← Chapters

နားမလည် နိုင်တော့ဘူး..

Vol. 26 Ch. 389

နားမလည် နိုင်တော့ဘူး..

Vol. 26 Ch. 389

#ဘာသာပြန် = စနိုးဝှိုက်

လီဖက်တီရဲ့ ငိုသံက မြေကြီးတောင် တုန်လှုပ်နေခဲ့ပါတယ်..။သူ့ရှေ့က..အဖိုးက အတော်ကို ဆိူရွားတဲ့ လူတစ်ယောက်ပါ..။

"နာလား.."

"နာလား.."

ကျိုးမင်ချင်းဟာ.ဖက်တီးလေရဲ့ ခြေထောက်ကို ဆက်တိုက် ဆိတ်ဆွဲ နေခဲ့တယ်..။သူက လူသစ် တစ်ယောက် မဟုတ်ပဲ..အတွေ့အကြုံရင့်တဲ့ ..တရုတ်သမားတော် တစ်ယောက်ပါ..။သူ့ဆရာရဲ့ နည်းစနစ် တွေကို သူမသိပေမယ့်..သူ့ရဲ့ ..အသိပညာတွေ အရတော့..ဒါကြီးက မဖြစ်နိုင်ပါဘူး..။

"ဝါး..."

ဖက်တီးလေးဟာ..ဆက်တိုက်ငိုနေခဲ့ ပါတယ်..။သူရှေ့က အဖိုးက သူ့ခြေထောက်ကို..နာကျင်ျအာင်လူပ်ရတာကို ကြိုက်နေတဲ့ ပုံပါပဲ..။ကျိုးမင်ချင်း အတွက်ကတော့..သူ ဒီကိစ္စကို ဒီမှာတင် သေချာနားမလည်ရင်..သူ အိပ်ပျော်စားဝင်တော့မှာ မဟုတ်ပေ..။

ကျိုးမင်ချင်း လင်းဖန်ကို ကြည့်လိုက်ပြီး..

"ဆရာ..သူ အခုရပ်နိုင်ပြီလား.."

လင်းဖန် ပြန်ပြောလိုက်တယ်..။

"ခင်ဗျားက အတွေ့အကြုံရှိတဲ့ တရုတ်သမားတော် တစ်ယောက်လေ..။သူ မတ်တတ်ရပ်နိုင်မယ် လို့..ခင်ဗျား ထင်လား..."

ကျိုးမင်ချင်း အနည်းငယ် စဥ်းစားလိုက်ပြီး..

"ကျွန်တော် စမ်းသပ်တုန်းက..သူ နှစ်ပေါင်းများစွာ ကြာအောင် ဒဏ်ရာရထားတာလေ..။သူက အခုမှပဲ..ခံစားမူတွေကို ပြန်ရထားတာ..ဒါကြောင့်..သူ..လမ်းလျောက်ဖို့ ဆိုတာက မဖြစ်နိုင်သေးဘူး.."

လင်းဖန် ဖက်တီးလေးရဲ့ ခေါင်းကို ပုတ်ပြီး ပြောလိုက်တယ်..။

"ကောင်လေး..ငိုမနေနဲ့တော့..ဆရာပြောတာ နားထောင်..။ဆင်းပြီးလမ်းလျောက်ကြည့်..ဘယ်လိုနေလဲ သိရအောင်..."

ဖက်တီးလေး..ခံစားချက်ကို အကြိမ် အနည်းငယ် ထိန်းလိုက်ပြီး..​အငိုရပ် သွားခဲ့တယ်..။ပြီးမှ သူဖြည်းဖြည်းချင်း..မြေကြီးပေါ် ခြေလှမ်းကြည့်လိုက်ပါတယ်..။

သူ အံ့ဩပြီး ပြုံးမိသွားတယ်..။နောက်..ဆုံးတောပ သူ့ခြေထောက် တွေက လှုပ်ရှားလို့ ရလာခဲ့ပါပြီ..။

လငိးဖန် ကျိုးမင်ချင်းကို ကြည့်လိုက်ပြီး..

"ခင်ဗျားက..အတွေ့အကြုံရင့် တဲ့ သမားတော် တစ်ယောက် ဆိုတော့..ကိုယ်ပိုင် အမြင်လည်း ရှိသင့်တယ်..။သူ့ရဲ့ ခြေထောက်က အကြောတွေက ပြန်ကောင်းနေပြီလေ...သူ မတ်တတ်ရပ်လို့ ရပြီးလို့ မထင်ဘူးလား.."

ကျိုးမင်ချင်း အနည်းငယ် ရှက်ရွံ့သွားပြီး ပြောလိုက်ပါတယ်..။

"ဆရာ..ဘာပဲပြောပြော မှန်ပါတယ်. "

လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..

"ခင်ဗျား သင်ယူဖို့ အများကြီး လိုသေးတယ်..။ဖြည်းဖြည်းချင်လူပ်..အလျင်မလိုနဲ့..."

"ဒါရိုက်တာ ဟောင် ဘယ်လိုထင်လဲ.."

လငိးဖန် ပြုံးပြီး မေးလိုက်တာပါ..

အဲ့အချိန်မှာတော့ဒါရိုက်တာ ဟောင် ရဲ့ပါးစပ်ကြီး ပွင့်နေပြီး..မြင်ကွင်းကို မျက်တောင် မခတ်ပဲ ကြည့်နေခဲ့ ပါတယ်..။သူမ မျက်လုံးဟာ ပြူးကျယ်နေပြီး ရှေ့မှာ ဖြစ်ပျက်နေတာတွေကို မယုံနိုင်ခဲ့ပေ..။ယင်းနောက် သူမ ..လင်းဖန်ကို အံ့ဩစွာ ကြည့်လိုက်ပြီး..

"မာစတာ လင်း..ဘယ်လို လုပ်လိုက်တာလဲ.."

လင်းဖန် တည်ငြိမ်စွာ ပြုံးပြီး ပြန်ပြောလိုက်တယ်...။

"ကျုပ် ခင်ဗျားကို ပြောဖို့ မေ့့သွားတယ်..။ကျုပ်ရဲ့ ဆေးပညာက..အရမ်းကောင်းမွန််တယ် ဆိုတာပဲ.."

ဟန်လု လင်းဖန်ကို ကြောင်အစွာ ကြည့်နေခဲ့ပါတယ်..။မာစတာလင်း သူ့ကို ..ဘာလို့ တပည့်အဖြစ် လက်မခံတာ လဲ ဆိုတာကို သူနားလည်သွားပါပြီ...။တိုက်ခိုက်တယ် ဆိုတာ အချိန်ဖြူန်းမူ သက်သက်ဖြစ်ပြီး..ဘာမှ ဂုဏ်ယူစရာ မရှိပါဘူး..။ဒါကို ကြည့်ရင်း သူအရင်က အချိန်တွေ ဖြူန်းခဲ့မှန်း နားလည်လိုက်ပါတယ်..။

သူ့ရှေ့က ဝမ်းသားစရာအခြေအနေကို ကြည့်ပြီး..ဒီလိုအရာတွေကသာ ပျော်ရွှင်မူ အစစ်အမှန်ဆိုတာ သူ သဘောပေါက်သွားပါပြီ..ဉ

ရုတ်တရက် ဒါရိုက်တာဟောင်ဟာ..လင်းဖန်ရဲ့ ့လက်ကို ဖမ်းဆွဲလိုက်ပြီး..

"မာစတာ လင်း..တစ်ခြားကလေး..တွေရော..ပြန်ကောင်းလာနိုင်မှာလား..."

လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..

"ဒါက ပြသနာ မရှိလောက်ပါဘူး ဒါပေမဲ့..လုံးဝ ပြတ်နေတဲ့ ကလေးတွေကတော့..လောလောဆယ် ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်သေးဘူး..။နောက်မှ ကျုပ်တို့ တစ်ခုခု စဥ်းစားကြတာပေါ့.."

လက်တွေ ခြေတွေ ပြတ်နေတဲ့ ကလေးတွေကို ကုသဖို့ ဆိုတာက..ပုံမှန်အားဖြင့် မဖြစ်နိုင်ဘူးဆိုပေမယ့်..သူတို့ ဖြစ်နိုင်တဲ့ နည်း့လမ်းတွေကို ဖြည်းဖြည်း ချင်း..စဥ္းစားသွားကြရမှာပါ..။

ဒါရိုက်တာဟောင်ဟာ..သူမ အိပ်မက်ထဲမှာ နစ်မြုပ်နေသလို ခံစားနေရပါတယ်..။သူမပြန်ပြီး တောင် မနိုးထချင်တော့ပါဘူး..။ဒါက လံူးဝ အဓိပ္ပါယ် မရှိပေ..။

ကျိူးမင်ချင်းဟာ..လင်းဖန်ကို ကြည့်ပြီး နားမလည်နိုင်တော့ပါဘူး..။ဒီကောင်လေးက..ငယ်ရွယ်ပေမယ့်..ကျွမ်းကျင်မူတွေက အရမ်းကောင်းမွန်လွန်းနေခဲ့တာပါ..။

သူ ဘယ်တုန်းက လေ့ကျင့်ခဲ့တာလဲ...

သို့ပေမယ့်..သူ စိတ်လှုပ်ရှားနေခဲ့တယ်..။သူ့ဆရာ..သူ့ရဲ့ ရောဂါကို ကုသပြီးတုန်းက..သူ့ဆရာက ထူးချွန်တာကို သိပေမယ့်..ဘယ်လောက် ထူးချွန်မှန်း နားမလည်ခဲ့ ပါဘူး..။သူ့ဆရာ အရည်အချင်းနဲ့ သူကိုယ်တိုင်နဲ့..ယှဥ်ကြည့်ရင် ကောင်းကင်နဲ့မြေကြီး လောက်ကို ကွာခြားနေမှာပါ..။

ဒါက နှိုင်းယှဥ်ဖို့ မဖြစ်နိုင်ပါဘူး..။

…

နန်ရှမ်း ဂေဟာ ၏ အပြင်ဘက်တွင်..။

"ညီအစ်ကို..အဖေက အထဲမှာ ဆိုတော့ ကျွန်ျတာ်တို့ ဘာလုပ်ရမလဲ.."

ကျိုးဘင် မေးလိုက်တာပါ..။

ကျိုးလီရှင်း မျက်မှောင်ကျုတ်ပြီး..ခေါင်းခါယမ်းလိုက်တယ်..။

"ငါတို့ ဘာမှ မသိသေးဘူး..။ဒါပေမဲ့ စိတ်မပူနဲ့..ငါတို့ ဒီမြွေကို ခြောက်လှန့်ပြီး ထွက်ပြေးအောင် လုပ်လို့ မရဘူးလေ..။တကယ်လို့..ငါတို့..သူ့ကို ဖမ်းတော့မယ် ဆိုရင်..လုံလောက်တဲ့ အထောက်အထားတွေ ရှိဖို့ လိူအပ်တယ်.."

ကျိုးဘင် မေးလိုက်တယ်..

"ဒါဆို ဒီကနေပဲ စောင့်နေကြမှာလား.."

ကျိူးလီရှင်း ခေါင်းညိမ့်လိုက်တယ်..။

"အင်း..ဒီကနေပဲ..စောင့်မယ်..။ဘာတေ ဖြစ်ျနတာလဲ..ဆိုတာ ငါတို့ စောင့်ကြည့်ရအောင်.."

…

အချိန်တွေဟာ.တဖြည်းဖြည်း ကုန်ဆုံးပြီး ညနေ ၆ နာရီ ရောက်လာခဲ့တယ်..။

လင်းဖန် နဲ့ ကျိုးမင်ချင်း..ဂေဟာ ရဲ့ ဝင်ပေါက်မှာ ပေါ်လာခဲ့ပါတယ်..။

"ကျုပ်ပင်ပန်းနေပြီ.."

လင်းဖန် ခန္တာကိုယ်ကို အ​ကျောဆန့်ပြီး ပြောလိုက်တာပါ..။ဒီနေ့ကူသ မူက သိပ်မဆိုးပေမယ့်..ကုသရမယ့် ပမာဏက အတော်ကို များပါတယ်..။လက်ရှိနှုန်းနဲ့ ဆိုရင် အကုန်ကုသ ပြီးဖို့က အချိန်ယူရမှာပါ..။

ကျိုးမင်ချင်းကတော့..အံ့ဩတဲ့ အမူအရာကို တစ်ချိန်လံူး..ထိန်းချုပ်နေခဲ့တယ်..။သူ ကြောက်ဖို့ ကောင်းတဲ့ အရာတစ်ခုကို တွေ့လိုက်ရသလိုပါပဲ..။

"ဆရာ ဒီနောက်က သီအိုရီက ဘာလဲ.."

ကျိုးမင်ချင်း နားမလည်နိုင်တဲ့ အဆံူးမှာ ထမေးလိုက်တာပါ..။

လင်းဖန် နှာခေါင်းရှုတ်ပြီး ပြန်ပြောလိုက်တယ်..။

"ကိုယ့်ဟာကို အရင်စဥ်းစားကြည့်ဦး..ကျုပ် ပင်ပန်းနေပြီ.."

"မဟုတ်ဘူး..ဆရာ..ကျွန်တော် စာအုပ် အဟောင်းတွေ အများကြီး ဖတ်ဖူးပေမယ့်..ဒီလို အခြေအနေမျိူးကိုတော့..မဖော်ပြထားကြဘူး..။ဒါမဟုတ်သေးဘူးနာ်...ဒါက...."

လငိးဖန် လက်ရှိ ခွန်အားတွေ ကုန်ဆံူးနေတာကြောင့် ..ကျိုးမင်ချင်းကို မေးခွန်းမေးဖို့ အခွင့်အရေး မ​ေပးပါဘူး..။သူ ဖြတ်ပြောလိုက်တယ်..

"ကျုပ်ပင်ပန်းနေပြီ..ခင်ဗျား တက္ကစီနဲ့ပဲ ပြန်လိုက်တော့..။မနက်ဖြန် ကုသတာကို ကြည့်ချင်တယ် ဆိုရင်..ဒီကိုပဲ လာခဲ့လိုက်.."

ကျိုးမင်ချင်း ခေါင်းညိမ့်လိုက်တယ်..။

"ကောင်းပြီး..ဆရာ စိတ်မပူပါနဲ့..။ကျွန်တော် မနက်ဖြန် အချိန်မှီ လာခဲ့ပါ့မယ်.."

…

လင်းဖန် ကားမောင်းပြီး ထွက်သွားခဲ့တယ်..။သူ တိမ်ဖြူလမ်းကို မောင်းသွားတာ မဟုတ်ပဲ..အိမ်ကိုပဲ တန်းပြန်သွားခဲ့တာပါ..။

ကျိုးမင်ချင်းဟာ..တစ်ယောက်ထဲ ဆက်တိုက် စဥ်းစားနေပေမယ့်..နားမလည်နိုင်ခဲ့ပါဘူး..။ဒီနေ့မြင်ခဲ့ရတာက အတော် ကြမ်းတမ်းလွန်းလှပါတယ်..။သူ့မျက်လံူးနဲ့ မမြင်ရတာ မဟုတ်ရင်..သူယုံကြည်နိုင်မှာ မဟုတ်ပေ..။

ညအချိန်..ဗီလာတစ်ခုတွင်..။

ညစာစားပွဲ၌။

ကျိုးစီ .ကျိုးမင်ချင်းကို..လက်ညိုး ညွှန်ပြလိုက်ပြီး.ကလေးတွေကို .သူ့တို့အဖေရဲ့..မူမမှန်တဲ့..ပုံစံကိုမြင်အောင်ပြလိုက်ပါတယ်..။

ကျိုးမင်ချငိးဟာ..စကားတစ်ခွန်းမှ မပြောပါဘူး..။သူ ခေါင်းကြီး ငုံကာ စားသောက်နေခဲ့ ပါတယ်..။သို့ပေမယ့်..တစ်ခါတစ်ရံမှာ..သူဟာ မျက်မှောင်ကျုတ်နေပြီး..ပါစပ်က လည်း အသံတွေ ထွက်ထွက်လာတတ်ပါတယ်..။

ဘာတွေဖြစ်နေတာလဲ...

စိတ် မူမမှန်တာလား....

*ဒေါက်*

ကျိုးမင်းချင်း သူ့ရဲ့ တူတွေနဲ့ ပန်းကန်ကို ချလိုက်တယ်..။

"မင်းတို့ ဆက်စားလိုက်ကြ..ငါစာကြည့်ခန်းထဲသွားလိုက်ဦးမယ်..။မနှေုာက်ယှက်နဲ့.."

"ဘာလို့ အစားအရင် မစားတာလဲ..

ကျိုးမင်ချင်း ခေါင်းယမ်းလိုက်တယ်..။သူ့မှာ အစာစားဖို့..စိတ်လုံးဝ မရှိပါဘူး..။ဒီနေ့လင်းဖန် လူပ်ခဲတဲ့ နည်းလမ်းကို..မသိပဲ..သူကောင်းကောငိးနေနိုင်မှာ မဟုတ်ပေ..။

ကျိုးမင်ချငိး..ထွက်သွားပြီးနောက် ကျိုးဘင်​ပြောလိုက်တယ်..။

"အစ်ကိုကြီးနဲ့ကျွန်တော် ဒီနေ့ အဖေ့နောက်လိုက်ကြည့်တာ သူတစ်ယောက်ယောက်ရဲ့ အလိမ်ညာကို ခံနေရတယ်.."

ကျိုးစီ စိတ်ပူစွာပြောလိုက်တယ်..။

"တစ်ခုခု ဖြစ်တော့မှာလား.."

ကျိုးလီရှင်း ခေါင်းခါယမ်းလိုက်ပါတယ်..။

"ဘာမှ မဖြစ်ပါဘူး..သား အဖေ့ကို ဆက်ပြီး စောင့်ကြည့်နေမှာပါ..။တကယ်လို့ အလုပ်လုပ်စရာတွေ ရှိရင်..လုပ်ကြနော်..ဒီကိစ္စ အစ်ကိုကြီး နဲ့ ထားထားလိုက်.."

ကျိုးဘင်ပြောလိုက်တယ်..။

"အမေ..သာဒီနေ့တွေ့ခဲ့တာ...အဖေဆရာတင်ထားတဲ့ လူက ငယ်ငယ်လေးနော်..။အဖေက ဒီလောက မှာ ဂုဏ်သိက္ခာရှိတဲ့ လူဆိုတော့..ကလေးတစ်ယောက်ရဲ့..တပည့်ဖြစ်လာရင်..လူရယ်စရာ ဖြစ်လိမ့်မယ်.."

"ငါတို့ ဘာလုပ်သင့်လဲ."

ကျိးစီပြောလိုက်တာပါ..။

ကျိုးလီရှင်းပြန်ပြောလိုက်တယ်..။

"အခုက တော့ ဘာမှလုပ်စရာ မရှိသေးဘူး..ဆက်ပြီးစောင့်ကြည့်နေရမှာ..။အန်ကယ်တွေ အန်တီတွေကို..အခြေအနေကို ရှင်းပြပြီး..စိတ်မပူအောင် ပြောထားဥိိီး..။အချိန်ကျလာလို့..သက်သေတွေ စုစည်းမိမှာ..အဲ့့ကောင်လေးကို ရိုက်ချရမယ်..။

ကျိုးစီ..ခေါင်းညိမ့်လိုက်တယ်..။

"ကြည့်ရတာ ဒီနည်းတစ်ခုပဲ.ရှိတော့မယ်ထင်တယ်.."

စာကြည့်ခန်းတွင်..။

ကျိုးမင်ချင်း..စာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ်ဖတ်နေခဲ့တယ်..။သို့ပေမယ့် သူလုံးဝ ရှာမတွေ့စေးပါဘူး..။စာအုပ်အများစုဟာ..စာရွက်တွေ..မရှိတော့ပဲ..သူ့မှာ သဲလွန်စ ပျောက်ဆံူးနေခဲ့ပါတယ်..။

All Chapters