← Chapters

ပါးစပ်ပိတ်ထား...

Vol. 26 Ch. 387

ပါးစပ်ပိတ်ထား...

Vol. 26 Ch. 387

#ဘာသာပြန် = စနိုးဝှိုက်

သူ နေ့လည်ဘက်အထိ ..အလုပ်ကြိုးစားလုပ်နေခဲ့ပြီး...စာအုပ်တစ်ခုလုံး.မှတ်စုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။

ဒါရိုက်တာ ဟောင် သိချင်စွာမေးလိုက်ပါတယ်..

"ဒါက ဘာလဲ မာစတာ လင်း.."

လင်းဖန် ပြုံးပြီး ပြောလိုက်တယ်..။

"ဒါက လျိုဝှက်ချက်လေ.."

ဒါက တကယ် လျို့ဝှက်ချက်ပါ...။မှတ်တမ်းအရတော့..ကလေးပေါင်း..၃၆၅ ယောက်မှာ..အယောက် ၁၆၀ လောက်ပဲ အကောင်းအတိုင်း ရှိကြပါတယ်..။ဒါတောင်မှ သူတို့ရဲ့ ခန္တာကိုယ်မှာ ချို့ယွင်းချက် အသေးအဖွဲလေးတွေ ရှိနေကြပါသေးတယ်..။

ကျန်တဲ့ကလေး ၂၀၅ ယောက်ဟာ...ကြီးမားတဲ့ ချွတ်ယွင်းချက်တွေ ရှိနေကြပြီး..ဒီထဲက ၃၅ ယောက်က ခြေတွေ ..လက်တွေ မရှိကြတော့ပါဘူး..။

ဒီအရာတွေ အကုန်လံူးကို မှတ်သား အပြီးမှာ..လုပ်စရာ ရှိတာ လုပ်ဖို့ ပြင်လိုက်တယ်..။သို့ပေမယ့်..သူတို့ကို...သင်ကြားမူတွေ မစတင်ခင်မှာ..ခန္တာကိုယ်တွေကို ကုသပေးရဦးမှာပါ..။

ဒါရိုက်တာ ဟောင်ကတော့ လင်းဖန် လူပ်နေတာကို ..နားမလည်တော့ပေ..။ဒါက လေးနက်နေခဲ့ပြီး..သူမအရမ်း သိ ချင်နေပေမယ့် သူမ မမေးခဲ့ပေ..။

ကလင် ကလင်...

လူလိမ် ထျန်ဆီက ဖုန်းဝင်လာခဲ့တယ်..။

"မင်း ဘယ်မှာလဲ..။လူအိုကြီး တစ်ယောကိက ဆိုင်ကို ရောက်လာပြီး မင်းကို လာရှာနေတယ်..။သူ့ နာမည်က ကျိုးမင်ချင်း တဲ့...သူက မင်းရဲ့ တပည့်လို့ ပြောနေတာပဲ.."

လင်းဖန် ပြန်ပြောလိုက်တယ်..။

"သူ့ကို ခနစောင့်ခိုင်းထားလိုက်..ကျုပ် ခနနေပြန်လာတော့မှာ.."

ကျိုးမင်ချင်း သူ့ဆီကို ဒီနေ့ ရောက်လာလိမ့်မယိ လို့ မထင်ထားခဲ့ ပါဘူး..။သူ ဆေးဝါးတွေ ဝယ်ရတော့မယ့် အချိန်မှာ..ဒီလူ ရောက်လာတဲ့ ဆိုတော့..ဒါက ကောင်းမွန်တဲ့ တိုက်ဆိုက်မူ လေးပါပဲ..။သူ ဒီလူ့ ဆီက အကူညီ တောင်းရတော့မှာပါ..။

ဖုန်းချပြီး တဲ့ နောက်မှာ လင်းဖန်..ဒါရိုက်တာ ဟောင်ကို.. ကြည့်လိုက်ပြီး..

"ကျွန်တော်အရင် ပြန်တော့မယ်..။ပြီးမှ ပြန်လာခဲ့မယ်.."

ဒါရိုက်တာ ဟောင်ဟာ ..လင်းဖန်ကို အပေါက်ဝ အထိလိုက်ပို့ ခဲ့ ပါတယ်..။ကလေးတွေဟာလည်း လင်းဖန်ကို လက်ပြပြီး နှုတ်ဆက်ခဲ့ ကြတယ်..။

စွယ်စုံ အမှတ်တွေက ဝင်ဖို့ ဒီလောက် မခက်ခဲပါဘူး..။သူ အရင်တုန်းက ဒီလို အတွေးမျိုး မတွေးခဲ့ ဖူးလို့ပါ..။အခု သူ့မှာ ပန်းတိုင် ရှိပြီ ဆိုတော့..သေချာ ကြိုးစား ရပါတော့မယ်...။

တိမ်ဖြူလမ်း..။

ကျိူးမင်ချငိးဟာ ..ထိုင်နေပြီး..ဝူယူလန် ချပေးတဲ့..လဘက်ရည်ကို သောက်နေခဲ့တယ်..။

လူလိမ် ထျန်နဲ့ ကျန်တဲ့ လူတွေကလည်း..ဒီလူကြီးကို..သိချင်စွာ ကြည့်နေခဲ့တယ်..။ဒီလူက..သူ့ကိုသူ လင်းဖန် ရဲ့ တပည့်လို့ ပြောနေတာ ဖြစ်ပြီး..သူဘယ်က လာမှန်းလဲ မသိပါဘူး..။

ကျိုးမင်ချင်းက တော့ စိတ်လှုပ်ရှားနေခဲ့တယ်..။သူ မနေ့ညက သူငယ်ချင်းတွေ အားလံူးကို ဖုန်းခေါ်ပြီး ဖိတ်ခဲ့ ပါသေးတယ်..။သူ ဒီဆရာ ဆီမှာ တပည့်ခံဖို့ကို အတော် မျှော်လင့်ထားခဲ့ တာပါ..။

သူ့အတွက်ကတော့..ဘဝမှာ ဒီလို စစ်မှန်တဲ့ မာစတာ ကို တွေ့ခွင့်ရတာက ..အကောင်မွန်ဆံူး ပါပဲ..။

သူ မာစတာ လင်းရဲ့ တပည့်အဖြစ် လက်ခံတဲ့ ပွဲအတွက်..ရက်ကောင်း ရက်မြတ်ကို ရွေးပြီး သွားကြပါပြီ..။

တိမ်ဖြူလမ်းရဲ့ လမ်းထောင့်တစ်ခုတွင်..။

လူနှစ်ယောက်ဟာ..နံရံ နောက်လက်ကနေ ခိုးကြောင်ခိုးဝှက် ပုန်းနေခဲ့ ပါတယ်..။

ဒီနှစ်ယောက်က ကျိုးမင်ချင်းရဲ့..အကြီးဆုံးနဲ့ ဒုတိယ သားနှစ်ဟောက်ပါ..။

"အစ်ကိုကြီး..အဖေက ဒီမှာ ဘာလာလုပ်တယ် လို့ထင်လဲ.."

ကျိုးဘင် မသေချာစွာ မေးလိုက်တယ်..။မနေ့ညက ကိစ္စက..သူတို့ရဲ့..စိတ်ထဲမှာ အခုထိ ရှိနေပါသေးတယ်..။

သူတို့အဖေရဲ့ မူအမှန်မူတွေကြောင့်...ဒီနေ့သူ့အဖေ အပြင်ကို ထွက်လာတဲ့ အချိန်မှာ..နောက်ကနေ လိုက်ချောင်းနေခဲ့တာပါ..။

ကျိုးလီရှင်း ခေါင်းခါယမ်း ပြီး ​ပြန်ပြောလိုက်တယ်..။

"ငါလည်းမပြောတတ်ဘူး..။အရင်ဆုံး စောင့့်ကြည့်လိုက်ရအောင်...။တကယ်လို့ အဖေသာ အလိမ်ခံရတာ ဆိုရင်..ဒီဆိုင်က ဘာဆိုင်ပဲ ဖြစ်ဖြစ် ငါတို့ ကျိန်းသေ သင်ခန်းစာ ပေးရလိမ့်မယ်.."

သူတို့နှစ်ယောက်က...လွယ်လွယ်နဲ့လာရှုတ်လို့ ရတဲ့ လူတွေ မဟုတ်ကြပါဘူး..။သူတို့အဖေရဲ့ ဒေါသကြောင့်သာ မဟုတ်ရင်..သူတို့ရှေ့ကို ထွက်ပြီး ..ဖြေရှင်းပြီး နေပြီးပါပြီ.။သို့ပေမယ့် သူ့အဖေရဲ့ ဒေါသကြီးမူကြောင့်..သူတို့ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ဖို့ကို သာ ရွေးချယ်ခဲ့ကြတာပါ..။

"မာစတာ လင်း..."

ကျိုးဘင်..ဆိုင်းဘုတ်ကို သေချာ..စိုက်ကြည့်လိူက်တယ်..။သူ ဒီနာမည်ကို တစ်နေရာရာ..မှာ ကြားဖူး နေသလို ပါပဲ..။သို့ပေမယ့် သူ အများကြီး ထပ်ပြီး မတွေးတော့ပေ..။သူ့အဖေရဲ့ ကိစ္စက ပိုပြီးအရေးကြီး ပါတယ်..။

…

ကျိုးမင်ချင်း ..ဆိုင်ထဲက လူတွေကို ကြည့်ပြီး မေးလိုက်တယ်..။

"ခင်ဗျားတို့ အကုန်လံူးက..မာစတာ ရဲ့ လူတွေလား.."

လူလိမ်ထျန် ပြန်မေးလိုက်ပါတယ်..။

"မာစတာ..ဆိုတာက..လင်းဖန်ကို ပြောတာလား.."

"အင်ဟင်.."

ကျိူးမင်ချင်း ခေါင်းညိမ့်လိုက်တယ်..။

"ဟုတ်တယ်..ဒါပေမဲ့ ဒီဆိုင်ကို ကြည့်ရတာတော့..ဆေးခန်းတစ်ခုနဲ့ မတူဘူးလေ.."

"ဆေခန်းလား.."

လူလိမ် ထျန်နဲ့ ကျန်တဲ့ လူတွေဟာ..ပဟေဋ္ဌိဖြစ်သွားခဲ့တယ်..။ဒီလူအိုကြီး ဘာကို ဆိုလိုတာလဲ..သူတို့ နားမလည်ကြပါဘူး..။

ဒီနေရာက ဘယ်တုန်းက ဆေးခန်းဖွင့်ဖူးလို့လဲ....

အဲ့အချိန်မှာပဲ..လင်းဖန် ပြန်ရောက်လာခဲ့တယ်..။

ကျိုးမင်ချင်းဟာ..လင်းဖန်ကို မြင်တဲ့ အချိန်မှာ မတ်တတ်ရပ်ပြီး ..ယဥ်ကျေးစွာ နှုတ်ဆက်လိုက်ပါတယ်..။

"ဆရာ..."

လင်းဖန် ရှက်ကိုးရှက်ကန်း ရယ်လိုက်တယ်..။လူအိုကြီး တစ်ယောက်က သူ့ကို..ဆရာလို့ ခေါ်နေတာ ကို သူကျင့်သား မရသေးပါဘူး..။ဒီလူ သူ့ကို မကြာခန ခေါ်နေရင်တော့..သူ ကျင့်သားရသွားမှာပါ..။

လူလိမ်ထျန်ဟာ လင်းဖန်ကို ဘေးနား ဆွဲခေါ်သွားလိုက်ပြီး..

"ဒီလူကြီးက ဘယ်ကလဲ.။ဘာလို့ ..သူက မင်းကို ဆရာလို့ ခေါ်နေတာလဲ.."

လင်းဖန် ပြံူးလိုက်တယ်..။

"ကျုပ်ရဲ့ ဆေးပညာက..အရမ်းကောင်းတယ် လို့ အရင်က မပြောခဲ့ဘူးလား..။ဒီလူက ကျုပ်ရဲ့ ဆေးပညာ ကျွမ်းကျင်မူကို မြင်ပြီး..လေးစားနေခဲ့တာ.."

လူလိမ်ထျန် သေချာ ထပ်ပြောလိုက်တယ်..

"မင်း လေးလေးနက်နက် ပြောလို့ မရဘူးလား.."

"ကျုပ် အတည်ပြောနေတာ..။နောက်နေတာ မဟုတ်ဘူး.."

လင်းဖန် လူလိမ်ထျန်ကို ကြည့်ပြီး ပြောလိုက်တာပါ..။

လင်းဖန် အကူညီမဲ့ စွာ ကြည့်လိုက်တယ်...။သူ လင်းဖန် ကို ဘယ်လိုမှ လိုက်မခန့်မှန်း နိုင်တော့ပါဘူး..။လင်းဖန် အမှန်​ပြောတာ ဟုတ်မဟုတ်ကို ..သူ သေချာ မသိတော့ပေ..။

လင်းဖန် လက်ပြလိုက်တဲ့နဲ့ ကျိုးမင်ချင်းဟာ..ရှေ့ကို တက်သွားလိုက်ပြီး..

"ဆရာ..ကျွန်တော်ကို ဘာများ ညွှန်ကြားစရာ များ ရှိလို့လဲ.."

"ကျုပ်နဲ့အတူ..ဆေးဝယ်လိုက်ခဲ့..။ဒီနေ့..ခင်ဗျားကို အသိဥာဏ်တွေ ပွင့်လင်းသွားအောင် လူပ်ပေးမယ်.."

လင်းဖန် တည်ငြိမ်စွာ ပြောလိုက်တာပါ..။

ကျိုးမင်ချင်းဟာ ဒါကို ကြားတဲ့ အချိန်မှာ ကြောင်အသွားခဲ့တယ်..။သူ့ နှလံူးခုန်သံ တွေဟာ..ဖြည်းဖြည်းချင်း မြန်လာခဲ့ ပါပြီ..။သူဟာ..တရုတ်ဆေးပညာကို အရမ်းလိုက်စားပြီး..ရှုပ်ထွေးတဲ့ ..ရောဂါတွေ ကို အရမ်းရူးသွပ်တဲ့ လူတစ်ယောက်ပါ..။

သူ့ဆရာ ရဲ့ သင်ကြားမူနဲ့သာ ဆိုရင်..မတူညီတဲ့ အမြင်နဲ့..မြင်ရတော့မှာပါ..။

လင်းဖန် မေးလိုက်တယ်..။

"ခင်ဗျားမှာ..ဆေးဝါးတွေ ဝယ်ဖို့ တရာဝင် နည်းလမ်း ရှိတယ် မလား.."

"ရှိပါတယ်..ရှိပါတယ်.."

သူက ရှန်ဟိုင်း ဆေးပညာ တက္ကသိုလ် ရဲ့ ဒါရိုက်တာ တစ်ယောက်ပါ..။

ဆေးဝယ်ဖို့ နည်းလမ်းတွေ မရှိပဲ..ဘယ်နေပါ့မလဲ..

…

"အစ်ကိုကြီး..အဖေ ကောင်လေး တစ်ယောက်နဲ့ ထွက်သွားပါလား..။ဒီကောင်လေးက..အဖေ့ကို လိမ်နေတဲ့ လူလိမ် များလား.."

ကျိုးဘင် မေးလိုက်တာပါ..။

ကျိုးလီရှင်း မျက်မှောင်ကျုတ်ပြီး ပြောလိုက်တယ်..။

"ဒါ ဖြစ်နိုင်ချေ ရှိတယ်..။ကြည့်အဖေ..က ရိုရိုသေသေ နဲ့ နောက်က လိုက်သွားတာ..။သူ အလိမ်ခံ နေရတာ ဖြစ်နိုင်တယ်.."

ကျိုးဘင် ခေါင်းခါယမ်းလိုက်တယ်..။

"ကြည့်ပါဦး..အဖေ့ရဲ့ အဆင့်အတန်းနဲ့ တောင် အလိမ်ခံနေရတယ်..။ဒီနေ့ခေတ် လူလိမ် တွေက ..အတော်ကို ထူးချွန်လာကြတာပဲ..။ဒါပေမဲ့ သူ့ကို မခြောက်လှန့်နဲ့ဦး..ဘာတွေ ဖြစ်လာမလဲ ဆက်ပြီး စောင့်ကြည့်လိုက်ရအောင်..။တကယ်လို့..ဒီငနဲ အဖေ့ကို ဘဏ်ကို ခေါ်သွားရင်..ချက်ချင်းရဲကို ဖုန်းဆက်ရမယ်.."

ကျိုးလီရှင်း ခေါင်းညိမ့်လိုက်ပြီး..

"အဲလိုပဲ လုပ်ရမှာပဲ..။ဒီကောင်က ငါတို့အဖေကိုတောင် လာလိမ်ရဲတယ်..။သေချင်နေပြီထင်တယ်.."

သူတို့နှစ်ယောက်ဟာ..သူ့အဖေ..ကားတစ်စီးထဲ ဝင်သွားတဲ့ အထိ ပုန်းကာ ကြည့်နေခဲ့ပြီး..ကားထွက်သွားမှ..သူတို့ကားနဲ့ နောက်က အမြန်လိုက်သွား ခဲ့ကြပါတယ်..။

ကားထဲတွင်..။

ကျိုးမင်ချင်းဟာ စိတ်လှုပ်ရှား လွန်းလို့ မျက်နှာတောင် နီရဲ နေခဲ့ ပါပြီ..။သူက သူ့ဆရာ ရဲ့ မှတ်စုစာအုပ်ကို ဖတ်နေခဲ့တာပါ..။

သူ ဆေးတွေ အများစုကို မှတ်မိပေမယ့်..ဒါတွေကို ရောလိုက်ရင် ဘယ်လို အကျိုးသက်ရောက်မလဲ ဆိုတာကို တော့ မသိသေးပါဘူး..။ဒီဆေးတွေရဲ့ ဘေးနားမှာတော့..စာလံူးတွေ ရေးထားခဲ့ ပါတယ်..။

"ခြေထောက်ကျိုး..ခံစားချက်မဲ့..အသုံးပြုရန်ဆေးညွှန်း.."

"လက်ကျိုး..."

"ဆရာ..ကျွန်တော်ရဲ့ အတွေ့အကြုံအရတော့..လက်ကျိုးတာတွေကို ..တရုတ်ဆေးပညာနဲ့

ကုသတာက..အောင်မြင်ဖို့ ရာခိုင်နှုန်း နည်းတယ်နော်..။တကယ်လို့..ကျိူးထားတာ ကြာပြီ ဆိုရင်..အထဲက သွေးကြောတွေက သေဆုံးနေလောက်ပြီ.."

ကျိုးမင်ချင်းဟာ..သူ့မုတ်ဆိတ်တွေကို ကိုင်ပြီး ပြောနေခဲ့တာပါ..။

လင်းဖန်.. ပြန်လှည့်ပြီး ပြောလိုက်တယ်..။

"ခင်ဗျား ငြိမ်ငြိမ်နေလို့ ရမလား.."

"ဆရာ...ကျွန်တော်က နားမလည်လို့ မေးတာပါ.."

ကျိုးမင်ချင်း စိတ်လှုပ်ရှားနေခဲ့တယ်..။

"ပါးစပ်ပိတ်ထား.."

လင်းဖန်..မာ​ကျောစွာ ​ထပ်ပြောလိုက်တယ်..။ဒီလူအိုကြီးက..အသက်ကြီးနေတာတောင်..စိတ်ကို တည်ငြိမ်အောင် မနေတတ်သေးပါဘူး..။

သူက တစ်ခါမှ မမြင်ဘူးတဲ့ အ ရာကို မြင်နေရတဲ့ ကလေးတစ်ယောက် လိုပါပဲ...။

ကျိူးမင်ချင်း လျှင်မြန်စွာ ပါးစပ်ပိတ်လိုက်ပြီး.စာအုပ်ကို ဆက်ဖတ်နေလိုက်တယ်..။သူ့စိတ်ထဲမှာတော့..နားမလည်နိုင်တဲ့ အတွေးတွေ ရှိနေခဲ့ပါတယ်..။

ဒီဆေးတွေကို ရောလိုက်ရင်..ဘယ်လို သောက်ကျိုးနည်းတွေ ဖြစ်လာမှာလဲ...

All Chapters