← Chapters

ခန့်မှန်းထားတာနဲ့ ပြောင်းပြန်ပဲ..

Vol. 27 Ch. 400

ခန့်မှန်းထားတာနဲ့ ပြောင်းပြန်ပဲ..

Vol. 27 Ch. 400

#ဘာသာပြန် = စနိုးဝှိုက်

သူတို့ဟာ ဆက်လက်တိုက်ရိုက် ထုတ်လွင့်နေကြပြီး..ကြည့်ရူ နေကြတဲ့ လူတွေဟာ အံ့ဩသင့်နေခဲ့ကြပါတယ်..။အထူး သဖြင့်..ပန်ချီကို ချစ်တဲ့ လူအိုကြီး ဆိုတဲ့ အကောင့်ပိုင်ရှင်က ဒီပန်ချီက ဒေါ်လာ သန်းချီ တန်တယ် လို့ပြောတဲ့ အချိန်မှာပါ..။

မာစတာ လင်းက..ကျော်ကြားတဲ့ ပန်ချီဆရာတစိယောက် မဟုတ်တဲ့ အတွကိ..အနုပညာ အကြောင်း နားမလည်တဲ့ လူတွေက ဒီပန်ချီ ကို ဝယ်ကြမှာ မဟုတ်ပါဘူး..။သို့ပေမယ့် ပန်ချီပညာကို နားလည်တဲ့ လူတွေကတော့..လိုင်းပေါ်ကနေတဆင့် ကြည့်နေတာတောင်...အနုပညာ လက်ရာကို ခံစားနိုင်ကြပါတယ်..။ဒါက လက်ရာမြောက်တဲ့ ပန်ချီတစ်ခုပါ..။

"ဟားဟား..ငါ့ရဲ့ ပထမဆုံး အနုပညာ လက်ရာကို ကလေးတွေ ပျော်ပျော်ရွှင်ရွှင် ကစားနေကြတာ အတော်ဝမ်းသာဖို့ ကောင်းတာပဲ..."

သူက တရုတ် ပန်ချီပညာကို သင်ကြားပေးနေတာ ဖြစ်ပြီး လူတွေ အများကြီး..ရှိနေလည်း ပြသနာ မရှိပါဘူး..။သူ့ရဲ့ ကျွမ်းကျင်မူတွေကို ကလေးတွေ ကျိန်းသေ စိတ်ဝင်စားကြမှာပါ..။

တာအို ရှီဂန် နဲ့ ယွဲ့ချီဂျုရှီဟာ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြတယ်...။ဒါက မာစတာ လင်းရဲ့ ..ပထမဆုံး ပန်ချီလက်ရာ ဆိုတာ သူတို့ မယုံကြည်ကြပါဘူး..။မာစတာ လင်းက လူသိမများသေးပေမယ့်..ဒီလို လက်ရာမျိုးတွေ နဲ့ ဆိုရင် ကျိန်းသေ ​ေအာင်မြင်နိုင်မှာပါ..။

"ဒီကလေးတွေ..."

တာအို ရှီဂန် အကူညီမဲ့စွာ.. ခေါင်းခါယမ်း လိုက်တယ်..။အခုချိန်မှာ သူ မာစတာ လင်းကို ပိုပိုပြီး တွေ့ချင်လာခဲ့ ပါပြီ..။သူ့ တစ်ဘဝလုံး..ပန်ချီ ပညာကို လေ့လာခဲ့ပေမယ့်..အခုတော့..သူ့ထက်ပိုပြီး..ငယ်ရွယ်ကာ..စွမ်းဆောင်နိုင်စွမ်း ပိုရှိတဲ့ လူငယ်တစ်ယောက်ကို တွေ့နေရတာပါ..။

ယွဲ့ချီဂျုရှီ လည်း စိတ်လှုပ်ရှားနေခဲ့ပြီး..

"အစ်ကို တာအို..ရှန်ဟိုင်းကို သွားမယ့် လေယာဥ်လက်မှတ် ဒီညပဲ ဖြတ်လိုက်ရအောင်..။ကျုပ်သူနဲ့ တွေ့ဖို့ တကယ် မစောင့်နိုင်တော့ဘူး..."

တာအို ရှီဂန် ပြုံးလိုက်ပြီး...

"ကောင်းပြီလေ..ဖြတ်လိုက်ရအောင်..။ငါတို့ ဒီလူငယ် မာစတာ လေးနဲ့ တွေ့ရင် အေးဆေးနေပြီး အပြန်အလှန် အကျိုးရှိအောင် ဆွေးနွေး ကြရမယ်..။ငါ ရှန်ဟိုင်းကို မသွားတာ နှစ်အနည်းငယ်တောင် ကြာနေပြီ..။အရင်တစ်ခေါက် ငါ သွားတုန်းက ဆရာချင်ရှန်း က အသက်ရှင်နေတုန်းပဲ..ဒါပေမဲ့ မျက်စိတစ်မှတ် အတွင်းမှာ သူက ဘဝကူးပြောင်းသွားရှာပြီ..။ငါ သူ့ဆီကို သွားပြီး လေးစားမူ ပြသရဦးမယ်.."

ယွံ့ချီဂျုရှီ ခေါင်းညိမ့်လိုက်ပါတယ်..။သူတို့ လူတွေ အများကြီး မသိကြပဲ အဆက်အသွယ် နည်းနည်းပဲ ရှိတာပါ..။ပြောစရာ မလိုအောင် သူတို့်မှာ..အသိမိတ်ဆွေ လည်း အများကြီး မရှိပါဘူး..။ဒီတစ်ခေါက် စွမ်းဆောင်ရည် ရှိတဲ့ လူငယ်လေးဆီကို သွားပြီး လည်ပတ်ရတာက..တန်တယ်လို့ ပြောလို့ရပါတယ်..။သူတို့ ထပ်ပြီး မစောင့်နိုင်တော့ပေ..။

…

သူ့ရဲ့ ပထမဆုံး ပန်ချိီကားကို ကလေးတွေက ဖျက်ဆီးလိုက်ပြီ ဆိုတော့ ပြန်မရနိုင်တော့ ပါဘူး..။ကလေးတွေ အတွက်ကတော့ သူတို့ ကမ္ဘာအသစ်ကို ရောက်ရှိသွားတဲ့ အတိုင်းပါပဲ..။သူတို့ ဒီလို လှပတဲ့ ပန်ချီကားကို မြင်တဲ့ အချိန်မှာ..ကလေးတွေ သဘာဝအတိုင်း ကိုင်ကြည့်ချင်ကြပြီး..မှင်တွေဟာ မခြောက်သေးတဲ့ အတွက် ပျက်စိီးမှာကတော့ ကျိန်း

သေနေတဲ့ အရာပါ..။ဒီမြင်ကွင်းက..အနုပညာနားလည်တဲ့ လူတွေကို နာကျင်စေပါတယ်.။

သို့ပေမယ့် လင်းဖန်ကတော့ ဒီလို မတွေးပါဘူး..သူ့ရဲ့ ပန်ချီကားက ကလေးတွေရဲ့..စိတ်အားတက်ကြွမူကို...ဖြစ်စေရင် ဒါက ထိုက်တန်တဲ့ အရာပါ..။

လင်းဖန် လက်ခုပ်တီးလိုက်တယ်..။

"ကောင်းပြီ ကောငိးပြီ ဒီနေ့က..ပထမဆုံးသင်ခန်းစာပဲ..။ကိုယ့်ပစ္စည်းတွေကို ယူပြီး ခုနက ဆရာဆွဲတဲ့ အတိုင်းလိုက်ဆွဲကြည့် ..။စည်းမျဥ်းတွေကိုလည်း သတိရဦးနော်..။အခြေခံကနေ စပြီး သေချာဆွဲကြည့်မှ ရမယ်..."

တစ်ချို့ကလေးတွေက အရမ်းငယ်သေးတဲ့ အတွပ်သင်ယူဖို့ အချိန်လိုအပ်ပါသေးတယ်..။နည်းနည်းကြီးနေတဲ့ ကလေးတွေကတော့ ပြသနာ မရှိပါဘူး..။

စာသင်နေတုန်းမှာပဲ..လင်းဖန် ကျိုးမင်ချငိး ရဲ့ ဖုနး်ခေါ်ဆိုမူကို ရလိုက်တယ်..။ဖုန်းထဲမှာ သူ့အသံက အတော်ကို စိတ်လှုပ်ရှားနေပြီး ဒါက သူရေးပေးထားတဲ့..စာအုပ်က အကျိုးသက်ရောက်လို့ ဖြစ်နိုင်ပါတယ်..။ဒါကြောင့် သူ့ဆရာကို သူမေးချက်နေခဲ့တာပါ..။

"ဆရာ..ဖြစ်နိုင်ရင်..ဖုန်းထဲကနေပဲ ပြောပေးလို့ရမလား..."

ကျိုးမင်ချငိး မေးလိုက်တာပါ..။

လင်းဖန်ပြုံးလိုက်ပြီး...

"အခု ကျုပ်အလုပ်ရှုပ်နေတာ..။ဒီတိုင်းသာ ဆက်ပြီး လေ့လာနေ..နားမလည်တဲ့ အပိုင်းတွေကို ရေးမှတ်ထားလိုက်..မနက်ဖြန်ကျမှ အေးဆေး ရှင်းပြမယ်..။ဖုန်းထဲက ရှင်းပြလို့ရပေမယ့်..အပြင်မှာ အတွေ့အကြုံရှိဖို့လည်း လိုအပ်သေးတယ်လေ.."

လင်းဖန် သူ့ တပည့်ကို အကောင်းဆုံးတွေ ချည်းပဲ ပေးအပ်ချင်တာပါ..။

"ကောင်းပါပြီ ဆရာ...

ဖုန်းချပြီး နောက်မှာ လင်းဖန် ဆက်ပြီး သင်ကြားနေခဲ့ ပါတယ်..။တိုက်ရိုက်ထုတ်လွင့်မူထဲက လူတွေလည်း လင်းဖန်ရဲ့ သင်ကြားမူကို..သဘောကျနေခဲ့ ကြပါတယ်..။သို့ပေမယ့်..လင်းဖန်ကတော့ ဒီအရာတွေဟာ စွယ်စုံကျမ်းရဲ့ ဆန်းကျယ်မူ ဖြစ်တဲ့ အတွက်သိပ်ပြီး စိတ်လှုပ်ရှားတော့ ပါဘူး...။

ညနေ ခြောက်နာရီ..။

လင်းဖန် အိပ်ကို ပြန်ဖို့ ပြင်ဆင်လိုက်တယ်..။သူ စွွယ်စုံအမှတ်တစ်ခု မှ မရသေးပေမယ့် ဆက်ပြီး သင်ကြားနေရင်..စွယ်စုံအမှတ်တွေ ရလာလိမ့််မယ် လို့ ယုံကြည်ပါတယ်..။

ကလေးတွေလည်း သင်ရတာကို ..ပျော်ရွှင်ကြပြီး တရုတ် အနုပညာကိုပါ စိတ်ဝင်စားနေခဲ့ကြပါ ပြီ..။ဒီလို ကလေးတွေကို အချိန်တို အတွင်း စိတ်ဝင်စားအောင် သင်နိုင်ဖို့ဆိုတာ ဆရာတစ်ယောကိနဲ့ အများကြီးကို သက်ဆိုင်တဲ့ အရာပါ..။

နောက်တစ်ရက်..။

လင်းဖန်ရဲ့ နေ့ရက် က အမြဲတမ်း တူတူပါပဲ..။သူ မနက်တိုင်းမှာ ပန်ကိတ်ရောင်းပြီးတာနဲ့..ကလေး ဂေဟာကို သွားပါတယ်..။

ဝူတန်ဟီဟာ..ဗေဒင်ပညာနဲ့ တစ်ခြား ကိစ္စတွေကို တာဝန်ယူပေးပြီး..အခုဆိုရင် သူလည်း..တိမ်ဖြူလမ်းမှာ လေးစားရတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေခဲ့ ပါပြီ..။သို့ပေမယ့် ဝူတန်ဟီကသာ..ရုပ်လွန်ဒသနိက ဗေဒ ရဲ့ ခေါင်းဆောင်တစ်ယောက် မှန်းသာ သိကြရင် ..သူတို့ ဘယ်လို ဖြစ်သွားမလဲ မသိနိုင်ပါဘူး..။

ဝူတန်ဟီက လူသိများတယ် ဆိုပေမယ့်.ဒါက သူ့ရဲ့ နယ်ပယ် အတွင်းမှာပါ..။အပြင်ဘက်မှာ ဆိုရင် သူ့ကို လူတွေက မသိကြပါဘူး..။

နမ်ရှန်း မသန်စွမ်း ဂေဟာ..။

ကျိုးမင်ချငိး မြင်ကွင်းကို ကြည့်ပြီး ကြောင်အသွားခဲ့တယ်..။

"ဆရာ..ကလေးတွေကို ပန်ချီဆွဲဖို့ သင်ပေးနေတာလား.."

"အင်း.."

လငိးဖန် ခေါင်းညိမ့်လိုကိတယ်..။ယင်းနောက် ပြုံးလိုက်ပြီး..

"အိမ်ကို ပြန်ဖို့ အလျင်မလိုနဲ့ဘူး..။ဆရာ..မင်းကို..ပန်ချီကားတစ်ချပ် လက်ဆောင်ပေးလိုက်မယ်.."

ကျိုးမင်ချငိး လေးနက်စွာ ပြောလိုက်တယ်..။

"ကျေးဇူးတငိပါတယ် ဆရာ..."

ယင်းနောက် လူစိမ်း နှစ်ယောက်ရောက်လာခဲ့ ပါတယ်..။

"မာစတာလင်း ဒီမှာ ရှိလာ သိပါရစေ.."

လင်းဖန် ရပ်ပြီး လှည့်ကြည့်လိုက်တဲ့ အချိန်မှာ လူအိုကြီး နှစ်ယောကိကို တွေ့လိုက်ရပါတယ်..။

"ခင်ဗျားတို့က..."

တာအို ရှီဂန် ချက်ချင်း ရှေ့ကို တက်သွားပြီး..

"မာစတာ လင်း..ကျွန်တော်က..တိုက်ရိုက်ထုတ်လွင့်မူထဲက..ပန်ချီကို ချစ်တဲ့ လူအိုကြီး ပါ..."

လငိးဖန် ပြုံးလိုက်တယ်..

"အိုး ခင်ဗျားက ..မာစတာ တာအိုလား..။ဘာလို့ ဒီကို ရောက်လာတာလဲ သိပါရစေ.."

သူတို့ ငါ့ကို လာပြီး ယဥ်ပြိုငိတာများ ဖြစ်နိုင်မလား.....

တာအို ရှီဂန် ပြောလိုက်တယ်..။

"ဒါက ကျွန်တော်ရဲ့ သူငယ်ချင်းကောင်း ယွဲ့ချီဂျုရှီ ပါ..။သူက မနေ့က မာစတာ လင်းရဲ့ ပန်ချီလက်ရာကို ကြည့်ပြီး အံ့ဩနေခဲ့တာ..။ဒါကြောင့် သူလည်း..မာစတာ လင်းကို တွေ့ဖို့ ဘေဂျင်းကနေ လိုက်လာ ခဲ့တာလေ.. "

ယွဲ့ချီဂျုရှီ လင်းဖန်ကို အံ့ဩစံာ ကြည့်လိုက်တယ်..။သူ့ရှေ့က လူကငယ်ရွယ်ပေမယ့်..စွမ်းဆောင်နိုင်စွမ်းရှိပါတယ်..။ဒါက တကယ် မထင်မှတ်စရာပါပဲ..။

ကျိုးမင်ချင်းဟာ မတ်တတ်ရပ်နေရင်း..

"ဆရာ..တစ်စုံတစ်ယောက်က ရောက်လာပြီ ဆိုမှ တော့ အရင်ဧည့်ခံ သင့်တယ်လေ.."

တာအို ရှီဂန် နဲ့ ယွဲ့ချီဂျုရှိ တို့ဟာ ..ကျိုးမငိချငိးကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြပါတယ်..။ဒီလူက သူတို့ အသက်နဲ့ အတူတူလောက် ရှိပေမယ့်လည်း..ဒီလူငယ်လေးကို..ဆရာလို့ ခေါ်လိုက်တာပါ..။

"ဒီနှစ်ယောက်က ဘယ်လို ဆက်ဆံရေး ရှိလဲ မသိဘူး.."

တာအို ရှီဂန် ယဥ်ကျေးစွာ မေးလိုက်တာပါ..။

ကျိုးမင်ချင်းဟာ ဒါကို ပြသနာ လို့ မခံစားရပေ..။သူပြုံးလိုက်ပြီး..

"သူက ကျွန်တော် ဆရာလေ..."

တာအို ရှီဂန် နဲ့ ယွဲ့ချီဂျုရှီတို့..တစ်ယောကိကို တစ်ယောက် အံ့ဩစွာကြည့်လိုက်ကြပါတယ်..။သူတို့ အစက ..ဒီလူကြီးကို..ဒီလူငယ်လေးရဲ့ဆရာဖြစ်လိမ့်မယ် လို့ထင်ထားခဲ့တာပါ..ဒါပေမဲ့ သူတို့ထင်ထားတာနဲ့ ပြောင်းပြန်ဖြစ်နေလိမ့်မယ် လို့ မထင်ထားခဲ့ ပါဘူး..။

သို့ပေမယ့် သူတို့ အများကြီး မတွေးတော့ပေ..။သူတို့ လာတဲ့ အဓိက..အကြောင်းအရင်းက ..မာစတာ လင်းနဲ့ ဆွေးနွေးဖို့ ပါပဲ..။

All Chapters