ဒီနေ့ညရဲ့..နာကျင်မူများ
Vol. 27 Ch. 395
#ဘာသာပြန် = စနိုးဝှိုက်
လင်းဖန် စိတ်သက်သာရာ ရသွားခဲ့တယ်..။လူတိုင်းမှာ ပထမဆုံး အကြိမ်ဆိုတာ ရှိကြပါတယ်..။အစကတော့..သူကြောက်ရွံ့မိပေမယ့်လည်း..လာပြီး တက်ရောက်တဲ့ လူအများကြီး မရှိတာ ပိုကံကောင်းသွားတာပါ..။
"သူတို့က ဘာဖြစ်တာလဲ.."
လင်းဖန် ဒူးထောက် နေတဲ့ လူလေးယောက်ကို ကြည့်ပြီးမေးလိုက်တာပါ..။
ကျိူးမင်ချင်း ကလေး လေးယောက်ကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်..။
"ဒါတွေက မင်းတို့လေးယောက်ကြောင့်လား..."
ကျိုးလီရှင်း ခေါင်းငုံ့လိုက်ပြီး...
"အဖေ..သား..."
"ငါ့ကို အဖေလို့ မခေါ်နဲ့..မင်းတို့လို သားမျိုး ငါ့မှာ မရှိဘူး..."
ကျိုးမင်ချငိး ဒေါသထွက်စွာပြောလိုက်တယ်..။သူက အသက်ကြီးနေပြီ ဖြစ်တာကြောင့် တော်ရုံတန်ရုံဆိုရင် ဒေါသ မထွက်တတ်ပါဘူး..။ဒါပေမဲ့..ဒီတစ်ကြိမ် သူ့ကလေးတွေ သူ့ရဲ့ ဆရာတပည့်အခမ်းအနာ အပေါ်လုပ်တဲ့ ကိစ္စက စည်းကျော်လွန်းလှပါတယ်..။
"အရမ်းကြီး ဒေါသမထွက်နဲ့...ဘာဖြစ်တာလဲ.."
လင်းဖန် သိချင်သွားခဲ့တယ်..။နောက်ကွယ်မှာလတစ်ခုခု ရှိနေခဲ့တာလား....။
ကျိုးမင်ချင်း ပြောလိုက်တယ်..။
"ဆရာ..သူတို့က ကျွန်တော်ကို လူလိမ်တစ်ယောက်နဲ့ တွေ့တယ်လို့ထင်နေတာလေ..။ဒီလေးယောက် ဘာတွေ လုပ်ထားမှန်းတောင် မသိတော့ဘူး..။လီရှင်း ပြောစမ်းပါဦး..မင်းဘာတွေ လုပ်ထားလဲ.."
ကျိုးလီရှင်းဟာ..အကြီးဆုံး သားတစ်ယောက် ဖြစ်တာကြောင့် ဒီကိစ္စကို တာဝန်ယူ ဖြေဆိုဖို့ လိူအပ်ပါတယ်..။
"အဖေ..သားတို့က ..အဖေ့ကို ဆရာတစ်ယောက် တင်မြောက်မယ့်ကိစ္စကို မတားဆီးပါဘူး..။ဒါပေမဲ့ သူက အရမ်းငယ်လွန်းတယ်...။သူ့ရဲ့ ဆေးပညာက ဘယ်လိုလုပ်ပြီး အဖေ့ကို ယှဥ္နိုင်မှာလဲ...။သားတို့ အကုန်လုံး အဖေအလိမ် ခံနေရပြီ လိူ့ပဲ တွေးနေကြတာ..။ဒါကြောင့်လည်း..အန်ကယ်တွေ ..အန်တီတွေကို ဖုန်းဆက်ပြီး မလာခဲ့ဖို့ ပြောထားတာ ..ဒါက ရှက်စရာ ကောင်းတယ်လေ.."
"မင်း ဘာပြောတယ်...ပြန်ပြောစမ်း..။ရှက်စရာ ဟူတ်လား...မင်းက ဘယ်သူ့ကိုရှက် တာလဲ.. "
ကျိုးမင်ချငိး ဆရာတပည့်အခမ်းအနား ပြီးမြောက်သွားလို့..အနည်းငယ် အဆင်ပြေနေတဲ့ စိတ်ဟာ ချက်ချငိး ဒေါသ ထွက်လာခဲ့တယ်..။ယင်းနောက်..ဒီခွေးသားကို..သင်ခန်းစာပေးဖို့ ဘေးဘက်ဝဲယာကို..ကြည့်လိုက်ပါတယ်..။
ကျိုးစီ..ထပ်ပြီး သည်းမခံနိုင်တော့ပေ..။
"ယောက်ျား..ကလေးတွေ..က ကောင်းစေချင်လို့လေ..။အဲလောက် စိတ်မဆိုးပါနဲ့.."
"ပါးစပ်ပိတ်ထား..မင်းက အမြဲတမ်း ကာဆီးကာဆီး လုပ်တယ်...။သူတို့ ဘယ်လို လူမျိူးတွေ ဖြစ်နေပြီလဲ ကြည့်စမ်း...။ဆရာတစ်ယောက်ကို..လေးစားတယ် ဆိုတာ ဘာကို ဆိုလိူလဲ တောင် မင်းတို့ သိကြရဲ့လား.."
ကျိုးမင်ချင်းဟာ အလွန်အမင်းဒေါသထွက်နေပြီး...အကြီးအကဲ မူဟာ သူ့ကို တာဆီးဖို့ ကြိုးစားနေခဲ့ပါတယ်..။
ကျိုးမင်ချငိးဟာ သူ့ဆရာ မမျှမတ ဆက်ဆံခံနေရတာကြောင့်..လက်မခံနိုင်ဖြစ်နေခဲ့ ပါတယ်..။သူတို့က သူ့ဆရာရဲ့ အရည်အချင်းတွေကို နားမလည်နိုင်ကြပါဘူး..။
သူဒီလို ဆရာမျိုးနဲ့ တွေ့ခွင့်ရတာက ကံကောင်းမူကြီးတစ်ခုပါ..။သူတို့တွေက..အခမ်းအနားကိုတောင်ဖျက်ဆီးဖို့ ကြိူးစားကြပြီး..တကယ်လို့ အပြင်လူတွေကြားရင်..ရယ်စရာ ဖြစ်လာပါလိမ့်မယ်။
"မင်ချငိး.."
လင်းဖန်ပြောလိုက်တယ်..။ဒီလူရဲ့ နာမည်က သိပ် ခေါ်လို့ အဆင်မပြေလှပေမယ့် မကြာခင်..သူကျင့်သားရသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်..။
ကျိုးမင်ချင်း လင်းဖန် ဆီကို လျောက်လာခဲ့ပြီး..
"ဆရာ..ကျွန်တော်..."
လင်းဖန် လက်ဝေ့ယမ်းလိုကိတယ်...။
"ဒါက အဆင်ပြေပါတယ်..မေ့လိူက်တော့..ဒါက ကိစ္စကြီးတစ်ခုမဟုတ်ဘူး..။ဘာပဲဖြစ်ဖြစ်...ကျုပ်က အသက်အရမ်းငယ်နေတော့..ကလေးတွေက ကောင်းစေချငိလို့ လုပ်တာလေ..။ဒီကိစ္စကို လျစ်လျူရူပြီး စိတ်ထဲက မထားနဲ့တော့..။ခင်ဗျား ကျုပ်ကို ဆရာအဖြစ် တင်မြောက်ပြီ ဆိုမှတော့..ကျုပ်သိထားတာတွေ အကုန်သင်ကြားပေး
မယ် ခင်ဗျားလဲ ကြိုးစားပြီး လေ့ကျင့်ပေါ့..။တရုတ် ဆေးပညာ ဆိုတာက ပါးစပ်နဲ့ပဲ သင်ကြားပေးလို့ မရဘူးလေ..။ကျုပ်အားတဲ့ အချိန်ကြ မှ ခင်ဗျားကို..ကိုယ်တိုင်သင်ကြားပေးမယ်.."
"အခုနောက်ကျ နေပြီဆိုတော့..ပင်ပန်းလို့ အရင်ပြန်ပြီး နားတော့မယ်.."
ကျိုးမင်ချငိး ပြောလိုက်တယ်..။
"ဆရာ..ကျွန်တော် ပြန်ပို့ပေးမယ်လေ.."
လင်းဖန် ပြုံးလိုက်ပြီး...
"ဒါအဆင်ပြေပါတယ်...ခင်ဗျားက အသက်ကြီးနေပြီလေ..။ကျုပ်ကို ပြန်ပို့ဖို့ မလိုပါဘူး..။အခမ်းအနားက ပြီးမြောက်ပြီးသွားပြီ ဆိုတော့..ကျန်တာတွေကို အလေးအနက်ထား တွေးမနေနဲ့..ကျုပ်သွားတော့မယ်.."
သူ မတ်တတ်ရပိပြီး ထွကိသွားလိုက်တယ်..။
ကျိုးမင်ချင်းဟာ တံခါးအထိလိုက်ပို့နေပြှီး..သူ့ကလေးတွေကတော့..ဒူးထောက်နေကြစမြဲပါ..။ဒါက အစသာ ရှိသေးကြောင်း သူတို့ သိထားပြီး..အခြေအနေပြီးဆုံး ဖို့ အများကြီးလိုပါသေးတယ်..။
သို့ပေမယ့်..ဒီငနဲက လူလိမ် မဟုတ်ဘူး ဆိုတာကို သူတို့ လုံးဝ မယုံကြည်ကြပေ..။ဒါတွေက ခနလေးအတွင်းဟန်ဆောငိနေတာ ဖြစ်ပြှီး..အချိန်ကြာသွားရင် ပေါ်လာမှာ သူတို့ သိထားကြပါတယ်..။
ဝင်ပေါက်တွင်..။
"ဆရာ ..ဒါတွေ အကုန်ကျွန်တော်ကြောင့်ပါ.."
ကျိုးမင်ချင်းနောင်တရစွာ ပြောလိုက်တာပါ..။သူ အခမ်းအနားဆုံး ပြင်ဆင်ခဲ့တဲ့ အရာက ဒီတိုင်းပဲ ပြီးဆုံး သွားခဲ့ရပါပြီ..။ဒါက အတော်ကို ဝမ်းနည်းဖို့ ကောင်းပါတယ်..။
လင်းဖန်က .ကျိုးမင်ရှင်းထက် အသက်မကြီးပေမယ့်လညိး..သူ့ရဲ့ ဆရာတစ်ယောက်ပါ..။သူ ကျိုးမင်ချင်း ရဲ့..ပုခုံးကို ပုတ်လိုက်ပြီး..
"ကောင်းပြီ ဒါကဘာမှ မဟုတ်ဘူး..ဒါက ရိုးရာ အစဥ်အလာ အတိုင်း..ခမ်းနားတဲ့..ပွဲတစ်ခုပဲလေ.."
"ဆရာ ဂရုစိုက်ပြန်ပါဦး..."
အကြီးအကဲ မူ လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။
သူ့ဆရာကို ပို့ပြီးတဲ့ နောက်မှာျေတာ့..ကျိုးမင်ချငိးရဲ့ မျက်နှာဟာ မဲနှက်သွားခဲ့ပါပြီ..။
"စိတ်ပျက် စရာကောင်းတဲ့ ကောင်တွေ..ငါမင်းတို့လေးကောင်လုံးကို သတ်ပစ်မယ်.."
အကြီးအကဲ မူ..နှစ်သိမ့်ဖို့ ကြိုးစားလိုက်တယ်..။
"အကြီးအကဲကျိူး..မင်းဘာလုပ်နေတာလဲ..။မင်းရဲ့ ကလေးတွေက အသက်ကြီးနေကြပြီလေ..။မင်း ကြမ်းကြမ်းတမ်းတမ်းတွေ လုပ်လို့ မဖြစ်ဖူးနော်.."
"သူတို့ အသက်ဘယ်လောက်ကြီးကြီး ငါ့မျက်လုံးထဲမှာတော့ ကလေးတွေပဲ..။ငါ့ဆရာက အခု သူတို့ရဲ့ အဖိုးလိုပဲ..။သူတို့က လေးစားမူဆိုတာ ဘာမှန်း မသိဘူး..သူတို့ အရိုက်ခံရဖို့ ထိုက်တန်တယ်..."
ကျိုးမင်ချင်းဟာ နားလည်မူ ရှိတဲ့ လူတစ်ယောက်ပါ..ဒါပေမဲ့ သူ ဒီကလေးတွေကို ဒီတိုင်း လွှတ်ပေးဖို့အစိီစဥ္ မရှိပါဘူး..။သူ ခန်းမကြီးထဲကို ဝင်သွားပြီး..ဝန်ထမ်းဆီကနေ..တံပျက်စည်းကို ယူလိုက်တယ်..။
"မစ္စ ဒါလေး ခနငှားလို့ ရမလား..."
ကားစတန်မာရဲ့ တောင်းဆိုချက်ဖြစ်တဲ့ အတွက်..ဝန်ထမ်းဟာ ငြင်းပယ်လို့မရဘဲ ခေါင်းညိမ့်လိုက်ပါတယ်..။
ခန်းမထဲတွင်..။
ကျိုးလီရှင်းနဲ့ ကျန်တဲ့ လူတွေဟာ တစ်ယောက်မျက်မှာ တစ်ယောက် ကြည့်လိုက်ပြီး..
"ကြည့်ရတာ ငါတို့ ဒီတစ်ခါတော့ သေပြီထင်တယ်.."
ကျိုးစီ ပြောလိုက်တယ်..။
"အမြန်..ပြေးကြတော့..။မင်းတို့ရဲ့ အဖေပြန်လာရင် အခြေအနေတွေ ဆိုးရွားကုန်လိမ့်မယ်..."
ကျိုးလီရှင်း ခေါင်းခါယမ်းလိုက်တယ်..။
"အမေ..ဘာမှ မပြောနဲ့တော့..။ဒီတစ်ခေါက်သားတို့ ခံလိုက်မယ်...။အနာဂတ်ကြရင်..အဖေ အလိမ်ခံရမှန်း သိတဲ့ အခါမှာ ဒီနေ့ကို မှတ်မိနေလိမ့်မယ်.."
ယင်းနောက်..ကျိုးမင်ချငိးရဲ့ အသံထွက်ပေါ်လာခဲ့ပါတယ်..။
"အကြီးအကဲ ကျိုး..နားထောင်ပါဦး..ခွင့်လွှတ်ပေးလိုက်ပါ.."
အကြီးအကဲ မူ ဝင်တားဖို့ လုပ်လိုက်တာပါ..။
တံခါးတွန်းဖွင့်ခံလိုက်ရတယ်..။
ကျိုးမင်ချငိး..ဒေါသထွက်စွာ မတ်တတ်ရပ်နေခဲ့ ပါတယ်..။အစက လင်းဖန် ရှိနေတဲ့ အတွက် အခြေအနေတွေကို..ရုပ်ဆိုးအောင် မဖြစ်စေချင်ခဲ့ ပါဘူး..။ဒီလို အခမ်းအနားပွဲမှာ သူ့ဆရာကို ဒီလို မြင်ကွင်းတွေကို မမြင်စေချင်ပေ..။အခု သူ ဘယ်မျက်နှာမှ ကြည့်စရာ မလိုတော့ပါဘူး..။
"ချင်ဖန်း..ဘေးမှာရပ်နေ.."
ကျိုးမင်ချင်း ပြောလိုက်တာပါ..။
ကျိူးချငိဖန်း ဒါကို ကြားပြီး စိတ်သက်သာရာ ရသွားခဲ့တယ်..။သူမ အဖေတကယ်ရိုက်မယ် ဆိုရင်..သူတို့..ကန့်ကွပ်ရဲမှာ မဟုတ်ပါဘူး..။သို့ပေမယ့် သူမက လက်ထပ်ပြီးပြီ ဖြစ်တာကြောင့်..သူမအဖေက..သူ့ယောက်ျားရဲ့ အုပ်ထိန်းမူအောက်မှာထား ပြီးကိုယ်ထိလက်ရောက်..မလုပ်ချင်တော့တာပါ..။
ညီအစ်ကို သုံးယောက်ဟာ..သူတို့ရဲ့ ညီမလေးကို ကြည့်ပြီး အနည်းငယ်ရှက်ရွံ့သွားကြတယ်..။သူမ က တကယ်ကံကောင်းလွန်းလှတာပါ..။ထပ်ပြောရရင်..သူမက အတူတူ ရိုက်ခံပါ့မယ့်လို့ ဟန်ဆောင်ပြီးတောငိ မပြောခဲ့ပေ..။
ကျိုးမင်ချင်း သူ့ကလေးတွေ ရှေ့မှာ မတ်တတ်ရပ်လိုကိပြီး..
"မင်းတို့ ဘာအမှား လုပ်ခဲ့လဲ ဆိုတာ သိရဲ့လား.."
ကျိုးလီရှင်း ဟာ အသက် ၂၀ အရွယ်ကျော် ရှိနေပြီ ဖြစ်ပြီး..အခုတော့ သူ့အဖေ ရှေ့မှာ ကလေးတစ်ယောက်လို ..ဒူးထောက်နေရပါတယ်..။
"အဖေ..ဒါက..."
*ဖြန်း*
ကျိုးမင်ချငိး တံမျက်စည်း ကိုလွှဲကာ..ကျိုးလီရှင်းရဲ့ နောက်ကျောကို ရိုက်ချလိုက်တယ်..။ယင်းနောက်.သူလေးလေးနက်နက် ပြောလိုက်ပါတယ်..။
"မင်းက အခု ့ဘယ်အသက်အရွယ်ရှိပြီလဲ..မင်းက ကိစ္စတွေကို ကိုင်တွယ်နိုင်တဲ့ အဆင့်ကို ရောက်နေပြီ ထင်နေတယ်ပေါ့..။မင်းငယ်ငယ်တုန်းက..မင်းရဲ့ ညီငယ်တွေကို ဘယ်လိူသင်ပေးခဲ့လဲ မှတ်မိသေးလား.."
"သားမှတ်မိပါတယ်.."
ကျိုးလီရှင်း ခေါင်းညိမ့်ပြီး ပြောလိုက်တာပါ..။
"အခု ရွတ်စမ်း..."
ကျိုးမင်ချင်းက အသက်ကြီးနေပြီ ဖြစ်ပေမယ့်လည်း..သူ့ရဲ့ သားသုံးယောက်ကို လက်ထဲမှာ ရှိတဲ့ တံမျက်စည်းနဲ့ ရိုက်နှက်နေခဲ့ပါတယ်..။
ကျိုးစီဟာ..ဆက်ပြီး မကြည့်နိုင်တော့ပဲ..အကြီးအပဲ မူကိုသာ ခေါင်းခါယမ်းပြလိုက်ပါတယ်..။သို့ပေမယ့် ..သူမဘာမှ ဝင်မပြောပေ..ဒီတစ်ကြိမ် ကလေးတွေ လူပ်တာ စည်းကျော်သလို ဖြစ်သွားခဲ့တာပါ..
"တစ်စုံတစ်ယောက်ဟာ..မိဘရဲ့ စကားကို နားထောင်ရမယ်..။တစ်စုံတစ်ယောက်ဟာ..စာဖတ်ချင်း ပြုလုပ်ရာမှာ မပျင်းရိရဘူး..."
ကျိုးမင်ချင်း လေးနက်စွာ ထပ်ပြောလိုက်တယ်..။
"ကျွန်တော် ဒီအတိုင်း လိုက်နာ လုပ်ဆောင်ပါ့မယ်.."
"ကျွန်တော် ဒီအတိုင် လိုက်နာ လုပ်ဆောင်ပါ့မယ်."
သူ တံမျက်စည်း ကျိုးသွားတဲ့ အထိ ဆက်တိုက် ရိုက်နှက်နေခဲ့တယ်..။ကျိုးလီရှင်း နဲ့..သားသုံးယောက်ဟာတော့..မျက်လုံး မှတ်ပြီးသာ ကျိတ်မှိတ်ခံ နေခဲ့ကြပါတယ်..။
"တစ်စုံတစ်ယောက်ဟာ..မိဘရဲ့..သင်ကြား လမ်းညွှန်မူတွေကို..အမြဲတမ်း နားထောင်သင့်တယ်.."
"တစ်စုံတစ်ယောက်ဟာ..မိဘကို ဆန့်ကျင်ပြီး ဘာမှ မလုပ်သင့်ဘူး.."
…
အဲ့အချိန်မှာပဲ လူများစွာဟာ ရောက်လာခဲ့တယ်..။
သူတို့ဟာ အထဲက အဖြစ်အပျက်တွေကို မြင်တဲ့ အချိန်မှာ ကြောင်အသွားခဲ့ကြပါတယ်..။
"အကြီးအကဲ ကျိုး..ဘာတွေ လုပ်နေတာတုန်း..။ဘာလို့ ကလေးတွေကို ရိုက်နေရတာလဲ...ရပ်လိုက်ပါ.."
အကြီးအကဲ မူဟာ ဒီလူတွေကို မြင်မှ စိတ်သက်သာရာရ သွားခဲ့ပါတယ်..။ဒါက အနည်းငယ် နောက်ကျနေပေမယ့် လည်း အရမ်းမနောက်ကျသေးပါဘူး...။