← Chapters

ခင်ဗျားဘာလုပ်နေတာလဲ

Vol. 26 Ch. 388

ခင်ဗျားဘာလုပ်နေတာလဲ

Vol. 26 Ch. 388

#ဘာသာပြန် = စနိုးဝှိုက်

ကျိူးမင်ချင်းရဲ့ လမ်းပြမူကြောင့် သူတို့ မကြာခင်မှာ့ဲ..တရုတ်ဆေးဝါး ကုမ္ပဏီကို ရောက်လာခဲ့တယ်..။

"ကျွန်တော်တို့ ဒီကို ဘာလာလုပ်တာလဲ.."

လင်းဖန် မေးလိုက်တာပါ..။

ကျိုးမင်ချင်း ပြောလိုက်တယ်..။

"ဒါက တရုတ်ဆေဝါး ကုမ္ပဏီလေ..။ဆေးရုံတွေ အများကြီးရဲ့ လိူအပ်တဲ့ ဆေးဝါးတွေကို ဒီကုမ္ပဏီကပဲ ဖြည့်ဆီးပေးထားတာ..။ဒီမှာ ရှိတဲ့ ဆေးဝါးတိုင်းက..တရားဝင်ဖြစ်ပြီး..ဆေးအတုတွေ တစ်ခုမှ မရှိဘူး.."

လင်းဖန် ခေါင်းညိမ့်လိုကထတယ်..။ဒီလူက တရုတ်သမားတော် တစ်ယောက် အဖြစ် တကယ် ထိုက်တန်တဲ့ လူတစ်ယောက်ပါ..။ပုံမှန်လူတွေထက် ဒီလူက အများကြီး အသိပညာ ကြွယ်ဝပါတယ်..။

"ဆရာ..ဒီကဆေးဝါးတွေက..တကယ် အရည်အသွေးမြင့်တယ်.."

ကျိူးမင်ချင်း ပြောလိုက်တာပါ..။သူတို့ ကားပေါ်က ဆင်းပြီးနောက်မှာ..ဖုန်းဆက်လိုက်တယ်..။ကုမ္ပဏီက တာဝန်ရှိတဲ့ လူတစ်ယောက် အမြန်ရောက်လာပြီး နွေးထွေးစွာ ..ကြိုဆိုခဲ့ပါတယ်..။

ဒီက တာဝန်ရှိသူက ..သက်လတ်ပိူင်း အရွယ်လူကြီး တစ်ယောက်ပါ..။သူပြုံးပြီး ပြောလိုက်တယ်...

"အကြီးအကဲ ကျိုး.ကတော့ နောက်နေပြန်ပြီ..။ဘယ်လို လုပ်ပြီး ဆေးဝါး အတုတွေ ရောင်းချရမှာလဲ..။ကျေးဇူးပြုပြီး..ခနစောင့်ပါဦး..တစ်စုံတစ်ယောက်ကို ဆေးတွေ ယူလာခိုင်းလိုက်မယ်.."

တာဝန် ရှိသူထွက်သွားပြီးတဲ့ နောက်မှာ..ကျိုးမင်ချင်း ပြုံးပြီး ပြောလိုက်တယ်..။

"ဒါက တရုတ်ဆေးဝါး ကုမ္ပဏီ ဆိုပေမယ့် လည်း..အရည်အသွေးနိမ့်တဲ့ ပါဝင်ပစ္စည်းတွေရှိသေးတယ်..။ဒါပေမဲ့ စိတ်မပူပါနဲ့..ကျွန်တော် ရှိနေရင်..သူတို့ အရည်အသွေး နိမ့် တဲ့ဟာတွေ ပေးရဲမှာ မဟုတ်ဘူး.."

သိပ်မကြာခင်မှာပဲ..လိုအပ်တာတွေ အကုန်ပြင်ဆင်ပြီးသွားခဲ့တယ်..။သူတို့ အကုန်လုံးကို ကားထဲပြောင်းထည့် လိုက်ပါတယ်..။စျေးကြီးပြီး..ဇိမ်ခံမောင်းတဲ့ ကားကတော့ ..အခုဆိုရင်တော့..ဆေးနံ့တွေနဲ့ ပြည့်နှက်နေခဲ့ ပါပြီ..။

လငိးဖန် ပိုက်ဆံရှင်းဖို့ လုပ်လို်က်တဲ့ အချိန်မှာပဲ..ကျိုးမင်ချင်းဟာ တားဆီ လိုက်ပြီး...

"ဆရာ..ကျွန်တော် ရှင်းလိုက်မယ်...။ကျွန်တော်က ဒီနေရာနဲ့ရင်းနှီးပြီး နှစ်တိုင်း လိုအပ်တာတွေ ဝယ်နေကြလေ.."

တစ်စုံတစ်ယောက်က အစားဘေလ်ရှင်း ပေးတာကလည်း ဆိုးရွားတဲ့ ကိစ္စတော့ မဟုတ်ပါဘူး.။လင်းဖန် ဒါကို စိတ်မဝင်စားပေ..။

ဒါပေမဲ့ ကျိုးမင်ချင်းကတော့..သူ့ဆရာ ဘာလို့ ဒီလောက် ဆေးဝါး ပါဝင်ပစ္စည်းတွေ အမျာကြီးဝယ်တာလဲ မစဥ်စားတတ်တော့ ပါဘူး..။ကြည့်ရတာ သူ့ဆရာက သူ့ကို တစ်ခုခု သင်ကြားပေးချင်နေတဲ့ ပံူပါပဲ..။

လငိးဖန် နဲ့ ကျိုးမင်ချင်း ကားမောင်းထွက်သွားပြီးနောက်မှာတော့..သူတို့ နောက်ဘက်ရှိကားထဲမှ လူတွေကတော့..ကြောင်အနေခဲ့ကြတယ်..။

ကျိးဘင်ပြောလိုက်တယ်..။

"အဖေက ဒီမှာ ဘာလုပ်နေတာလဲ.။သူ ဆေးတွေတောင်ဝယ်သွားသေးတယ်.."

ကျိုးလီရှင်း အချိ်န် အကြာကြီး တိတ်ဆိတ်နေပြီးမှ..ပြန်ပြောလိုက်တယ်..။

"ငါလည်း မသိဘူး..ဒါပေမဲ့ကောင်းတဲ့ အရာတော့မဖြစ်နိုင်ဘူးနော်..။ကြည့်ရတာ ..ဒီကောင်လေးက..ပိုက်ဆံလိုချင်တာ မဟုတ်ပဲ..တရုတ်ဆေးဝါးတွေ လိူချင်နေတာ ဖြစ်မယ်..။မင်း အဖေ့ရဲ့ အဆင့်အတန်းကို သိတယ်မလား..။အဖေက ဆေးဝါး ပါဝင်ပစ္စည်း တွေကို ကြိုက်သလောက် ဝယ်လို့ရတယ်..။ဒီကောင်လေးက..ပြီးမှ သူပြန်ရောင်းချင်တာ ဖြစ်မယ်..ဘယ်လောက်တွက်ချက်တတ်လဲ.."

"အစ်ကိုကြီး..သူက ဘာလို့ ပိုက်ဆံ တိုက်ရိုက်..မယူတာလဲ..."

ကျိုးဘင် မသေချာစွာ မေးလိုက်တာပါ..။

ကျိုးလီရှင်း ပြုံးပြီး ပြောလိုက်တယ်..။

"ဒါက ပြောစရာ တောင်မလိုဘူး..။တစ်စုံတစ်ယောက်ရဲ့ ပိုက်ဆံကို လိမ်တယ် ဆိုတာက..ဥပဒေကို ဆန့်ကျင်တယ်လေ..။အခုဟာက ဘဏ်ကို သွားစရာမှ မလိုတော့တာ..။တကယ်လို့..ငါတို့သာ ..ဥာဏ်မကောင်းနိုင်ရင်..ဒါကို ရိပ်မိမှာ မဟုတ်ဘူး.."

"ဒါဆို..ဘာတွေ ဆက်ဖြစ်မှာလဲ..."

ကျိုးဘင် ခေါင်းညိမ့်ပြီး မေးလိုက်တယ်..။သူ့အစ်ကိုကြီးက တကယ့်ကို ဥာဏ်ကောင်းတဲ့ လူတစ်ယောက်ပါ..။အချိန်ကနလေးအတွင်းမှာ..သူက အဖြစ်အပျက်တစ်ခုလုံးကို ဖော်ထုတ်နိုင်ခဲ့ ပါတယ်..။

"ဆက်စောင့်ကြည့်နေ..။ငါတို့ အတိအကျ သိရလိမ့်မယ်.."

ကျိုးလီရှင်းဟာ..အခုတော့ သူ့အဖေ အလိမ်ခံရတာကို သေချာသွားခဲ့ ပါပြီ..။

…

နန်ရှမ်း ဂေဟာတွင်..။

ကျိုးမင်ချင်း အဆောက်အဦးကို ကြည့်ပြီး ပြောလိုက်တယ်..

"ဆရာ..ကျွန်တော်တို့..ဒီကို ဘာလာလုပ်တာလဲ.."

လငိးဖန် ကျိုးမင်ချင်းကို ကြည့်ပြီး ပြောလိုက်တယ်..။

"စောင့်ကြည့်နေ..ခနနေရင် သိလိမ့်မယ်.."

ယင်းနောက် သူ ဟန်လုကို ဖုန်းဆက်ပြီး ပါဝင်ပစ္စည်းတွေ လာသယ်ခိုင်းလိုက်ပါတယ်..။ဒီမှာက ပါဝင်ပစ္စည်းတွေ အရမ်းများတာကြောင့်..သူကိုယ်တိုင် မသယ်ချင်တော့ပေ..။

ဒါရိုက်တာ ဟောင်ဟာ..လင်းဖန် ဒီလောက် မြန်မြန် ပြန်ရောက်လာမယ် လို့ မထင်ထားခဲ့ ပါဘူး..။ဟန်လု..ဆေပင်တာ သယ်နေတာကို မြင်တဲ့ အချိန်မှာ သူမ နားမလည္နိုင်တော့ပေ..။

ကျိုးမင်ချင်းကတော့..လင်းဖန် နောက်က လိုက်နေခဲ့ပါတယ်..။သူ့ဆရာ ဘာလုပ် မှာလဲ သူမသိတော့ပေ..။သို့ပေမယ့် ကလေးတွေကို မြင်တဲ့ အချိန်မှာ သူမျက်မှောင် ကျုတ်လိုက်ပါတယ်..။

"ဒါရိုက်တာဟောင်..ကလေးတွေကို တန်းစီခိုင်းလိုက်ပါဦး..။ကျွန်တော် တစ်ချက်ကြည့်ရအောင်.."

လင်းဖန် ပြောလိုက်တာပါ..။

ဒါရိုက်တာ ဟောင်..လင်းဖန်ကို ကြည့်လိုက်ပြီး..

"မာစတာ လင်း ဘာတွေလုပ်နေတာလဲ..။ကျွန်မ နားမလည်တော့ဘူး.."

လငိးဖန် ပြုံးပြီး ပြန်ပြောလိုက်တယ်..။

"ခနနေ သိရမှာပါ.."

ဒါရိုက်တာ ဟောင် ခေါင်းညိမ့်လိုက်ပြီး ထပ်မမေးတော့ပါဘူး..။သူမ မာစတာ လင်း ပြောတာကိုပဲ..လိုက်လုပ်ပေးလိုက်တယ်..။

အဆောက်အဦးထဲတွင်.။

ကျိုးမင်ချင်း လင်းဖန်ရဲ့ ဘေးနားမှာ ရပ်နေကာ..ကို

ယ်လက် အဂ်ါ မစုံတဲ့ ကလေးတွေကို ကြည့်လိုက်ပြီး..

"ဆရာ..ဒါက.."

လငိးဖန် တည်ငြိမ်စွာ ပြောလိုက်တယ်..။

"ဒါက မသန်စွမ်း ကလေးဂေဟာလေ..။ကျွန်တော် ဒီဂေဟာကို ယူထားတာ..။ဒီက ကလေးတွေက လူ ကုန်ကူးသူတွေရဲ့ လက်ချက်ကြောင့် ခန္တာကိုယ် ပြသနာ လေးတွေ..ရှိနေတာနဲ့..ကုသပေးမလို့ လူပ်နေတာ.."

"ဘယ်လောက် ဆိုးရွားတဲ့ ကောင်တွေလဲ.."

အဲ့အချိန်မှာပဲ ဟန်လုဟာ ပြင်ဆင်စရာတွေ ပြင်ဆင်ပြီးသွားပြီး..ငွေအပ်တွေ အများကြီး ယူလာခဲ့ ပါတယ်..။သူကတော့..သူ့ရဲ့ ကိုယ်ခံပညာနဲ့ လက်ဝေ့ပညာတွေကို စွန့်လွတ်လိုက်ပြီး..ဒီမှာပဲ..ဘဝကို ကုန်ဆုံးနေခဲ့တာပါ..။သူ ဒီမှာ တကယ် ပျော်ရွှင်ပါတယ်..။

"ဆရာ.."

ဝှီးချဲပေါ်က လီဖက်တီးဟာ ခေါ်လိုက်တာပါ.။သူဟာ တက်တက်ကြွကြွနဲ့ ချစ်ဖို့ကောင်နေပြီး..သူ့နှာခေါင်းမှာတော့..နှပ်တွေ ထွက်နေခဲ့ ပါတယ်..။

ကျိုးမင်ချင်း ရှေ့ကို သွားပြီး..ကလေးရဲ့ ခြေထောက်ကို ထိကြည့်လိုက်တယ်..။ကြည့်ရတာတော့ ဒီခြေထောက်တွေက အသုံးမဝင်တော့ ပါဘူး..။ဒီခြေထောက်တွေက ပြင်းပြင်းထန်ထန် ထိခိုက်ထားပြီး..အကြောတွေလည်း သေနေခဲ့ ပါပြီ..။ဒီကလေးက ဘယ်တော့မှ မတ်တတ်ရပ်နိုင်တော့ မှာမဟုတ်ပါဘူး..။

"ဘယ်လိုလဲ.."

လင်းဖန် မေးလိုက်တာပါ..။

ကျိုးမင်ချင်း ခေါင်းခါယမိး လို်က်ပြီ..

"မရတော့ဘူး..ကျွန်တော်ရဲ့..စွမ်းရည်နဲ့ဆိုရင်တော့..ကုသလို့ မရနိုင်ဘူး..။စဖြစ်ဖြစ်တုတ်းက ဆိုရင် အခွင့်အရေး ရှိပေမယ့် အခုတော့..အခွင့်အရေး မရှိနိုင်တော့ဘူး.."

အဲ့အချိန်မှာပဲ..ကျိုးမင်ချင်း တစ်ခုခုကို သတိထားမိသွားပြီး.

"ဆရာ..ဆရာပြောချင်တာက.."

လင်းဖန် ရယ်မောလိုက်ပြီး..ဘာမှ မပြောတော့ပါဘူး.။ယင်းနောက်..သူ ဖက်တီးရဲ့..ခြေထောက်ကို.ငွေအပ်မသုံးသေးပဲ...လက်နည်းစနစ် အချို့နဲ့ ထောက်လိုက်တယ်...။

"နာလား..."

ဖက်တီးလေးဟာ ခေါင်းခါယမ်းလိုက်ပါတယ်..။

"ဟင့်အင်.."

လင်းဖန် ပြုံးလိုက်တယ်..။နာကျင်တယ် ဆို်မှ ထူးဆန်းနေမှာပါ..။

ကျိုးမင်ချင်းကတော့..အနီးကပ် စိုက်ကြည့်နေခဲ့တယ်..။သူ့ဆရာ ဘာလုပ်မလဲ သေချာ မသိပေမယ့် အသုံဝင်မှာတော့ သေချာပါတယ်..။

လင်းဖန် ငွေအပ်တွေကိူ စတင်ပြီး နေရာချထားလိုက်ပါတယ် ...။

လီဖက်တီးလေးကတော့..ကြောက်ရွံ့နေခဲ့တယ်..။သူ့ လက်တွေက လှုပ်လို့ ရပေမယ့်လည်း..သူ့ခြေထောက်တွေကတော့..အမြဲတမ်း..ခံစားချက်ကင်းမဲ့ နေခဲ့ရတာပါ..။

သိပ်မကြာခင်မှာ ပဲ..ခြေထောက် နှစ်ချောင်းလံူး ငွေအပ်တွေနဲ့ ပြည့်နှက်သွားခဲ့တယ်..။

ကျိူးမင်ချင်းကတော့..ဘေးနားမှာ ရပ်နေပြီး ပဟေဋ္ဌိ ဖြစ်နေပေမယ့်..ဘာမှမမေးခဲ့ပေ..။ဒီအပ်တွေ စိုက်တဲ့ အမှတ်တွေကို ..သူ ဘာတစ်ခုမှ နားမလည်ပါဘူး..။သူ့ဆရာကို သံသယဖြစ်တာ မဟုတ်ပေမယ်..ဒီခြေထောက်တွေကို ကယ်တင်လို့ မရတော့တာတော့ ကျိန်းသေပါတယ်..။

လင်းဖန် လက်တွေ ရပ်သွားမှ ကျိူးမင်ချင်း မေးလိုက်တယ်..။

"ဆရာ..ဒါက အသုံးဝင်ပါ့မလား.."

လင်းဖန် ပြုံးပြီး..ဖက်တီးလီ ရဲ့ ဒူးကို ဖိလိုက်တဲ့အချိန်မှာ..ခြေထောက်က လှုပ်ခါသွားခဲ့ပါတယ်..။ဒါက အကြောတုန့်ပြန်မူပါ..ယင်းနောက် သူ ကျိုးမင်ချင်းဘက် လှည့်လိုက်ပြီး..

"ဘယ်လို ထင်လို့လဲ.."

ကျိုးမင် ချင်း ကြောင်အသွားခဲ့တယ်..

"ဒါက.. .."

ဘေးနားမှာ ရပ်နေတဲ့ဒါရိုက်တာ ဟောင်နဲ့ ဟန်လုတို့လည်း..အံ့ဩသင့်နေကြပါပြီ..။

ကျိုးမင်ချင်း မယုံကြည်နိင်စွာပဲ..ဖက်တီးလေးရဲ့ ခြေထောက်ကို ဆွဲဆိတ်လိုက်တယ်..။

"ဒါလား..."

"အင်း.."

ဖက်တီးလေး ခေါင်းညိမ့်ပြီး ပြောလိုက်တာပါ..။

"ဒါက အဓိပ္ပါယ် မရှိတာ.."

ကျိူးမင်ချင်း ဖြစ်ပျက်နေတာကို နားမလည်နိုင်တော့ပေ..။ယင်းနောက် သူ ဖက်တီးလေးရဲ့ပေါင်ကို ခပ်ကြမ်းကြမ်းလေး နောက်တစ်ကြိမ် ထပ် ဆိတ်လိုက်ပါတယ်..။

"နာလား..."

"ဝါး..."

အဲ့အချိန်မှာပဲ..ဖက်တီးလေးဟာ..နာလို့ စတင်ငိုကြွေး ပါတော့တယ်..။

လင်းဖန် ကျိုးမင်ချင်းကို ကြည့်လိုက်ပြီး..

"ခင်ဗျား ဘာလုပ်နေတာလဲ..။ကလေးကို အမြန်ပြန်ချော့လိုက်ဦး.."

ကျိုးမင်ချင်းကတော့..ဒါက..သရဲကို မြင်နေရတဲ့ အတိုင်းပါပဲ..။သူ ဖက်တီးလေး ပြန်ကောင်းသွားတာကို..ဘယ်လိုမှ လိုက်မမှီနိုင်တော့ ပါဘူး..။

All Chapters