← Chapters

ရည်မှန်းချက်ကြီးမားသောပန်းတိုင်..

Vol. 26 Ch. 386

ရည်မှန်းချက်ကြီးမားသောပန်းတိုင်..

Vol. 26 Ch. 386

#ဘာသာပြန် = စနိုးဝှိုက်

နောက်တစ်ရက်..။

တိမ်ဖြူလမ်း..။

နေ့တိုင်းက အတူတူ ပါပဲ..။မနက်ရှစ်နာရီ ဆိုရင် လင်းဖန်ရဲ့ ဆိုင်ရှေ့မှာ..မြို့သားတွေဟာ..ပန်ကိတ်ဝယ်ဖို့ စုဝေးနေခဲ့ကြတာပါ..။သူတို့အကုန်လုံးဟာ မာစတာလင်းရဲ့ ပိုက်ဆံကိုသာ ရရင်...စျေးကြီးကြီး နဲ့ပြန်ရောင်းချနိုင်မှန်း သိထားကြပါတယ်..။

ဒါက အကောင်းဆုံး အရသာရဲ့အကျိုးသက်ရောက်မူ ပါပဲ..။

သို့ပေမယ့်..ဒီသတင်းဟာ..ရှန်ဟိုင်းမှာပဲ..အကြီးအကျယ် ပြန့်နှံ့တာပါ..။တစ်ချို့ စီရင်စုက..လူတွေဟာ..ကြားပြီးလာကြပေမယ့် လည်း..ဒီရောက်လာပြီးနောက်မှာ ပန်ကိတ်ရဖို့ ဘယ်လောက် ခက်လဲ ဆိုတာနားလည်း သွားခဲ့့ကြကါတယ်..။

တစ်နေ့ ဆယ်လုံးရောင်းပြီး..လူတွေ အများကြီး တန်းစီနေတာကြောင့် တစ်လုံးရဖို့ ဆိုတာ အင်မတန်ခက်ခဲလွန်း လှပါတယ်..။

အဲ့အချိန်မှာတော့..လင်းဖန်ဟာ ဘာမှ လုပ်စရာ မရှိတော့ပေ..။သူ လက်ဝေ့ယမ်း လိုက်ပြီး..

"ခင်ဗျားတို့ ဆိုင်မှာနေခဲ့ဦး..ကျုပ်..မသန်စွမ်း ဂေဟာကို သွားကြည့်လိုက်ဦးမယ်.."

ဝူယူလန် မေးလိုက်တယ်..။

"ငါတို့ပါ လိုက်ခဲ့ရမလား.."

လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။ဒါက တကယ် မလိူအပ်ပါဘူး...သူ မသန်စွမ်း ဂေဟာ ကိုသွားတယ် ဆိုတာက လုပ်စရာ ရှိလို့ပါ..။အခု သူ့မှာ ဆေးလက်မှတ်ရပြီ ဆိုတော့ ကလေးတွေရဲ့ ကျန်းမာရေး ကို စစ်ဆေးပေးဖို့ လိုအပ်ပါတယ်..။

ဘယ်သူမှ ဒီကလေးတွေကို မလိုချင်ကြမှတော့..သူကိုယ်တိုင်ပဲ..အမြင့်ရောက်အောင်..မြင့်တင်ပေးရတော့မှာပါ..။အဲအချိန်ရောက်လာရင်တော့..သူတို့မိဘတွေ ကလေးကို ပြန်လိူချင်ကြရင်တောင်..လွယ်ကူတော့မှာ မဟုတ်ပါဘူး..။

လင်းဖန် အတွက်ကတော့ ဒါက ခဲတစ်လံူးနဲ့ ငှက်နှစ်ကောင်ကို ပစ်လိုက်သလိုပါပဲ..။သူစွယ်စုံအမှတ်တွေ ရရုံသာမက..ပျော်ရွှင်မူကို လည်းခံစား ရမှာပါ..။

လတ်တလော လင်းဖန် လက်ရေးနဲ့..စာအုပ်တစ်ခုကို ကော်ပီ ကူးထားခဲ့ ပါတယ်..။ဒီထဲက အကြောင်းအရာတွေက အရမ်းမမြင့်မားပေမယ့် လည်း..ရိုးရှင်းတဲ့ ဖြစ်စဥ်တွေ ပါဝင်နေခဲ့ တာပါ..။တစ်ချိန်တည်းမှာပဲ..သူ မလိူအပ်တဲ့ အပိူင်းတွေကို ဖြတ်ထုတ်ခဲ့ ပါသေးတယ်..။

သို့ပေမယ့် စာအုပ်တစ်အုပ်ရေးတယ် ဆိုတာက..အတော်ကို ပင်ပန်းတဲ့ အရာပါ..။အရင်ညက အလုပ်ကြိုးစား အပြီးမှာ..သူ စာလုံးတစ်ထောင်ကျော်လောက် ရေးနိုင်ခဲ့ပါတယ်..။

နန်ရှမ်း..ကလေး ဂေဟာ..။

ဒါရိုက်တာ ဟောင်ဟာ လင်းဖန်ကို ဝင်ပေါက်မှာ စောင့်နေခဲ့တယ်..။လက်ရှိ နန်ရှမ်း ဂေဟာကို မာစတာ လင်းပိုင်တယ် ဆိုတာ သူမ သိထားပြီးသား ပါ..။ဒီလူငယ်လေး ကြင်နာတဲ့ နှလံူးသား ရှိတယ် ဆိုတာ သူမပြောနိုင်ပါတယ်..။

အခုလို ဂေဟာ တစ်ခုလုံးကို..ယူတယ် ဆိုတာက..ကိုယ်ကျိုး အတွက် မဟုတ်ပဲ..ကျိန်းသေ..ကလေး တွေ အတွက်ပါ..။

"ဒါရိုက်တာ ဟောင်.."

လင်းဖန် ကားပါကင်ထိုး ပြီးတာနဲ့ လျောက်လာခဲ့တယ်..။

ဒါရိုက်တာဟောင်ဟာ ပြုံးလိုက်ပြီး..

"မာစတာ လင်း..အထဲဝင်ကြရအောင်..။ကလေးတွေ က စောင့်နေုကြတယ်..။ရှင်အကြိမ် အနည်းငယ်..လာပေမယ့်လည်း..ကလေးတွေက.မတွေ့ဖူးတဲ့ အတိုင်းပဲ.."

လင်းဖန် ပြုံးပြီး ခေါင်းညိမ့်လိုက်တယ်..။ဒါအမှန်ပါပဲ...သူ ဒီကို အကြိမ်အနည်းငယ်လောက် လာပေမယ့်..အချိန်အများစုက မီးဖိုခန်း ထဲမှာပဲ ရှိနေခဲ့တာပါ..။

"ဒါရိုက်တာ ဟောင်..အခု ကလေး ဘယ်လောက်လောက်ရှိလဲ.."

လင်းဖန် မေးလိုက်တာပါ..။

ဒါရိုက်တာ ဟောင် ပြန်ဖြေလိုက်တယ်..။

"အရင်တုန်းက ကလေးတွေကို သူတို့ရဲ့ မိဘတွေက ပြန် ခေါ်သွားကြသေးတယ်..။အခု လက်ရှိကတော့..၃၆၅ ယောက် ရှိတယ်..။တစ်ချို့ကလေးတွေကတော့..ကိုယ်လက်အဂ်ါ ချွတ်ယွင်းနေကြပြီး..သူတို့မိဘတွေနဲ့ ပြန်တွေ့ပေမယ့် မလိုချင်ကြတော့ ဘူးလေ.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

"ဒီလို ဆိုမှတော့ သူတို့ကို အတင်းမတိုက်တွန်းနဲ့တော့..။သူတို့ ပြန်ခေါ်သွားရင် တောင် ကလေးတွေကို ကောင်းကောင်း ဆက်ဆံမှာ မဟုတ်ဘူး..။ဒီမှာ စောင့်ရှောက်ထားတာ က အကောင်းဆုံးပဲ..။လိူအပ်တာတွေ ဘာတွေ ရှိလဲ.."

အစ်မဟောင် ပြောလိုက်တယ်..။

"အခုချိန်မှာတော့..ကျွန်မတို့ အစားအသောက်..အဝတ်အစား..ဆေးဝါး တစ်ခုမှ လိုအပ်တာ မရှိဘူး..။တစ်ချို့ ကလေးတွေက..အသက် ခြောက်နှစ် ခုနှစ်နှစ် ရှိပြီ ဆိုတော့ မူလတန်း ကျောင်းသွားဖို့ လိူအပ်နေကြပြီလေ..။ဒါပေမဲ့ ဒါက ရှန်ဟိုင်းဆိုတော့..ကျောငိး အများစုက ပြည့်နေကြပြီ..။ပြီးတော့ သူတို့ ကျောငိးသွားရင်တောင် ကိူယ်လက် အဂ်ါ မစုံလို့ အလှောင်ခံရမှာ စိုးရိမ်မိတယ်.."

လငိးဖန် ခေါင်းညိမ့်လိုက်တယ်...

"ကျုပ်တို့ သူတို့ကို ပညာရေး နောက်ကျခံလို့ မရဘူး..။ဒီကိစ္စကို ကျွန်တော်နဲ့ ထားလိုက်..မကြာခင်မှာ သူတို့ အတွက် စီစဥ္ပေးပါ့မယ်..။အရင်ဆံူး ကလေးတွေကို ကြည့် ကြရအောင်.."

သို့ပေမယ့်..သူတို့ အခန်းထဲကို ရောက်တဲ့ အချိန်မှာတော့...

ကလေးတွေဟာ..ထိုင်နေကြပြီး..အများစုကတော့..ဝီှးချဲ တွေနဲ့ပါ..။သူတို့ဟာ..လက်ထဲမှာ အရုပ်ကလေးတွေ ကိုင်ပြီး နှစ်ယောက် တစ်ဖွဲ့ သုံးယောက် တစ်ဖွဲ့ ပျော်ရွှင်စွာ ကစားနေကြပါတယ်..။

ဒါရိုက်တာ ဟောင်ဟာ ကလေးတွေကို မြင်တဲ့အချိန်မှာ ကျေနပ်သွားပြီး..လှမ်းပြောလိုက်တယ်..။

"ကလေးတို့ ဒီမှာ ဘယ်သူရောက်နေလဲ ကြည့်ကြည့်လိုက်.."

ကလေးတွေဟာ ငြိမ်သွားပြီး လှမ်းကြည့်လိုက်ကြတယ်..။

"အန်ကယ် လင်း.."

လင်းဖန် ကြောင်အသွားခဲ့တယ်..။

ချီးပဲ..ဒီကလေး တွေက..ငါ့ကို တကယ် မှတ်မိကြတာလား....

ယင်းနောက် သူ ဒါရိုက်တာ ဟောင်ကို ကြည့်လိုက်ပြီး..

"သူတို့ ကျွန်တော်ကို မှတ်မိကြတာလား.."

သူ အသံဟာ မယုံကြည် နိုင်ခဲ့ ပါဘူး..။ဘာပဲဖြစ်ဖြစ် သူလာတဲ့ အချိ်န်တိုင်း.. မီးဖိုခန်းထဲမှာဲ အလုပ်ရှုပ်နေခဲ့တာပါ..။ဒါရိုက်တာ ဟောင် နဲ့ ကျန်တဲ့..လူတွေက ပြောထား ကြတာလား...

ဒါရိုက်တာ ဟောင် ပြုံးပြီး ခေါင်းခါယမ်း လိုက်တယ်..။သူမ ဘာမှ မရှင်းပြခဲ့ ပါဘူး..။

ရှေ့မှာတော့ ကလေးတွေဟာ..ပျော်ရွှင်နေတဲ့ မျက်နှာလေးတွေနဲ့ ပြောလိုက်ကြတယ်..။

"အန်ကယ်လင်း အရုပ်တွေအတွက် ကျေးဇူးတင်ပါတယ်...။သားတို့ အကုန်လံူး သိထားပြီးပြီ..."

လငိးဖန် သူ့မျက်နှာသူ ထိလိုက်တယ်..။ကလေးတွေက သူ့ကို ဒီလောက်အထိ..သိနေကြလိမ့်မယ် လို့ မထင်ထားခဲ့ ပါဘူး..။

ဒါရိုက်တာ ဟောင် ပြောလိုက်တယ်..။

"ကလေးတွေက ဒီမှာ အတော်ပျော်ရွှင်နေကြတယ်..။သူတို့ ဒီကို ရောက်စကနဲ့ မတူ ကြတော့ဘူး..။ဒါပေမဲ့ လူကုန်ကူးတဲ့ လူတွေက အတော် ရက်စက်လွန်းတယ်..ကလေးတွေရဲ့ ခန္တာကိူယ်ကို ထိခိုက်အောင် လုပ်ထားတာက ဆိူးရွားလွန်းတယ်.."

ဒါရိုက်တာ ဟောင် ရဲ့ စကားက..လင်းဖန် ဘာလာလုပ်တာလဲ ဆိုတာကို ..အမှတ်ရသွားစေခဲ့ ပါတယ်..။

"ဒါရိုက်တာဟောင်..စာအုပ်နဲ့​ေ ဘာပင်လေး ပေးလို့ရမလား..။ကျွန်တော် သုံးဖို့ လိုလို့.."

လင်းဖန် ပြောလိုက်တာပါ..။

ဒါရိုက်တာဟောင်ဟာ..လင်းဖန်ဘာလုပ်ချင်မှန်း မသိပေမယ့်..သွားယူပေးလိုက်ပါတယ်..။

လင်းဖန် ဖကိတီးလေး တစ်ယောက် ဆီ သွားကာ..​ေခါင်းကို..ထိကြည့်လိုက်တယ်..။

"ကလေး..မင်းက တက်ကြွနေတာပဲ..။နာမည် ဘယ်လို ခေါ်လဲ.."

ဖက်တီးရဲ့ နှာခေါင်းမှာ နှာရည်တွေ တွဲလောင်း ကျနေပြီး..အပြစ်ကင်းစွာ ​ပြန်ဖြေလိုက်တယ်..။

"သားက..လီ ဖက်တီး.."

"သိပ်မဆိုးဘူး..။အနာဂတ်မှာ ငါ့ကို ဆရာလို့ ဆခါ်ရမယ်..အန်ကယ် မဟုတ်ဘူး..။ဆရာက..မိန်းမတောင် မယူရသေးဘူး..ငယ်ငယ်လေးပဲ ရှိသေးတာ..

အန်ကယ်လို့ ခေါ်ရင် အသက်ကြီးသွားမှာပေါ့.."

လီဖက်တီး ရဲ့ ခြေထောက်တွေဟာ..လှုပ်မရပေမယ့်..ခေါင်းမော့ပြီ ခေါ်လိုက်တယ်..။

"ဆရာ.."

တစ်ခြား ကလေးတွေလည်း..တက်ကြွစွာ ခေါ်လိုက်ကြပါတယ်..။

"ဆရာ...."

လငိးဖန် စိတ်ထဲမှာ ဆုံးဖြတ်ချက် ချပြီး သွားပါပြီ..။နန်ရှမ်း ဂေဟာကို အခု ဘယ်သူမှ ဂရုမစိုက်မိကြပေမယ့်..တစ်နေ့ လူတွေ အကုန်လံူး သိလာကြရမှာပါ..။သူ ဒီနေရာကို..အရည်အချင်း ရှိတဲ့ ကလေးတွေ မွေးထုတ်ရာ နေရာ အဖြစ် ဖန်တီးမှာဖြစ်ပြီး..တစ်ခြား မိဘတွေပါ သူတို့ ကလေးတွေ လာပို့ ချင်စိတ် ဖြစ်လာစေမှာပါ.။

ဒါပေါ့..ဒါက အတွေးတွေပဲ ရှိပါသေးတယ်..။အကောင်အထည်ပေါ်ဖို့ ဆိုတာက အတော်ကြိုးစားရဦးမှာပါ..။

သိပ်မကြာခင်မှာပဲ ဒါရိုက်တာဟောင် ပြန်ရောက် လာခဲ့တယ်.

"မာစတာ လင်း အခုဘာလုပ် မလို့လဲ.."

လင်းဖန် ပြုံးပြီး ပြောလိုက်တယ်..။

"ကြည့်ကြည့်လိုက်.."

လင်းဖန် ထိုင်ချလိုက်ပြီး ဖက်တီးလီ ရဲ့ ခြေထောက်တွေကို ကိုင်ကြည့်လိုက်တယ်..။ကံကောင်းချင်တော့..ဖတ်တီး လီရဲ့ခြေထောက်တွေက..ရှိနေပါသေးတယ်..။တကယ်လိူ့ ခြေထောက်တွေသာ ပြတ်နေတာ ဆိုရင် ပြန်ကောင်းဖို့က မဖြစ်နိုင်ပါဘူး..။

ဒါရိုက်တာဟောင် ကတော့..မာစတာလင်း ဘာလုပ်​ေနလဲ မစဥ္းစား တတ်တော့ပေ..။သို့ပေမယ့် သူမ ဘာမှမမေးတော့ပဲ..ဘေးနားမှာပဲ တိတ်ဆိတ်စွာ ရပ်နေခဲ့ ပါတယ်..။

All Chapters