← Chapters

အကုန်ပျော်ရွှင်နေသ၍

Vol. 27 Ch. 399

အကုန်ပျော်ရွှင်နေသ၍

Vol. 27 Ch. 399

#ဘာသာပြန် = စနိုးဝှိုက်

"အစ်ကို တာအို ဘာဖြစ်လို့လဲ.."

ယွဲ့ချီဂျုရှိ ဟာ တာအို ရှီဂန် ကြောင်အနေတာ မြင်ပြီး မေးလိုက်တာပါ..။ဘာဖြစ်နေမှန်း သူမသိပါဘူး..။ယင်းနောက် သူ တိုက်ရိုက်ထုတ်လွင့်မူကို ကြည့်လိုက်တယ်..။

သူ ကွန်ပြူတာ ပေါ်မှာ..အကောင်းဆုံး..လက်ရာတစ်ခုကိုပဲ မြင်လိုက်ပါတယ်..။

ဒါက ပုံမှန် အနုပညာ လက်ရာတစ်ခု မဟုတ်ပါဘူး..။ဒါက လက်ရာအစုံကို အတူတကွ ဆွဲထားတာပါ..။ဒီမှာ..လူသားတွေ..သဘာဝလက်ရာတွေ..ပန်းပင်တွေ..တိရစ္ဆာန်တွေအစုံ ပါဝင်ပါတယ်..။ဒီလေးမျိုးကို..လှလှပပ ပေါင်းစပ်ထားတာ ပါ..။

ဒါက..စွမ်းအားပြည့်ပြီး..လှပတဲ့..ပုံတစ်ပုံပါပဲ..။တစ်ချက်ကြည့်ရုံနဲ့ ဘယ်လောက်ထိုက်တန်မှန်း သိရပါတယ်...။

လင်ဖန် ဘောပင်ကို..ဘေးနားမှာ ထားလိုက်တယ်..။

"အခြေအနေ ဘယ်လိုလဲ..။ကလေးတို့ သဘောကျရဲ့လား.."

ကျောက်ကျန်းယန် မယုံကြည်နိုင်စွာ ကြည့်နေခဲ့တယ်..။သူ အနုပညာကို နားးလည်ပေမယ့်လည်း..အကန်းတစ်ယောက်တော့ မဟုတ်ပါဘူး..။

ဒီ ပုံက လှပလာာား မလှပ ဘူးလား ဆိုတာကိုတော့ မြင်နိုင်ပါသေးတယ်..။ယင်းနောက် သူ လင်းဖန်ကို အံ့ဩစွာ ကြည့်လိုက်ပြီး...

"အစ်ကို လင်း နောက်နေတာလား..."

သူ တကယ် အံ့ဩနေခဲ့ ပါပြီ..။သူ လင်းဖန် ရဲ့ ပန်ချီပညာကို မြင်လိုက်တဲ့ အချိန်မှာ အတော်ကို အံ့ဩခဲ့ရပါတယ်..။ထပ်ပြောရရင်...သူက တိမ်ဖြူလမ်းမှာ အစ်ကိုလင်းနဲ့ အတူ နေပြီး..တိုက်ရိုက်ထုတ်လွင့်မူတွေ လည်း များစွာ လုပ်ခဲ့ပါတယ်..။သို့ပေမယ့် အစ်ကို လင်း ပန်ချီဆွဲတာကိုတော့ တစ်ခါမှ မမြင်ခဲ့ဘူးပေ..။

တိုက်ရိုက်ထုတ်လွင့်မူထဲက..လူတွေလည်း ကြောင်အနေခဲ့ပါပြီ..။ခနအကြာမှာပဲ..ဆွေးနွေးမူတွေ စတင်လိုက်ကြတယ်..။

"ချီးပဲ..ချီးပဲ...ချီးပဲ..ကမ္ဘာကြီး ရူးသွပ်သွားတာလား..."

"ငါ ဘာလို့ ကြည့်နေရတာလဲ..။ဘာတွေ ဖြစ်နေတာလဲ ပြောပြကြစမ်းပါ..."

"မဖြစ်နိုင်တာ..ငါတို့ အချင်းချင်း ဆွေးနွေးနေတုန်းမှာ...ရုတ်တရက်ကြီး ဒီပုံထွက်လာတာ ပဲလေ.."

"မာစတာ လင်းက အရမ်းအံ့ဩဖို့ ကောင်းတာပဲ...ဒီပန်ချီက အတော်ကို တန်ဖိုးရှိလိမ့်မယ်.."

"ငါ အနုပညာ အကြောင်းသိပ်မသိပေမယ့်..ဒီတစ်ခုက အတော်လှပတယ် ဆိုတာတော့ သိတယ်.."

"မာစတာ..တာအို ..ဒီမှာ ရှိလား တစ်ခုခုပြောပါဦး.."

"ဟုတ်တယ်..ဒီပုံက အတော်လှပပေမယ့်..မာစတာ တာအိုလို ပရိုအဆင့်ကပဲ..ဒီလိုအနုပညာကို သေချာ..ခန့်မှန်းနိုင်မှာလေ.."

…

တိုက်ရိုက်ထုတ်လွင့်မူ ထဲက လူတွေ မယုံကြည်နိုင် ဖြစ်နေကြပါပြီ..။ဒီပုံကို..မာစတာ လငိးဆွဲထားတာ ဖြစ်ပြီး..ပုံစဆွဲကတည်းက..သူတို့ မျက်လုံးနဲ့ မြင်ထားကြတာပါ..။

ရုတ်တရက်..အကုန်လုံးဟာ..ဝိုင်းပြီး လှူဒါန်းလာခဲ့ကြတယ်..။

ပန်ချီကို ချစ်တဲ့ လူအိုကြီး :: ဒုံးကျည် အခု ၅၀..။ငါ ဒီ ပန်ချီကားချပ်ကို အတော်အံ့ဩရတယ်..။မာစတာ လင်း ဒီလောက်အထိ တော်မှန်း မသိခဲ့ဘူး..ငါတောင်မှ သူ့ဆီက သင်ရမယ် ထင်တယ်..။ငါ မှားသွားခဲ့တယ်..။

လှူးဒါန်းမူ ​အပြီး ပြောတဲ့ စကားက အကုန်လုံးကို ဆွံ့အစေခဲ့ပါတယ်..။လင်းဖန်က မာစတာ တစ်ယောက်ရဲ့ ချီးကျုးမူကို ခံခဲ့ရတာပါ...။မာစတာ တောင်မှ..ဒီပုံထွက်လာမယ် လို့ မထင်ထားခဲ့ပါဘူး..။

စာကြည့်ခန်းထဲတွင်..။

ယွဲ့ချီဂျုရှိီ ဟာ ကွန်ပြူတာကို အနီးကပ်ကြည့်နေခဲ့တယ်..။သူ မယုံကြည်နိုင်စွာ ဖြင့်...

"ဒါက မယုံနိုင်စရာ ပဲ..။ဒီမှာ အမျိုးအစား ပေါင်းစုံ ပေါင်းစပ်ထားပြီး..သူ့ခံစားချက်တွေကို ထည့်သွင်းရေးဆွဲထားတာ..။ခဲတံ ဆိုတာက သူ့ခံစားချက်ကို ဖော်ပြမယ့် လက်နက်ပဲ..။ကားချပ်တစ်ခုလုံးက ရှင်းလင်းပြီး လှပနေတယ်.."

တာအို ရှိီဂန် လည်း အနုပညာလက်ရာကို ကြည့်ပြီး..မျက်လုံးနဲ့ မခွာနိုင်တော့ ပါဘူး..။သူ ဒီ ပန်ချီ လက်ရာကြောင့် အံ့ဩနေခဲ့ ရပါပြီ..။

ဒီလူငယ် ကောင်လေး ဒီလောက်အထိ ဆွဲတတ်နေလိမ့်မယ် လို့ သူ မထင်ထားခဲ့ပေ..။

"အစ်ကို တာအို..ဒီပညာရှင် ဘယ်မှာနေတာလဲ ဆိုတာကို သိရဲ့လား.."

ယွဲ့ချီဂျုရှီ မေးလိုက်တာပါ..။

တာအို ရှီဂေါင် ခေါင်းညိမ့်လိုက်ပြီး...

"ရှန်ဟိုင်းက တိမ်ဖြူလမ်းမှာ..။သူက မာစတာ လင်း ပဲ...သူ့ကို သွားတွေ့ချင်လို့လား...."

ယွဲ့ချီဂျုရှီ ရယ်မောလိုက်ပြီး...

"ဟုတ်တယ်..ဒီနေ့ ဒီလို မာစတာ မျိုးကို တွေ့ခွင့်ရျာက အတော်ကို ကံကောင်းပဲ...။မနက်ဖြန် ရှန်ဟိုင်းကိုသွားပြီး သူ့ကို သွားတွေ့မယ်..။ဒီပန်ချီကားကို ကျွန်တော့်ရဲ့ ပန်ချီပြပွဲမှာ ထားထားမယ်လေ.."

"ငါမင်းနဲ့ အတူလိုက်ခဲ့မယ်.."

တာအို ရှိီဂန် ပြောလိုက်တယ်..။သူ ပန်ချီဆွဲချင်စိတ် မရှိတော့ပဲ..လင်းဖန် ဒီပန်ချီကို ဘယ်လို ဆွဲသွားလဲ ဆိုတာကိုပဲ ..တွေးနေမိပါတော့တယ်..။

သူနဲ့ နယ်ပယ်တူနဲ့ မာစတာ တစ်ပါးကို တွေ့ခွင့်ရတော့..သူ တွေ့ပြီး အနုပညာ ကို သင်ယူချင်နေတာ ထင်ရှား လှပါတယ်..။

…

နမ်ရှန်း ကလေးဂေဟာ..။

"ဟန်လု..ကလေးတွေ အမြင်ရဘူး ထင်တယ်..အနီးကပ်ယူသွား ပြလိုက်ပါဦး.."

လင်းဖန် ရယ်ပြီး ပြောလိုက်တာပါ..။

မတ်တတ်ရပ်နေတဲ့..ဟန်လု ကြောင်အသွားခဲ့တယ်..။ဒီပန်ချီကားက အရမ်းကို လှပလွန်းနေ ခဲ့တာပါ..။တစ်ချိန်တည်းမှာပဲ..သူ့စိတ်ထဲမှာမာစတာလင်းကို..ပိုပြီး လေးစားလာမိပါတယ်..။

"ဘာကြောင်ရပ်နေတာတုန်း..အမြန်လာသယ်ဦး.. "

ဟန်လု သတိပြန်ဝင်လာခဲ့ပြီး...

"လာပြီ လာပြီ..."

ကလေးတွေဟာ အနုပညာလက်ရာကို မြင်လိုက်ရတဲ့ အချိန်မှာ..စိတ်လှုပ်ရှားသွားခဲ့ကြတယ်..။

"ကြည့်..ကျားကြီး အကြီးကြီးပဲ.."

"ဒါက လင်းယုန်မလား..."

"တောင်ကြီးတွေက မြင့်လိုက်တာ... "

ပန်ချီကားတစ်ချပ်ထဲမှာ အစုံပါပြီး အတော်လည်း လှပလှပါတယ်..။

"ဆရာ..ကျားကို ကျွန်တော်ကိုင် ကြည့်လို့ရမလား.."

လီဖက်တီးလေးဟာ နှပ်တွဲလောင်နဲ့ ရှေ့တက်လာပြီး..ကြောက်လန့်စွာ မေးလိုက်တာပါ..။

တိုက်ရိုက် ထုတ်လွင့််မူ ထဲက လူတွေဟာ ကြောင်အသွားခဲ့တယ်..။

"ဘယ်လို ထိလို့ရမှာလဲ..မှင်တွေက အခုထိ မခြောက်သေးဘူးလေ.."

"ဟုတ်တယ်..ပန်ချီက အတော်ကို လှပတာ..။သူ့ကြောင့် ပျက်စီးသွားရင် ဆုံးရှုံးမူကြီးပဲ.."

တာအို ရှီဂန်လည်း ဒီလိုပဲ ခံစားမိပါတယ်..။ဒီလို ပန်ချီဆိုတာက အတော်တန်ဖိုးရှိတဲ့ အရာတစ်ခုပါ..။

နှပ်တွဲလောင်းနဲ့ ကလေးက ဘယ်လိုလုပ်သွား ကိုင်လို့ ရမှာလဲ....

တစ်ချို့ ကျော်ကြားတဲ့ ပန်ချီဆရာကြီးတွေ က သူတို့ရဲ့ ပန်ချီကို ငွေကြေးများစွာနဲ့ ရောင်းချကြပါတယ်..။ဒါက သူတို့ ရဲ့ ဂုဏ်သတင်းကျော်ဇော မူနဲ့ အဆင့်အတန်း ကြောင့်ပါ..။ဒါကြောင့်သာ တန်ဖိုးရှိကြတာဖြစ်ပြီး..သူတို့ရဲ့ ရေးဆွဲမူတွေက ကော်ပီတွေ များပါတယ်..။

သူတို့ရဲ့ ပန်ချီးကားတွေဟာ..အပြစ်မကင်းတဲ့ အတွက် သိမ်းစည်းထားဖို့တောင် မထိုက်တန်ပါဘူး..။တစ်ခြားတစ်ဖက်မှာတော့..လင်းဖန် ရဲ့..ပန်ချီကား..ဟာ..အရမ်းကို လှပလွန်းပါတယ်..။ဒါက အကောင်းဆုံး ပန်ချီကား တစ်ချပ်ဖြစ်ပြီး..အဓိပ္ပါယ်တွေနဲ့ ပြည့်ဝလှပါတယ်...။

"ကောင်းပြီလေ.."

လင်းဖန် ရယ်မောလိုက်တယ်..။သူ စိတ်အနှောက်အယှက် လုံဝ မဖြစ်ပေ..။ဒါက ပန်ချီလေး တစ်ချပ်သာ ဖြစ်ပြီး..ထိလို့မရစရာ အကြောင်း မရှိပါဘူး..။

လီဖက်တီး နှပ်ကို တစ်ချက်သုတ်လိုက်ပြီး...ပန်ချီးကားကို လက်ညိုးနဲ့ ထိကြည့်လိုက်တယ်..။ယင်းနောက် နှပ်တွေဟာ..ပန်ချီမှာ သွား ကပ်နေခဲ့ပါတယ်..။ထပ်ပြောရရင်..ပန်ချီကားပေါ်က မှင်တွေက အခုထိ ခြောက်သေးတာ မဟုတ်ပါဘူး..။ဒါကြောင့် ကျားရုပ်ပေါ်မှာ သူရဲ့ အဖြူရောင်လက်ချောင်းရာကြီး ပေါ်လာခဲ့ပါတယ်..။

"သားလည်း ထိကြည့်ချင်တယ်.."

"သားရောပဲ.."

ကလေးတွေဟာ ရှေ့ကို ပြေးတက်လာခဲ့ကြပါတယ်..။

လင်းဖန် ပန်ချီလက်ရာကို..လီဖက်တီးဆီ ကမ်းပေးလိုက်ပြီး..

"သွား ..မင်းတို့ စိတ်ကြိုက်ကိုင်ကြည့်လို့ရတယ်.."

လီဖက်တီး ပျော်ရွှင်စွာ ပြုံးလိုက်ပြီး..

"ပန်ချီက ငါ့လက်ထဲမှာ...ပန်ချီကား ရှိတယ်..။ကြည့်ချင်တဲ့ လူလိုက်ခဲ့ပေတော့.."

တိုက်ရိုက်ထုတ်လွင့်မူထဲတွင်..။

လူတိုင်းဟာ ကြောင်အနေခဲ့တယ်..။

တာအို ရှီဂန် ..အသံမက်ဆေ့ လှမ်းပို့ လိုက်ပါတယ်..။

"မထိကြနဲ့...ဒါက..တန်ဖိုးရှိတဲ့ အနုပညာ လက်ရာပဲ..။ဒေါ်လာ သန်းချိီ တန်တယ်.."

"ချီးပဲ..အဲ့ဖက်တီး လေးတော့ အရိုက်ခံရသင့်တယ်..။သူ့လက်ချောင်းလေးနဲ့ ဖျက်ဆီးလိုက်တဲ့..ပန်ချီက ဒေါ်လာ သန်းချီတန်တယ်နော်..."

"ချီးပဲ..ဒီဖက်တီးလေး ကြီးလာမှ နောင်တ ရလိမ့်မယ် သူ့လက်ချောင်းက ဒေါ်လာ သန်းချီ တန်တယ်နော်..."

"မာစတာ လင်းရဲ့ ပန်ချီက ဒေါ်လာ သန်းချီတန်တာလား...။ဒါက အနာဂတ်မှာ..ဒါက..."

"ဆုလာဒ်ကြီးပဲ..အနာဂတ်မှာ ..မာစတာ လင်းဆီက ပန်ချီကား တစ်ချပ်လောက် လက်ဆောငိ တောငိးရမယ်.."

စာကြည့်ခန်းထဲတွင်..။

တာအို ရှီဂန် နဲ့ ယွဲ့ချီဂျုရှိီ တို့ဟာ သူတို့ရှေ့မှာ ဖျက်ဆီးခံနေရတဲ့ ပန်ချီကားကို နာကျင်စွာ ကြည့်နေခဲ့ကြပါတယ်..။

သို့ပေမယ့် လင်းဖန်ကတော့ ဒါကို လုံးဝ ဂရုမစိုက်ပါဘူး..ဒီလိုဆွဲဖို့ ဆိုတာက..သူ့အတွက်..ထမင်းစားရေသောက် သလောက်ပါ..။

လူတိုင်း ပျော်နေတော့..စိတ်ချမ်းသာဖို့ မကောင်းဘူးလား....

All Chapters