← Chapters

လေးနက်တဲ့ ကျိုးမင်ချင်း

Vol. 27 Ch. 392

လေးနက်တဲ့ ကျိုးမင်ချင်း

Vol. 27 Ch. 392

#ဘာသာပြန် = စနိုးဝှိုက်

တိမ်ဖြူလမ်း...

"သူဌေးလေး..မင်း ဒီရက်ပိုင်း ဘာလို့အရိပ်တစ်ခုလို သွားလိုက် လာလိုက် လုပ်နေရတာလဲ..။ငါမင်းကို မတွေ့ရတာတောင် တော်တော် ကြာနေပြီ.."

ဆိုင်ပိုင်ရှင် အကြီးအကဲ ကျန်းဟာ လင်းဖန်ရဲ့..ဆိုင်ကို လာလည်ရင်း ပြောလိုက်တာပါ..။

လင်းဖန် ပြုံးပြီး ပြန်ပြောလိုက်တယ်..။

"ကျွန်တော် အလုပ်ကြိုးစားနေတာလေ..။အကြီးအကဲကျန်း..စီးပွားရေး အခြေအနေ အခုနောက်ပိုင်း ဘယ်လို ရှိလဲ.."

စီးပွားရေးအကြောင်း မေးခံလိုက်ရတဲ့..အချိန်မှာ အကြီးအကဲ ကျန်း..ရယ်မောလိုက်ပြီး...

"သူဌေးလေးကို ပဲကျေးဇူးတင်ရမှာပေါ့..အကုန်လုံးရဲ့ စီးပွားရေးက တစ်နေ့ထက် တစ်နေ့ ကောင်းမွန်နေတာပဲ.."

"ဒါကောင်းတယ်.."

တိမ်ဖြူလမ်းရဲ့ ဆိုင်ပိုင် ရှင်တွေဟာ သူ့ကို အရ မ်းယဥ်ကျေးကြတာကို လင်းဖန် သိထားပြီးသားပါ..။တစ်ကခြားလမ်းက ..ဆိုင်ပိုင်ရှင်တွေဟာ..တစ်ယောကိနဲ့ တစ်ယောက် လိမ်ညာပြီး တိုက်ခိုက်တာတွေ ရှိပြပေမယ့်...တမ်ဖြူလမ်းမှာတော့..လင်းဖန်ကို ဗဟို ထားထားတဲ့ အတွက်ကြောင့် ဒီိလို အဖြစ်အအပျက်မျိူး မရှိပါဘူး..။

"အာ..."

လင်းဖန် အကြီးအကဲ ကျန်းကို သေချာကြည့်လိုက်ရာ ထူးဆန်းတဲ့ အသံထွက်ပေါ်လာခဲ့တယ်..။

အကြီးအကဲ ကျန်းဟာ နောက်ဆုတ်လိုက်ပြီး..

"သူဌေးလေး မင်းရဲ့ အပြုံးတွေက ကြောက်ဖို့ ကောင်းနေပါလား..။တစ်ခုခု မှားနေလို့လား..."

လင်းဖန် အနီးကပ် ကြည့်လိုက်ပြီး..

"အကြီးအကဲကျန်း..ခင်ဗျား ခန္တာကိုယ်မှာ တစ်ခုခု ရှိနေတယ်..။ကျုပ်ပြောသင့်လား မပြောသက့်ဘူးလား တော့ မသိဘူး.."

အကြီးအကဲ ကျန်း..ဟာ..သူဌေးလေး ပြောနေတာကို..နားမလည်ပဲ ပြုံးပြီးသာ ဆက်ပြောလိုက်တယ်..။

"ပြောပါ သူဌေးလေး.."

လငိးဖန် ခေါင်းညိမ့်လိုက်ပြီး...

"ခင်ဗျား ခန္တာကိူယ်မှာ ပြသနာ ရှိနေတယ်.. ဒါပေမဲ့ ကျုပ် မပြောတာက အကောင်းဆုံးဖြစ်မယ် ထင်တယ်..။ဒီနားကို လာပြီး..လက်ပေးပါဦး..ကျုပ်ကိုင်ကြည့်ပြီး ဘယ်လိုခံစားရလဲ ကြည့်ရအောင်.."

အကြီးအကဲ ကျန်းဟာ..အမူအရာပြောင်းသွားပြီး..တစ်ခုခု မူမမှန်တာ သတိထားမိလိုက်ပါတယ်..။သို့ပေမယ့်လည်း သူ လင်းဖန် နားကို သွားလိုက်ပြီး..

"သူဌေး​ေလး ကြည့်ပါဦး.."

လူလိမ် ထျန်ရယ်ပြီး ပြောလိုက်ပါတယ်..။

"အကြီးအကဲ ကျန်း...အလိမ်ညာ မခံနဲ့နော်..."

ကျောက်ကျန်းယန်လည်း ရယ်မောပြီး လင်းဖန်ရဲ့ ဘေးနားကိုလျောက်လာခဲ့ပါတယ်..။မာစတာ လင်းဘာဆက်လုပ်မလဲ ဆိုတာကို သူတကယ် သိချင်မိတာပါ..။

လင်းဖန် အကြီးအကဲ ကျန်းရဲ့ လက်ကိုကိုင်ပြီး..လက်မအောက်ဘက်ရှိ ကြွက်သားကို..ဖိကာ..ပြောလိုက်တယ်..။

"ဒါက ယူဂျီ အမှတ်ပဲ..ဒါက ခင်ဗျားရဲ့ ​ကျောက်ကပ်ကို..သန်မာစေတယ်..ပြီးတော့..အဆုတ်အတွက်လည်း အရေးပါတဲ့..အမှတ်တစ်ခုပဲ..။တစ်ခုခု ခံစားရလား.."

အကြီးအကဲ ကျန်း ကြောင်အသွားပြီး သူ့အမူအ ာ ဖြည်းဖြည်းချင်းပြောင်းလဲ နေခဲ့တယ်..။

"တစ်ခုခု ခံစားရတယ်..။အာ..ဒီခံစားချက်က ပိုပို သန်မာလာပြီ.."

လူလိမ်ထျန် နဲ့ ကျန်တဲ့ လူတွေဟာလည်း စုဝေးလာခဲ့ကြပါတယ်..။

"အဖြစ်နိုင်တာ..ငါ လည်း အဲ့နေရာကို ဖိနေတာ..ဘာလို့ ဘာခံစားချက်မှ မရတာလည်း."

ယင်းနောက် လင်းဖန် အမှတ်တစ်ခုကို ထောက်လိုက်ပြီး..

"ဒီအမှတ်ကလည်း အဆုပ်အတွက်ကောင်းတယ်...။တရုတ် ဆေးပညာ အမြင်အရဆိုရင်..အဆုပ်ဆိုတာက ရွှေ အမျိုးအစားထဲမှာ ပါဝင်တယ်.။.ရွှေ ဆိုတာ ရေနဲ့ တိုက်ရိုက်ပတ်သက်နေပြီး..ကျောက်ကပ်က ရေအမျိုးအစားဖြစ်​ေနပြန်တယ်..။ဒီနေရာကို မကြာခနဖိပေးရင်..ကျောက်ကပ်ကို ကောင်းနိုင်တယ်.."

အကြီးအကဲ ကျန်း ကြောင်အနေခဲ့ပြီး..

"သူဌေးလေး..တကယ်ခံစားနေရတယ်.."

"ချီးပဲ..မင်းတို့ နှစ်ယောက်စလုံး အလိမ်အညာတွေ..။နှစ်ယောက်ပေါင်းပြီး ငါတို့ကို လိမ်ညာနေတာ မဟုတ်လား.."

လူလိမ် ထျန်ဟာ မယုံကြည်ခဲ့ပေ..။

အကြီးအကဲ ကျန်း အမြန်လက်ခါယမ်းလိုက်ပြီး..

"အကြီးအကဲ ထျန်..ခင်ဗျား ယုံကြည်မှရမယ်..။တကယ် အလုပ်ဖြစ်တယ်..ကျုပ်တကယ် ခံစားရတာ.."

ယင်းနောက် သူလင်းဖန်ကို ကြည့်လိုက်ပြီး.

"သူဌေးလေး..နောက်ထပ် အမှတ်တစ်ခု ရှိသေးလား.."

လင်းဖန် ရယ်ပြီးပြောလိုက်တယ်..။

"ဒါပေါ့ ရှိတာပေါ့..နောက်ထပ် အမှတ်တစ်ခုက အတော်ထူးခြားတယ်.."

"သူဌေးလေး..ဘယ်တစ်ခုလဲ..အတော်ထူးခြားတာလား.."

အကြီးအကဲ ကျန်း ယဥ္ကျေးစွာ မေးလိုက်တာပါ..။သူ အခု သူဌေးလေးရဲ့ နည်းစနစ်တွေကို ယုံကြည်နေခဲ့ ပါပြီ..။

"ဒီလက်ချောင်း ထိပ်ပိူင်းက အမှတ်ကိုကြည့်..ဒါက ရှန်းယန် အမှတ်ပဲ..။ဒီအမှတ်က..ကျောက်ကပ်ရဲ့..ဖြတ်လတ်မူကို ပိုမိုတိုးတက်စေနိုင်တယ်..။ဖြတ်လတ်မူကို တိုးတက်စေနိုင်တယ် ဆိုတာ ဘာကို ဆိုလိုတာလဲ ခင်ဗျားသိရဲ့လား.."

လင်းဖန် ရယ်ပြီး မေးလိုက်တာပါ..။

အကြီးအကဲ ကျန်း အစကနားမလည်ပေမယ့် နောက်မှ သဘောပေါက်သွားခဲ့တယ်..။ယင်းနောက် သူ တည်ငြိမ်စွာ ရယ်မောလိုက်ပြီး..

"နားလညိပါပြီ..နားလည်ပါပြီ.."

လင်းဖန် အကြီးအကဲ ကျန်းရဲ့ လက်ကို ပုတ်လိုက်ပြီး..

"ကောင်းပြီ အခုပြန်လို့ရပြီ..အားတဲ့ အချိန်တိုင်း အဲ့အမှတ်ကို နိပ်ပေးပေါ့.."

လူလိမ် ထျန်ဟာ အမှတ်တွေကို တစ်ချိန်လံူး ဖိနေပေမယ့် ဘာမှ မခံစားရပေ..။

"မင်းတို့ လိမ်နေကြတာလား..။ငါ အကြာကြီး ဖိနေတာတောင် ဘာမှ မခံစားရဘူး.."

လင်းဖန် လူလိမ် ထျန်ကို ကြည့်လိုက်ပြီး..

"ကျုပ်ဖိတာနဲ့..ခငိဗျားဖိတာ ကွာတယ်လေ."

အကြီးအကဲကျန်းသဘော တူစွာပြောလိုက်တယ်..။

"ဟုတ်တယ်..သူဌေးလေးရဲ့ နည်းပညာက အရမ်းကောင်းတယ်..။ကျုပ်တောင် အဲလိုက်မလုပ်နိုင်ဘူး..။သူဌေးလေး..အဲ့နေရာကို ဆက်တိုက်ဖိနေရင်တကယ်ဖြတ်လတ်လာမှာလား.. "

လင်းဖန် ခေါင်းညိမ့်လိုကိတယ်..။

"အင်း..တစ်ခြားလူတွေကိုလည်း..တစ်ခုခု ခန္တာကိုယ်မှာ ခံစားနေရတာ ရှိရင် လာခဲ့့ကြဖို့ ပြောလိုက်ဦး..။ကျုပ်အကောင်း အတိုင်းဖြစ်အောင် ပြန်လုပ်ပေးမယ်လို့.."

အကြီးအကဲ ကျန်း ပြန်သွားပေမယ့်..လူလိမ် ထျန်နဲ့ ကျန်တဲ့လူတွေဟာ လင်းဖန် အနားမှာပဲ နေပြီး မေးခွန်းထုတ်နေခဲ့ကြတယ်..။

လင်းဖန် ဆေးပညာကို ဘယ်လိူ လေ့ကျင့်ခဲ့ကြောင်းပြောတာတွေကိုတော့ ဘယ်သူမှ မယုံကြည်ပါဘူး..။လင်းဖန် ကိုင်ထားတဲ့ ဆေးလက်မှတ်တောင် အတုလို့ လူလိမ်ထျန်က ထင်နေခဲ့တာပါ..။

ရပ်အနည်းငယ်ကြာပြီးနောက်..။

ကျိုးမင်ချင်း အတွက်ကတော့..ဒီနေ့က အရမ်းကို အရေးကြီးတဲ့ နေ့တစ်နေ့ပါ..။သူ ရွေးထားတဲ့ ရက်ကတော့ စတင်ဘာ ၁၀ ရက်နေ့ပါပဲ..။

သူဒီနေ့ကို စောင့်နေခဲ့တာ အတော်ကို ကြာခဲ့ပါပြီ..။မာစတာ..လင်းရဲ့ ..တပည့်အဖြစ် ခံယူတဲ့ အခမ်းအနား ပြီးသွားရင် သူဟာ စစ်မှန်တဲ့..တပည့်တစ်ယောက် ဖြစ်သွားပြီဖြစ်ပြီး..စစ်မှန်တဲ့..ဆေးပညာကို သင်ယူနိုင်တော့မှာပါ..။

ဗီလာတစ်ခုတွင်..။

ကျိုးမင်ချင်းဟာ..အိမ်ထဲမှာ..တရုတ်သမားတော် ဝတ်စုံကို တစ်စုံပြီးတစ်စုံ လဲဝတ်ကြည့်နေခဲ့တယ်..။သူ့မိန်းမက ..တော့ သူဘေးနားမှာရှိနေပြီး သည်းမခံ နိုင်တော့ပေ..

"လူအိုကြီး..ဒီလောက်ထိ ဒုက္ခခံဖို့ လိူလို့လား.."

ကျိုးမင်ချင်း နှာခေါင်းရှုတ်လိုက်တယ်..။

"ဘာဒုက္ခလဲ ..ဒီနေ့က..ငါ တပည့်ဖြစ်လာမယ့် နေ့တစ်နေ့ပဲ..။ငါ စည်းမျဥ္းအတိုင်း လုပ်မှ ရမယ်..။ဒါက ဘိုးဘေးတွေ ချမှတ်ထားတဲ့ စည်းမျဥ္းတွေပဲ..။မျက်ကွယ်ပြုလို့ မရဘူး.."

ကျိုးစီ သူမယောက်ျား အကြောင်းကို ကောင်းကောင်းသိပါတယ်..။သူတစ်ခုခု ကို ဆုံးဖြတ်ပြီးပြီ ဆိုရင်..မြင်းရှစ်ကောင်နဲ့ ဆွဲရင်တောင် ပြန်လှည့်လာမှာ မဟုတ်ပါဘူး..။

အထူးသဖြင့် ဒီနေ့က တစ်ယောက်တစ်ယောက်ရဲ့ တပည့်ဖြစ်လာတော့မှာ ဆိုတော့..ကျိုးမင်ချင်း အတွက် အတော်ကို ထူးခြားပါတယ်..။သူ့စိတ်ကို လွယ်လွယ်နဲ့ ပြန်ပြောင်းမှာ မဟုတ်ပေ..။

"မှန်ပါတယ်..ရှင်မှန်ပါတယ်.."

ကျိုးစီ ဘာပြောရမှန်း မသိပဲ ခေါင်းညိမ့်လိုက်တာပါ..။

ကျိုးမင်ချင်း ဘယ်ညာကြည့်ပြီး မေးလိုက်တယ်..။

"မိန်းမ ဘယ်တစ်ခုက ပိုကောင်းလောက်လဲ."

ကျိုစီဟာ လက်ရှိအခြေအနေကို လုံးဝ မကြိုက်ပေ..။ကလေးတွေ ဘာလုပ်နေမှန်း သူမမသိတော့ပါဘူး..။

ဘာလို့ အခုထိ သက်သေမရှာနိုင်သေးတာလဲ...

ယင်းနောက် သူမ ကြုံရာတစ်ခုကို လက်ညိုးထိုးလိုက်တယ်။

"ဒီတစ်ခု.."

"ကောင်းပြီး ဒီတစ်ခု.."

ကျိုးမင်ချငိး ပြုံးလိုက်ပြီး..

"ဟော်တယ် ဘက်မှာရော..အရာရာတိုင်း ပြင်ဆင်ပြီးပြီလား.."

ကျိုးစီခေါင်းညိမ့်လိုကိတယ်..

"ကလေးတွေကို ပြင်ဆင်ဖို့ ထားထား ခဲ့ပါတယ်..။စိတ်လျော့ပါ.."

"ငါ ဘယ်လို..စိတ်အေးနိုင်မှာလဲ.။ဒီနေ့က..တစ်စုံတစ်ယောက်ရဲ့ တပည့်ဖြစ်လာမှာလေ..အရမ်းလေးနက်တယ်..။တကယ်လိူ့ တစ်ခုခုဖြစ်သွားရင် မကောင်းဘူး..။ငါနေ့တွေ အများကြီး ကြည့်ထား​ေပမယ့် ဒီနေ့က အကောင်းဆုံးပဲ..

ကျိူးမင်ချင်းဟာ စိုးရိမ်နေတုန်း ပါပဲ..။ပြသနာ တစ်ခုခုဖြစ်မှာကို သူကြောက်ရွံ့နေခဲ့တာပါ..။ယင်းနောက် သူမေးလိုက်တယ်..။

"ငါ့ သူငယ်ချင်းဟောင်းတွေရော..လာမှာလား.."

ကျိုးစီ မသိချင်ယောက်ဆောင်လိုက်တယ်..

"သိပ်တော့မသေချာဘူး..အခမ်းအနားစရင်တော့..သူတို့ ရောက်နေသင့်တယ်လေ."

"ဒါပြသနာ မရှိဘူး..သူတို့က သူငယ်ချင်းဟောင်းတွေပဲ..။သူတို့ မလာရင်..သူတို့နဲ့ အဆက်အသွယ်ဖြတ်လိုက်တော့မယ်.."

ကျိူးမင်ချငိး..ခေါင်းမာတဲ့ လေသံနဲ့ ပြောလိုက်တာပါ..။

ကျိုးစီ ဒါကိုကြားတဲ့ အချိန်မှာ ကြောင်အသွားခဲ့တယိ..။

"ယောက်ျား အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့..။သူတို့မလာရင်တောင်..အဆက်အသွယ်ဖြတ်စရာ မလိုဘူးလေ.."

ကျိုးမင်ချင်းလက်ဝေ့ယမ်းလိုက်ပြီး..

"ငါ တကယ်အရည်အချင်းရှိတဲ့ မာစတာ ရဲ့ တပည့်ဖြစ်လာမှာ..။သူတို့ ငါ့ကို မလာနိုင်ကြောင်း ကြိုပြောပြီး မလာရင် ငါစိတ်မဆိုးဘူး..။ဒါပေမဲ့ ဘာမှမပြောပဲ မလာဘူး ဆိုရင်တော့..ဒါက ငါ့ဆရာကို မလေးစားတာပဲ..။ဒီလိူ သူငယ်ချင်းမျိူး ငါအလိူမရှိဘူး.."

"ဒီအကြောင်းမပြောနဲ့ဦး..အခုမှ နေ့လည်ပဲ ရှိသေးတယ်..။ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ပြီး အနားယူလိုက်ဦး"

ကျိူးစီ စကားဖြတ်လိူက်တာပါ..။

ကျိုးမင်ချင်းဟာ အခုချိန်မှာ ခွန်အားတွေ အတော်ပြည့်ဝနေပြီး..အနားယူဖို့ လံူးဝ မလိုအပ်ပါဘူး..။သူဆရာနောက်လိုက်နေတဲ့ တစ်လျောက်လံူး..ကူသဖို့ မဖြစ်နိုင်တဲ့ ရောဂါတွေကို သူ့ဆရာက ကူသပြခဲ့တာပါ..။ဒါကိုမြင်ပြီး သူ့မှာ သင်စရာတွေ အများကြီး ကျန်နေသလိုပါပဲ..။

သူ ဒီလိူ ဆရာမျိူးနဲ့ တွေ့ဆုံပြီး တပည့်ဖြစ်ခွင့်ရတာက အတော်ကံကောင်းလို့ပါ..။

"ငါနားဖို့ မလိူဘူး..။ခနနေရင်..ဟိုတယ် သွားပြီး..ဘာတွေလိုလဲ ကြည့်ရဦးမယ်.."

ကျိုးမင်ချင်း ​ပြောလိုက်တာပါ..။

သူ့ရဲ့ သူငယ်ချင်းတွေကို အကုန်ဖိတ်ထားပြီးသားပါ..။ကျိုးမင်ချင်း..အသက်နည်းနည်း ကြီးနေပေမ

ယ့်..ဆရာတစ်ယောက် ဆီမှာ တပည့်အဖြစ်ခံယူမယ် ဆိုတာက ပုံမှန်အရာတစ်ခုပါပဲ..။

သို့ပေမယ့် ကျိုးမင်ချင်းရဲ့ မိသားစုတွေကတော့ ဒီကိစ္စကို သဘောမတူကြပါဘူး..။သူက အသက်ကြီးနေပြီ ဖြစ်တာကြောင့်..လူငယ်တစ်ယောက်ဆီမှာ တပည့်ခံတာက..အရှက်ကွဲစရာ ကိစ္စတစ်ခုပါ..။

All Chapters