ဒါ..ဒါက....
Vol. 27 Ch. 398
#ဘာသာပြန် = စနိုးဝှိုက်
ကျောက်ကျန်းယန် လင်းဖန်ကို တီးတိုးပြောလိုက်တယ်.။
"အစ်ကို လင်း..တကယ်ဆွဲတတ်တယ် မလား..."
လင်းဖန်ပြုံးလိုက်ပြီး..
"နည်းနည်းပါးပါးပါ..."
"ပြောပြီးသားပဲ..အစ်ကိုသာ ပန်ချီဆွဲတာကိုပါ ကျွမ်းနေရင် အတော်ကြောက်ဖို့ ကောင်းမှာ..."
ကျောကိကျန်းယန် ပြောလိုက်တာပါ..။မာစတာ
လင်း အနုပညာအကြောင်း သိပ်မသိဘူး ဆိုတာ သူနားလည်နိုင်ပါတယ်..။
လူတစ်ယောက်က..ဘယ်လောက်တောင် ကျွမ်းကျင်နိုင်မှာလဲ....
ကလေးတွေဟာ ငြိမ်သက်နေတဲ့ အတွက် လင်းဖန်မေးလိုက်ပါတယ်..။
"ဘာပုံဆွဲပြစေချင်သလဲ..."
အခုမှ ကျန်းမာရေး ပြန်ကောင်းလာတဲ့ ဖက်တီးလီလေးဟာ...နှာခေါငိးက နှတ်တွေကို သုတ်လိုကိပြီး လျှင်မြန်စွာ ဖြေလိုက်ပါတယ်..။
"စွမ်းအင် လူသား..."
"စွမ်းအင်လူသားမကောင်းဘူး..သားက ကျား ဆွဲတာ ကြည့်ချင်တယ်.."
"သားက တောင် တွေ ဆွဲတာ ကြည့်ချင်တယ်."
"သမီးက ပင်လယ်ဆွဲတာ ကြည့်ချင်တယ်..."
ကလေးတွေဟာ စတင်ပြီး ငြင်းခုန်လိုကိကြတယ်..။သူတို့ ဆွဲစေချင်တဲ့ ပုံကို အော်ဟစ်နေကြတာပါ..။
တိုက်ရိုက်ထုတ်လွင့်မူထဲက လူတွေဟာ ဒါကို မြင်ပြီး ရယ်မောလိုက်ကြပါတယ်..။
"ဟားး.ဟား..မာစတာလင်းတော့ အခက်တွေ့နေပြီ..။ကလေးတွေရဲ့ တောငိးဆိုမူကြောင့် သူအရှက်ရတော့မယ်.."
"မာစတာ လင်း ဘယ်လို ဆွဲမလဲ ငါသိချင်မိတယ်..။ငါထင်တာတော့ သူ သိပ်မဆွဲ တတ်လောက်ဘူး.."
"ငါလည်း အဲလို ထင်တာပဲ..။ဘာပဲဖြစ်ဖြစ် သူက လူကောင်းတစ်ယောက်ပဲလေ..။ဒီနေ့ခေတ်မှာ သူ့လို လုပ်နိုင်တဲ့ လူဆိုတာ ရှားသွားပြီ.."
လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး...
"ကောင်းပြီ ကောင်းပြှီ..မင်းတို့က အများကြီး တောင်းဆိုနေကြတာပဲ..။အကုန်လုံးကို လိုက်ဆွဲပေးလို့မရဘူးလေ..။ငါဆွဲချင်တာပဲ ဆွဲတော့မယ်.."
သူပစ္စည်းတွေကို စားပွဲပေါ်တင်လိုက်တယ်..။
လငိးဖန် ခဲတံ တစ်ချောင်းကို ယူလိုက်ပြီး...
"တရုတ် ယဥ်ကျေးမူ အနုပညာ ဆိုတာ နှစ်ပေါင်းများစွာက တည်ရှိခဲ့ပြီး..ခေတ်တွေ အများကြီးကို ဖြတ်သန်းခဲ့တယ်..။ဒီကြားထဲမှာ ကျော်ကြားတဲ့..ပန်ချီဆရာတွေ အများကြီး ရှိခဲ့တယ်..။လူတွေက ..လူသားတွေ..သဘာဝမြင်ကွင်းတွေ...ပန်းပွင့်တွေ..တိရစ္ဆာန်တွေကို ဆွဲခဲ့ကြတယ်..။ဒီနေ့မှာ ဒါေတွကို အကုန်ပေါင်းပြီး တစ်ခုခု ကောင်းတာ ဆွဲပြမယ် ဟုတ်ပြီလား..."
"ဟုတ်.."
ကလေးတွေ ပျော်ရွှင်စွာ ဖြေလိုက်ကြတာပါ...။
တိုက်ရိုက်ထုတ်လွင့်မူထဲတွင်...။
"666 မာစတာ လင်း..အိမ်စာလုပ်လာတဲ့ ပုံပဲ..။သူ ယုံကြည်မူရှိရှိပြောနေတယ်..."
"ဲဒီသုံးခုကို ပေါင်ပြီးဆွဲရင်တော့ တော်တော်ကို ကောင်းမွန်မှာပဲ..။မာစတာ လင်း ဘာဆွဲမလဲ စောင့်ကြည့်လိုက်ရအောင်..."
"ငါလည်း မာစတာ လင်း ဘာဆွဲမလဲ သိချင်နေပြီ.."
ပန်ချီကို ချစ်တဲ့ လူအိုကြီး : မာစတာ လင်း ဒါက ခက်ခဲလိမ့်မယ်နော်...။ကျုပ် ဘဝတစ်လျောက်လုံး သဘာဝ အလှရေးဆွဲနည်းကို လေ့လာနေတာ..လူပုံစံ..ပန်းပင်တွေ ပုံစံ နဲ့ တိရစ္ဆာန် ပုံစံတွေကို တစ်ခုမှ မဆွဲတတ်ဘူး..။ဒီနေ့ခေတ် အတော်ဆုံးမာစတာ တောငိ နှစ်မျိုးလောက်ပဲ ကျွမ်းကျင်တာ..။သုံးခု ပေါင်းဆွဲဖို့ ဆိုတာက မဖြစ်နိုင်သလောက်ပဲ..."
"အပေါ်က မာစတာ ပြောတာကို ဘောတူတယ်.."
"ငါ ပန်ချီအကြောင်း မသိပေမယ့်...အမျိုးအစားတစ်ခု ကို ကျွမ်းကျင်ဖို့ ဆိုတာက ဖြစ်နိုင်တယ်..နှစ်မျိုးဆိုရင် ခက်ခဲသွားပြီ ဆိုတာတော့..သိတယ်.."
"မင်းတို့ ရူးနေကြပြီလား..။မာစတာ လငိးက အပျော်ဆွဲနေတာလေ..။ဘာတွေကို လေးလေးနက်နက် ဆွေးနွေးနေကြတာတုန်း..."
ယင်းနောက် လင်းဖန် ဆက်ပြောလိုက်တယ်..။
"အနုပညာမှာ လိုက်နာရမယ့် နည်းလမ်းတွေရှိတယ်..။ငါတို့လည်း ဒါကို လိုက်နာရမယ်..။အကုန်လုံးမှတ်ထားကြရမယ်နော်..."
"ပန်ချီ ဆွဲစားတော့မယ် ဆိုရင် အခြေခံကောင်းကို ပိုင်ဆိုင်နိုင်မှရမယ်..။အချက်သုံးချက်နဲ့ စတင်လိုက်..။ပုံမှန် အရာတွေကိုစပြီးဆွဲ...မှင်ကို အနည်းငယ်သာအသုံးပြု..။အရောင်က သင့်တင့်မူ ဖြစ်နေရမယ်နော်.။အနီးရောင် နဲ့ အစိမ်းရောင်ကို စိုပြေနေအောင် လုပ်ရမယ်.."
လငိးဖန် စတင်ပြီး ဆွဲနေခဲ့တယ်..။သူ ကောင်းကောင်းမွန်မွန်ဆွဲနေပြီး သူဆွဲ့မယ့် အရာကို သူသိနေတဲ့ ပုံပါပဲ...။သူ့မှာ စွယ်စုံကျမ်း အသိပဘာရှိတောါ သူအလိုရှိတဲ့ အရာကို ဆွဲလို့ရပါတယ်..။
တိုက်ရိုက်ထုတ်လွင့်မူထဲက..လူအုပိကြီးဟာ ကြောင်အနေကြပါတယ်..။
"ချီးပဲ သူက ပရော်ဖက်ရှင်နယ်လို့ ပြောနေပါလား..။ဒါပေမဲ့ သူ့ရဲ့ နည်းစနစ် တွေကို ငါတစ်ခါမှ မကြားဖူးဘူးနော်.."
"မင်းက အနုပညာကိုမှ မသိတာ..ဒါကို ဘယ်ကြားဖူးမလဲ..။ငါ အင်တာနက်ပေါ်ရှာကြည့်ပေမယ့်လည်း.မတွေ့ခဲ့ဘူး..။ဒါက သူ့ကိုယ်ပိုင် နည်းလမ်းထင်တယ်.."
"မာစတာ ..တာအို ရှိသေးလဟး...ဒီအဓိပ္ပါယ်ကို တစ်ခုခုပြောပါဦး."
ယင်းနောက်..ပန်ချီကို ချစ်တဲ့ လူအိုကြီးဟာ အတွေူနက်နေခဲ့ပါတယ်..။လင်းဖန် ရဲ့ နည်းလမ်းကို ကြားတဲ့အချိန်မှာ သူ အနည်းငယ် အံ့ဩသွားခဲ့တယ်..။ဒါက ပုံမှန်မဟုတ်ပေမယ့်..ရှင်းလင်းပြီး နားလည်ဖို့လွယ်ကူပါတယ်..။
ဒါက မယုံနိုင်စရာပါပဲ..။
သူ မာစတာလင်း ဆွဲနေတာကို ကြည့်တဲ့ အချိန်မှာ..သူ အံ့ဩသွားခဲ့ပါတယ်..။ဘာဆွဲနေလဲ ဆိုတာ သူ မပြောနိုင်ပေမယ့်လည်း ပြန်ဖြေလိုက်ပါသေးတယ်..။
"မာစတာလငိး ပြောတဲ့ နည်းပညာကို ငါမကြားဖူးဘူး .။ဒါပေမဲ့ ဒါက ရှင်းလင်းပြီး နားလည်ရလွယ်ကူတယ်..။ဒါက စပြီးသင်တဲ့လူတွေ အတွက် အထောက်အကူဖြစ်စေတယ် လို့တော့ ငါပြောနိုင်တယ်..။ဒီဟာ ကို မင်းတို့ တရုတ်အနုပညာ စပြီး လေ့လာတော့မယ် ဆိုရင် ကျိန်းသေ မှတ်သားထားသင့်တယ်..။ဒါက တကယ့် အသိပညာကောင်း ပဲ..."
မာစတာ တာအို ပြောလိုက်တာပါ..။
"ချီးပဲ..မာစတာ လင်း ဒါတွေပါ သိနေလိမ့်မယ် ခို့ မထက်ထားခဲ့ဘူး..."
"မာစတာ တာအို..မာစတာလင်းက ဘာကို ဆွဲနေတာလို့ ထင်လဲ.."
တာအို ရှိီဂန် ပြောလိုကိတယ်..။
"အခုတော့ မပြောနိုင်သေးဘူး..။ဒါပေမဲ့ သူဆွဲနေတာ ပုံမှန်မဟုတ်ဘူး..။ကျွမ်းကျင်သူတွေက ပန်ချီဆွဲရင် ခဲတံကို သူတို့ရဲ့ အတွင်းလက်နှစ်ချောငိးနဲ့ ကိုင်လေ့ ရှိကြတယ်. ။အလယ်လက်ချောင်းက ခဲတံကို လှုပ်ရှားရာမှာ ထိ်မ်းကွပ်ဖို့ပဲ..။အတွင်းလက်နှစ်ချောင်းနဲ့...အလယ်လက်က လိုသလိုအားထည့်လို့ရတယ်လေ.."
"ပြောသွားတာ ဆရာကျလွန်းတယ်..တကယ့်ကို စစ်မှန်တဲ့ မာစတာပဲ.. , မာစတာ တာအို.."
"မာစတာ လင်း.ဆွဲတာ နည်းနည်း ထုးဆန်းနေသလိုပဲ သူက လက်တွေကို အားထည့်လွန်းတယ်..."
"ဆွေးနွေးတာတွေ ရပ်လိုက်တော့ မာစတာ လင်းက ကျွမ်းကျင်သူ မဟုတ်ဘူးလေ..။သူက ကလေးတွေကို သင်ပေးနေတာ..။ဒါက ကောင်းတဲ့ အလုပ်ပဲ သူ ဆွဲပြီးတဲ့ အထိစောင့်ရအောင်.."
"သူ ဆွဲတာ အရမ်းမြန်တယ်နော်..ပရိုအဆင်လို့ပဲ.."
"ဘာပဲဖြစ်ဖြစ် ငါမာစတာလငိးကို အမှတ်ပြည့်ပေးတယ်.."
…
ယင်းနောက် လင်းဖန်ဟာ.ပိုကောင်းကောငိးနဲ့ မြန်မြန် ဆွဲနေခဲ့ ပါတယ်..။ဆွဲရမယ့် အရာတွေကတော့ သူစိတ်ထဲမှာ ရှိနေပြီးသားပါ.။
တာအို ရှီဂန်ဟာ တိုက်ရိုက်ထုတ်လွင့်မူကို ကြည့်ပြီး မာစတာ လင်း ပြီးတဲ့ အထိစောင့်ကြည့်နေခဲ့ ပါတယ်..။အဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်ဟာ တံခါး ခေါက်လာခဲ့တယ်..။
"ဝင်ခဲ့ပါ.."
ဘယ်သူလဲ မြင်တဲ့ အချိန်မှာ တာအို ရှီဂန် ပြုံးလိုက်ပြီး..
"ဘယ်လို ရောက်လာတာလဲ အစ်ကို ယွဲ့..."
အစ်ကို ယွဲ့ဆိုတာ..ယွဲ့ချီဂျုရှီ ဖြစ်ပြီး ဒါက သူ့ရဲ့ အနုပညာ နာမည်ပါ..။သူက ပန်းပွင့်တွေနဲ့..တိရစ္ဆာန်တွေ ဆွဲတဲ့နေရာမှာ အရမ်းထူးချွန်ပြီး..ဒီနိုင်ငံမှာ အတော်ဆုံးလို့တောင် သတ်မှတ်လို့ရပါတယ်...။
"အစ်ကို တာအို..ဘာတွေ လုပ်နေတာလဲ.."
တာအိုရှိီဂန် ပြုံးလိုက်တယ်..။
"ပန်ချီမဆွဲခင်..တိုက်ရိုက်ထုတ်လွင့်မူ ကြည့်နေတာလေ..။ဒီမှာ ကောင်လေးတစ်ယောက်ကပါ ပန်ချီဆွဲနေတာနဲ့ စိတ်ဝင်စားလို့ ကြည့်နေလိုက်တာ..။ဒီကို တစ်ခုခု ရိတ်သိမ်းဖို့ လာခဲ့တာ မလား.."
ယွဲ့ချီဂျုရှိ ရယ်လိုက်ပြီး...
"ဟားဟား..အစ်ကို တာအို ရဲ့ ခန့်မှန်း ချက်ကနေ ပြေးလို့ မလွတ်ဘူးပဲ..။ဒါက ဒီလိုပါ..ကျွန်တော် အနုပညာ ပြပွဲ လုပ်ချင်တာ..ဒါပေမဲ့ အနုပညာ လက်ရာ လုံလုံလောက်လောက် မရှိဘူးလေ..။ဒါကြောင့် အစ်ကို တာအို ဆီက နည်းနည်း ငှားမလားလို့..."
"ဟားဟား..ကောင်းပြီ ကောင်းပြီ.."
တာအို ရှိီဂန် ရယ်မောလိုက်တယ်..။သူတို့လို အနုပညာရှငိတွေက..တစ်ခြားလူတွေရဲ့ အနုပညာလက်ရာကို တောင်းလေ့ရှိကြပါတယ်..။တစ်ချို့လူတွေဆို ကြိုတင်ပြီးတောင် ဒေါလာ ထောင်ပေါင်းများစွာ နဲ့ အော်ဒါတင်ကြတာပါ..။ပိုပြီး ကြီးမားတဲ့ အနုပညာ လက်ရာဆိုရင်..ဒေါ်လာ သန်းချီပြီးတောင် ကုနိကျပါသေးတယ်..။
သူတို့လို အနုပညာရှင်တွေက ပိုက်ဆံ မရှားကြပါဘူး..။ယွဲ့ချီဂျုရှိီ စိုးရိမ်တဲ့ တစ်ခုတည်းသော အရာက..သူ့ရဲ့ အနုပညာပြပွဲမှာ အနုပညာ လက်ရာတွေ မလုံလောက်မှာကို ပါ..။ဒါကြောင့် သူ့ သူငယ်ချင်းဆီကို အကူညီ လာတောငိးတာပါ..။
တာအိုရှိီဂန် တိုက်ရိုက်ထုတ်လွင့်မူကို မေ့နေပြီး..သူ့ သူငယ်ချင်းနဲ့ သာအနုပညာအကြောင်း ဆွေးနွေး နေခဲ့ ပါတယ်..။
အတော်ကြာပြီးနောက်..။
တာအို ရှီဂန် ..တစ်ခုခုကို သတိရမိပြီး ပြောလိုက်တယ်..။
"အစ်ကိုယွဲ့..တိုက်ရိုက်ထုတ်လွင့်နေတဲ့ ကောင်လေးက စိတ်ဝင်စားဖို့ ကောင်းတယ်..။သူရဲ့ နည်းပညာက ထူးခြားလို့ ကြားလို်က်တာနဲ့ တကယ်ကောင်းမွန်တယ် ဆိုတာ တန်းသိလိုက်တယ်..။ဒီမှာကြည့်..ပြမယ်...."
ယွဲ့ချီဂျုရှိ ကြောင်အသွားခဲ့တယ်..။
"တကယ်လား..ဒီလိူ လူငယ်မျိုးလဲ ရှိသေးတာလား.."
တာအို ရှီဂန် ပြုံးရင်းကနေ..စခရင် ဘက်ကို ကြည့်လိုက်ပါတယ်..။ယင်းနောက် သူမြင်လိုက်တဲ့ အရာကို ကြည့်ပြီး ကြောင်အသွားခဲ့ပါပြီ..။
ဒါက စခရင်မှာ သရဲတစ်ကောင် မြင်လိုက်ရတဲ့ အတိုင်းပါပဲ..။
"ဒါ...ဒါက...."