နားမလည်တာ ရှိရင် မေးလို့ရတယ်
Vol. 27 Ch. 397
#ဘာသာပြန် = စနိုးဝှိုက်
နောက်တစ်ရက်..။
လငိးဖန် မျက်လံူးဖွင့်လိုက်တဲ့ အချိန်မှာပဲ သူ့ဘဝက ကွဲပြားခြားနားနေပြီ ဆိုတာကို ခံစားနေရပါတယ်..။သူ့မှာ တပည့်တစ်ယောက်ရှိနေပြီ ကောင်းကောင်း ပျိုးထောင်ပေးဖို့ တာဝန်ရှိပါတယ်..။
သို့ပေမယ့် မနေ့က လို့ အနေအထားကတော့ သူါအတွက် တကယ် မသင့်တော်လှပါဘူး..။သူက အသက် ၂၀ အရွယ်ပဲ ရှိသေးတာပါ.. ။သူအရင်ကလို့ မောက်မာပြီး နေထိုင်လို့ မဖြစ်တော့ပါဘူး...။ဆရာကောင်းတစ်ယောက် ဖြစ်ဖို့ လိူအပ်ပါတယ်..
သူ မျက်နှာသစ်ပြီး အဝတ်အစားလဲကာ..တိမ်ဖြူလမ်းကို ထွကိလာခဲ့လိုက်တယ်..။
သူ့ဘဝက အဆင်ပြေနေပေမယ့်..သူ့စိတ်ထဲမှာ.တော့..ဆယ်ခုမြောက် အသိပညာကိုပဲ တွေးနေမိပါတယ်...။ဒါက ပြည့်မြောက်ဖို့ ခက်ခဲနေခဲ့တာပါ..။ကြည့်ရတာ သူစိတ်ဆုံးဖြတ်ပြီး နည်းလမ်းတစ်ခုကို တွေးမှ ရတော့မယ့်ပုံပါပဲ..။
လူလိမ် ထျန် ပြောလိုက်တယ်..။
"ဒီနေ့လူတွေ ပိုများနေတာပဲ..။ငါတို့ ပန်ကိတ် အကန့်အသတ်ကို ပိုပြီး တိူးသင့်လား..."
လင်းဖန် ထိုင်နေရင်း တည်ငြိမ်စွာ ပြန်ဖြေလိုက်တယ်..။
"ဟင်အင်...တစ်နေ့ကို ဆယ်လုံးပဲ..."
လူလိမ်ထျန် ခေါင်းကို အကူညီမဲ့စွာ ခါယမ်းလိုက်ပါတယ်..။
"မင်းက..ပိုက်ဆံတွေကို..ငြင်းပယ်ချင်နေတာပဲ.."
ဒီဲီနေ့ကစပြီး လင်းဖန်ရဲ့ အဓိက အလုပ်က..ပန်ကိတ်ရောင်းတာ မဟုတ်တော့ပါဘူး..။သို့ပေမယ့်..သူ တိမ်ဖြူလမ်းမှာ ပန်ကိတ်မရောင်းရင်..အသက်ဝင်နေတဲ့ လေထုကို ပျက်ဆီးစေပါလိမ့်မယ်..။သူ ပန်ကိတ်ရောင်းတာကို ရပ်တန့်လိူ့မရပေ..။
ဆိုင်ရှေ့တွင် ။
လင်းဖန် နောက်ဆုံးပန်ကိတ်ကို လုပ်ပြီးသွားတဲ့ အချိန်မှာ သူ့ရှေ့က လူကို မျက်မှောင်ကျုတ်ပြီး ကြည့်လိုက်တယ်..။
"သူဌေးလေး..ကျုပ်တစ်ခုခု မှားနေလို့လား.."
သက်လတ်ပိုင်း လူကြီး ကြောင်အနေခဲ့ ပါတယ်..။သူ့ကို အကြည့်တွေနဲ့ တိုက်ခိုက်နေတဲ့ အတိုင်းပါပဲ..။
လင်းဖန် သူ့ကို ကြည့်လိုက်ပြီး..
"ဘာမှ မဟုတ်ပါဘူး..။ခင်ဗျား ကြည့်ရတာ ကျန်းမာရေး မကောင်းသလိုပဲ..ဆရာဝန်ကို သွားပြသင့်တယ်.."
သက်လတ်ပိုင်းလူကြီး ပြောလိုက်တယ်..။
"သူဌေးလေး ကျုပ်က ကျန်းမာပါတယ်..။ဘယ်လိုလုပ် ပြသနာ ရှိနိုင်မှာလဲ
လင်းဖန် ခေါင်းခါယမ်းလိုက်တယ်..။
"ဒီပန်ကိတ်ကို ကြည့် အထဲမှာ ဆီတွေပါပြီး..အပြင်ပိုင်းက မကြွပ်ရွသေးဘူး..။ဒါပေမဲ့ ကျုပ်ကြာကြာထားလိုက်ရင် အပြင်ပိုင်းပါ ကျက်သွားလိမ့်မယ်..။ဒီသဘောပဲ ခင်ဗျား ခန္တာကိုယ်ထဲမှာ တစ်ခုခုဖြစ်နေတာ ခင်ဗျား မခံစားရဘူး..ခံစားရတဲ့ အချိန်ပျရင် နောက်ကျသွား လိမ့်မယ်...။ကျုပ်ကို ယုံကြည်ပြီးသာ..ဆေးရုံသွားလိုက်..။ခင်ဗျားက အသက်ကြှီးလာတောါ မကြာမခနတောင် ဆေးစစ်သင့်တယ်လေ.."
သက်လတ်ပိုင်းလူကြှီး ခေါင်းညိမ့်လိုက်တယ်.။ယ
"ကောင်းပြီလေ..သူဌေးလေး အကြံဥာဏ်ပေးနေမှတော့ အားတဲ့ အချိန်..ဖုန်းဆက်လိုက်ပါ့မယ်..."
"ဒီမှာ ခင်ဗျားရဲ့ ပန်ကိတ်က..ပြီးသွားပြီ.."
လင်းဖန် မျက်နှာကို ြမင်တာနဲ့ အရာရာတိုင်းကို ပြောနိုင်ပါတယ်..။ဘာပဲ ဖြစ်ဖြစ် ဒီကာစတန်မာက အသက်ကြီးနေပြီ ဖြစ်ပြီး..သူမြင်တာနဲ့..ဘာလုပ်ရမလဲ ဆိုတာ လမ်းညွှန်ပေးခဲ့တာပါ..။
လင်းဖန် ပန်ကိတ်တွေလုပ်ပြီးတဲ့ အချိန်မှာ ဆိုင်ထဲမှာ လဲလျောင်းပြီ စွယ်စုံကျမ်းကို စစ်ဆေးနေခဲ့တယ်..။သူ..နမ်ရှန်း ဂေဟာက..ကလေးတွေအတွက် သင်ကြားပေးဖို့ အသိပညာတစ်ခုခု ရှာမှရမှာပါ..။
ဒါပေမဲ့ ကလေးတွေ ဘာကြိုက်တာလဲ...
ပန်ချီလား...စာရေးတာလား...
သူကလေးတွေ သဘောကျနိုင်မယ် အရာရာတိုင်းကို စဥ်းစားနေခဲ့ပါတယ်..။သို့ပေမယ့် ပိုပြီး အရေးကြီးတာက.သူ စာသင်မယ့် လူတွေ ငှားပြီး..ကလေးတွေအတွက် အခန်းတွေ ဖွဲ့ဖို့ လိုအပ်နေတာပါ..။
ဒီအရာတွေက ပြသနာ မရှိပဲ..အဓိက ပြသနာက စေတနာ ကောင်းတဲ့ ဆရာတွေကို ငှားရမ်းဖို့ပါ..။ပုံမှန်အားဖြင့်..ဒီလို မသန်စွမ်းဂေဟာမှာ..ဘယ်လူက မှ ဆရာမလုပ်ချင်ကြပါဘူး..။ဒုတိယ အချက်က သူတို့ ဒီမှာလုပ်လို့ ဘဝအတွကိ အာမခံချက်ပေးနိုင်တဲ့ ဝင်ငွေ ရမလား ဆိုတာ မသိနိုင်ပေ..။
သို့ပေမယ့် ကလေးတွေက ငယ်သေးတော့..ကလေးတွေကို သင့်မယ် ဆရာ ရှာရတာ ခက်တော့မခက်ခဲပါဘူး..။ကလေးတွေ ကြီးလာမှ သူထပ်ပြီး စိတ်ပူရမှာပါ..။
အချိန်အကြာကြီး စဥ္းစားအပြီးမှာ သူကလေးတွေကို ပန်ချီပညာသင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်..။
ဒီကလေးတွေ ရိုးရာပန်ချီပညာ ကို သင်ကြားကြရမှာပါ..။
သို့ပေမယ့် သူ လိုအပ်တဲ့ စွယ်စုံအမှတ်ကို မြင်တဲ့ အချိန်မှာ ဆွံ့အသွားခဲ့တယ်..။
ဒီ အနုပညာ အခန်းက..အခန်းသေးလေး ဖြစ်ပြီး..ပုံဆွဲနည်း အမျိူးမျိူး ပါဝင်ပါတယ်..။ဒါပေမဲ့ လိုအပ်ချက်ကတော့..စွယ်စုံအမှတ် ၁၅၀ ပါ..။
ဒါက သူ့ရဲ့ စွယ်စုံအမှတ် အကုန်ပါပဲ..။
သို့ပေမယ့် ကလေးတွေ ရဲ့ ပညာရေး အတွက်ဆိုတော့..ဒါက ထိုက်တန်တယ်လို့ ပြောလိူ့ရပါတယ်..။
သူ လဲလှယ်ဖို့ ဆုံးဖြတ်လိုက်တယ်။
"စွယ်စုံ အမှတ် ၁၅၀ အတွက်..တရုတ် ပန်ချီပညာ.."
လင်းဖန် မျက်လံူးမှိတ်လိုက်ပြီ သူ့လက်ချောင်းလေးတွေ အနည်းငယ်လှုပ်သွားခဲ့ပါတယ်..။ယင်းနောက်..သူ ပုံမှန်ဖြစ်သွားပြီး..မျက်လုံးပြန်ဖွင့်ကာပြုံးနေခဲ့တယ်..။
"ကျောက်ကျန်းယန်.. ငါနဲ့ ပစ္စည်းဝယ်ဖို့ လိုက်ခဲ့ပါဦး.."
လင်းဖန် မတ်တတ်ထရပ်ပြီး ပြောလိုက်တာပါ..။သူလုံးဝတွေဝေမနေခဲ့ပေ..။
"ဘာဝယ်မလို့လဲ.."
ကျောက်ကျန်းယန် ယဥ်ကျေးစွာ မေးလိုကိတယ်..။
"ကလေး ဂေဟာ အတွက် လိုအပ်တဲ့ ပစ္စည်းတွေ.."
သူ ရယ်မောလိုကိတယ်.။ကလေးတွေကို သင်ပြဖို့ သူမစောင့်နိုင်တော့ပါဘူး..။
သူတို့ .မနက်ပိုငိးမှာ စျေးသွားဝယ်လိုက်ကြပြီး..ကားတစ်စီးလုံး ပြည့်နှက်သွားခဲ့ပါတယ်..။ေကျာက်ကျန်းယန်ကတေည့ အံ့ဩသင့်နေခဲ့ပါပြီ..။
သူဘာလုပ်မလို့တုန်း....
သူတို့ ဂေဟာကို ရောက်တဲ့ အချိန်မှာ ဒါရိုက်တာ ဟောင်လည်း အံ့ဩနေခဲ့တယ်..။မာစတာလင်း..အမုပညာသင်ပေးမယ် ပြောတော့ သူမယုံတောင် မာုံကြည်နိုင်ခဲ့ပါဘူး..။
သို့ပေမယ့် ကလေးတွေ ပျော်စရာ အချိန်ရတယ်လို့သာ သူမတွေးလိုက်ပါတယ်...။ဘာပဲဖြစ်ဖြစ် ဒါက သူတို့ရဲ့ တိုးတက်မူကို မြန်ဆန်စေမှာပါ..။ပန်ချီဆွဲတယ် ဆိုတာက စိတ်ငြိမ်စေပါတယ်. ။
လင်းဖန်ကတော့ စွယ်စုံ အမှတ် ၁၅၀ ကို ဂရုမစိုက်ပါဘူး..။သူ ဒီအမှတ်တွေကို ဖြည်းဖြည်းချင်းပြန်ရှာလို့ရပါတယ်..။
နောက်တစ်ရက်..။
အလုပ်ပြီးသွားတဲ့ အချိန်မှာလင်းဖန် ကျောက်ကျန်းယန်ကို..ဂေဟာ ဆီခေါ်လာခဲ့တယ်..။ကျောက်ကျန်းယန်က ငယ်ရွယ်ပြီး သွက်လက်တော့ အတော်အကူအညီရတာပါ..။
အရင်နေ့တုန်းက ဒါရိုက်တာဟောင်ဟာ ပစ္စည်းတွေကို ကလေးတွေ ဆီဝေပေးပြီးသွားပါပြီ..။သူတို့က သေချာ မထိနး်သိမ်တတ်ကြသေးပေမယ့်..သူတို့ပစ္စည်းတွေကို တော့ အကောင်းဆုံး ကာကွယ်ထားကြပါသေးတယ်..။
သူတို့ ပန်ချီသင်ရတော့မယ် ဆိုပြီး ပျော်ရွှင်နေကြတာပါ..။
မဆောက်အဦးထဲတွင်..။
လင်းဖန် စင်ပေါ်မှာမှာနေပြီး ကလေးတွေကို ကြည့်လိုက်တယ်..။ကလေးတွေ က ပြန်ကောင်းနေပြီ ဖြစ်ပေမယ့်လည်း..ဆေးပုံမှန်သောက်ဖို့ လိုအပ်ကြပါသေးတယ်..။
ကျောက်ကျန်းယန်လည် စင်ပေါ်တက်ကာ..ဖုန်းကို ထုတ်လိုက်တယ်..။ယင်းနောက်...မာစတာလင်း ကလေးတွေကို ပန်ချီဘယ်လိုစင်ပေးမလဲ ဆိုတဲ့ နာမည်နဲ့ တိုက်ရိုက်ထုတ်လွင့်လိုက်ပါတယ်..။
တိုက်ရိုက်ကြည့်ရူတဲ့ လူတွေ အကုန်လုံးကြောင်အသွားကြပါပြီ..။
"ချီူပဲ မာစတာ လင်းက ကြမ်းလှချည်လား..။သူက ကလေးတွေကို ပန်ချီသင်ပေးနေတယ်..။ပစ္စည်းတွေကို ကြည့်ရတာ သူ တရုတ်အနုပညာကို သင်တော့မှာ ထင်တယ်.."
"အံ့ဩစရာပဲ. "
"မဆိုးဘူး မဆိုးဘူး..တရုတ်အနုပညာက ကလေးတွေ ငယ်တုန်းမှာ သင်ပေးသင့်တယ်..။မာစတာ လင်းက ပန်ချီဆွဲ မကျွမ်းကျင်ရင်တောင် ကလေးတွေကို သင်ပေးဖို့တော့ လုံလောက်မှာပါ.."
"အပေါ်ကလူ ခင်ဗျားကြည့်ရတာ ..ပန်ချီပညာရှင်တစိယောက်လိုပဲ.."
"စိတ်မကောင်းပါဘူး..ငါက တရုတ်အနုပညာ အဖွဲ့အစည်းက ပုံမှန် လူအိုကြီးပါ.."
"ချီးပဲ ခင်ဗျားရဲ့စကားတွေက ..ခင်ဗျား နာမည်ထက်တောင် ကြီးကျယ်သေးတယ်."
"တာအို..ရှီဂန်..."
“…”
စာလေ့လာသည့် အခန်းဟောင်း တစ်ခုတွင်..။
လူအိုကြီး တစ်ယောက်ဟာ ကွန်ပြူတာကို ကြည့်နေခဲ့တယ်..။သူက ပန်ချီဆွဲဖို့ ပြင်ဆင်နေတာပါ..သိာ့ပေမယ့် ဒီမတိုင်ခင်..ဒီနေ့ခေတ်ကလေးတွေရဲ့ အမူအကျင့်တွေကို လိုက်ကြည့်လေ့ရှိပါတယ်..။
သူ ကျောက်ကျန်းယန်ရဲ့ တိုက်ရိုက်ထုတ်လွင့်မူကို ကြည့်လေ့ရှိပြီး..ဒီတက်ကြွနဲ့ ငနဲလေးကိုလည်း သဘောကျပါတယ်..။ယင်းနောက် မာစတာ လင်းရဲ့ အံဩစရာ အခြေအနေကြောင့် သူဆက်ကြည့်နေဖို့ဆုံးဖြတ်လိုက်တယ်..။
ပန်ချီပညာဆိုတာ အချိန်လိုအပ်တဲ့ အတွကိ မာစတာ လင်းမှာ ဒီလောက်အထိ ကျွမ်းကျင်မူ ရှိမှာ မဟုတ်ဘူးဆိုတာ သူခံစားမိပါတယ်..။သို့ပေမယ့်..သူ ကလေးတွေကို ပန်ချီသင်ပေးတာကတော့ ထောက်ပံ့ပေးရမှာပါ..အထူးသဖြင့် မသန်စွမ်း ဂေဟာ ဖြစ်နေလို့ပါပဲ..။
ပန်ချီကို ချစ်တဲ့ လူအိုကြီး :ငါရဲ့ ထောက်ခံမူကို ပြတဲ့ အနေနဲ့ ဒုံးကျည်ပို့လိုက်မယ်..။
"ငါ့မှာသာ အချိန်ရှိရင် အဲ့ကိုလာပြီး..အနုပညာရဲ့ စစ်မှန်မူကို ကလေးတွေကို လာသင်ပေး ချက်ပါသေးတယ်.."
ကျောက်ကျန်းယန် ဖုန်းကို လင်းဖန်ဆီပြလိုက်တဲ့ အချိန်မှာ လင်းဖန် ပြုံးလိုက်ပြီး..
"ဒုံးကျည်အတွက် ကျေးဇူးပါ မာစတာ..။အားတဲ့အချိန်ကျရင် နမ်ရှန်း ကလေးဂေဟာမှာ ပန်ချီ လာသင်ကြားပေးဖို့ ဖိတ်ခေါ်ပါရစေ..။ဒီတစ်ခေါက်တော့ ကျွန်တော် အရှက်ရစရာ ဖြစ်တော့မယ်. ."
ပန်ချီကို ချစ်တဲ့ လူအိုကြီး. :အဆင်ပြေပါတယ် ကလေးတွေ ပန်ချီဆွဲတာ ကောင်းတဲ့ အလုပ်ပဲ..။ငါ ထောက်ပံ့ပေးမယ်..အနာဂတ်မှာ မသိတဲ့ မေးခွန်းတွေ ရှိရင်..သီးသန့်စာပို့လိုက် ငါမင်းကို သေချာ ရှင်းပြပေးမယ်.။
လင်းဖန် ပြုံူလိုက်ပြီး :: ကျေးဇူးပါ..။
ကလေးတွေအော်လိုက်ပါတယ်..။
"ဆရာ..သားတို့ ပန်ချီ ဆွဲချငိနေပြီ.."
လင်းဖန် ရယ်မောလိုက်တယ်..။တစ်ချို့ကလေးတွေက ချွတ်ယွင်းနေကြပေမယ့်..ပန်ချီဆွဲဖို့ လက်တော့ ရှိကြပါသေးတယ်..။
"ကောင်းပြီး..ဆရာအရင်ဆုံးဆွဲပြမယ်..။အနီးကပ်ကြည့်ထားကြနော်..။ဟုတ်ပြီလား..."
လင်းဖန်ပြောလိုက်တာပါ..။
"ဟုတ်ကဲ့..."