← Chapters

ကြောက်လန့်ခြင်း.

Vol. 27 Ch. 393

ကြောက်လန့်ခြင်း.

Vol. 27 Ch. 393

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် အလုပ်ရှုပ်နေခဲ့တယ်..။သူ ကျိုးမင်ချငိးဆီကဖုန်းကိုလက်ခံရရှိတဲ့ အချိန်မှာ အံ့ဩသွားခဲ့ပါတယ်..။သူ တပည့်တစ်ယောက် တကယ်ရလိမ့်မယ်လို့ မထင်ထားခဲ့ ပါဘူး..။

ဒါက သူအရင်တုန်းက တစ်ခါမှ မရ ဘူးတဲ့ ခံစားချက်ဖြစ်ပြီး..သူ နဲ့အသားမကျပေ..။

ဒီ ဟာက ထုံးထမ်းအစဥ္အလာ အခမ်းအနားဖြစ်ပြီး နှုတ်အားဖြင့် သဘောတူညီမူ မဟုတ်ပါဘူး..။သူရဲ့ နာမည်က အရင်ကလို မဟုတ်တော့ပဲ တာဝန်ကြီးလေး သွားတော့မှာပါ..။

သူသာ တပည့်ကို..သေချာ မသင်ကြားပေးနိုင်ခဲ့ရင် ဒါက တပည့် ရဲ့အပြစ်မဟုတ်ပဲ..ဆရာရဲ့ အပြစ်သာ ဖြစ်ပါတယ်..။အထူးသဖြင့် တရုတ်ဆေးပညာ နယ်ပယ်မှာ ဆေးပညာသင်ကြားမူကို ဟာသတစ်ခုလိုလုပ်လိူ့ မရပေ..။မဟုတ်ရင်..ပြသနာ တစ်စုံတစ်ခုဖြစ်လာရင် တာဝန်ယူရမှာပါ....။

အက်ျီဆိုင်တွင်..။လင်ဖန် သင့်တော်တဲ့ အဝတ်အစားတစ်စုံကို ရွေးချယ်နေခဲ့တယ်..။ဘယ်လို အခြေအနေမျိုးမှာ ပဲဖြစ်ဖြစ်..လေးနက်ရတော့မယ့် အချိန်ဆို..လေးလေးနက်နက် လူပ်ဆောင်ရမှာပါ..။

လုပ်စရာတွေ ပြီးသွားတဲ့ အချိန်မှာ..လင်းဖန် သူရေးထားတဲ့..အူရောင်ငန်းဖျား ရောဂါ အမျိူးမျိုး

စာအုပ်ကို သူနဲ့အတူ ယူလိုက်ပါတယ်..။

[ဒီစာအုပ်က မပေးရသေးပါဘူး..အရင်ကျိုးမင်ချင်းလေ့လာနေတာက..သူ့မှတ်စုစာအုပ်လေးထဲက ဟာတွေကို ပြန်လေ့လာတာပါ..]

ညအချိန်.။ ၆ နာရီ.။

ဟိုတယ် တစ်ခုတွင်..။

ကျိုးမင်ချင်းဟာ အပေါက်ဝမှာ စောင့်နေပြီး..ကျူိးစီဟာ သူ့ဘေးနားမှာ ရှိနေခဲ့တယ်..။သူတို့ရဲ့ သားသုံးယောက်နဲ့ သမီးတစ်ယောက်ဟာလည်း ရပ်နေကြပြီး..တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေခဲ့ကြပါတယ်..။

ဒီနေ့ အခမ်းအနားကို ဘယ်လို အနေအထားပဲဖြစ်ဖြစ် ရပ်တန့်မှ ရမှာပါ..။သူတို့အဖေကို လိမ်ညာနေတဲ့..လူလိမ်ရဲ့သရုပ်မှန်ကိုလည်း ကျိန်းသေဖော်ထုတ်ရပါဦးမယ်...။

သူ့အဖေက ရှန်ဟိုင်း ဆေးပညာ တက္ကသိုလ်ရဲ့ ဒါရိုက်တာ တစ်ယောက် ဖြစ်ပေမယ့် အခုတော့..လူငယ်လေးတစ်ယောက်ရဲ့ တပည့် ဖြစ်လာတော့မှာပါ.။ဒါက သူတို့ အတွက်တော့ လံူးဝကို အရှက်ရစရာ ပါပဲ..။ဒါက သူတို့ရဲ့ အဖေ..အန်တီ..ဦးလေး..တွေ အတွက်ပါ..ရှက်စရာ ကိစ္စရပ်ကြီးပါ..။

အဲအချိန်မှာတော့ ကျိူးမင်ချင်းဟာ မျက်နှာကြီး နီရဲပြီး..ဝင်ပေါက်မှာ မတ်တတ်ရပ်နေခဲ့တယ်..။သူ့ရဲ့ လက်သီးကို ဆုတ်ထားပြီး..သူကြောက်ရွံ့နေခဲ့တာပါ..။ယင်းနောက်..သူ သံသယဖြစ်စွာဖြင့်..

"ဘာလို့ငါ့့သူငယ်ချင်းဟောင်းတွေ တစ်ယောက်မှ မလာသေးတာလဲ.."

ကျိးလီ္ရှင်းပြောလိုက်တယ်..။

"အဖေ..စိတ်မပူပါနဲ့.။အန်ကယ်တွေ အန်တီတွေက လမ်းမှာ ဖြစ်မှာပါ..။ဒီအချိန်က ရှန်ဟိုင်းမှာလမ်းတွေ ပိတ်နေတဲ့ အချိန်လေ.."

ကျိုးမင်ချငိး ခေါင်းညိမ့်လိုက်တယ်..။

"အင်း ခနနေကြရင်..မင်းတို့ ငါနဲ့အတူ ရိူးရိုးသားသား လိုက်လုပ်ကြပါ..။မင်းတို့တွေးနေတာတွေကို ငါသိတယ်..ဒါပေမဲ့ ဒါက မင်းတို့အဖေအတွက် ဘဝမှာ တစ်ခါသာ ရနိုင်တဲ့ အခွင့်အရေးပဲ..။တကယ်လို့ မင်းတို့ကြောင့်ပျက်ဆီးရင်..ငါ ပျော်ပျော်ရွှင်ရွှင် သေနိုင်မှာ မဟုတ်ဘူး.."

ကျိုးဘင် ရယ်မောပြီးပြောလိုက်တယ်..။

"အဖေ..ဘာလို့ ဒီလောက်အထိ လေးနက်နေရတာလဲ..။အဖေ့ရဲ့ ဆေးပညာက နိုင်ငံအနှံ့မှာ ကျော်ကြားနေပြီလေ..။မာစတာ တစ်ယောက် ဆီက ဘာတွေသင်နိုင်မှာမို့လို့လဲ.. "

"ပါးစပ်ပိတ်ထား..ငါ လေးလေးနက်နက် ပြောနေတာ.."

ကျိုးမင်ချင်း အော်ဟစ်လိုက်တယ်..။

ကျိူးဘင် သူ့အဖေရဲ့ အမူအရာကို ကြည့်ပြီး သူ့အမူအရာပါ ပြောင်းသွားခဲ့တယ်..။သူ့အဖေ နောက်နေတာ မဟုတ်ဘူး ဆိုတာ သေချာမြင်နိုင် ပါတယ်..။သူ ဒါကို တွေးလိုက်မိပြီး နည်းနည်း ကြောက်ရွံ့သွားခဲ့တယ်...ယင်းနောက် သူ့အစ်ကိုကြီးကို တစ်ချက်ကြည့်လို်က်ပါတယ်..။

ကျိုးလီရှင်းဟာ ခေါင်းညိမ့်ပြီး စိတ်မပူဖို့အချက်ပြလိုက်တယ်..။

တတိယ အစ်ကို ကျိုးဘိုင် ပြောလိုက်ပါတယ်..။

"အဖေ..သားတို့ အထဲကို အရင်သွားပြီး စောင့်ကြမလား."

ကျိုးမင်ချငိး လက်ဝေ့ယမ်းလိုက်တယ်..။

"မဟုတ်ဘူး..ငါတို့ ဒီမှာပဲ စောင့်မယ်..။မယဥ္မကျေးလုပ်လို့ မရဘူး.."

အငယ်ဆုံး ညီမလေးက တော့ဘာမှ မပြောပေ..။သူမ ဒီကိစ္စကို အစကတည်းက ဝင်မပါချင်သလိူ ဘာတစ်ခွန်းမှလည်း ဝင်မပြောပါဘူး..။သူမအဖေရဲ့ ဒေါသကို သူမကောင်းကောင်းသိထားပြီးသားပါ..။

သူမတို့ ဒီအခမ်းအနားကို လုံလောက်တဲ့ အကြောင်းပြချက် မရှိပဲ ဖျက်ဆီးရင် နောက်ဆက်တွဲက မတွေးရဲစရာပါပဲ..။

"အကြီးအကဲ ကျိူး.."

အဲ့အချိနိမှာပဲ..အကြီးအကဲ မူ ရောက်လာခဲ့တယ်..။

ကျိုးမင်ချင်း...အကြီးအကဲ မူကို ကြည့်ကာ ပြုံးလိုက်ပြီး..

"ခင်ဗျားက ပထမဆုံး ရောက်တဲ့ လူပဲ.."

အကြီးအကဲ မူ ပြုံးလိုက်တယ်..။

"ဒါပေါ့..ဒါက ခင်ဗျားအတွက် ..ကိစ္စကြီးပဲလေ..။သူငယ်ချင်းတစ်ယောက်အနေနဲ့ စောစောမလာလို့ ဘယ်ရပါ့မလဲ.."

ကျိုးမင်ချင်း..သဘောကျစွာ ရယ်နောလိုက်ပြီး..

"ကျန်တဲ့ လူတွေ ခနနေရောက်လာကြလိမ့်မယိ..။ကျေးဇူးပြုပြီး စောင့်ပါဦး.."

"အလျင်မလိုပါဘူး."

အကြီးအကဲ မူလက်ဝေ့ယမ်းလိုက်ပါတယ်..။

အဲ့အချိန်မှာပဲ..ကျိုးလီရှင်းဟာ. အကြီးအက မူနားကပ်သွားခဲ့တယ်..။အကြီးအက မူ ပြုံးလိုက်ပြီး..

"ဘာဖြစ်လို့လဲ လီရှင်း..."

"အန်ကယ်မူ..အဖေ့သဘောထားကို ပြောင်းလဲအောင် လုပ်ပေးလို့ ရမလား..."

ကျိုးလီရှင်း အကူညီမဲ့စွာပြောလိုက်တာပါ..။သူက စွမိးဆောင်နိုင်စွမ်းရှိတဲ့ လူတစ်ယောက်ဖြစ်ပေမယ့်လည်း ဒီအခြေအနေကိူ ဘယ်လိူ လုပ်ရမလဲ မသိတော့ပါဘူး..။

အကြီးအကဲ မူ ကြောင်အသွားပြီး နားမလည်ခဲ့ပေ..

"ဘာကို သဘောထားပြောင်းရမှာတုန်းဟ...မင်းပြောတာ ငါနားမလည်ဘူး.."

ကျိုးလီရှင်း ခေါင်းခါယမ်းလိုက်ပြီး..

"တစ်စုံတစ်ယောက်ရဲ့ တပည့်ဖြစ်ဖို့ကနေ လေ..။သူ့အသက်ကိုကြည့်ပါဦး..ဘယ်လိုလုပ်ပြီး သူ့သမီးထက်ငယ်တဲ့ လူငယ်လေးရဲ့ တပည့်အဖြစ် တည်ရှိနိုင်မှာတုန်း.."

အကြီးအကဲ မူ ဒါကိုကြားပြီး ရယ်မောလိုက်ပါတယ်..။ယင်းနောက် လက်ဝေ့ယမ်းလိုက်ပြီး..

"လီရှင်း မင်းမသိသေးပါဘူး..အဲဒီမာစတာလင်းက တကယ်ကို စွမ်းဆောင် နိုင်စွမ်းတွေ ရှိတယ်..။သူ့ဘဝတစ်လျောက်လုံးကို ဆေးပညာ လေ့လာခဲ့တာ..။သူ့အသက်အရွယ်က ကြီးလာတော့ လူတွေ အများကြီးကို ..မကယ်တင် နိုင်တော့ဘူးလေ..။ဒါကြောင့် လူတွေ အများကြီးကို သင်ပြသေးပြီး..ရှန်ဟိုင်းတက္ကသိုလ်မှာ ဒါရိုက်တာ တစ်ယောက် အဖြစ် လုပ်ကိုင်နေတာ..။သူ များပြားလှတဲ့ ထူးချွန်သူတွေကိုလည်း မွေးထုတ်ပေးနိုင်ခဲ့တယ်လေ..။အခု သူက သူလေးစားရတဲ့ လူတစ်ယောက်ကို တွေ့နေရပြီလေ.. အသက်အရွယ်ကို သူဂရုစိုက်မယ်လို့ထင်လို့လား.."

"ထပ်ပြောရရင် မင်းအဖေရဲ့ အဆုပ်ရောဂါကို မာစတာ လင်းပဲ ကုသပေးခဲ့တာ..။အဲ့အချိန်တုန်းက ငါပါ ရှိနေခဲ့တယိ.."

ကျိုးလီရှင်း အကြီးအကဲ မူကို မယုံကြည်နိုင်စွာကြည့်လိုက်ပြီး..

"အကြီးအကဲ မူ..အန်ကယ်လည်း..အလိမ်ခံနေရတာလား...။အန်ကယ်လည်း ယုံကြည်နေတာပေါ့.."

"မယုံပဲ ဘယ်နေနိုင်ပါ့မလဲ ..ငါ့မျက်လံူးနဲ့ ကိုယ်တိုင်မြင်ခဲ့ရတာလေ..။မင်းတို့ လူငယ်တွေ အများကြီး မတွေးသင့်ဘူး..မင်းတို့ အဖေက..ငတုံးတစ်ယောက်မှ မဟုတ်တာ..။သူတို့က မင်းတို့ အကုန်လံူးထက် ဥာဏ်ကောင်းပြီး ဘယ်ဟာကောင်းလဲ ဘယ်ဟာ ဆိုးလဲ ဆိုတာကို သိတယ်..."

အကြီးအကဲ မူ ရယ်မောပြီး ပြောနေခဲ့တာပါ..။ယင်းနောက် သူတစ်ခုခုကို တွေးမိသွားပြီး သူ့အမူအရာ ပြောင်းသွားခဲ့တယ်..။

"မင်းတို့ တစ်ခုခုလုပ်ထားတယ်လို့ မပြောနဲ့နော်.."

သူပိုပြီတွေးလေလေ ပိူပြီး..ဖြစ်နိုင်ချေ ရှိလေလေ ပါပဲ..။ဒါ က ခြောက်နာရီ ရှိ နေခဲ့ပါပြီ..။သူ အကြီးအကဲ ကျိုး လူတွေ အများကြီးကို သက်သအဖြစ်ဖိတ်ထားမှာ သေချာ သိပေမယ့်လည်း..အခုထိ ဘယ်သူမှ မရောက်ကြသေးပါဘူး..။တစ်ခုခုကတော့ မူမမှန်တော့ပေ..။

ကျိုးလီရှုင်း ခေါင်းညိမ့်လိုက်တယ်..။

"အင်း..အဖေ ဖိတ်ထားတဲ့ အန်ကယ်တွေ ..အန်တီတွေကို ဖုန်းဆက်ပြီး မလာဖို့ ပြောထားတာ.."

အကြီးအကဲ မူ ဒါကိုကြားပြီး ကြောင်အသွားခဲ့တယ်..။ယငိးနောက် အပေါက်ဝမှာ မာစတာ လင်းကို တစ်ချိန်လံူးစောင့်နေတဲ့...ကျိုးမင်ချင်းကို ကြည့်လိုက်ပါတယ်..။သူ ကျိုးလီရှင်း ကို အမြန်ဆွဲခေါ်သွားပြီး..

"မင်းအဖေကို..သေတဲ့အထိ ဒေါသထွက်အောင်ကြိုးစားနေတာလား..."

ကျိုးလီရှင်း တွေဝေစွာ​ပြောလိုက်တယ်..။

"အန်ကယ် ကျွန်တော်က ဘာလို့ အဖေ့ကို ဒေါသထွက်စေချင်မှာလဲ..။သူ အလိမ်ခံရပြီး အန်ကယ်တွေ အန်တီတွေ ရှေ့မှာ အရှက်မကွဲစေချင်လို့ပါ.."

အကြီးအကဲ မူ ဒီကိစ္စက အရမ်း​ေလးနက်ပြီး..အကြီးအကဲ ကျိုးရဲ့ ဒေါသကို သိထားပါတယ်..။ယင်းနောက် သူသက်ပြင်းချလိုက်ပြီး...

"မင်းတို့ လူငယ်တွေက ခံစားချက်ကိုပဲ သိကြတာပဲ..။အချိန်ရှိတုန်း အကုန်လံူးကို ဖုန်းပြန်ဆက်လိုက်.။အဝေးက လူတွေကိုတော့..သူတို့ ဘာလို့ မလာနိုင်တာလဲ ဆိုတာကို..ဖြေရှင်းချက်ပေးခိုင်လိုက်..လီရှင်း..မင်းဒီနေ့လုပ်တာတွေက စည်းကျော်လွန်းတယ်.."

"မင်းအဖေက ဒီကိစ္စကို လေးလေးနက်နက်တွေးထားတာ..။မင်းအမေ နဲ့ မဂ်လာဆောငိတုန်းက တောငိ ဒီလောက် မလေးနက်ဘူးဆိုတာ သိရဲ့လား..။ငါပြောလိုက်မယ်..မင်းအဖေသာ ဒီကိစ္စကို သိသွားရင် နောက်ဆက်တွဲက ကြောက်ဖို့ ကောင်းလိမ့်မယ်.."

ကျိုးလီရှင်း အကြီးအကဲ မူကို ကြည့်လိုက်ပြီး..

"အန်ကယ်မူ ..ဒါက နည်းနည်း ချဲ့ကားမနေဘူးလား.."

"ချဲ့ကားတယ် ဟုတ်လား..။မင်းတို့အဖေရဲ့ ဒီကိစ္စ အပေါ် တွေးခေါ်ပုံက မင်းတို့နဲ့ လုံးဝကို မတူဘူး..။သူ့မှာ ခံယူချက် တစ်ခုရှိတယ်..အဲတာက..တစ်စုံတစ်ယောက်က တစ်ရက် ဆရာ ဖြစ်ဖူရင် တစ်သက်လုံး အဖေ တစ်ယောက်လိုပဲ..။မင်းသာ မင်း အဖေကို သွားအပြစ်တင်ရင် သူမင်းကို သေတဲ့ အထိ ရိုက်နှက်ရင် ရိုက်နှက်လိမ့်မယ်..။ဒါပေမဲ့သူ့ဆရာက သူ့ကို ကျိန်ဆဲရင်..သူ ဘာမှ ပြန်မပြောတဲ့ အပြင် သူ့အသူတောင် ပြန်သုံးသပ်နေဦးမှာ..။ဒါက သု့အတွက်တော့..သင်ကြားမူထဲက တစ်စိတ်တစ်ပိုင်းလိုပဲလေ..။အခု မင်းအဖေအတွက် ဘယ်လောက်အထိ အရေးပါလဲ သိပြီလား.."

"မဖြစ်နိုင်တာ.."

ကျိုးလီရှင်း စဥ္းတောင် မစဥ္းစားရဲတော့ပေ..။သူ့အဖေကို လူငယ်လေး လိမ်ညာထားတာကိုသာ စဥ္းစားမိပြီး သက်သေမရှိပဲ..ပွဲကိုဖျက်ဆီးရင် ဘယ်လိုဖြစ်လာမလဲ ဆိုတာကို မတွေးမိခဲ့ပေ..။အန်ကယ်မူရဲ့ စကားတွေကို ကြားတဲ့ အခါမှာ သူကြောက်ရွံ့လာခဲ့ ပါတယ်..။

"မဖြစ်နိုင်ဘူးဟုတ်လား...ငါ မင်းတို့အဖေနဲ့ မင်းတို့ မမွေးခင်ကတည်းက သိလာတာ.။မင်းတို့အဖေအကြောင်းကို ငါမင်းတို့ထက် ပိုသိတယ်...တကယ်လို့ မင်းတို့သာ ဧည့်သည်တွေကို အခုချက်ချင်းဖုန်းဆက်မခေါ်ပဲနေရင်..နောက်ပိူင် ဖြစ်လာတဲ့ အကျိုးဆက်တွေက ထင်ထားတာထက် ဆိူးရွားသွားလိမ့်မယ်.."

အကြီးအကဲ မူ ပြောလိုက်တာပါ..။

အဲ့အချိန်မှာပဲ ကားတစ်စီးဟာ ရပ်တန့်သွားခဲ့တယ်..။

ကျိုးမင်ချငိး ရှေ့ကို မမြန်တက်သွားလိုက်ပါတယ်..

အကြီးအကဲ မူ အမြနိပြောလိုက်တယ်..။

"မြန်မြန်လုပ်...မင်း ဘဝမှာ နောင်တရစရာတွေနဲ့ ကြုံတွေ့ချင်လို့လား.."

ကျိုးလီရှင်းဟာ အန်ကယ်မူရဲ့ စကားကို ကြားတဲ့အချိန်မှာ ဒီကိစ္စက သူ့အဖေအတွကိ ဘယ်လောက်လေးနက်လဲ သိသွားခဲ့ပါပြီ..။

မာစတာ လင်းက လူလိမ် ဟုတ်ဟုတ် မဟုတ်ဟုတ်..သူ ဧည့်သည်တွေကို ခေါ်မှရပါတော့မယ်..။တကယ်လို့ သူတို့သာ ဒီပွဲကို ဖျက်ဆီးမိရင် နောက်ဆက်တွဲက ကြောက်စရာ ပါပဲ..။

သူ့အဖေ ဒေါသထွက်ပြီး ထင်ရာတွေ လျောက်လုပ်ရင်..သူတိူ့ကိုယ်သူတို့ တစ်ဘဝလံူးခွင့်လွှတ်နိုင်ကြတော့မှာ မဟုတ်ပေ.။

All Chapters