တိမ်တွေပေါ်မှာ လမ်းလျောက်ခြင်း..
Vol. 26 Ch. 385
#ဘာသာပြန် = စနိုးဝှိုက်
တိမ်ဖြူလမ်း...
လင်းဖန် ပြန်ရောက်လာတဲ့ အချိန်မှာလူလိမ် ထျန်ဟာ မျက်မှောင်ကျုတ်ပြီး မေးလိုက်တယ်..။
"ဘယ်လိုလဲ..ဆေးကုသခွင့် လက်မှတ်ရခဲ့လား.."
သူတို့ လင်းဖန် လုပ်တဲ့ အရာအပေါ်မှာ ယုံကြည်ချက်မရှိပါဘူး..။သူ..ကျန်းမာရေးဌာန မှာ လက်မှတ်သွား လျောက်မယ် လို့ ပြောတုန်းက ဆိုရင် ဟာသတစ်ခုကို ကြားလိုက်ရသလိုပါပဲ..။
အဲလို လျောက်ချင်တိုင်း လျောက်လို့ ရလို့လား...
အခုလင်းဖန် ရဲ့ တည်ငြိမ်တဲ့ အမူအရာကို ကြည့်ရတာတော့ ကျရှုံး လာခဲ့တဲ့ မျက်နှာမျိုးပါ..။
ဝူယူလန် ပြုံးလိုက်တယ်..။
"ငါ အင်တာနက်က နေ စစ်ဆေးကြည့်တာကတော့..စာမေးပွဲကာလက ကျော်သွားပြီတဲ့..။ဆးလက်မှတ် တစ်ခုရဖို့ ဆိုတာ အဲလောက် မလွယ်ကူဘူးလေ.."
လင်းဖန် ဘာမှ မပြောပဲ...ဆေးကုသခွင့် လက်မှတ်ကိုသာ စားပွဲပေါ် တင်လိုက်တယ်..။ယင်းနောက် သူ ကုလားထိုင်ပေါ်မှာ ထိုင်လိုက်ပြီး..
"လတ်တလောမှာ..တစ်ခုခု ထူးခြားတာ ဖြစ်လိမ့်မယ်.."
"ဒါက စာရွက်က ဘာလဲ...။ဘာထူးခြား တာဖြစ်မှာလဲ.."
လူလိမ် ထျန်ပြုံးလိုက်ပြီး စာပွဲပေါ်က စာရွက်ကို ကောက်ကိုင်လိုက်ပါတယ်..။သူသေချာ ဖတ်ကြည့်လိုက်တဲ့အချိန်မှာ ကြောင်အသွားခဲ့ပြီး..
"ချီးပဲ..ဆေးကုသခွင့် လက်မှတ်ကြီး ပါလား..။မင်းတစ်ေယာက် ယောက် ဆီကို သွားပြီး အတုလုပ်လာတာလား.."
ကျောက်ကျန်းယန်.. ဝူယူလန် နဲ့ တစ်ခြား လူတွေလည်း လာကြည့်လိုက်ကြတယ်..။သူတို့..ဆေးလက်မှတ်ကို မြင်တဲ့ အချိန်မှာ ကြောင်အသွားခဲ့ကြပါတယ်..။
ယင်းနောက် သူတို့ လင်းဖန်ကို ကြည့်လိုက်ကြပြီး..
"ဒါက အစစ်လား..."
လင်းဖန် ပြုံးလိုက်တယ်..။
"ဘာလို့လဲ...ဒါက ကျုပ်အရည်အချင်းကို အခြေခံထားတာလေ..အတုဖြစ်နိုင်ပ့ါ့မလား..."
လူလိမ် ထျန် လက်မထောင်ပြလိုက်ပြီး..
"တကယ် အံ့ဩစရာ ပဲ.."
လင်းဖန်ပြုံးလိုက်တယ်..။
"ဒါပေါ့..ကျုပ် ဒီလက်မှတ်ကို အေးဆေးရလာတာ.။ဘာပဲဖြစ်ဖြစ်..အရည်အချင်း ရှိတဲ့ လူတွေက သူတို့ လိုချင်တာကို ရအောင် ယူနိုင်ကြတယ်လေ..။လာမယ့် ရက်တွေမှာ ကျုပ်အလုပ်များဖို့ ရှိတယ်.ဒီတော့..ကျေးဇူးပြုပြီး ကိုယ်ကိုကို ဂရုစိုက်ကြဦး.."
လူလိမ် ထျန်သိချင်စွာ မေးလိုက်တယ်..။
"ငါတို့ နေ့တိုင်း အလုပ်ရှုပ်မှာလား.."
လင်းဖန် သက်ပြင်ချပြီး ပြန်ဖြေလိုက်တယ်..။
"လတ်တလော မှာ..ကျုပ် လုပ်ရမယ့် တာဝန်တွေက အရမ်းများနေသလိုပဲ..။ကျုပ်လည်း သူများတွေလို စာအုပ်လေး တစ်အုပ်လောက် ထုတ်မှ ထင်တယ်.. "
လူလိမ် ထျန်နဲ့ ကျန်တဲ့ လူတွေဟာ လင်းဖန်ကို..မယုံကြည်နိုင်စွာ ကြည့်လိုက်ကြတယ်..။သူတို့ အမြင်မှာ လင်းဖန်ဟာ မတူညီတဲ့ လူတစ်ယောက်ဖြစ်ပြီး .သူဘာတွေ ပြောနေလဲ ဆိုတာတောင် လိုက်မမှီကြတော့ ပါဘူး..။
ဒီအချိန်မှာတော့..လင်းဖန် တစ်ယောက်ထဲပဲ..သူပြောတဲ့ အဓိပ္ပါယ်ကို သူနားလည်ပါတယ်..။
သူ စွယ်စုံကျမ်းရဲ့ ဆယ်ခုမြောက် အသိပညာ မစ်ရှင်ကို ပြည့်မြောက်အောင်လုပ်ရပါဦးမယ်..။
ဒါက အဓိက အသိပညာ အခန်း ဖြစ်ပြီး..ဆေးပညာ တစ်ခုတည်း ပါဝင်တာ မဟုတ်ပါဘူး...။ဒီမှာ သူအရင်က မကြုံဖူးတဲ့ အရာတွေလည်း ပါဝင်ပါသေးတယ်..။ဒါက နောက်မျိုးဆက်တွေကိုပါ ..ချန်ထားခဲ့လို့ ရတဲ့ ဒဏ္ဌာရီလာ အပေးအယူပါ..။
သူ နားလည်သလောက် ဆိုရင်..သူ စာအုပ်တစ်အုပ်ကို ကော်ပီ လုပ်ပြီး..ချန်ထားခဲ့လို့ ရတဲ့ ပုံပါပဲ..။
တရုတ်ဆေးပညာ.ဆိုတာ ရုပ်လွန် ဒသနိက လို မဟုတ်ပဲ..ဆေးစာအုပ်ကျမ်းကြီး တွေ ရှိနေခဲ့တာပါ..။ဒီစာအုပ်တွေ အများကြီးထဲကမှ..လင်းဖန် အဆုံးမှာတော့...အူရောင်ငန်းဖျား ရောဂါအမျိုးမျိုး ဆိုတဲ့ စာအုပ်ကို ရွေးချယ်လိုက်ပါတယ်..။ဒီစာ အုပ်ကို ရေးထားတာက စာရေးဆရာ ကျန်းကျောင်းဂျန်း. ပါ..။ဒီလူ ဘယ်သူလဲ.. သူ မသိပေမယ့်..စာအုပ်ကို..ဖတ်ကြည့်ရသလောက်တော့..စွမ်းဆောင် နို်င်စွမ်း ရှိမယ့် ပုံပါပဲ..။
ညအချိန်..။
ဗီလာ တစ်ခု.ရှိ ညစာစားပွဲတွင်..။
ကျိုးမင်ချင်းဟာ..ပြုံးပြုံး ပြုံးပြုံးနဲ့ စားသောက်နေခဲ့ ပါတယ်..။
"အကြီးအကဲ ကျိုး ဆေးလေး သောက်လိုက်ပါဦး.."
ကျိုးမင်ချင်းရဲ့ ဇနီးဟာ ဆေးတစ်ချို့ကို ယူလာပြီး ပြောလိုက်တာပါ..။
ညစာစားပွဲ မှာတော့..ကျိုးမင်ချင်းရဲ့ ကလေးတွေဟာ.သူ့ကို သိချင်စွာ ကြည့်နေခဲ့ကြတယ်..။သူတို့က ဒီအိမ်မှာ နေကြတာ မဟုတ်ပဲ..သူ့အမေ ဖုန်းခေါ်လို့သာ ရောက်လာခဲ့ကြတာပါ..။
သူ့အမေက သူတို့အဖေ ပြန်လာကတည်းက တစ်ချိန်လုံး ပြုံးနေခဲ့တာကြောင့် တစ်ခုခု မူမမှန်တော့ဘူးဆိုပြီး စိုးရိမ်နေခဲ့တာပါ..။ဒါကြောင့် သူ့အမေက သူတို့ကို လာကြည့်ဖို့ ဖုန်းခေါ်ခဲ့ပါတယ်..။
ကျိုးမင်ချင်းမှာ သားသုံးယောက် သမီးတစ်ယောက်ရှိပြီး အကုန်လံူးက စွမ်းဆောင် နိုင်စွမ်း ရှိကြပါတယ်..။
ကျိုးမင်ချင်း ချက်ချင်း လက်ဝေ့ယမ်းလိုက်ပြီး..
"ဒါ အဆင်ပြေတယ်..။ငါ ဆေးတွေ ထပ်သောက်စရာ မလိုတော့ဘူး..။ငါ့ရဲ့ အဆုတ် ရောဂါက ပြီးသွားပြီ.."
"ဘာတွေ ပြောနေတာတုန်း..။ရှင်ကျန်တဲ့ ဘဝတစ်လျောက်လုံး ဒီဆေးတွေကို သောက်နေရမှာလေ..။ရှင်တောင် ဘယ်လို ကုရမှန်း မသိတာကို..အခု ဘယ်လိုပြန်ကောင်းသွားရတာလဲ.."
ကျိုးရှီ ပြောလိုက်တာပါ..။
ကျိုးမင်ချင်း ပြုံးလိုက်ပြီး..
"ငါပြန်ကောင်းသွားပြီ လို့ပြောနေတယ်လေ..။ငါ ဒီနေ့ လမ်းသွားနေတုန်း.. နတ်ဘုရား လိုဒေါက်တာ နဲ့ တွေ့ခဲ့တယ်..။သူ့ရဲ့ ကုသမူကို ခံယူ အပြီးမှာ ငါလုံးဝ ပြန်ကောင်းသွားတာပဲ..။ငါ အခု ဘာပြသနာ မှ မရှိတော့ဘူး.."
ကလေးတွေဟာ တစ်ယောက်ကို တစ်ယောက် မယုံကြည်နိုင်စွာ ကြည့်လိုက်ကြတယ်..။သူတို့ အဖေတော့ အလိမ်ခံလိုက်ရပြီ လို့ သူတို့ တွေးမိလိုက်ကြတာပါ..။သို့ပေမယ့်..သူတို့ အဖေရဲ့ အဆင့်အတန်းကို ပြန်စဥ္းစားမိလိုက်တဲ့ အချိန်မှာတော့...ဒါက လည်း မဖြစ်နိုင်ပြန်ပါဘူး..။သူ့ရဲ့ အဖေက ထိပ်တန်း တရုတ်တိုင်းရင်ဆေး သမားတော် တစ်ယောက်ပါ..။
သူက ဘယ်လို အလိမ်ခံ ရမှာလဲ...
"မင်း တို့..ငါ့ကို မယုံကြည်ကြဘူး မလား..။ငါပြန်လာကတည်းက..ချောင်းဆိုးတာကို မင်းတို့ကြားကြလို့လား..။ကြည့်နေ..ငါပြမယ်.."
ကျိုးမင်ချင်း မတ်တတ်ရပ်ပြီး ကြိုးတစ်ချောင်းကို ယူလိုက်တယ်..။ယင်းနောက် အကုန်လံူးရှေ့မှာ ပဲ ကျိုးခုန်ပြလိုက်ပါတယ်..။မိနစ် အနည်းငယ် ကြာအပြီးမှာ ကျိုးမင်ချင်း..ကြိုးကို ဘေးနားချလိုက်ပြီး..
"ကြည့်..ပြသနာ တစ်ခုခု တွေ့လို့လား..။အရင်တုန်းက ဆိုရင် ငါ နည်းနည်းလောက် ခုန်ပြီးတာနဲ့ အမောတကော ပြောယူနေရတာလေ..။ချောင်းတွေလည်း မရပ်မနား ဆိုးခဲ့ရတာ..ဒါပေမဲ့ အခုတော့ အေးဆေးပဲ.."
ကလေးတွေဟာ သူ့အဖေ ကြိုးခုန်တာကို ကြည့်ပြီး ကြောင်အနေခဲ့ကြတယ်..။သူတို့ အဖေတစ်ကယ် ပြန်ကောင်းသွားတဲ့ ပုံပါပဲ..။
ကျိုးမင်ချင်း..ြ့ပုံးလိုက်ပြီး..
"ဒီလို..မာစတာ မျိုးကို တွေ့ခွင့်ရတာ ငါအရမ်းကံကောင်းတယ်..။ထပ်ပြောရရင် သူက ငါကို တပည့်အဖြစ် လက်ခံချင်တယ်လေ..။ဒီတစ်ခါ ဆရာ တပည့် အခမ်းအနားက ကြီးကျယ်လိမ့်မယ်..။ငါလူတိုင်းကို သက်သေအဖြစ် ဖိတ်ခေါ်မှာ.."
ကလေးတွေဟာ..အံ့ဩသင့်နေရာ ကနေ အသိစိတ်ပြန်ဝင်လာခဲ့ပြီး မကြာခင်မှာပဲ..သူတို့အဖေ ဆရာတစ်ယောက် တင်တော့မယ် ကြားတဲ့ အချိန်မှာ ပြန်ကြောင်အသွားခဲ့ပါတယ်..။ယင်းနောက် အကြီးဆုံးသား ကျိုးလီရှင်းဟာ မေးလိုက်တယ်...
"အဖေ..အဖေက တရုတ်ဆေးပညာမှာ အတော်အတွေ့အကြုံရှိနေပြီလေ..။အခုမှ ဆရာတစ်ယောက် အသိအမှတ်ပြုမယ် ဆိုတာ သေချာလို့လား.."
ကျိုးမင်ချင်း..မျက်မှောင်ကျုတ်လိုက်ပြီး..
"ဒီတော့ ဘာဖြစ်လဲ..ဒါက ..ငါ ဆရာ တင်လို့ မရဘူး လို့ပြောချင်တာလား..။ငါ တကယ်တော်တဲ့..မာစတာ ကို တွေ့လာခဲ့တယ်..။ငါ့ကို လွှမ်းမိုးဖို့ မကြိုးစားနဲ့..။မင်းတို့ တစ်ယောက်ယောက် ဝင်ရှုတ်မယ် ဆိုရင်တော့..ငါ့ဒေါသကို အပြစ်မတင်နဲ့နော်.."
သူ့ရဲ့ ဒုတိယ သား ကျိုးဘင် ပြောလိုက်တယ်..။
"အဖေ..အစ်ကိုကြီးက အဲလိုပြောချင်တာ မဟုတ်ပါဘူး..။အဖေ့ကို လည်း ဘယ်သူမှ မတားဆီးပါဘူး..။သားတို့က..ဒီနတ်ဘုရား ဆန်တဲ့ ဒေါက်တာကို ..မတွေ့ဖူးတော့..ဘယ်သူလဲ ဆိုတာ သိချင်မိတာပါ."
ကျိုးမင်ချင်း လက်ဝေ့ယမ်းလိုက်ပြီး..
"မင်းတို့ သူဖို့ မလိုဘူး..။မှတ်ထားပါ..ဒီအခွင့်အရေး က ကံကောင်းလွန်းလို့ ရခဲ့တာ..။မင်းတို့ သိမှာ မဟုတ်ဘူး...ဒီ နတ်ဘုရား ဆန်တဲ့ ဒေါက်တာက အစက ငါ့ကို တပည့်အဖြစ်လက်မခံချင်ခဲ့ဘူး..ဒါပေမဲ့..လျှပ်စီး လက်လာခဲ့လို့သာ..သူစိတ်ပြောင်းသွားခဲ့တာ.."
ကလေးတွေဟာ..ကြောင်အသွားခဲ့တယ်..။သူ့အဖေ ဘာကို ဆိုလို မှန်း သူတို့ နားမလည်ကြပါဘူး..။
လျှပ်စီး လက်လို့ စိတ်ပြောင်းသွားတာ ဆိုတာ ဘာကို ပြောတာလဲ...
"ဆက်စားကြဦး..ငါ့မှာ..ဆက်သွယ်စရာ လူတွေ ရှိသေးတယ်..။အခမ်းအနား အတွက် စီစဥ္စရာ ရှိတာတွေ စီစဥ်ရဦးမှာ..။ငါ့ဆရာကို စိတ်ပျက်စေလို့ မရဘူး.."
ကျိုးမင်ချင်း ပြုံးကာ ပြောပြီး စာကြည့်ခန်းထဲ ဝင်သွားခဲ့ပါတယ်..။သူ့ရဲ့ ခြေလှမ်းတွေကတောင် ခါတိုင်းနဲ့ မတူ ပဲ ပေါ့ပါးနေခဲ့လို့ပါ..။
ညီအစ်ကို တွေဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ပြီး..
"အမေ..အဖေက အလိမ်ခံလာရတာလား.."
"ငါလည်း အဲလိုထင်တာပဲ..။မင်းအဖေက .အတွေ့အကြုံ ရင့်ကျတ်ပြီး နိုင်ငံထဲမှာတောင် ကျော်ကြားတဲ့ သမားတော် တစ်ယောက်လေ..။သူ့အနေနဲ့ တစ်ယောက်ယောက်ကို ဆရာတင်ဖို့ ဘယ်လို ဖြစ်နိုင်မှာလဲ.."
ကျိုးရှီ စိတ်ပူစွာ ပြောလို်က်တယ်..။
"စိတ်မပူကြနဲ့..မင်းအဖေက ဒီလိုပဲလေ..။သူ ဆုံးဖြတ်ပြီး ရင်သူ့စိတ်ကို ဘယ်သူမှ ပြောင်းနိုင်မှာ မဟုတ်ဘူး..။ဆက်ပြီးပဲ..စောင့်ကြည့်ကြရအောင်.."
သူတို့ အကုန်ခေါင်းညိမ့်လိုက်ကြတယ်..။ကြည့်ရတာ သူတို့..ဒီအတော အတွင်း ဂရုစိုက်ကြရတော့မယ့် ပုံပါပဲ..။
စာကြည့်ခန်းတွင်..။
ကျိူးမင်ချင်း..ဟာ သူငယ်ချင်းတွေကို ဖုန်းခေါ်နေခဲ့ပြီး..ဆရာ တပည့် အခမ်းအနားအတွက်မှန်း သိလိုက်ကြတဲ့ အချိန်မှာ ကြောင်အသွားခဲ့ကြပါတယ်..။
ဒါက..သူ တို့ နားကြားမှား လိုက်ကြသလိုပါပဲ...
သူတို့ သေချာ မေးလိုက်ကြတဲ့ အချိန်မှာ..တိတ်ဆိတ်သွားကြတယ်..။ အစ်ကို ကျိုးက သူတို့ကို စနောက်ချင်နေတဲ့ ပုံပါပဲ..။
သူ့အရည်အချင်းနဲ့..ဆိုရင် ဘယ်သူက သူ့ရဲ့ ဆရာဖြစ်ဖို့ အရည်အချင်း ရှိနိုင်ဦးမှာလဲ...
သို့ပေမယ့်..သူတို့ အစ်ကို ကျိုးရဲ့ အကျင့် ကို သိပြီးသားပါ...။အစ်ကိုကျိုးက စနောက်တတ်တဲ့ လူတစ်ယောက်မဟုတ်ပါဘူး..။
သူတို့ စိတ်ထဲမှာတော့..အစ်ကို ကျိုး လိမ်ညာခံလိုက်ရပြီ လို့ ခံစားနေကြရပါတယ်..။