ကျုပ်ခနလောက် နားပါရစေဦး
Vol. 26 Ch. 383
#ဘာသာပြန် = စနိုးဝှိုက်
"မာစတာ..မာစတာရဲ့ စကေးတွေက အရမ်းကောင်းမွန်တာပဲ..။အရင်တုန်းက မာစတာ လို လူမျိူးကို တစ်ခါမှ မတွေ့ခဲ့ဖူးဘူး.."
ကျိုးမင်ချင်းဟာ လင်းဖန်ကို ဆက်ပြီး ချီးကျူးနေခဲ့တယ်..။သူက အသက်ကြီးပေမယ့်လည်း..မပျက်ဆီးသေးတဲ့ မှတ်ဥာဏ်တွေ ရှိနေဆဲပါ..။ဒီမာစတာရဲ့ နည်းလမ်းတွေက သူ့ဘဝတစ်လျောက်လုံး တစ်ခါမှ မမြင်ဖူးခဲ့ပဲ..သူ့ရဲ့ရောဂါကိုလည်း ဆန်းကျယ်စွာ ကုသပေးသွားခဲ့တာပါ..။
လင်းဖန် ပျော်ရွှင်စွာ မတ်တတ်ရပ်နေရင်း ခေါင်းညိမ့်လိုက်တယ်..။
"ဂုဏ်သရေရှိ လူကြီးမင်း..ခင်ဗျားပြောတာက မှန်တော့မှန်ပါတယ်..။ကျုပ် မာစတာ လင်း ဆိုတဲ့ လူက တရုတ်ဆေးပညာကို ကမ္ဘာပေါ်မှာ ဒုတိယ ဆိုရင် ဘယ်သူမှ ပထမ မယူရဲဘူး..။သဘောတူရဲ့လား.."
"ဟုတ်..သဘောတူပါတယ်.. "
ကျိုးမင်ချင်း ချက်ချင်းခေါင်းညိမ့်လိုက် တယ်..။သူ့မျက်လုံးတွေနဲ့ မြင်ပြီးတဲ့ နောက်မှာတော့ သူမယုံကြည်ပဲ မနေနိုင်တော့ ပါဘူး..။
နောက်ထပ် အဖိုးကြီး တစ်ယောက်ဟာ လည်း သိချင်စွာ မေးလိုက်တယ်...။
"မာစတာ ကျွန်တော် ခန္တာကိုယ်မှာ ဘာတွေ..မြင်လည်း ကြည့်ပေးလို့ ရမလား.."
လင်းဖန် ကြည့်လိုက်ပြီး..
"ကျုပ်ဘာမှ မမြင်ဘူး...ဘာလို့လဲ ဆိုတော့ ကျုပ်မှ ခင်ဗျားနဲ့ မသိတာ.."
အဖိုးကြီးဟာ ရှက်ကိုး ရှက်ကန်း ရယ်မောလိုက်တယ်..။သို့ပေမယ့် သူ့မှာ မျှော်လင့်ချက် ရှိပါသေးတယ်..။သူသာ..မာစတာ လင်းကို ဆက်ပြီး မြောက်ပင့်နေရင်..မရင်းနှီးဖူးလို့ မပြောနိုင်ပါဘူး..။
"မာစတာ..ကျွန်တော်တို့ ပထမဆုံး..တွေ့ဆုံပြီးရင်..တစ်ယောက်နဲ့ တစ်ယောက် ပိုပြီး ရင်းနှီးလာကြမှာပါ..။ထပ်ပြောရရင် ကျွန်တော်နဲ့ လူအိုကြီး ကျိုးက ဆိုးအတူ ကောင်းအတူတွေပဲလေ..။လူအိုကြီး ကျိုးက ..မာစတာရဲ့ တပည့်ဖြစ်လာရင်..ကျွန်တော်နဲ့လည််း ရှေ့လျောက် ဘေးနားမှာ ရှိနေတော့မှာပေါ့.."
လင်းဖန် အဖိုးကြီး ကိုကြည့်ပြီး..ကျိုးမင်ချင်းကို ကြည့်လိုက်ကာ..
"ကျုပ် လိုင်စင်ကို အခု သွားလုပ်ခိုင်းရင် စိတ်မရှိဘူး မလား..။ဒါက သိပ်ပြီး မခက်ခဲလောက်ပါဘူး. ဟုတ်တယ်နော်..."
"ဟင်အင်.."
ကျိုးမင်ချင်းဟာ အခုချိန်မှာ..ခွန်အားတွေ ..တက်ကြွမူတွေနဲ့ ပြည့်နှက်နေခဲ့ ပါပြီ..။သူဟာ အသက်ရူကြပ်နေတာတွေ ထပ်မရှိတော့ပဲ..ရောဂါ ပျောက်ကင်းသွားခဲ့တာပါ..။
"မာစတာ မဟုတ်ဘူး...ဆရာ..စာရွက်စာတမ်း ကိစ္စကို စိတ်မပူပါနဲ့..။ကျွန်တော် ကျိန်းသေ အဆင်ပြေအောင် လုပ်ပေးမှာပါ..။အခု တော့ ကျွန်တော်တို့ ကျန်းမာရေး ဌာနကို အရင်သွားရအောင်..."
"ရှေ့ကသွား.."
လငိးဖန် စိတ်မရှည်စွာ ပြောလိုက်တာပါ..။သူကအခု အလိုချင်ဆုံး အရာက လိုင်စင်ပါပဲ..။ဒီနေ့ခေတ် အခြေအနေက လိုင်စင် မရှိရင်..တစ်ခုခု လုပ်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ..။
ကျိုးမင်ချင်းလည်း ဒီမှာ ရပ်နေရတာကို စိတ်မရှည်နိုင်တော့ပေ..။
"ကောင်းပါပြီ..ကောင်းပါပြီ.."
အခုအချိန်မှာတော့ မူလိန်လိန်ဟာ ငိုချင်နေခဲ့ ပါပြီ..။အဖိုး ကျိုး သူမကို မေ့နေတာ မပြောနဲ့..သူမရဲ့ အဖိုး အရင်းကိုယ်တိုင်ကတောင် သူမကို မေ့နေခဲ့တာပါ..။ထပ်ပြောရရင် ..သူမရဲ့ ဘောင်းဘီက ပြဲနေပြီး..လေတိုက်တိုင်း..လတ်ဆတ်တဲ့လေထုက အသားကို လာလာ ထိနေခဲ့ ပါတယ်..။
အဲ့အချိန်မှာပဲ မူလောင်ဟာ ရုတ်တရက် သူ့မြေးမလေးကို သတိရသွားခဲ့တယ်..။
"မာစတာ..မာစတာ .ကျွန်တော် မြေးမလေး..က အခုထိလှုပ်လို့ မရသေးဘူးလေ.. "
"အိုး ဟုတ်သားပဲ..ကျုပ်မေ့တော့မလို့.."
လင်းဖန် ရယ်မောပြီး ပြောလိုက်တာပါ..။
မူလိန်လိန်ဟာ လင်းဖန်ရဲ့ မျက်နှာကို မြင်ပြီး ဒေါသထွက်လာခဲ့တယ်..။သို့ပေမယ့် သူမ လှုပ်မရတော့ ဘာမှ လုပ်လို့ မရပါဘူး..။
လင်းဖန် ခန္တာကိုယ်ပေါ်က..အပ်ကို ပြန်နှုတ်လိုက်တယ်..။
လင်းဖန် အပ်ကို နှုတ်လိုက်တာနဲ့..မူလိန်လိန်...လှုပ်ရှားလို့ ရလာခဲ့တယ်..။သူမ လင်းဖန်ရဲ့ ဦးခေါင်းကို ချက်ချင်း လှမ်းကန်လိုက်ပါတယ်..။
သို့ပေမယ့် လင်းဖန် ကို ထိဖို့ ဆိုတာက မဖြစ်နိုင်ပါဘူး..။သူ ေရှာင်တိမ်းလိုက်ပြီး..မူလိန်လိန် ရဲ့ခြေထောက်ကို လက်နဲ့ ဖမ်းထားလိုက်ပါတယ်..။ခနကြာမှ လင်းဖန် သူ မမြင်သင့်တာကို မြင်နေရတာ သတိထားမိလိုက်တယ်..။
"အား...."
နောက်ထပ် ေအာ်သံကြီး ပေါ်ထွက်လာခဲ့တယ်..။
လင်းဖန် လက်လွှတ်ပြီး ခြေထောက်ကို ပြန်လွှတ်ပေးလိုက်ပြီး
"စိတ်မပူနဲ့..ငါကလွဲပြီး ဘယ်သူ မှ မမြင်ပါဘူး.."
မူလောင် နဲ့ ကျိုးမင်ချင်းဟာ အချင်းချင်း တီးတိုးပြောနေကြတာ ဖြစ်ပြီး..အသံကြားကာမှ လှမ်းကြည့်လိုက်ကြတယ်..။
မူလိန်လိန် ရဲ့ ဒေါသတွေဟာ..ရှက်ရွံ့မူတွေပါ ပါလာခဲ့ ပါပြီ..။သူမဟာ ဘောင်းဘီ အပြဲကို လက်နဲ့ ကာထားလိုက်ပြီး..
"အဖိုး..ဂျာကင်လေး ပေးလို့ရမလား.."
"မြေးမလေး..အဖိုးမှာက ဒီဂျာကင်တစ်ထည်ပဲ ရှိတာလေ..။ဒါနဲ့ ဘာလုပ်မလို့တုန်း.."
မူလောင် မေးလိုက်တာပါ..။
မူလိန်လိန် ဘယ်လို ပြန်ဖြေရမလဲ မသိတော့ပေ..။
လငိးဖန် ကြားဝင်ဖြေပေးလိုက်ပါတယ်..။
"သူ ဘောင်းဘီက ပြဲသွားလို့.."
"ပါးစပ်ပိတ်ထား.."
မူလိန်လိန် ဒေါသတကြီး ပြောလိုက်တာပါ..။
ဒီစကားကို လက်လွှတ်စပယ် ပြောစရာ လား..
မူလောင် ချက်ချင်း လာပြီး ဂျာကင်ကို ချွတ်ပေးလိုက်တယ်..။မူလိန်လိန်ဟာ ဂျာကင်ကို..အောက်မှာ..ဖုံးထားလိုက်ပြီး..လင်းဖန်ကို စိုက်ကြည့်ကာ..
"နင်စောင့်နေ..အဖိုးလာ သွားရအောင်.."
စကား တစ်ခွန်းမှ မပြောပဲ မူလိန်လိန်ဟာ.လျောက်သွားခဲ့တယ်..။သို့ပေမယ့် သူမ သွားနေရင်း တစ်ခုခုမူ မမှန်တာ သတိထားမိလိုက်ပါတယ်..။သူမ အဖိုးက သူမနဲ့ အတူ လိုက်မလာ ခဲ့ ပါဘူး..။
သူမ လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့..သူမအဖိုးဟာ..ကောင်လေးနောက်ကို လိုက်သွားနေတာ တွေ့လိုက်ရတယ်..။
"မြေးမလေး..အိမ်ကို အရင် ပြန်နှင့်လိုက်နော်..။အဖိုးက အစ်ကိုကျိုး နဲ့လိုက်ပြီး..ကြည့်လိုက်ဦးမယ်.."
"အာ.."
မူလိန်လိန် ဒေါသထွက်ပြီး ဆက်လျောက်သွားခဲ့ ပါတယ်..။သူမ အဖိုး ..ဒီလိုလုပ်လိမ့်မယ် လို့ မထင်ထားခဲ့ ပါဘူး..။
ကျိုးမင်ချငိးဟာ စိတ်လှုပ်ရှားနေခဲ့တယ်..။သူ စာရွက်စာတမ်းတွေ လုပ်ပြီးတာနဲ့..ဒီမာစတာ က သူ့ရဲ့ ဆရာဖြစ်လာတော့မှာပါ..။
"လာ..ဆရာ..သွားကြရအောင်.."
"ကောငိးပြီ.."
လင်းဖန် အမြန်လုပ်ချင်နေခဲ့တယ်..။ဒီအကြံကို စဥ်းစားမိတဲ့ သူ့ကိုသူတောင် အထင်ကြီးနေမိ ခဲ့ပါပြီ..။
ခင်ဗျားသာ ကျုပ်ကို မယုံကြည်ရင် သစ်ပင်မှာ ကျိုးနဲချည်ပြီး ကုသပေးလိုက်မယ်..။ဒါမှ မယုံကြည်သေးဘူး ဆိုရင်တော့ တစ်ခုခု မူမှန်လို့ပဲ..။
မူလောင် ကတော့ ဘေးနားကနေ လိုက်ပြီး မေးခွန်းတွေ မေးနေခဲ့ပါတယ်..။လင်းဖန်ကတော့ ဒီအဖိုးကြီးကို ပြန်တောင်မဖြေချင်တော့ ပါဘူး..။
ခင်ဗျား မြေးမလေးက ချောမောပေမယ့် ကျုပ်က ရုပ်ရည်တစ်ခုတည်းကိုပဲ ကြည့်တဲ့ လူမဟုတ်ဘူး.....
ကျန်းမာရေး ဌာနတွင်..။
ကောင်တာ ဝန်ထမ်းမလေးဟာ..လင်းဖန်ကို အကူညီမဲ့စွာ ကြည့်လိုက်တယ်..။ဒီ ကောင်လေး က အတော်ကို ခေါင်းမာ လွန်းတာပါ..။သူမ ထွက်သွားဖို့ ပြောတော့မယ့် အချိန်မှာပဲ..သူနဲ့ အတူ..ကျိုးမင်ချင်းဟာ.. ပါလာတာ တွေ့လိုက်ရပါတယ်..။
"ကျုပ်တို့ တစ်နေရာရာ သွားရဦးမှာလား.."
လင်းဖန် မေးလိုက်တာပါ..။
"မဟုတ်ဘူး..ကျွန်တော် တို့သွားဖို့ မလိုဘူး..။လိုက်သာ လိုက်ခဲ့ပါ..ကျွန်တော် အခုပဲ..အကြီးအကဲ ကို သွားတွေ့လိုက်မယ်..။ဘာပြသနာ မှ မရှိပဲ..မေးခွန်းအားလုံးကို အောင်မြင်လိမ့်မယ်လို့..အာမခံတယ်.."
ကျိုးမင် ချင်းဟာ..သီးသန့်သမား ဖြစ်ပေမယ့်..တစ်ခြား လူတွေထက် စီနီယာ ပိုကျပါတယ်..။
ကျန်းမာရေး.ဌာန ၏ ဥက္ကဌ..။
"အစ်ပြီးအကဲ ကျိူး.."
ကျန်းမာရေး ဌာနရဲ့ဥက္ကဌဟာ..ကျိုးမင်ချင်း ဝင်လာတာ မြင်တာနဲ့ နှုတ်ဆက်လိုက်တာပါ..။
ကျိုးမင်ချင်းရဲ့ မျက်နှာဟာ..ပျော်ရွှင်သွားခဲ့ပြီး..
"ရှောင်ဝမ် ..ဒါက ငါ့ရဲ့ ဆရာပဲ..။သူ့မှာ ဆေးလက်မှတ်မရှိသေးပေမယ့်..သူ့ရဲ့ အရည်အချင်းနဲ့..အသိပညာတွေကို ငါ့ဂုဏ်သိက္ခာရင်းပြီး အာမခံတယ်..။ဒီတော့ မင်း သူ့အတွက် ဒီနေ့ပဲ လက်မှတ် ထုတ်ပေးနိုင်မလား.."
"ကောင်းပါပြီ ကောင်းပါပြီ.."
ရှောင်ဝမ် အလျင်အမြန် ခေါင်းညိ်မ့်လိုက်ပြီး နောက်မှ..တစ်ခုခု မှားနေတာ သတိထားမိလိုက်တယ်..။
"အစ်ကြီးအကဲ ကျိုး..ဘာပြောလိုက်တာလဲ.."
ဥက္ကဌ ဝမ် ကြောင်အသွားခဲ့တယ်..။
ငါ နားကြားမှားသွားတာ လား....
ကျိုးမင်ချင်း ရှောင်ဝမ်ရဲ့ မျက်လုံးကို ကြည့်ပြီး နောက်တစ်ခေါက် ထပ်ပြောလိုက်တယ်..။
"ဒါက ငါ့ရဲ့ ဆရာ..သူ့မှာ ဆေးလက်မှတ်မရှိသေးလို့...ငါမင်းကို သူ့အတွက် တစ်ခုလုပ်ခိုင်းနေတာ.."
ရှောင်ဝမ်ဟာ အစ်ကို ကျိုးကို ကြောင်အပြီး ကြည့်နေခဲ့တယ်...။
အစ်ကြီးအကဲ ကျိုးက ဘယ်လို လူမျိုးလဲ...။သူနောက်နေတာ ပဲ ဖြစ်ရမယ်..ဟုတ်တယ်မလား....
သူ့တပည့်ကို ဆေးလက်မှတ် ရဖို့ ခေါ်လာခဲ့တာ ဆိုရင် သူ လက်ခံနိုင်ပါသေးတယ်..။သို့ပေမယ့် အခုတော့ အစ်ကို ကျိုးက..ကောင်လေး တစ်ယောက်ကို ခေါ်လာပြီး သူ့ဆရာလို့ပြောနေခဲ့တာပါ..။
လင်းဖန် မျက်မှောင်ကျုပ်လိုက်ပြီး..
"လေးစားရတဲ့ ..လူအိုကြီး သူက ခင်ဗျားကို မယုံကြည်ဘူးထင်တယ်.."
ကျိုးမင်ချင်း ရှက်ရွံ့သလို ခံစား လိုက်ရပါတယ်..။သူ ရှောင်ဝမ်ကို ထပ်ကြည့်လိုက်ပြီး..
"ရှောင်ဝမ်..မင်း လုပ်ပေးနိုင်လား..။မလုပ်နိုင်ရင်လည်း တစ်ခြား နည်းလမ်း တစ်ခုခု ရှိသေးလား ပြောပါ.."
ရှောင်ဝမ် အကြီးအကဲ ကျိုး စိတ်လှုပ်ရှားနေတာကို သတိထားမိလိုက်ပြီး အလျင်အမြန်ပြော လိုက်တယ်..။
"ရပါတယ် ရပါတယ်..ကျွန်တော် လုပ်ပေးပါ့မယ်..။ခုနက နည်းနည်း..အံ့ဩသွားလို့ပါ..။ကျွန်တော် ခနနားလိုက်ဦးမယ်.."
သူတကယ် ခနနားဖို့လို အပ်ပါတယ်..။သူ ခန မနားဘူး ဆိုရင် သူ့နှလုံးက ဒီ အံ့ဩစရာ ကိစ္စကို ခံနိုင်မှာ မဟုတ်ပါဘူး..။ဒီသတင်းက..အရွယ်အစား ၉ ရှိတဲ့ ငလျင်သတင်းတစ်ခုလိုဖြစ်ပြီး..ကြားလိုက်ရတဲ့ လူအကုန်လုံးကို မဖြစ်နိုင်ဘူးဆိုပြီး အံ့ဩသင့်သွားစေမှာပါ..။