို ခြေထောက်နဲ့ တက်နင်းပစ်ချင် နေခဲ့ပါပြီ..။
လင်းဖန်ကတော့..ဆူနာမီ ဝင်တိုက်လာရင်တောင်..မလှုပ်နိုင်လောက်အောင် တည်ငြိမ်နေခဲ့တယ်..။မိန်းမလှလေးရဲ့..မျက်နှာ အမူအရာပြောင်းလဲ နေပြီး..သူရဲ့တင်ပါးတွေကို..စိုက်ကြည့်နေတာ သတိထားမိခဲ့ပါတယ်..။
သူမ ငါ့ကို တရားမဝင်တာ တစ်ခုခု လုပ်ချင်တာများ ဖြစ်နိုင်မလား...
သို့ပေမယ့်..အခုအချိန်မှာ လေးလေးနက်နက် ထားပြီး..လုပ်ရမယ့် အရာက..ကျိုးမင်ချင်းကို ကုသမူပါ..။တရုတ်ဆေးပညာ လိုင်စင် ရဖို့ဆိုရင်..သူ အကောင်းဆုံးကြိုးစား ကူသရမှာဖြစ်ပြီး..မဟုတ်ရင် အကုန်သဲထဲရေသွန် ဖြစ်သွားပါလိမ့်မယ်...။
"မာစတာကျုပ်ကို..ကြိုးဖြေပေးလို့ရမလား..။မလှုပ်ဘူးလို့ ကတိပေးပါတယ်.."
ကျိုးမင်ချင်းဟာ သူ. မာစတာ တစ်ယောက်နဲ့ တွေ့နေရပြီ ဆိုတာကို နားလည်လိုက်ပါတယ်...။ဒီ မာစတာ ကငယ်ရွယ်ပေမယ့်လည်း သူ့ရဲ့ ကျွမ်းကျင်မူတွေ ..အသိပညာတွေက အံ့ဩစရာပါ..။
လင်းဖန် ကျိုးမင်ချင်း စိတ်လှုပ်ရှား နေပြီ မှန်း နားလည်လိုက်တယ်..။တရုတ် ဆေးပညာဆိုတာက နို်င်ငံရဲ့ ရတနာ ဆိုပေမယ့်လည်း..လက်ဆင့်ကမ်း သင်ကြားလာတဲ့ ပညာတွေက..ရေခဲတုံးကြီးရဲ့ အပေါ်ယံ အပိုင်းအစလောက်ပဲ ရှိပါသေးတယ်..။
သူတိူ့ မသင်ရသေးတဲ့..နက်နက်တဲ့ ပညာရပ်တွေက ဒုနဲ့ဒေးပါပဲ..။
တစ်ခြား တရုတ် သမားတော်..တွေနဲ့..ဒီကောင်လေးရဲ့..အရည်အချင်းတွေဟာ..လုံးဝ နှိုင်းယှဥ်မရပေ..ဉ
"ဘာအတွက်လဲ...ဒီအတိုင်းပဲနေ..."
လင်းဖန် ဟာ စွယ်စုံကျမ်း ရဲ့ အကူအညီနဲ့..ကျိုးမင်ချင်းရဲ့ခန္တာကိုယ်ကို ကုသနေပြီး..အတော်လည်း..ကောင်းမွန်လာနေခဲ့ပါတယ်..။
အဲ့အချိန်မှာပဲ..အားကစား ဝတ်စုံကို ဝတ်ဆင်ထားတဲ့..အဖိုးကြီးဟာ..ရှေ့ကို လျောက်လာခဲ့ပြီး..
"အာ..ကောင်လေး..။မင်း အဖိုးကြီး ကျိုး ရဲ့ အခြေအနေကို တကယ်ကုသ နိင်တာလား.."
လင်းဖန် အားကစား ဝတ်စုံ ဝတ်ထားတဲ့ အဖိုးကြီး ကို ကြည့်လိုက်တယ်..။
"ကျေးဇူးပြုပြီး..ကျုပ်ကို မာစတာ လို့ခေါ်ပါ.."
အဖိုးကြီးဟာ..ကြောင်အနေခဲ့ပြီး ဘာပြောရမှန်း မသိတော့ပေ..။
လင်းဖန်ရဲ့ နောက်မှာ ရှိနေတဲ့ မိန်းကလေးတောငိ မျက်နှာ အမူအရာပြောင်းသွားခဲ့ ပါတယ်..။
ငါ့ဖင်ကြီးကို...မာစတာ ပါလား...
ကျိုးမင်ချင်းကတော့..လင်းဖန် ရဲ့ ကျွမ်းကျင်မူတွေကို အ့ံဩသင့် နေခဲ့ ပါပြီ..။သူက တရုတ်ဆေးပညာကိုဘဝတစ်လျောက်လုံး လေ့လာခဲ့တဲ့ လူတစ်ယောက်ပါ..။
"သူက တကယ် မာစတာပဲ.."
အားကစား ဝတ်စုံဝတ် အဖိုးကြီးဟာ..ကျိုးမင်ချင်းကို ကြည့်လိုက်တယ်..။ငယ်ရွယ်စဥ် အချိန်ကတည်းက ကျိုးမင်ချင်းက နောက်ပြောင်တတ်တဲ့ လူမဟုတ်ပါဘူး..။ယင်းနောက် သူ့မျက်နှာမှာ စိတ်လှုပ်ရှားမူ..လေးနက်မူတွေ ပေါ်လာခဲ့ပြီး...
"မာစတာ..သူ့ရောဂါကို တကယ်ကုသနိုင်တာလား.."
"ကျုပ်အခု ဘာလုပ်နေတယ် ထင်လို့လဲ..။ကျုပ်မကုသနိုင်ရင်..ဒီလို မျိူးတွေ အထိလိုက်လုပ်နေပါ့မလား.."
လင်းဖန် လှည့်တောင် မကြည့်ပဲ ..အပ်တွေကို သာ ဆက်စိုက်နေခဲ့ပါတယ်..
"ဘယ်လို ခံစားရလဲ..။ပိုပြီး သက်သောင့်သက်သာ ရှိရဲ့လား.."
ကျိုးမင်ချင်း ခေါင်းညိမ့်လိုက်တယ်..။
"အင်း.."
"ဒါကောင်းတယ်..သက်သောင့်သက်သာ မရှိဘူးဆိုရင် တစ်ခုခု မှားနေလို့ပဲ.."
အဲ့အချိန်မှာပဲ..သူတို့ သုံးယောက် အေးအေးဆေးဆေး စကားပြောနေခဲ့ကြတယ်..။
"မာစတာ..ကြာဥိီးမှာလား.."
အားကစား ဝတ်စုံဝတ်ထားတဲ့ အဖိုးကြီးက မေးလိုက်တာပါ..။
"ပြီးခါနီးပါပြီ..အလျင်မလိုနဲ့.."
လင်းဖန်ပြောလိုက်တယ်..။
ကျိုးမင်ချင်းကတော့..သူ့ခြေထောက် နဲ့ လက်တွေဟာလုံးဝ လှုပ်မ ရတော့ပါဘူး.။
"ဟုတ်တယ်..မာစတာ..ကို အမြန်မလုပ်ခိုင်းနဲ့..။သူ့ရဲ့ ကျွမ်းကျင်မူတွေက အရမ်းကောင်းလွန်းနေတော့ ငါတောင် အမြင်ကျယ်သွားသလိုပဲ..။ယုံတောင် မယုံနိုင်တော့ဘူး.."
"မာစတာ..ဒီအပ်တွေရဲ့ အဓိပ္ပါယ်က ဘာလဲ...။ဘာနည်းလမ်းလဲ ဆိုတာကို သိပါရစေ..။ကျွန်တော် ခန္တာကိုယ်ထဲကို အပ်စိုက်လိုက်တာနဲ့ တည်ငြိမ်ပြီး..အေးဆေးတဲ့ ခံစားချက်ကို ရနေရတယ်..."
ကျိုးမင်းချင်းဟာ..အခုချိန်မှာတော့..စာကို အရမ်းစိတ်ဝင်စားတဲ့ ကျောင်းသားလေး တစ်ယောက်လိုဖြစ်နေခဲ့ပါပြီ..။
"ဒါက သက်သောင့်သက်သာ ရှိရဲ့လား.."
လင်းဖန် မေးလိုက်တာပါ..။
"ဟုတ်တယ်.."
လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..
"သက်သောင့်သက်သာ ရှိရင်ရပြီ..မေးခွန်းတွေက ပြီးမှ မေးလို့ရတယ်..။အခုတော့ စိတ်ကို လျော့ထားဦး.."
ဘေးနားက လူအိုကြီးဟာလည်း သဘောတူစွာ ခေါင်းညိမ့်လိုက်တယ်..။
"မာစတာပြောတာ မှန်တယ်..မေးခွန်းတွေ အများကြီး မမေးနဲ့..။ဒီ ရောဂါက မင်းကို တစ်သက်လုံး ဒုက္ခပေးလာခဲ့တာ..ဒီနေ့ မာစတာ နဲ့ တွေ့ပြီး ကုသခွင့်ရလိမ့်မယ် လို့ မထင်ထားခဲ့ဘူး..။ဘယ်လောက် ကံကောင်းလိုက်လဲ.."
အဲ့အချိန်မှာတော့..ကျိုးမင်ချင်းဟာကြိုးနဲ့ အချည်ခံထားရပေမယ့် သူ့စိတ်ထဲမှာ..မေးခွန်းတွေ ပြည့်နှပ်နေခဲ့ပါတယ်..။
အချိန်တွေဟာ တစ်မိနစ်ပြီး တစ်မိနစ် ကုန်လွန်သွားခဲ့တယ်..။
"မာစတာ ပြီးသွားပြီလား..
ကျိုးမင်ချင်း စိတ်မရှည်တော့ပဲ မေးလိုက်တာပါ..။သူ့ရဲ့ လက်ရှိအခြေအနေက အရင်တုန်းကထပ်စာရင် အများကြီး ပိုပြီး ကောင်းလာတာကို..ခံစားနေရပါတယ်..။
လင်းဖန်ပြီးပြီ လို့ ပြန်ဖြေလိုက် ချင်ပေမယ့်..ကျိုးမင်ချင်းရဲ့..အခြေအနေက မတည်ငြိမ်သေးပါဘူး..။
ငါ့ရဲ့ ကုသမူက မပြည့်စုံလို့လား...
အခုအချိန်က သူ့ရဲ့ ကျွမ်းကျင်မူတွေကို ပြသရတော့မယ့် အချိန်ပါပဲ..။ဒါက သူ့ရဲ့ ခန္တာကိုယ်ကို..ပိုပြီးမကောင်းမွန်စေပေမယ့်လည်း ထိခိုက်မူလည်း မရှိ့ပြန်ပါဘူး..။သို့ပေမယ့် လက်ရှိ သူအသုံးပြုမယ့် နည်းလမ်းက သိပ်တော့ လွယ်ကူတဲ့ အရာမဟုတ်ပေ..။
အဲ့အချိန်မှာပဲ..ကျိုးမင်ချင်းရဲ့ ခန္တာကိုယ် တစ်ခုလုံးမှာ ငွေအပ်တွေ ပြည့်နှက်သွားခဲ့တယ်..။ဒါကို မြင်တဲ့ လူတိုင်း အံ့ဩသွားကြမှာပါ..။
လင်းဖန် လက်နှစ်ဖက်ကို ပွတ်လိုက်တယ်..။
*ဖြန်း ဖြန်း..*
တကယ်အံ့ဩစရာ မြင်ကွင်းက ဖြစ်ပေါ်လာခဲ့ ပါပြီ..။ကျိုးမင်ချငိး ရဲ့ ခန္တာကိုယ်မှာ ရှိနေတဲ့..ငွေအ်တွေ အကုန်လုံးဟာ..ပျားတွေလို..အတောင်ပံ တွေ ထွက်ပေါ်လာပြီး..ပျံသန်းမယ့် အရိပ်အယောငိတွေ ပေါ်လာခဲ့တာပါ..။
ကျိုးမင်ချင်းရဲ့ ခန္တာကိုယ် တစ်ခုလုံးမှာ ရှိတဲ့ အပ်တွေဟာ တုန်ခါနေတာကြောင့်..သူ အံ့ဩသင့်နေခဲ့တယ်..
"မာစတာ ..ဒါ..ဒါ ဘာနည်းလမ်းလဲ.."
ကျိုးမင်ချင်း..တရုတ်ဆေးပညာကို အချိန်တွေ အကြာကြှီး လေ့လာခဲ့ပေမယ့်လည်း လင်းဖန်လုပ်နေတာတွေကို လုံးဝ လိုက်မမှီနိုင်တော့ ပါဘူး..။သူ ပိုပြီး မြင်ရလေလေ..လင်းဖန် ပြုလုပ်နေတဲ့ နည်းလမ်းတွေက ကျွမ်းကျင်ဖို့ ခက်ခဲတယိ ဆိုတာ သိလာလေလေပါပဲ..။
သူ့ကိုသူ တရုတ်ဆေးပညာအကြောင်း သိလှပြီ လို့တွေးထားပေမယ့်..ဒီမြင်ကွင်းကို မြင်အပြီးမှာတော့..သူ့ဆီမှာ ဒုတိယ အတွေးဝင်လာခဲ့ပါတယ်..။
လင်းဖန် တည်ငြိမ်စွာ ပြုံးလိုက်တယ်..။သူ ဒီနည်းလမ်းကို မကျွမ်းကျင်သေး ပါဘူး..
"ခင်ဗျားမှာ မေးခွန်းတွေ အများကြီး ရှိနေမှာပေါ့..ဒါက..သာမန်နည်းစနစ် လေးပါ..ဘာမှ သိပ်ပြီး အံ့ဩဖို့ မလိုပါဘူး..။ကောင်းပြီ ခင်ဗျားရဲ့ ရောဂါက အကုန်ကောင်း သလောက်ပဲ..။ဒါပြီးရင်..ဆေးလေး နည်းနည်းပါးပါး သောက်လိုက်တာနဲ့ အကုန်ကောင်းသွားလိမ့်မယ်.."
လင်းဖန် လက်ကို လှုပ်လိုက်တာနဲ့..ကျိူးမင်ချငိးရဲ့ ကိုယ်ထဲက အပ်တွေ အကုန်လုံးဟာ ပျံထွကိလာခဲ့ပြီး..သူ့လက်ထဲ ပြန်ရောက်လာခဲ့ ပါတယ်..။
လင်းဖန် လက်ခုတ်တီးပြီး တည်ငြိမ်စွာပြောလိုက်တယ်..။
"ကောင်းပြီ လူအိုကြီး ခင်ဗျားရဲ့ သူငယ်ချင်းကို ကြိုးဖြေပေးလို့ရပြီ.."
အားကစား ဝတ်စုံဝတ် အဖိုးကြီး ဟာ အလျင်အမြန် ကျိုးဖြေပေးပြီး စိတ်လှုပ်ရှားစွာ မေူလိုက်ပါတယ်..
"ဘယ်လို ခံစားရလဲ.."
ကျိုးမင်ချင်း လင်းဖန်ကို အံ့ဩသင့်စွာ ကြည့်နေရင်း...သူ့ သူငယ်ချင်းကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်တယ်..။
"ကောင်းတယ်..အရမ်းခံစားလို့ ကောင်းတယ်..။ဒီလောက်ထိ အရင်တုန်းက နေလို့ မကောငိးခဲ့ဘူး.."
"ကျုပ်ရဲ့ ကျွမ်းကျင်မူက ကောင်းမွန်ရဲ့လား.."
ကျိုးမင်ချင်း လင်းဖန်ရဲ့ လက်ကို စိတ်လှုပ်ရှားစွာ လှုပ်ခါလိုက်ပြီး..
"မာစတာ ရဲ့ ကျွမ်းကျင်မူတွေက ကောင်းမွန်တယ် ဆိုတာထက်ကို ပိုပါတယ်..။ဒါက ထိပ်တန်းပဲ..ဘယ်သူမှ မယှဥ်နိုင်တဲ့ ထိပ်တန်း အဆင့်.."
လင်းဖန် ရယ်လိုက်တယ်..။
"ဒါဆို ခင်ဗျား ကျုပ်လေ့ကျင့်ဖို့ လိုင်စင်ပေးတော့ မှာပေါ့.."
ကျိုးမင်ချင်းလုပ်ပေးမယ် လို့ ပြောခါနီးမှာပဲ တစ်ခုခုကို သတိရလိုက်တယ်..။
"မာစတာ ..ဒါက ပြသနာ မရှိပါဘူး..။မာစတာ ရဲ့ ကျွမ်းကျင်မူတွေက ဒီထက်ကို ပိုပါတယ်..။ဒါပေမဲ့ ခုနက ပြောထားတဲ့ အတိုင်းပဲ..လက်မှတ်ရဖို့ ဆိုတာက ..တက္ကသိုလ်မှာ လေ့လာရင်လေ့လာ..မဟုတ်ရင်..တစ်စုံတစ်ယောက် ဆီမှ တပည့်အဖြစ် အသိအမှတ်ပြုခံ ရမှ..စာမေးပွဲ စစ်ဆေးခံဖို့ အရည်အချင်းမှီတာလေ..။ကျွန်တော်က မာစတာရဲ့ ဆရာ ဖြစ်ဖို့ အရည်အချင်း မရှိတာ သိပါတယ်..။ဒါပေမဲ့..ကျွန်တော် မာစတာ ကို ဆရာအဖြစ်တင်လို့တော့ရဲ့တယ် လေ..။ဒီ အသိအမှတ်ပြုမူ ရိှိနေသ၍ ဘာပြသနာ မှ မရှိစေရဘူး..လက်မှတ်အတွက်ကတော့ ကျွန်တော် တာဝန်သာ ထားလိုက်..."
လင်းဖန်ပြောလိုပ်တယ်..။
"ဒါကောင်းတယ်..ဒါပေမဲ့ ကုသခွင့် လိုင်စင်ကို ဒီနေ့ချင်းထုတ်ပေး နိုင်ရင်တော့ အကောင်းဆုံးပဲ.."
အစက ကျုပ်ခင်ဗျားကို ကမ်းလှမ်းတုန်းက.. ခင်ဗျား ငြင်းပယ်ခဲ့တယ်လေ..အခု ခင်ဗျားက ကျုပ်ရဲ့ ကျွမ်းကျင်မူတွေကို မြင်တော့ တပည့် ဖြစ်ချင် နေပြီပေါ့.....။
ကျုပ် အရင်လက်ခံလိုက်မယ်..ဒါပေမဲ့..ကျုပ်လက်ထဲ လက်မှတ်ရောက်ပြီ ဆိုတာနဲ့..မာစတာ လင်းရဲ့ တပည့်ဖြစ်လာဖို့ ဘယ်လောက် ခက်ခဲလဲ ဆိုတာကို..တွေ့ရသေးတာပေါ့...။