သင်ဖို့လိုလားတဲ့သူနဲ့ သင်ပေးချင်နေတဲ့ သူ...
Vol. 26 Ch. 390
#ဘာသာပြန် = စနိုးဝှိုက်
ညအချိန်...။
လင်းဖန် စားပွဲတစ်ခုရှေ့မှာထိုင်ပြီး ..စွမ်စုံကျမ်းထဲက..အူရောင်ငန်းဖျား ရောဂါများ ဆိုတဲ့.စာအုပ်ကို ကူးချနေခဲ့ ပါတယ်..။
လက်ရှိ သူ့မှတ် စွယ်စုံအမှတ် ၁၇၀ ရှိနေပြီး..ဒါက..တစ်ချို့..အသိပညာအခန်းတွေကို ဖွင့်ဖို့ လုံလောကိပါတယ်..။ဒါပေမဲ့..လင်းဖန်..ဖွင့်ဖို့စိတ်ကူး မရှိသေးပေ..။
သူ့ရဲ့ ကျွမ်းကျင်မူတွေကို..လူအိုကြီး မြင်အောင် လုပ်နေတာကတော့..သူတမင်တကာ..အဲလိုလုပ်နေလို့ပါ..။ဒီနေ့ခေတ်မှာ..အဆက်အသွယ်မရှိရင်..လုပ်ကိုင်ရတာ ဘာမှမလွယ်ကူပါဘူး..။ထပ်ပြောရရင်..လူအိုကြီးက ..ထင်ရှားတဲ့တရုတ်သမားတော် ဖြစ်ပေမယ့်လည်း..သူက လင်းဖန်ရဲ့ တပည့့်ဖြစ်ချင်နေပါသေးတယ်..။
ဒါက လင်းဖန်အတွက်တော့..ဆိူးရွားတဲ့ အရာတစ်ခုမဟုတ်ပေ...။
စွယ်စုံကျမ်းရဲ့ ဆယ်ခုမြောက် အသိပညာအခန်းက တစ်ခြားအခန်းတွေနဲ့ လုံးဝမတူပါဘူး..။ထပ်ပြောရရင် ဆေးကုသတဲ့ အချိန်မှာ..စွယ်စုံကျမ်းရဲ့ ကူညီပေးမူက အတော်ကို..ထူးခြားလှတာပါ..။
လင်းဖန် ရဲ့အမြင်မှာတော့..ကျိူးမင်ချင်း သူတတ်ထားတဲ့ ပညာရဲ့ ငါးရာခိုင်နှုန်း လောက် သင်ယူနိုင်ရင်ပဲ..အံ့ဩစရာ နတ်ဘုရား ဒေါက်တာ ဖြစ်ဖို့ ..လုံလောက်ေနပါပြီ..။သို့ပေမယ့်..ပြသနာ က သူ့ရဲ့ အသက်ပါပဲ..ဒီလူရဲ့ အသက်က အကန့်အသတ်ရှိနေခဲ့ ပါပြီ...။ဒါပေမဲ့ သူ့ရဲ့..ဥာဏ်ရည်ပေါ်လည်း မူတည်ဦးမှာပါ..။
လူအိုကြီး အကြောင်းတွေးမိတဲ့အချိန်မှာ လင်းဖန် ရယ်ေမာလိုက်တယ်..။တကယ်လို့ လူတွေသာ..အသက်ဒီလောကိကြီးတဲ့..အဖိုးကြီးက..သူ့တပည့်ဆိုတာ သိသွားကြရင်..အံ့ဩပြီး မေ့လဲ သွားကြမှာပါ..။
ယင်းနောက် လင်းဖန် အများကြီး မတွေးတော့ပဲ..ရေးစရာ ရှိတာကိုသာ...ကြိုးစားပြီး ဆက်ရေးလိုက်တယ်..။ဒါက သူ့လက်ရေးမူဖြစ်ပြီး..ပထမဆုံး..ကမ္ဘာပေါ်မှာ နတ်ဘုရား ဆန်တဲ့ ဆေးပညာ စာအုပ်ဖြစ်လာမှာပါ..။
နောက်တစ်ရက်..။
လင်းဖန် တိမ်ဖြူလမ်းကို..သွားပြီး ပန်ကိတ်ရောင်းလိုက်တယ်..။ယင်းနောက်..သူ့ရဲ့ အားလပ်ချိန်ဖြစ်သွားပါပြီ..။
ဝူတန်ဟီက..ဆိုင်ရဲ့..ဗေဒင်ဟောတဲ့ အပိုင်းကို..ဂရုစိုက်ပေး နေခဲ့တာပါ..။ကာစတန်မာတွေကို တွက်ချက် ပေးရတာလောက်က..သူ့အတွက်တော့..ပြသနာ မဟုတ်ပါဘူး..။တကယ်လို့ ..ကာစတန်မာတွေက..လင်းဖန် ဟောပြောတာကို လိုချင်ရင်..အတော်ခက်ခဲမှာပါ..။
အစကတော့..လင်းဖန် အလုပ်မရှုပ်ချင်လို့ ..မဟောတာ ဖြစ်ပေမယ့်..အခုကတော့..ဘယ်သူမှ..သူဟောပြောတာနဲ့ မထိုက်တန်ကြလို့ပါ..။
သူ ဘယ်သူ့ကိုပဲ ဟောပေး ဟောပေး..သဘာဝကို ဆန့်ကျင်ပြီး ကံကြမ္မာ ပြောင်းလဲ သွားခဲ့ရပါတယ်..။အရင်တုန်းက သူဟောတယ် ဆိုတာက..ပိုက်ဆံလည်း မရှိ..ကျော်ကြားမူလည်း မရှိတာကြောင့်ပါ..။အခုတော့..သူ ဒီကစားနည်းနဲ့ မကစား ချငိတော့ပါဘူး..။
ဘာပဲဖြစ်ဖြစ်..သူ မစွန့်စားချင်ပေ..။သူပြောတာ နည်းနည်းလေး မှားသွားတာနဲ့ မိုးကြိုး ပစ်ခံရမှာပါ..။သူ မိုးကြိုးပစ်ခံရမှာကို ..အရမ်းကြောက်လို့တော့ မဟုတ်ပေမယ့် အပစ်မခံရရင်တော့ အကောင်းဆုံးပါပဲ..။
နန်ရှမ်း ကလေးဂေဟာ..။
ကျိုးမင်ချင်းဟာ အစောကြီး ရောက်နေပါတယ်..သူရောက်တာနဲ့..ပထမဆုံးလုပ်တဲ့ အလုပ်က..ကလေးတွေရဲ့ အခြေအနေကို စစ်ဆေးတာပါပဲ...။
သူ လီဖက်တီးရဲ့ ခြေထောက်ကို ပြန်စစ်ကြည့်တဲ့..အချိန်မှာတော့..ဖက်တီးလေး..ဟာ စိတ်ညစ်နေခဲ့ပါတယ်.။ဒီ အဖိုးက အကိုင်အတွယ် အတော်ကြမ်းတမ်းတာပါ...။
ကျိုးမင်ချင်း..မနေ့ကပြန်သွားတော့ သူ့ဆရာ အပ်စိုက်တဲ့ နေရာတွေအတိုင်း..စာအုပ်တွေထဲမှာ ပြန်လှန် ရှာကြည့်ခဲ့ပါတယ်..။
ရလာဒ်ကတော့ သူ့ကို စိတ်ပျက်စရာ ပါပဲ..။အချိန်အကြာကြီး ကြိုးစားပြီးတာတောင်..ဒီနောက်ကွယ်က..ကိစ္စကို ရှာမတွေ့သေးပါဘူး..။
"ဟေး..ခင်ဗျားအစောကြီး ရောက်လာတာလား.."
လင်းဖန် နန်ရှမ်း ဂေဟာကို ရောက်တဲ့အချိန်မှ...ကျိုးမင်ချင်းကို မြင်လိုက်ပြီး..ရယ်မောကာ..မေးလိုက်တာပါ..။
ဒီလူ..တရုတ် ဆေးပညာကို ရူးသွပ်တာကို ..လင်းဖန်သိတထားပါတယ်.။မနေ့က ကိစ္စက သူ့ကို အကျိုးသက်ရောက်စေမှာ မသေအချာပါပဲ..။
ကျိုးမင်ချင်း လင်းဖန်ရဲ့ ဘေးနားကို ရောက်လာခဲ့ပြီး..။
"ဆရာ..မနေ့က ကျွန်တော် အများကြီး စဥ္းစားေပမယ့် ဘယ်လိုမှ နားမလည်ခဲ့ဘူး..။အဲ့အမှတ်တွေမှာ..ထားတာက ဘယ်လို အကျိုးသက်ရောက် မူတွေကို ဖြစ်စေနိုင်တာလဲ.."
လငိးဖန် ရယ်မောလိုက်တယ်..။
"အလျင်မလိုပါနဲ့..ကျုပ်ခင်ဗျားကို ဖြည်းဖြည်းချင်း သင်ပေးမယ်..။အခုကတော့..ခင်ဗျား ဘေးနားက လိုက်ကြည့်ထား..။ပြီးရင်..ခင်ဗျားကို အရမ်း အထောက်အကူပြုမယ့်..စာအုပ်တစ်အုပ်ကို ပေးမယ်.."
"အာ..."
ကျိူးမင်ချငိး ဒါကို ကြားတဲ့ အခါမှာ ကြောင်အသွားခဲ့ပါတယ်..။ယငိးနောက်..သူ စိတ်လှုပ်ရှားစွာ ဖြင့်..
"ဆရာ..ကျွန်ေတာ်ကို ပေးမယ့် စာအုပ်က ရှေးဟောင်း စာအုပ်လား..."
အဲအချိန်မှာပဲ..လငိးဖန် တည်ငြိမ်စွာ ပြန်ဖြေလိုက်တယ်...
"ဟင်အင်..ဒီစာအုပ်က ကျုပ်ရဲ့ သွေးတွေချွေးတွေ နဲ့ ရေးထားရတဲ့..ဆေးပညာ ရတနာ စာအုပ်ပဲ..။ဒီမှာ..ရောဂါအများစုနဲ့ သင့်တော်တဲ့ ဆေးညွှန်းတွေ ပါဝင်တယ်..။ခင်ဗျား ဒီစာအုပ်ကို ဖတ်ခွင့်ရရင်..ခင်ဗျားရဲ့ ဆေးပညာ အများကြီး တိုးတက်လာမှာ အသေအချာပဲ.."
ကျိုးမင်ချင်း..မျော်လင့်ချက်တွေနဲ့ အတူ စိတ်လှုပ်ရှားနေခဲ့ ပါပြီ..။သူက အသက်ကြီးနေပေမယ့်လည်း..သူ့ရဲ့ စိတ်လှုပ်ရှားမူတွေကို မထိန်းချုပ်နိုင်သေးပါဘူး..။
လငိးဖန် ဒီလူ စိတ်လှုပ်ရှားနေတာကို ကြည့်ပြီး ပြောလိုက်တယ်..။
"ကောငိးပြီ အလုပ်အရင်လုပ်ရအောင်..။ဒီဆေးဝါးတွေ အတွက်ကတော့..ခင်ဗျားမှာလည်း နည်းလမ်းရှိမှာပေါ့..။ဒါတွေကို ဆေးကျိုပေးဦး.."
ကျိုးမင်ချငိး..ခေါင်းညိမ့်လိုကိတယ်..။
"စိတ်မပူပါနဲ့ ဆရာ..။ကျွန်တော့် တာဝန်သာထားလိုက်.."
အရင်ညတုန်းက ဒါရိုက်တာဟောင်ဟာ..အိပ်တောင် မပျော်ခဲ့ ပါဘူး..။ဒါက လီဖက်တီးလေး မတ်တတ်ရပ်နိုင်ပြီး..တစ်ခြားကလေးတွေလည်း သက်သာ သွားကြလို့ပါ..။ဒီကိစ္စက သူမ အတွက်တော့ အံ့ဩစရာပါပဲ..။
"မာစတာလည်း..ဒီနေ့လည်း ဒုက္ခများရပြန်ပြီ.."
လင်းဖန် ခေါင်းညိမ့်လိုကိတယ်..။
"ဒါက ပြသနာ မဟုတ်ပါဘူး..။ကလေးတွေကို ကောင်းကောင်း ကုသပေးပြီး..ကြီးပြု်းတဲ့အထိ စောင့်ရှောက်ဖို့က..ကျွန်တော် တာဝန်ပဲလေ..။ဒါပေမဲ့ တစ်ချို့ကလေးတွေက..ကျွန်တော့် အရည်အချင်းနဲ့ ကုလို့မရသေးဘူး.."
ဒါရိုက်တာ ဟောင်..လင်းဖန် ပြောတဲ့ အဓိပ္ပါယ်ကို နားလည်ပါတယ်..။ဒါက သူအကုန်လုံးကို ကုသနိုင်မှာ မဟုတ်ဘူးလို့ပြောချင်တာပါ..။
ဟန်လု ကလေးတွေကို စောင့်ရှောကိနေခဲ့တယ်...။အပြင်ပိုင်းမှာ သူ့ပုံစံက တည်ငြိမ်နေပေမယ့်..စိတ်ထဲမှာတော့..မတည်ငြိမ်နိုင်တော့ပါဘူး..။ဒီအဖြစ်အပျက်တွေဟာ..လုံဝ ယုံကြည်ချင်စရာမကောင်းပေ..။
သို့ပေမယ့် အမှန်တရားက သူ့ရှေ့မှာ ဖြစ်နေတဲ့အတွကိ သူရွေးချယ်စရာ မရှိပဲ..လက်ခံရတော့မှာပါ..။
နေ့လည်ခင်းတစ်ခုလုံး လင်းဖန် ကလေးတွေကို ကုသပေးနေခဲ့တယ်..။ကလေးတွေကတော့..သူတို့ရဲ့ လက်တွေ ခြေထောက်တွေ ပြန် လှုပ်လို့ရတာကြောင့် ပျော်ရွှင်နေကြပါတယ်..။
အရင်နေ့က အတွေ့အကြုံကြောင့် ကျိုးမင်ချင်း ဘာလုပ်ရမလဲ သိသွားခဲ့ ပါပြီ..။သူ လင်းဖန်ကုသတဲ့အချိန်တိုင်းကို..ဘေးနားမှာ စာအုပ်တစ်အုပ်နဲ့ လိုက်မှတ်သားနေခဲ့တာပါ...။
ကျိုးမင်ချင်း..သွေကြောမှတ်တွေ အများစုကို သိထားပေမယ့်လည်း..လင်းဖန် အပ်စိုက်တဲ့ အမှတ်တွေကို တော့ လိုက်မမှီနိုင်တော့ပေ..။
"လူသားတွေရဲ့ ခန္တာကိုယ်မှာ..ဆက်သွယ်မူ ကွက်ရက်..သွေးကြောတွေ ရာပေါငိးများစွာ ရှိတယ်..။ခင်ဗျား ခြေထောက်တစ်ခုပဲ မဟုတ်ပဲ..တစ်ခြား နောရာတွေက..ဆကိသွယ်မူ..ကွက်ရက် သွေးကြောတည်နေရာတွေကို..လည်း သိထားဖို့ လိုအပ်တယ်."
"အခု ငွေအပ်က ချန်ရှမ်း အမှတ်မှ ရှိနေတယ်...။ပြီးတော့ ဒီတစ်ခုက..ဒီဂျီ အမှတ်မှာ..။ဒီနှစ်ခုက ဆက်သွယ်နေပြီး..ခြေထာက်ရဲ့ လှုပ်ရှားမူတွေကို...အာရုံခံနိုင်အောင် ပြန်လုပ်ပေးနိုင်တယ်..။ခင်ဗျားစမ်းကြည့်ချင်လား.."
ကျိုးမင်ချင်း စိတ်လှုပ်ရှားနေရာကနေ တည်ငြိမ်သွားခဲ့တယိ..။ဒါပေါ့..သူကြိုးစား ကြည့်ချင်ပါတယ်..။ဒီလိုမျိုး စကားတွေ..ကို သင်ကြားခံရတယ် ဆိုတာ အတော်ရှားပါ တဲ့ အရာပါ..။
သို့ပေမယ့် ..သူ က ကျွမ်းကျင်တဲ့ သမားတော်တစ်ယောကိ ဆိုရင်တောင်..ကလေးတွေ အပေါ်ကို မစမ်းသပ်ချင်ပါဘူး..။
"ဆရာပဲ ဆက်ကုသပါ..။ကျွန်တော် အိမ်ပြန်ရောက်တဲ့ အချိန်မှ..လူရုပ်ထု တစ်ခုနဲ့..ဒီသွေးကြောတွေကို အရင်ရင်းနှီးအောင် လေ့ကျင့်ပါ့မယ်.."
လင်းဖန် ေခါင်းညိမ့်လိုက်ပြီး..
"အင်း..အခုတော့ သေချာကြည့်ထား။ခင်ဗျားရဲ့ အနေအထားနဲ့..ဒီလို ကုသဖို့ ဆိုတာ မဖြစ်နိုင်သေးဘူး..။ခင်ဗျားက ကျော်ကြားတဲ့ သမားတော် တစ်ယောကိ ဆိုပေမယ့်..လေ့ကျင့်ဖို့ လိုသေးတယ်လေ..။တစ်ထိုင်တည်းနဲ့ အကုန်စားချင်လို့ မရဘူး.."
"နားလည်ပါပြီ.."
လင်းဖန်ကို.မတွေ့တုန်းက..ကျိုးမင်ချင်းဟာ ကျော်ကြားတဲ့ သမားတော် တစ်ယောက်ဖြစ်ပေမယ်..အခုတော့..လူငယ်လေးဆီမှာ..တပည့်ခံပြီး သင်ယူနေရပါပြီ..။တစိစုံတစ်ခုထက် မြင့်တဲ့ အရာဆိုတာ ရှိစမြဲပါပဲ..။
လင်းဖန် ပြောလိုက်တယ်..။
"တရုတ်ဆေးပညာမှာ..ခင်ဗျား..လူ့ခန္တာကိူယ်ရဲ့..ဆက်သွယ်မူ အမှတ်တွေ အကြီး အသေး .. အကုန်လံူးကို သိသွားပြီ ဆိုရင်..ခင်ဗျား ဘယ်လို ရောဂါကို မဆို ကူလို့ ရပြီ..။ဒါကြောင့် ခင်ဗျား စာများများ ဖတ်ဖို့လိူအပ်တာပဲ..။စာအုပ်ထဲမှာ မပါတဲ့ အရာတွေကို တော့...ကျုပ်ဖြည်းဖြည်းးချင်း သင်ပြပေးသွားမှာပေါ့.."
ကျိုးမင်ချင်း စိတ်လှုပ်ရှားစွာ ခေါင်းညိမ့်လိုက်တယ်..။သူ့ ဆရာက အသက်ငယ်ရွယ်ပေမယ့်လည်း စစ်မှန်တဲ့ အရည်အချင်းတွေနဲ့ ပြည့်နှက်နေတဲ့ လူတစ်ယောက်ပါ..။ဒီလိူ ဆရာတစ်ယောက်ရထားမှတော့ သူကျန်တဲ့ အရာတွေကိုတောင် အဆုံးရှုံး ခံနိုင်ပါတယ်..။
အဲ့အချိန်မှာတော့ ဒါရိုက်တာ ဟောင်နဲ့ ဟန်လုဟာ ဘေးနားမှား ရှိနေပြီး..လင်းဖန်တို့ ပြောနေတဲ့ စကားတွေကို နားမလည်ကြပါဘူး..။ဒါပေမဲ့ ဒီစကားတွေက ပုံမှန်ထက် ထူးခြားမယ်လို့တော့ သူတို့ ခံစားမိပါတယ်..။
အထူးသဖြင့် လူအိုကြီးပါ..သူက မာစတာ လင်းကို အတော်လေးစားနေပြီး.မာစတာ လင်းနဲ့ ကောင်းမွန်တဲ့ ဆရာတပည့် ဆက်ဆံရေး ရှိတဲ့ပုံပါပဲ..။
လင်းဖန်ကတော့..တရုတ်ဆေးပညာကို ဒီလို သင်ကြားပေး ရမှာကို တွန့်တို မနေခဲ့ပေ..။တစ်ံစုံတစ်ယောက်က သင်ယူဖို့စိတ်အား ထက်သန်နေမှတော့ သူ သေချာ သင်ပေးရမှာပါ..။ဘာပဲဖြစ်ဖြစ်..နတ်ဘုရား ဆရာဝတ်တစ်ယောက် မွေးထုတ်ပေးတာက..များပြားလှတဲ့ အသက်တွေကို ကယ်တင်လိုက်တယ်လို့ ဆိုလိုတာပါပဲ...။
ကျိုးမင်ချင်း အတွက်လည်း သူစိုးရိမ် စရာမရှိပါဘူး..။ကျိးမင်ချင်းဆိုတာက..ဂုဏ်သိက္ခာရှိတဲ့ ကိုယ်ကျင့်တရားတွေနဲ့ ကျော်ကြားတဲ့ သမားတော်တစ်ယောက်ပါ..။