← Chapters

ခမ်းနားတဲ့ အခမ်းအနားတစ်ခု

Vol. 27 Ch. 394

ခမ်းနားတဲ့ အခမ်းအနားတစ်ခု

Vol. 27 Ch. 394

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် ရောက်လာတဲ့ အချိန်မှာ..ကျိုးမင်ချင်းဟာ..သူ့ကို..ရိုရိုသေသေ လာကြိုဆိုခဲ့ ပါတယ်..။

"ဆရာ..ရောက်လာပြီလား..."

"အင်း..."

လင်းဖန် ပြောလိုက်တာပါ..။ကျိုးမင်ချင်း ရဲ့ အဝတ်အစားက ခမ်းနားပြီး သေသပ်နေခဲ့ပါတယ်..။ယင်းနောက် သူ နောက်က ဟော်တယ်ကို ပြုံးကာ ​ကြည့်လိုက်ပြီး..

"သေချာ ခမ်းခမ်းနားနား ပြင်ဆင်ထားတာပဲ..."

ကျိုးမင်ချငိး လက်ဝေ့ယမ်းလိုက်ပြီး..

"ဆရာ..ဒီနေ့ညက ဆရာ..တပည့်အခမ်းအနားလေ..ပိုပြီးခမ်းနားနေဖို့ လိုအပ်တာပေါ့.။ကျွန်တော်နဲ့အလုပ်တူတဲ့..သူငယ်ချင်းဟောင်းတွေကို ပါ သက်သေအဖြစ် ဖိတ်ခေါ်ထားသေးတယ်.."

ခန်းမက ..ရှန်ဟိုင်းမှာ ရှိနေပြီး..ဟော်တယ်ကလည်း ထိပ်တန်းဟော်တယ် တစ်ခုပါ..။ကျိုးမင်ချင်း အကောင်းဆုံးတွေကိုပဲ အသုံးပြုထားတယ်လို့ ပြောလို့ရပါတယ်..။

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။ဒါက သူ့အတွက် ပထမဆုံး တပည့်တစ်ယောက် လက်ခံခြင်းဖြစ်ပြီး..ကျိုးမင်ချင်း အတွက်လည်း..ပထမဆုံး ဆရာတစ်ယောက် ရတော့မှာပါ.။သူ အခမ်းအနားကို သိသာထင်ရှား စေချင်ပါတယ်..။

ကျိုးစီဟာ..သူမကြားနေရတဲ့..လူလိမ်ကို ပထမဆုံး အကြိမ်မြင်လိုက်ရတာပါ..။သူမ သေချာကြည့်လိုက်တဲ့ အကြိမ်မှာ..ငယ်ရွယ်ပြီး..ကြည့်လို့ကောင်းတဲ့ ကောင်လေးတစ်ယောက်မှန်း သိလိုက်ပါတယ်.။

ဒီလူငယ်လေးက ဘယ်လိုဖြစ်ပြီး လူလိမ် တစ်ယောက် ဖြစ်လာရတာလဲ....

ဒီလူငယ်လေး..သူမယောက်ျားကို..ဘယ်လို နည်းလမ်း အသုံးပြုပြီးလိမ်ညာထားမှန်း မတွေးတတ်တော့ပေ.။

သူမ တရုတ်ဆေးပညာ အကြောင်း သိပ်မသိပေမယ့် တရုတ်ဆေးပညာ ကို ကျွမ်းကျင်တဲ့ သမားတော်တိုင်းက အသက်ကြီးတာကို တော့ သိထားပါတယ်..။

လူငယ်လေးက..ဒီလောက်အထိ စွမ်းဆောင်နိုင်လို့လား....

သို့ပေမယ့် သူမယောက်ျား မပျော်မရွှင်ဖြစ်မှာကြောင့် သူမဘာမှ ထုတ်မပြောပေ..။ဒါကြောင့် သူမ ပြုံးပြှီးသာ ..ပျော်ရွှင်ချင်ယောင် ဆောင်နေလိုက်ပါတယ်...။

"ဆရာ..ဒါက ကျွန်တော့် မိန်းမလေ.."

ကျိုးမင်ချင်း မိတ်ဆက်ပေးလိုက်တာပါ...။

"မာစတာ လင်း.."

ကျိုးစီ ယဥ္​ေကျးစွာ နှုတ်ဆက်လိုက်တယ်..။သူမ အပြုအမူတိုင်းက ယဥ်ကျေးနေဖို့ လိုအပ်ပါတယ်..။

လင်းဖန် ပြုံးလိုက််တယ်..။သူ့ထက်ကြီးတဲ့ လူအို စုံတွဲနဲ့ မျက်နှာချင်း ဆိုင်ရတာ အတော်ကို ခက်ခဲပါတယ်..။ပုံမှန် လူတစ်ယောက်က..ဒီလိူ အခြေအနေမျိုးကို ဘယ်တော့မှ ကြုံတွေ့ဖူးမှာ မဟုတ်ပါဘူး..။

ကျိုးမင်ချင်း လင်းဖန်ကို ဘေးနား ခေါ်လိုက်ပြီး..

"မာစတာ လင်း..ဒါက....ဟေး..လီရှင်း ဘယ်ကို သွားနေတာလဲ.."

"အဖေ..အစ်ကို သုံးယောက်လုံးက..တစ်ခုခု လုပ်စရာရှိတယ် ဆိုပြီးသွား လုပ်ကြတယ်..။သူတို့ ခနနေပြန်လာကြမှာ.."

ကျိူးချင်ဖန်း...ပြောလိုက်တာပါ..။သူမပြောနေတုန်း..ထူးဆန်းစွာ ကြည့်လိုက်တယ်..။သူမ လင်းဖန်ကို သေချာ လေ့လာနေပေမယ့် တစ်ခုခုမှား ယွင်းတာ ဘာမှ မတွေ့ရပေ..။သို့ပေမယ့် ဒီလူက လူလိမ်ဆိုတာကို သူမ သိထားပြီးသားပါ..။

လင်းဖန် ပြုံးလိုက်ပြီး..

"အကြီးအကဲ မူ..အရမ်းကျန်းမာနေပါလား.."

အကြီးအကဲ မူ ဒါကို ကြားတဲ့ အချိန်မှာ ပြုံးလိုက်တယ်..။

"မာစတာလင်း..ကျွန်တော် ကျန်းမာနေတယ်လို့ ပြောလိုက်တာလား.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

"ဟုတ်တယ်..ဘာ ရောဂါမှ မရှိဘူး.."

အကြီးအကဲ မူဟာ..နတ်ဘုရား ဒေါက်တာ ဆီက ဒီလို စကားမျိုး ကြားခွင့်ရတဲ့ အတွက် ကျေနပ်သွားခဲ့ ပါတယ်..။သူ မာစတာ လင်းရဲ့ ဆေးပညာကို ယုံကြည်ပြီး ဘာသံသယမှ မရှိပါဘူး..။

သူ လီရှင်းတို့ ညီအစ်ကို သုံးယောက်ကို ဧည့်သည်တွေ အမြန်ဖိတ်ဖို့ ပြောပြီးထားပါပြီ..။အကြီးအကဲ ကျိုးကို ဒေါသထွက်စေလောက်အောင် သူတို့ ဘယ်လိုတွေ တွေးခေါ်နေလည်း သူ နားမလည်နိုင်တော့ပေ..။

ယင်းနောက် ကျိုးမင်ချငိး ပြုံးလိုက်ပြီး...

"ဆရာ..အထဲအရင် ဝင်ရအောင်.."

"ကောင်းပြီ.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။သူ ဒီလို ကြီးကျယ်တဲ့ အခမ်းအနားကို ပထမဆုံးတက်ရောက်ခြင်းဖြစ်ပြီး..လူလိမ် ထျန်နဲ့ ကျန်တဲ့ လူတွေကိုတောင် တပည့်လက်ခံကြောင်း မပြောထားပါဘူး..။သူ အံ့ဩမှာကြောင့် ဒီကို မခေါ်လာခဲ့တော့တာပါ..။သူတို့ အံ့ဩတဲ့ အမူအရာက အခန့်မသင့်ရက် အခမ်းအနားကိုပါ အနှောက်အယှက် ဖြစ်သွားနိုင်ပါတယ်..။

လင်းဖန် ပြီးမှ ကြွားချင်တာလည်း ပါပါတယ်..။ဒါကြောင့် သူတို့ကို မပြောတာက အကောင်းဆုံးပါပဲ..။

ခမ်းနားသည့် ခန်းမကြီးထဲတွင်.။

ဒီနေရာကို အထူး အလှဆင်ထားပြီး..အရမ်းကို ခမ်းနားလှပါတယ်..။အလယ်မှာတော့ စားပွဲတွေကို ဖယ်ထားပြှီး ထိုင်ခုံတစ်လံူး ပဲ ထားထားခဲ့ တယ်..။ဘေးနားမှာတော့..ထိုင်ခုံတွေ တန်းစီပြီး ချထားလို့ပါ..။

လင်းဖန် ဒီကို ဆရာတပည့် အခမ်းအနားတွေကို မတက်ရောက်ဖူးပေမယ့်လည်း..ဒီအခမ်းအနားက အတော် ခမ်းနားတာကိုတော့ အသိအမှတ်ပြုပါတယ် ..။

"မာစတာ ဒီမှာ ခနစောင့်ပါဦး..ကျွန်တော့် သူငယ်ချင်းတွေက ရောက်လာကြတော့မှာပါ.

7 :30 က အကောင်းဆုံး အချိန်ပဲ.."

ကျိုးမင်ချငိး အခမ်းအနားအတွက် အများကြီး ပြင်ဆင်ထားရတာပါ..။ဒါက အနည်းငယ် ပိုလွနိးတယ် လို့ထင်ရပေမယ့် ဒီကနေတဆင့် သူ ဒီအခမ်းအနားကို ဘယ်လောက်အထိ တန်ဖိုးထားလဲ ကြည့်လို့ရပါတယ်..။

ကျိုးမင်ချငိး တရုတ်ဆေးပညာကို စိတ်ဝင်စားခဲ့တာက သူငယ်ငယ်တုန်းက သူ့မိဘတွေက အမြဲတမ်း နေမကောင်းဖြစ်နေခဲ့လို့ပါ..။ဒါကြောင့်တရုတ် ဆေးပညာနဲ့ ခနခန ကုခဲ့ရပြီး တရုတ်ဆေးပညာ လွှမ်းမိုးမူကို ခံခဲ့ရတာပါ..။ဒါကြောင့် သူ ကျောင်းတက်ကတည်းက..တရုတ်ဆေးပညာကိုပဲ လေ့လာခဲ့တာပါ..။

ကျိုးမင်ချင်း အရင်က ဆရာမရှိခဲ့ဖူးသလို လင်းဖန် အတွက်လည်း ပထမဆုံးပါပဲ..။

ကျိုးချင်ဖန်း အခြေအနေကို စိတ်ပူစွာ ကြည့်လိုက်တယ်..။ယင်းနောက် သူမ အစ်ကို သုံးယောက်ကို အမြန်သွားရှာလိုက်ပါတယ်..။သူမ တွေ့တဲ့အချိန်မှာတော့ သူ့အစ်ကိုတွေက ဖုန်းဆက်နေကြပါပြီ..။

"အန်ကယ်လီ..တောငိးပန်ပါတယ်..။ကျွန်တော်တို့ကို အမြန်လာကယ် ပါဦး..။အဖေက တကယ် ဆရာတင်မြောက်တော့မှာ..။တကယ်လို့ အန်ကယ်တို့သာ မလာရင် သားတို့တော့ သေပြီ.."

"မင်းတို့ ဘာတွေလုပ်ချင်​ေနကြတာလဲ..ငါက မင်းအဖေနဲ့ အရမ်းရင်းနှီးတာ..သူ့ရဲ့ ဆရာတပည့်အခမ်းအနားကို လာရမှာပေါ့..။ပြီးတော့ မင်း လူလိမ် လို့ ပြောသေးတယ်လေ..ငါ..အာ..ငါခနနေလာခဲ့မယ်.."

.

သူတို့ လူတွေိကို ပိုပိုပြီး ခေါ်လေလေ..ကြောက်ရွံ့လာလေလေပါပဲ..။အထူးသဖြင့် အန်ကယ် ရှမ်းရဲ့ စကားတွေကိုပါ..။

သူ ဒီနယ်ပယ်မှာ ဘယ်သူ့ကိုမှ အ​ကြောက်ရွံ့ပဲ..သူ့အဖေကိုပဲ ကြောက်ရွံ့တာပါ..။

ကျိုးမင်ချငိးဟာ သူ့ကလေးတွေကို မျှော်လင့်ချက်ကြှီးပြီး ပညာရေးကိုလည်း သေချာ သင်ကြားခိုင်း ခဲ့ပါတယ်..။သူတို့ ငယ်ရွယ်စဥ်ကတည်းက တစ်ခါမှ အားနဲ့ မရိုက်ဖူးပါဘူး..။သူ သင်ကြားပေးတာက..တစ်ခြားလူတွေကို လေးစားတတ်ဖို့ပါ..။

"အစ်ကို အခြေအနေ ဘယ်လိုလဲ.."

ကျိုးချင်ဖန်း မေးလိုက်တာပါ..။

"ညီမလေး အခြေအနေ ဘယ်လိုလဲ.."

ကျိုးလီရှင်း..မေးလိုက်တယ်..။

"အခြေအနေ မကောင်းဘူး..အခမ်းအနားက..၇:၁၅ စမှာ..။ကြည့်ရတာ မမှီတော့ဘူးထင်တယ်..အဖေ့ကို ဘယ်လိုပြန်ဖြေမလဲ ပဲ စဥ္းစားထားတော့.."

ကျိုးချင်ဖန်း ပြောလိုက်တာပါ..။

ကျိုးလီရှုင်း ကြောင်အသွားခဲ့တယ်..။သူ့အဖေ အလိမ်ခံရမှာကိုသာ စိုရိမ်ခဲ့ပေမယ့်..ဒီလို အခြေအနေကိုတော့..မထင်ထားခဲ့မိပါဘူး..။

ကျိုးဘင် ပြောလိုက်တယ်..။

"အစ်ကို ဖုန်းခေါ်ပြီးရင်ပြန်ရအောင်..။အဖေ ဒေါသထွက်လည်း အဆင်ပြေတယ်..ကျွန်တော်တို့ သူ့အတွက်တိုက်ခိုက်ရမှာပေါ့..မဟုတ်ရင်..နောက်ကျသွားလိမ့်မယ်.."

"ဒီငနဲက အဖေ့ကို ဘာဆေးတွေ ကျွေးထားတာလည်း..သူက တကယ်...အာ.."

ကျိုးလီရှင်း ဘာမှ ထပ်မပြောချင်တော့ပေ..။

"ဒါပြီး ပြန်သွားကြရအောင်.."

…

အချိန်တွေ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့တယ်..။

ကျိုးမင်ချင်းကတော့..သူ့သူငယ်ချင်းတွေ ဘာလို့ ရောက်မလာသေးတာလဲ ဆိုတာကို သံသယ ဖြစ်နေခဲ့ပါတယ်..။ယင်းနောက်..သူ့ဆရာ ဘေးနားမှာသာ တိတ်တဆိတ် ရပ်နေခဲ့လိုက်တယ်..။

သူ ဘယ်သူ့ကိုမှ ဖုန်းမခေါ်ပဲ တုန်ရီလာခဲ့ ပါတယ်..။ဒါက သူကြောက်ရွ့ံနေတာ မဟုတ်ပါဘူး..ဒေါသထွက်နေခဲ့တာပါ..။

လင်းဖန် အခြေအနေက အနည်းငယ် ထူးဆန်းနေတာကို ခန့်မှန်းမိပေမယ့် လည်း သူ စိတ်မဝင်စားပေ..။ယင်းနောက် အချိန်ကို ကြည့်လိုက်တဲ့ အခါမှာ ၇ နာရီထိုးနေခဲ့ ပါပြီ..။

ကျိူးမင်ချင်း..မတ်တတ်ရပ်လိုက်ပြီး..ပြောလိုက်တယ်..။

"ဆရာ ထိုင်ပါဦး.."

ယင်းနောက် လင်းဖန်ဟာ အလယ်ဆုံးက ခုံမှာ ထိုင်နေပြီး ကျိုးမင်ချင်းဟာ ဘေးနားမှာ ရပ်နေခဲ့ ပါတယ်..။အစီစဥ္အရဆိုရင်..ဘေးနှစ်ဖက်စလုံးက ခုံတွေိမှာ ဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေနဲ့ ပြည့်နေကြရမှာပါ..။သို့ပေမယ့် အခုချိန်မှာ အသိသက်သေ တစ်ယောက်သာ ရှိပြီး အဲ့လူကတော့..အကြီးအကဲ မူပါပဲ..။

ကျိုးစီ..ဟာ သိပ်မဝေးတဲ့ နေရာတစ်ခုမှာ မတ်တတ်ရပ်နေခဲ့ပြီး..သူမ ယောက်ျားရဲ့ အမူအရာကို မြင်တဲ့ အချိန်မှာ..စိတ်ပူသွားခဲ့တယ်..။သူမ သာ ဒီလိူတွေ ဖြစ်လာမယ်မှန်းသိရင်..ကလေးတွေကို ဝင်ပါခိုင်းမှာ မဟုတ်ပါဘူး..။

ယင်းနောက် ကျိုးလီရှင်း နဲ့ မောင်နှစ်မ တွေဟာ ရောက်လာခဲ့ပါတယ်..။အခြေအနေကို မြင်လိုက်တဲ့အချိန်မှာ သူတို့ နှလုံးခုန်သံတွေဟာ မြန်သွားခဲ့တယ်..။

သူတို့အဖေရဲ့ ဒေါသထွက်နေတဲ့ အမူအရာကြောင့် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်..။ယင်းနောက် သူ တို့ ဒီပွဲကို ဖျက်ဆီးတဲ့ အချိန်မှာ သူတို့အဖေ တရုတ်ဆေးပညာ အပေါ်ချစ်တဲ့ စိတ်ကို ထည့်မတွက်မိမှန်း နားလည်လိုက်ကြပါတယ်..။

* ဒုန်း *

သူတို့ လေးယောက်စလုံး ဒူးထောက်လိုက်ကြတယ်..။

ကျိုးမင်ချင်း သူတို့ကို ဂရုမစိုက်ပါဘူး..။သူ အချိန်ကို ကြည့်လိုက်တဲ့ အချိန်မှာ ၇:၁၈ ရှိနေပြီ ဖြစ်ပြီး..အခမ်းအနား စတင်ရတော့မှာပါ..။

သူ ထပ်ပြီး မစောင့်နိုင်တော့ပဲ .လင်းဖန်ဆီကို သွားလိုက်တယ်..။ယင်းနောက် သူ တုန်ရီနေတဲ့ လေသံဖြင့်..

"မာစတာ..ကျွန်တော် ကျိူးမင်ချင်း..တရုတ်..ကျန်းဟွေး မြို့သား..ဟာ ခြောက်နှစ်သား ကတည်းက..တရုတ်ဆေးပညာကို လေ့လာခဲ့ ပါတယ်..။အခု အသက် ၇၀ ရှိနေပြီး..ရှန်ဟိုင်း တရုတ်ဆေးပညာ တက္ကသိုလ်ရဲ့ ဒါရိုက်တာ တစ်ယောက်ပါ..။ဒီနေ့ ကျွန်တော်..မာစတာ ရဲ့ တပည့်ဖြစ်ချင်ပါတယ်..ကျေးဇူးပြုပြီး လက်ခံပေးပါဦး.. "

လင်းဖန် မြဲမြံစွာ မတ်တတ်ရပ်လိုက်ပြီး..

"ကျုပ်..မာစတာ လင်း..ကျုံးကျိုး မြို့သား....."

ကျိုးမင်ချငိး လင်းဖန်ကို ဦးသုံးကြိမ် ဂါရဝ ပြုလိုက်တယ်..။ယင်းနောက် သူ ကျိုးစီ ဆီက..လဖက်ရည်ခွက်ကို ယူလိုက်ပါတယ်..။

"ဆရာ..ကျေးဇူးပြုပြီး လဖက်ရည် သောက်ပါဦး.."

ကျိုးမင်ချင်း ဂါရဝပြုပြီး လဖက်ရည် ခွက်ကမ်းပေးလိုက်ပါတယ်..။

"ကျုပ်သိသလောက် ..ခင်ဗျားကို ပြန်သင်ပေးပြီး..အကောင်းဆံူးစွမ်းဆောင်ရည်တွေ ရဖို့ အစွမ်းကုန်ကူညီပေးမယ်လို့ ကတိပေးတယ်..။အနာဂတ်မှာ မှန်ကန်တဲ့ လမ်ကြောင်းကို လျောက်ပါ..။ငွေကြေးနဲ့ အောင်မြင်မူရဲ့ နောက်ကို မလိုက်ပါနဲ့..။လူတိုင်းကို မျှမျှတတ ဆက်ဆံရမယ်.."

လင်းဖန် ပြောပြီး..လဖက်ရည် သောက်လိုက်ပါတယ်..။

ကျိုးမင်ချငိး ခေါင်းညိမ့်လိုက်တယ်..။

"ဆရာရဲ့ ..အကြံပေးမူကို အမြဲမှတ်သားထားပါ့မယ်.."

ယင်းနောက် လင်းဖန် သူနဲ့ပါလာတဲ့ စာအုပ်ကို ထုတ်ပေးလိုက်ပြီး..

"ဒါက..ကျုပ် အပင်ပန်းခံပြီး ရေးထား ပေး တဲ့ စာအုပ်ပဲ.။သေချာ လေ့လာပါ..မရှင်းတာ..နားမလည်တာတွေ ရှိရင် မေးလို့ရတယ်.."

ကျိုးမင်ချင်း စာအုပ်ကို ဂရုတစိုက် ယူလိုက်ပါတယ်..။

"ကျေးဇူးပါ ဆရာ.."

ယင်းနောက် အကြီးအကဲ မူဟာ..မတ်တတ်ရပ်ပြီး ကတ်တစ်ခုကို ထုတ်လိုက်ပါတယ်..။သူက..ဒီစာသားကို အခမ်းအနားမှာ ရှိတဲ့ လူတွေ အကုန်လံူးကြားနိုင်ဖို့ ဖတ်ပြပေးရမှာပါ..။ဒီမှာ ဘယ်သူမှ မရှိပေမယ့် လည်း လုပ်ရိုးလုပ်စဥ္ကတော့..လုပ်ရိုးလုပ်စဥ္ပါပဲ...။

အကြီးအကဲ မူ ချောင်း အနည်းငယ် ဟန့်လိုက်ပြီး ရှင်းလင်းတဲ့ အသံဖြင့်...

"ကျိုးမင်ချငိးဟာ..တရုတ်ဆေးပညာမှာ အသိပညာကြွယ်ဝပေမယ့် လေ့လာစရာတွေ ရှိနေသေးတယ်..။သူ့ကို သင်ကြားပေးမယ့် ဆရာတစ်ယောက်ကို အမြဲတမ်း အလိုရှိခဲ့ပေမယ့် သင့်တော်တဲ့ လူတစ်ယောက်ကို ဘယ်တုန်းကမှ မတွေ့ခဲ့ဘူး..။ဒီနေ့..နောက်ဆုံးမှာတော့..သူ့ကို အသိပညာတွေ..ပြန်မျှဝေပေးမယ့်..ဆရာတစ်ယောက်ကို တွေ့ခဲ့ရပြီ..။ဒီနေ့..ကျွန်တော် မစ္စတာ မူက..မာစတာ လင်း..

ကျိုးမင်ချင်းကို တပည့်အဖြစ် လက်ခံစေပြီး..သူ့ရဲ့.ခက်ခဲတဲ့ အချိန်တွေမှာ..ညွှန်ကြားပေးဖို့ ပန်ကြားအပ်ပါတယ်..။ဒီနေ့ မှာ သူ့ကို မစွန့်ပစ်ပါဘူးလို့ ဂတိပေးပြီး...ဒီဂတိကို သေတဲ့ အထိမှတ်သားပေးပါ.."

"အခမ်းအနား ပြီးဆုံးပါပြီ...ကျုပ် မူရှမ်း ကသက်သေအဖြစ် တည်ရှိပါတယ်.."

အခြေအနေ အသက်ဝင်စေဖို့ အကြီးအကဲ မူ ပြုံးပြီးပြောလိုက်တယ်..။

"ဂုဏ်ပြုပါတယ် အကြီးအကဲ ကျိုး..။လာ..ခင်ဗျားတို့ နှစ်ယောက်ကို ဓာတ်ပုံရိုက်ပေးမယ်..."

ကျိုးမင်ချင်းလည်း အခမ်းအနားပြီးသွားတဲ့ အတွက်ပြုံးနေခဲ့ပါတယ်..။ယင်းနောက်..သူ ့လင်းဖန် ဘေးနားမှာ ရပ်လိုက်တယ်..။

ချလပ်

ဒါက အောင်မြင်သွားခဲ့ပါပြီ..။

ကျိုးမင်ချင်းရဲ့ သားနဲ့ သမီးတွေဟာ..ကြမ်းပြင်မှာ ဆက်ပြီး..ဒူးထောက်နေခဲ့ပါတယ်..။သူတို့ လျစ်လျူရူ ခံထားကြရပေမယ့်..သူတို့ရဲ့..နှလံူးခုန်သံတွေကတော့..မြန်နေတုန်းပါပဲ..။

အန်ကယ် မူပြောခဲ့တာကို သူတို့နောက်ဆုံးတော့ နားလည်လိုက်ကြပါပြီ.. ။သူတို့ အဖေက တည်ငြိမ်တဲ့ လူဖြစ်ပေမယ့်..ဒေါသကတော့ တကယ်ကြောက်ဖို့ ကောင်းပါတယ်..။

All Chapters