← Chapters

ကြောင်အနေခြင်း

Vol. 27 Ch. 391

ကြောင်အနေခြင်း

Vol. 27 Ch. 391

#ဘာသာပြန် = စနိုးဝှိုက်

သူတို့ ခြောက်နာရီ အထိ မရပ်မနား အလုပ်လုပ်ခဲ့ကြပြီး ရလာဒ်ကလည်း အတော်ကျေနပ်ဖို့ ကောင်းခဲ့ပါတယ်..။အခြေခံအားဖြင့်တော့...ရက်အနည်းငယ်...အတွင်းမှာ..ပြီးသွားမှာပါ..။

"ဘယ်လို ခံစားရလဲ.."

လင်းဖန် ကျိုးမင်ချင်း ကိုမေးလိုက်တာပါ..။

ကျိုးမင်ချင်းဟာ..အသက်ကြီးနေပြီ ဆိုပေမယ့်..သူ့မှာ..ခွန်အားတွေ အမျာကြီး ရှိနေပါသေးတယ်..။အထူးသဖြင့် သူ လုပ်ချင်တာ လုပ်နေရတဲ့ အချိနိမှာပါ..။

အစကနေ အဆုံးအထိ..သူ မောပန်းတဲ့ စိတ်တစ်ခါမှ မဖြစ်မိပါဘူး..။ဒီနေ့က သူ့အတွက်တော့..အတော်ကိုအကျိူးကျေဇူး ရှိခဲ့တဲ့ နေ့တစ်ခုပါ..။သူ မှတ်တမ်းစာအူပ် ထဲမှာ..အများကြီးမှတ်ထားပြီးပြီ ဖြစ်ပြီး..အိမ်ပြန်ရောက်ရင်..သေချာ ပြန်လေ့လာ ရဦးမှာပါ..။

"ဆရာ..ဒီနေ့သင်ယူရတာ တွေက အတော်ကို များတယ်..။အကုန်လံူးကို ရှင်းရှင်းလင်းလင်း သိလိုက်ရသလိုပဲ...။အရင်တုန်းက နားမလည်တဲ့ အရာတွေ အကုန်လုံးကို..နားလည်သွားခဲ့တယ်.."

ကျိူးမင်ချငိး..ဝမ်းသာစွာ ပြောလိုက်တာပါ..။

လင်းဖန် ခေါင်းညိမ့်လိုကိတယ်..။

"ဒါက ကောငိးတယ်..ဒါက အကျိုးကျေးဇူးပဲလေ..။ကျုပ်အရင်ပြန်တော့မယ်.."

ဒါက သူ့အတွက် ကောငိးမွန်တဲ့ နေ့လေးတစ်နေ့ ပါ..။သူ ပန်ပင်းနေပေမယ့် လည်း..စိတ်ခံစားချက် ကောင်းမွန်နေခဲ့ ပါတယ်...။

"မာစတာ လင်း.."

အဲ့အချိန်မှာပဲ..ဒါရိုက်တာ ဟောင် အမြန်လျောက်လာခဲ့တယ်...။

"ကျွန်မတို့ ဒီကိစ္စကို မီဒီယာဆီ အကြောင်းကြားသင့်လား.."

လငိးဖန် လက်ဝေ့ယမ်းလိုက်..

"အခုမဟုတ်သေးဘူး..."

ဒီကိစ္စကို သူသေချာ မစီစဥ္ရသေးပါဘူး..။သတင်းထောက်တွေ သိသွားရင် ဘာတွေ ဖြစ်လာမလဲ ဘယ်သူမှ မပြောနိုင်ပေ..။ဒါက သူ့ရဲ့ နေ့စဥ္ အလုပ်ကို ထိခိုက်သွားရင်..တကယ့် ပြသနာ ပါပဲ..။

ဒီနေ့ သတင်းထောက် တွေက အတော်ကို တက်ကြွပြီး ကြိုးစားကြတဲ့ လူတွေပါ..။သူတို့သာ ဒီကိစ္စကို သိသွားရင်..သူ အလုပ်လုပ် ကောင်းကောင်း လုပ်ရမှာ မဟုတ်ပေ..။

သို့ပေမယ့်..သတင်းတွေပြန့်သွားမှာကိုတော့..လင်းဖန် အကြောက်ပါဘူး..။တစ်ချို့သတင်းထောက်တွေက..ဒီလိုနေရာတွေကို သတင်းရှာဖို့ ရောက်လာတတ်ကြပါတယ်..။

ဗီလာ တစ်ခုတွင်..။

ကျိုးမင်ချင်းဟာ ဒီနေ့ သင်ယူခဲ့တဲ့ အရာတွေကို စာကြည့်ခန်းထဲမှာ လေ့လာရင်း နစ်မြုပ်နေခဲ့ ပါပြီ..။တစ်ချိန်တည်းမှာပဲ..သူ စာအုပ်ကို လှန်ပြီး ဖတ်နခဲ့တယ်..။

ဒီနေ့က သူ့အတွက်တော့..အမှန်တကယ်ကို အံ့ဩဖို့ကောင်းတဲ့နေ့တစ်နေ့ပါ..။သူ့ရဲ့ အမြင်တွေဟာ..ကျယ်သွားပြီး..သူ့ဆရာ မသင်ကြားခင်က အချိန်နဲ့ လုံးဝ မတူတော့ ပါဘူး..။

အဲ့အချိန်မှာတော့..စာကြည့်ခန်းထဲမှာ တစ်ခုတည်းးရှိတဲ့ အသံဟာ ကျိုမင်ချငိးရဲ့..စာရွက်တွေ လှန်နေတဲ့ အသံပါပဲ..။

အပြင်ဘက်.။

"အဖေ ညစာမစားဘူးလား.။သားတို့..သူ့ကို ..ခနခန ခေါ်ပြီးပြီး."

ကျိုးလီရှင်း မျက်မှောင် ကျုတ်ပြီး ပြောလိုက်တာပါ..။

ကျိုးဘင် အပေါ်ထပ်ကနေ ဆင်းလာခဲ့ပြီး..

"အဖေက သူ့ကို မစောင့်ကြဖို့ ပြောတယ်..။သူက တစ်ခုခုကို ရှာနေတာတဲ့.."

ကျိုးလီရှင်း ခေါင်းခါယမ်းလိုက်ပါတယ်..။

"ငါတို့ ဒီလို လုပ်လု့ိမရဘူး..။ကြည့်ရတာ အဖေက ထိန်းချုပ် ခံထားရသလိုပဲ..။သူက အသက်ကြီးနေပြီလေ..ဒီလို ဖြစ်နေလို့ ဘယ်ဖြစ်မလဲ.."

ကျိုးစီ နဲ့ ကျိုးမင်ချင်းဟာ..အတူတူ နေလာခဲ့တယ်..ဘဝတစ်လျောက်လံူးပါပဲ..။ဒါပေါ့..သူမ သူ့အကြောင်းကို ကောင်းကောင်းကြီး သိပါတယ်.။

"ကောင်းပြီး..ငါတို့ အရင်စားလိုက်ကြရအောင်..မင်းတို့အဖေကို စားဝင် အိပ်ပျော်အောင် လုပ်ပေးနိုင်တာ..တရုတ်ဆေးပညာပဲ ရှိတယ်.."

မိသားစုထဲမှာ..သားသုံးယောက်နဲ့..သမီးတစ်ယောက် ရှိပါတယ်..။သူ တို့ အလုပ်ပြီးတာနဲ့ ဒီအိမ်ကို တန်းလာခဲ့ကြတာ ဖြစ်ပြီး..ဒီကိစ္စ အဖြေရှင်းပြီး မချင်း သူတို့ ကောင်းကောင်းနေနိုင်မှာမဟုတ်ပေ..။

သူတို့အဖေ အလိမ်ညာခံရရင်..သူတို့မှာ ကာကွယ်ပေးဖို့ အပြည့်အဝ တာဝန်ရှိပါတယ်..။

"အစ်ကိုကြီး..ဘာလို့ တိမ်ဖြူလမ်းကို..သွားပြီး အဲ့ကောင်လေး နဲ့ ရှင်းလင်းအောင် မလုပ်တာလဲ.."

ကျိုးဘင် အကြံပေးလိုက်တာပါ..။

ကျိုးစီ သူ့သားနှစ်ယောက်ကိုကြည့်ပြီး ခေါင်းခါယမ်းလိုက်တယ်..။

"မင်းတို့ အဖေကိုသာ စောင့်ကြည့်ထားကြ..။တကယ်လို့ မင်းတို့ အဲလိုသွားလုပ်လို့ မင်းတို့ အဖေသာ သိသွားရင် ဒေါသထွက်လိမ့်မယ်..။ပြီးတော့ မင်းတို့ရဲ့ အန်တီ တွေ အန်ကယ်တွေ ကို ဖုန်းခေါ်ပြီး မလာခဲ့ဖို့ ပြောထားဦး.."

ကျိုးဘင် ခေါင်းညိမ့်လိုက်တယ်..။

"အမေ..သားတို့ ဖုန်းခေါ်ပြီးသွားပါပြီ...။ဒါပေမဲ့ ဒီတစ်ကြိမ် သားတို့ မိသားစုက ဟာသတစ်ခုလို ဖြစ်လာပြီနော်..။အန်တီတွေ..အန်ကယ်တွေတောင် အဖေ အလိမ်ခံရတာကို ရယ်နေကြတယ်.."

ကျိုစီ ခေါင်းခါယမ်းလိုက်တယ်..။သူမတို့ငယ်ရွယ်စဥ္ တုန်းက သူမယောက်ျားဟာ..ဉာဏ်ရည် ထက်မြက်တဲ့ လူတစ်ယောက်ပါ..။

ဘယ်လိုဖြစ်ပြီ..တုံးအသွားရတာလဲ....

ရက်အနည်းငယ် ကြာပြီးနော်..။

လင််းဖန် ဆိုင်က အလုပ်ကိစ္စတွေပြီးတိုင်း..နန်ရှမ်း ဂေဟာ ကို သွားခဲ့ ပါတယ်..။ကျိုးမင်ချင်းဟာ နေ့တိုင်း အချိန်မှီ ရောက်နေခဲ့ တယ်..။သူ့ဆရာ မလာခင်..ကလေးတွေရဲ့ အခြေအနေတွေကို အမြဲတမ်း စမ်းသပ်နေကြပါ..။

ဒီရက်ပိုင်းအတွင်းမှာတော့..ကျိုးမင်ချငိးဟာ..သူ့အသိပညာတွေက..ကမ္ဘာသစ်တစ်ခုကို ဝင်ရောက်သွားသလိုပါပဲ..။သူ့အတွက်တော့ ဒါက ကောင်းကင်က ပေးတဲ့ ဆုလာဒ်တစ်ခုဖြစ်ပြီး..တကယ်ကျေနပ်ဖို့ ကောင်းတဲ့ အရာတစ်ခုပါ..။

ထပ်ပြောရရင် ..သူ့ဆရာက သူ့ကို တရုတ်ဆေးပညာနဲ့ ပတ်သက်တဲ့ အရာတွေကို အမှန်တကယ် သင်ပေးနေတာ ခံစားရပါတယ်..။တစ်ချို့အခြေအနေ တွေဆိုရင်..သူ့ဆရာက..အနောက်တိုင်းနဲ့..အရှေ့တိုင်း ဆေပညာကိုပါ..ခွဲခြမ်းစိတ်ဖြာပေးပါသေးတယ်..။ဒါတွေက..သူ့ဆရာက ထင်သလောက် မရိုးရှင်းဘူး ဆိုတာကို ..သိနိုင်တဲ့ အရာတွေပါ..။

သူနေ့တိုင်း သင်ကြားခဲ့ရတာတွေကို..ပြန်လေ့လာပြီး..မှတ်စုထဲမှာ မှတ်ပြီး အိမ်ရောက်တိုင်း ပြန်ပြီး လေ့လာခဲ့ပါတယ်..။

"ဆရာ..ကျွန်တော် ဒိီရက်ပိုင်း သင်ကြားပေးသမျှကို အိမ်ကို ​ြ့ပန်ရောက်ရင် လေ့ကျင့်ခဲ့တယ်..။ခြေတွေ လကိတွေရဲ့ အပ်စိုက်အမှတ်တွေကို..လေ့ကျင့်နေ့တာလည်း ..ကောင်းမွန်တဲ့ အကျိုးသက်ရောက်မူတွေ ရှိနေပြီ..။ဒါပေမဲ့ ကျွန်တော် ကုသတဲ့ အခါတိုင်း ..ထွက်လာတဲ့..ပြန်ကောင်းလာမူ အခြေအနေက..ဆရာ ကိုယ်တိုင်ကုသတဲ့ ပြန်ကောင်းတဲ့နှုန်းကို မမှိီပဲ..ကြာနေတယ်.."

လင်းဖန် ပြုံးလိုက်တယ်.။ဒါ သူမျှော်လင့်ထားပြီးသား အရာပါ..။ကုသမူ လမ်းကြောင်းက မှန်ပေမယ့်..သူ့မှာက စွယ်စုံကျမ်းရဲ့ အကူညီပေးမူ ရှိပါသေးတယ် ။ဒီတော့..ပြန်ကောင်းမူ နှုန်းချင်း တူဖို့ ဆိုတာက မဖြစ်နိုင်ပါဘူးး.။

"ကျုပ်က ခင်ဗျားရဲ့ ဆရာ မဟုတ်ဘူးလား.."

လင်းဖန် မေးလိုက်တာပါ..။

ကျိုးမင်ချင်း ခေါင်းညိမ့်လိုက်တယ်..။

"ဒါပေါ့.."

"ဒါအဆင်ပြေတယ်..ဆရာတစ်ယောက် အနေနဲ့ ခင်ဗျားထက် နည်းနည်းလောက် ပိုမသာနေဘူးဆိုရင်..ဘယ်လိုမျိုး ဆရာ ဆက်လုပ်တော့မလဲ..ဟုတ်တယ်မလား.."

ကျိုးမင်ချင်း လင်းဖန်ကို ကြည့်လိုက်ပြီး...

"ဒီစကားက မမှားပါဘူး.."

"အန်ကယ်.."

အဲ့အချိန်မှာပဲ..ဝီးချဲပေါ်မှာ ထိုင်နေတဲ့ ကလေးတစ်ယောက်ဟာ..သူ့ဘေးနားက သူငယ်ချင်းတွေကို တစ်ချက်ကြည့်လိုက်ပြီး..မေးလိုက်ပါတယ်..။

"အန်ကယ်..သားလည်း သူတို့လို လမ်းလျောက်လို့ ရလား.."

လင်းဖန် ကျိုးမင်ချင်းနဲ့..စကားပြောနေရင်းကနေ ဒါကို ကြားပြီး ကြောင်အသွားခဲ့တယ်..။သူ့ရှေ့ကကလေးကို ကြည့်လိုက်တဲ့ အချိန်မှာ..ခြေထောက်တစ်ဖက် ပြတ်နေတာ တွေ့လိုက်ရပါတယ်..။ဒါက ဆေးပညာ နဲ့ ကူသလို့ ရတဲ့ အရာမဟုတ်ပါဘူး..။ခြေထောက်အသစ် ပြန်ပေါက်လာအောင် လုပ်လို့ မရပေ..။

လင်းဖန် ကလေးရဲ့ ခေါင်းကို ပုတ်လိုက်ပြီး..

"လျောကိလို့ ရတာပေါ့.."

"မလိမ်ဘူး မဟုတ်လား.."

လင်းဖန် ခေါင်းညိမ့်ပြီး လေးနက်စွာ ပြောလိူက်တယ်..။

"အန်ကယ် ကျိန်ပြောတယ်..မလိမ်ညာပါဘူး.."

ဒီလို အခြေအနေမျိုးမှာက လမ်းလျောက်ဖို့ ဆိုရင်..​ေခြ​ေထာက်အတု တပ်ပေးရမှာ ဖြစ်ပေမယ့်..ကလေးအတွက်က အဆင်ပြေမှာ မဟုတ်ပါဘူး..။လင်းဖန် ရဲ့ စိတ်ထဲမှာ အကြံစည်ကြီးတစ်ခု ရှိပါတယ်..။သူ့အကြံဥာဏ်က..လက်တွေ့ မဆန်ပေမယ့်လည်း..လူတစ်ယောက်က..အမြဲတမ်း တွေးတောနေဖို့ လိုအပ်ပါတယ်..။

သိပ္ပံနဲ့..နည်းပညာ.. ခန္တာကိုယ်ကို လုံ့ဆော်မူ..ဘာသာရပ်က ဒီအခြေအနေကို ကယ်တင်နိုင်စွမ်း ရှိပြီး..စွယ်စုံ အမှတ်တွေလည််း အများကြီး လိူအပ်ပါတယ်..။သူရဲ့ လက်ရှိ အမှတ်က အနားတောင် ကပ်လို့ မရနိုင်သေးပါဘူး..။

.

ဒါပေမဲ့..လင်းဖန် တစ်နေ့မှာ ဒီအသိပညာ အခန်းကို ဖွင့်လှစ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်..

"ဒါရိုက်တာဟောင်.ကျွန်တော် ကူသလို့ရတာ အကုန်ကုသပြီးသွားပြီး...။ကုသလို့ မရတဲ့ ၃၅ ယောက်ပဲကျန်ခဲ့တော့တယ်.. ။သူတို့ကို အားမငယ်ရအောင် ပိုပြီး ဂရုစိုက်ပေးပါဦး.."

ဒါရိုက်တာဟောင်..ခေါင်းညိမ့်ပြီး ပြန်ပြောလိုက်တယ်။

"စိတ်မပူပါနဲ့ မာစတာ လင်း..ကျွန်မ ဒါကို မှတ်ထားပါ့မယ်..။ဒီကလေးတွေက သနားဖို့ကောင်းတယ်..ဒီလို ဖြစိလာမယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး..။

ဟန်လု ပြောလိုက်တယ်..။

"မာစတာ လင်း..ကျေးဇူးပြုပြီး ဒီကိစ္စကို ကျွန်တော်နဲ့ ထားလိုက်ပါ..။သေချာ ဂရုစိုက်ဖို့..ကျွန်တော် ကတိပေးပါတယ်.."

"ဒီကိစ္စကို အပြင်ကို မကြေညာ နဲ့ ဘယ်သူ့ကို မှလည််း မပြောနဲ့ဦး.."

ဒါရိုက်တာ ဟောင်နဲ့ ဟန်လုဟာ ခေါင်းညိမ့်လိုက်ကြတယ်..။သူတို့ ဒီကိစ္စရဲ့ အတိမ်အနက်ကို သိထားကြပါတယ်..။အထူးသဖြင့် မာစတာလင်းက နတ်ဘုရား တစ်ပါးလိုပါပဲ..။ဒါက တကယ် အံ့ဩစရာ ကောင်းလွန်းတာပါ..။

All Chapters