← Chapters

ဟိုမှာ လျှပ်စီး..လျှပ်စီးလက်တယ်..

Vol. 26 Ch. 384

ဟိုမှာ လျှပ်စီး..လျှပ်စီးလက်တယ်..

Vol. 26 Ch. 384

#ဘာသာပြန် = စနိုးဝှိုက်

ရှောင်ဝမ်ဟာ..ကျိုးမင်ချင်းကြောင့် အကျိုးကျေးဇူးတွေ အများကြီး ရရှိထားတဲ့ လူတ်ယောက်ပါ..။သူ့ကို ဥက္ကဌ ဝမ် ..ဆိုပြီး လူတိုင်း လေးစားကြတာ..ကျိုးမင်ချငိးကြောင့်ပါ..။ဒီလောက် အသက်ငယ်ငယ်နဲ့..ဒီရာထူးရနေတာကလည်း.ကျိုးမင်ချင်းကြောင့်ပါပဲ..။

သူ ဒီနေ့..ဒီနေရာကို ရောက်နေတာတွေက..ကျိုးမင်ချင်း မရှိရင် လုံးဝ မဖြစ်နိုင်ပါဘူး..။

ဥက္ကဌ ကိုယ်တိုင် ဒီမှာ ရှိနေမှတော့...ဆေးလက်မှတ် ဆိုတာက ပြသနာ တစ်ခု မဟုတ်တော့ပေ..။သက်ဆိုင်ရာ ဌာန အချို့ကို ခေါ်ပြီးတဲ့ နောက်မှာ ဆေးလက် မှတ်ဟာ လင်းဖန်ရဲ့ လက်ထဲကို ရောက်လာခဲ့တယ်..။

ဒါကစာရွက် လေးတစ်ရွက် ဆိုပေမယ့် လင်းဖန် အတွက်ကတော့..အများကြီး တန်ဖိုး ရှိပါတယ်..။

လင််းဖန် စာရွက်ကို သေသေသပ်သပ် သိမ်းလိုက်ပြီး ဒီကနေ ထွက်သွားဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။

ရှောင်ဝမ် ကျိူးမင်ချင်းကို မေးခွန်းတွေ မေးချင်နေခဲ့ပေမယ့် ကျိုးမင်ချင်းကိုယ်တိုင်ကလည်း ထွက်သွားဖို့ အဆင်သင့် ဖြစ်နေတာ တွေ့လိုက်ရပအတယ်..။အခုအချိန်ထိ ဘာတွေ ဖြစ်နေလဲ သူနားမလည်သေးပဲ...အကြီးအကဲ ကျိူး ကောင်လေးကို ဘာလို့ ဆရာလို့ ခေါ်နေတာလဲ မစဥ်စားတတ်တော့ပေ..။

မေ့လိုက်တော့..။ဒါက အကြီးအကဲ ကျိူး ရဲ့..အလုပ်ပဲ..။ငါ အများကြီး မေးနေရင်..ငါ့ကို ကြည့်မရဖြစ်သွားဦးမယ်..။

ကျန်းမာရေး ဌာန အပြင်ဘက်တွင်...

"ဆရာ.. လုပ်ဆောင်မူကို ကျေနပ်ရဲ့လား.."

ကျိုးမင်ချင်း ဂုဏ်ယူမူ အပြည့်နဲ့ မေးလိုက်တာပါ..။

လင်းဖန် ခေါင်းညိမ့်လိုကိတယ်..။

"အဆင်ပြေပါတယ်..ကျန်းမာရေး ဌာနရဲ့ လုပ်ပုံကိုင်ပုံတွေ တကယ်ကောင်းတယ်..."

"ကျွန်တော် တပည့်အဖြစ်ဘယ်တော့ လက်ခံရမလဲ..။ဒါက အခမ်းအနား ကျင်းပဖို့ လိုအပ်တယ်လေ.."

လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..

"ဟုတ်တယ်..ဒါက သေချာတာပေါ့..။တစ်စုံတစ်ယောက်ရဲ့ တပည့်ဖြစ်ခွင့်ရတာက ကြီးကျယ်တဲ့ ကိစ္စပဲလေ. "

ကျိုးမင်ချင်းက တော့ ကျေနပ်နေခဲ့ပါပြီ..။သူနောက်ဆုံးတော့ ..ဆရာအစစ်အမှန်နဲ့..တရုတ်ဆေးပညာ အစစ်အမှန်ကို သင်ကြားခွင့် ရရှိတော့မှာပါ..။

"ဆရာ..ကျွန်တော်တို့ရဲ့ ဆရာတပည့် ဆက်ဆံရေး..ကို..ဘယ်တော့လောက် စတင်မလဲ.."

"ဒီကိစ္စက အလျင်မလိုပါဘူး..။ကျုပ် စဥ်စားလိုက်ဥိီးမယ်.."

လင်းဖန် လက်ဝေ့ယမ်းပြီး ပြောလိုက်တာပါ..။

ကျိုးမင်ချင်း စိုးရိမ်သွားခဲ့တယ်..။

"ဆရာ..ဆေးလက်မှတ် ရရင်..ကျွန်တော်ကို..တတပည့်အ​ဖြစ် လက်ခံမယ်လို့ မပြောခဲ့ဘူးလား.."

လင်းဖန် ခနလောက် ရပ်တန့်လိုက်ပြီး..ကျိူးမင်ချင်းကို ကြည့်ကာ ပြောလိုက်တယ်..။

"ဘယ်သူပြောလဲ...။ကျုပ်စဥ္းစားမယ် လို့ပဲ ပြောခဲ့တာလေ..။ထပ်ပြောရရင်..ခင်ဗျားက ကျုပ်တပည့်တောင် မဖြစ်သေးဘူး အခုကတည်းက ဆန့်ကျင်ချင်နေပြီ..။ကျုပ် တပည့် ဖြစ်လာပြီး ပညာသင်ခွင့်ရရင် ဘယ်လောက်တောင် ဆိုးရွားနိုင်မလဲ.."

ကျိုးမင်ချင်း လက်နှစ်ဖက်ကို လက်အုပ်ချီကာ..

"ကျွန်တော် မလုပ်ပါဘူး..။ဆရာ အချိန်ဘယ်လောက်ထိ စဥ်စားမှာလဲ သိခွင့်ရမလား.."

လင်းဖန် ကောင်းကင်ကို သာ မော့ကြည့်နေပြှီး..ကျိုးမင်ချင်းကို စိတ်ရှုပ်ထွေးအောင်လုပ်လိုက်တယ်..။

"ဆရာ ဒါက ဘာကို ဆိုလိုတာလဲ.."

"ကောငိးကင်ကို ကြည့်လိုက်.."

လင်းဖန် တည်ငြိမ်စွာ ပြောလိုက်တာပါ..။

"ဆရာ ဒါက ဘာကို ဆိုလိုတာလဲ.."

ကျိုးမင်ချင်း စိတ်ရှုတ်ထွေးစွာ မေးလိုက်တယ်..။

လငိးဖန် ကောင်းကင်ကို ကြည့်နေခဲ့ပြီး..

"တကယ်လို့ ဒီနေ့မှာ လျှပ်စီးလက်ရက်..မိုးကောင်းကင်က ခင်ဗျားကို ကျုပ်တပည့်အဖြစ်ခွင့်ပြုပေးတာပဲ..။တကယ်လို့ လျှပ်စီးမလက် ဘူးဆိုရင်..နောက်တစ်ခါကို စောင့်ရမယ်..အချိန်ကိုတော့ ကျုပ်စဥ်းစားမှာ ပေါ့.."

ကျိုးမင်းချင်းဟာ..ကောင်းကင်ကို ကြည့်လိုက်တဲ့ အချိန်မှာတော့..အကုန်ရှင်းလင်းနေပြီး..အဇူရာလိုမျိုး..အပြာရောင် သန်းနေခဲ့ပါတယ်..။တိမ်နဲ့ တူတာ ဆိုလို့ တစ်ခုမှ မရှိပါဘူး..။

မူလောင်လည်း ကြည့်ပြီးပြောလိုက်တယ်..။

"ကောင်းကင်က ရှင်းလင်းနေတာပဲ..။ကြည့်ရတာ လျှပ်စီးလက်မယ့် အရိပ်အယောင် မတွေ့ရဘူး.."

လင်းဖန် ကျိတ်ရယ်လိုက်တယ်..။တကယ်တော့ ဒီချိန်မှာ လျှပ်စီးလက်ဖို့ ဆိုတာက..သရဲကို မြင်ရဖို့ထက်တောင် ခက်ခဲဦးမှာပါ..။

ဒါက ကျုပ်ကို အစောကတည်းက မယုံကြည် ခဲ့တဲ့ အကျိုးသက်ရောက်မူပဲ...

ကျုပ်ရဲ့ တပည့်ဖြစ်ဖို့ အခွင့်အရေးက ပြီးသွားပြီ..။ကျုပ်တပည့် ဖြစ်ဖို့က လွယ်တဲ့ အရာလို့ ထင်နေတာလား...

ရုတ်တရက်..

ရွှစ်.

လျှပ်စီး လက်သွားခဲ့တယ်..။

လင်းဖန် အစက ဂုဏ်ယူနေခဲ့ ပေမယ့်လည်း..လျှပ်စီးလက်သွားတာကို တွေ့ကာ မျက်နှာ ပျက်သွားခဲ့ပါတယ်..။

"ဒါ..ဒါက..."

ကျိုးမင်ချင်း..ဝမ်းသာသွားခဲ့ ပါပြီ..။

"ဆရာ..လျပ်စီး..လျှပ်စီး လက်သွားပြီ.."

ချီးပဲ...

လင်းဖန် ဒေါသထွက်သွားခဲ့တယ်..။ဘယ်လို ဖြစ်နိုင်မှာလဲ....

သို့ပေမယ့် သူတည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေလိုက်ပါတယ်..။

"လျှပ်စီး လက်သွားတာပဲ.."

"ဆရာ..ဒါက ကျွန်တော် ဆရာရဲ့ တပည့်ဖြစ်သွားပြီလို့ ဆိုလိုတာမလား.."

ကျိုးမင်ချင်း ​မျှော်လင့်ချက်တွေနဲ့ မေးလိုက်တာပါ..။ဘဝတစ်လျောက်လုံးမှာ ဒါက လေးကြိမ်မြောက် စိတ်လှုပ်ရှား မူပါပဲ..။

လငိးဖန်ကတော့ ကောင်းကင်ကို မော့ပြီး..မယုံကြည်နိုင်စွာ ကြည့်နေခဲ့တယ်..။ဘေးနားမှား ရှိတဲ့ လူတစ်ချို့တောင် ကောင်းကင်ကို ထူးဆန်းစွာ ကြည့်နေကြတာပါ..။

သို့ပေမယ့် ကတိက ကတိဖြစ်ပြီး..သူပြန်ပြောင်းလို့ မရတော့ပေ..။

"ဟုတ်တယ်..ခင်ဗျား..ခင်ဗျား ကျုပ်ရဲ့ တပည့်ဖြစ်သွားပြီ.."

လင်းဖန် ပြောလိုက်တာပါ..။

ကျိုးမင်ကျန်း စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်..။

"ဆရာ စိတ်မပူပါနဲ့..အခမ်းအနားကို ဆေးပညာလောကက လူတွေ အကုန်ဖိတ်ခေါ်ပြီး ကျုပ်ဆရာ ဘယ်သူလဲ ဆိုတာ သိသွားစေရမယ်..။ဒါပေမဲ့ ကျွန်တော်နဲ့ ..သိတဲ့ လူတွေက အများကြီး ဆိုတော့ ဆရာ စိတ်ရှုပ်မှာကြောင့် ရိုးရှင်းတဲပ လူတွေကို မဖိတ်တော့ ဘူးလေ.."

လင်းဖန် ကျိးမင်ချင်းကို ကြောင်အပြီး ကြည့်လိုက်တယ်..။

"ရိုးရှင်းတဲ့..လူတွေကို မဖိတ်ဘူးဆိုတာ ဘာ​ပြောတာလဲ..။ခင်ဗျားက ကျုပ်တပည့် ဖြစ်လာပြီဆိုမှတော့ ခမ်းခမ်းနားနား ကျင်းပပြီး ခငိဗျားနဲ့ သိတဲ့ လူတွေ အကုန်လုံးကို ဖိတ်ရမယ်လေ..

ကျိုးမင်ချင်း အလျင်အမြန် ခေါင်းညိ်မိ့လိုက်တယ်..။

"ကောင်းပါပြီ..စိတ်မပူပါနဲ့ ဆရာ..ကျွန်တော် သေချာလုပ်လိုက်ပါ့မယ်.."

လင်းဖန်ကတော့ အခုထိ....ဘာလို့ လျှပ်စီးလက်တာလဲ ဆိုတာ နားမလည်သေးပါဘူး..။

"ကောင်းပြီ ကျုပ်ပြန်တော့မယ်..။အကုန်စီစဥ္ပြီးရင်သာကျုပ်ကို တိမ်ဖြူလမ်းကို လာရှာလိုက်.."

လင်းဖန် ကားမောင်းထွက်သွား ခဲ့တယ်..

ကားထဲမှာတော့..လင်းဖန် ဖုန်းထဲက ဝင်လာတဲ့ သတိပေးချက်ကို ဖတ်ကြည့်လိုက်ပါတယ်..။

"ဒီနေ့အတွက်..မိုးကြိုး မုန်တိုငထး သတိပေးချက်.."

သိပ်မကြာခင်မှာပဲ မိုးရွာလာခဲ့တယ်..။

"ချီးပဲ အစောကြီးကတည်းက ငါသိထားသင့်တယထ..ဘယ်လောက်ကံမကောင်းလဲ.."

လင်းဖန် အကူညီကင်းမဲ့စွာ ခေါင်းခါယမ်းလိုက်ပါတယ်..။သို့ပေမယ့်..အခြေခံခိုင်မာတဲ့ ကျိုးမင်ချင်းကို တပည့်အဖြစ်လက်ခံရတာကလည်း ဆိုးရွားတဲ့ အရာတော့ မဟုတ်ပါဘူး..။

ဖြစ်ပြီးမှတော့ ထားလိုက်တော့.....

ငါက အံ့ဩဖို့ကောင်းတဲ့ ဒဏ္ဌာရီလာ မာစတာ လင်းဆို တာ သိသွားအောင်ကြိုးစားရမယ်..။

လူတွေ ရဲ့ အတွေးထဲကို အဲလို်မျိုး ဝင်သွားပြီ ဆိုရင်..သူ ပေါက်ကရလျောက်လုပ်တာတောင်..လူတွေက ကြံဖန်ပြီး လေးစားနေကြတော့မှာပါ..

ကျန်းမာရေး ဌာနတွင်..။

ကျိုးမင်ချင်း နဲ့ မူလောင် ဟာ စကားပြောနေခဲ့ကြပါတယ်..။တစ်စုံတစ်ယောကရဲ့ တပည့်ဖြစ်ရာတာက လွယ်ကူတဲ့ ကိစ္စမဟုတ်ပေ..။

မူလောင် ကျိုးမင်ချင်းကို စိုးရိမ်စွာ ကြည့်လိုက်ပြှီး..

"အစ်ကို ကျိုး..မင်းက အသက်ကြီးနေပြီ..မာစတာ က ငယ်ငယ်လေး ပဲ ရှိသေးတယ်..။ဒါကို လူတွေ သိသွားရင် မင်းအတွက် မကောင်းနိုင်ဘူးနော်.. "

"ဒီတော့ဘာဖြစ်လဲ..ဆရာက အသက်ငယ်ပေမယ့် အရည်အချင်းပြည့်ဝတယ်လေ..။ဆရာ တပည့် ဆက်ဆံရေးက အသက်နဲ့ မဆိုင်ဘူး..။အသက်ကြောင့် ငါဒီအခွင့်အရေးကို လက်လွတ်လိုက်ရင်..ငါ့အတွက် ဆုံးရှုံးမူကြီးသွားလိမ့်မယ်.."

"မင်း မိသားစုကျတော့ရော..။မင်းသားနဲ့ သမီးက သဘောတူမှာ မဟုတ်ဘူးနော်.."

"သူတို့ သဘောတူတာ မတူတာက ဘာအရေးလဲ..။သူတို့ငါ့ကို ရပ်တန့်လို့ မရဘူး မဟုတ်ရင် သူတို့​ေခြထောက်တွေကို ရိုက်ချိုးပစ်မယ်.."

မူလောင် ခေါင်းခါယမ်ပြီး ရယ်ျမာလိုက်တယ်..။

"ဒီအသက်အရွယ် နဲ့ ဒီလောက် ကျွမ်းကျင်နေဖို့ ဆိုတာ မလွယ်ကူဘူးနော်..။ငါ့မျက်လံူးနဲ့ သာ မမြင်ရရင် ငါယုံကြည်နိုင်မှာတောင် မဟုတ်ဘူး..။လတ်တလော လိူင်းပေါ်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းတဲ့ ဒေါက်တာက သူ ဖြစ်နိုင်မလား..."

ကျိုးမင်ချင်း မူလောင်ကို ပြုံးပြီး ကြည့်လိုက်တယ်..။

"သိပ်တော့ မသေချာဘူး..။ဘာပဲဖြစ်ဖြစ် ပြန်ပြီး အခမ်းအနားအတွက် ပြင်ဆင်ကြရအောင်..။ဆွေမျိုးတွေ မိတ်ဆွေ တွေကို ဖိတ်ရဦးမယ်လေ.."

မူလောင်ကတော့..အဲ့နေ့ကြရင်..လူတွေ ဘယ်လိုအမူအရာဖြစ်သွားမလဲ တွေးတောင် မတွေးတတ်တော့ပါဘူး..။

All Chapters