အံ့ဩမူ...
Vol. 27 Ch. 402
#ဘာသာပြန် = စနိုးဝှိုက်
မာစတာ လင်း စတင် ဆွဲပြီ ဆိုတာနဲ့ ကျောက်ကျန်းယန်ဟာ တိုက်ရိုက် ထုတ်လွင့်ပေးနေခဲ့တယ်..။
တိုက်ရိုက်ထုတ်လွင့်မူထဲတွငိ..။
"ချီးအဲ 666 မာစတာ လင်း ဒီလို လေးနက်နေတဲ့ အမူအရာကို မြင်ရတာ ..ပထမဆုံးဖြစ်မယ်.."
"ဟုတ်တယ်..။ဆေးရောင်တွေက အရမ်းတောက်ပလွန်းလို့..မျက်စိတောင် ကန်းတော့မယ် ထင်တယ်..။သူဘာဆွဲနေမှန် မသိပေမယ့်..သူ့ရဲ့ လှုပ်ရှားမူတွေကတော့ တကယ့်ကျွမ်းကျင် အဆင့်ပဲ.."
"ဒီတစ်ခေါက်တော့ ငါသေချာ ကြည့်ထားမှ ဖြစ်မယ်..အရင်တစ်ခေါက်တုန်းက သေချာ မကြည့်လိုက်ရဘူး.."
အပြင်ဘက်မှာတော့..။
တာအို ရှီဂန်နဲ့ ကျန်တဲ့ လူတွေဟာ အသက်တောင် မရူကြတော့ ပါဘူး..။ယွဲ့ချီဂျုရှိရဲ့ လက်တွေကတော့ စိတ်လှုပ်ရှားမူကြောင့် တုန်ရီနေခဲ့ပါတယ်..။
သူ့ရဲ့ အထူးပြုမူက. ငှက်နဲ့ ပန်းပွင့်တွေ ဖြစ်တဲ့ အတွက် မာစတာ လင်းက ငှက်နဲ့ ပန်းပွင့်တွေကို ဆွဲပေးနေတာပါ..။ဒါက သူ့ကို မျှော်လင့်ချက်တွေနဲ့ ပြည့်စေပါတယ်..။
ကျိုးမင်ချငိးဟာ ဒါတွေကို နားမလည်ပေမယ့် လည်း သူ့အမူအရာဟာ လေးနက်နေခဲ့တယ်..။သူ့ဆရာ ရဲ့ အရှိန်အဝါက ..ပြောင်းလဲသွားခဲ့တာပါ..။ဒါက တရုတ်ဆေးပညာလိုပဲ..တကယ့်အခြေအနေကို လေးလေးနက်နက် ထားလိုက်ရင်..အရှိန်အဝါတွေ ပြောင်းလဲ သွားနိုင်ပါတယ်..။
ပန်ချီဆွဲတယ်ဆိုတာ..ရုပ်ပုံတစ်ခုသာ ဖြစ်ပေမယ့်လည်း..ကျွမ်းကျင်သူနဲ့..သာမန်လူကို ..အကြည့်တစ်ချက်ထဲနဲ့ ခွဲခြား လို့ရပါတယ်..။
လင်းဖန် ရဲ့ အမြန်နှုန်းဟာ တဖြည်းဖြည်းချင်းမြနိလာတဲ့ အတွက် အကုန်လုံး အံ့ဩနေခဲ့ကြတယ်..။လင်းဖန်က စုပ်တံနှစ်ချောင်းကို တစ်ချိန်တည်း မှာ အသုံးပြုနေခဲ့တာပါ..။ငှက်ပေါင်း တစ်ရာလောက်ဟာ ဖီးနစ်ငှက် ကို ကြည့်နေကြပြီး..တကယ်ကို ဆန်ူကျယ်တဲ့ အရှိန်အဝါ ရှိပါတယ်..။ဒါက မိတ်ဆွေ အတွက်ဖြစ်တဲ့ အတွက် လင်းဖန် အရည်အချင်းတွေကို ထုတ်သုံးဖို့ နှမြောမနေခဲ့ပေ..။
"အံဩစရာပဲ."
တာအို ရှီဂန်..အကူညီမဲ့စွာ..ရေရွတ်လိုက်တယ်..။ယင်းနောက်..သူ မာစတာလင်းကို အနှောက် အယှက်ဖြစ်မှာ စိုးလို့..ပါးစပ်ကိုချက်ချင်း ပိတ်လိုက်ပါတယ်..။
ယင်းနောက်...သူ ယွဲ့ချီဂျုရှိီကို ကြည့်လိုက်တဲ့ အချိန်မှာ..ယွဲ့ချီဂျုရှီဟာ..စိတ်လှုပ်ရှားစွာနဲ့ သူ့ရှေ့က မြင်ကွင်းကို မျက်တောင်မခတ်ပဲ ကြည့်နေခဲ့ပါတယ်..။သူ့ပုံစံက ဘာကိုမှ လက်လွတ်ခံချင်စိတ် မရှိတဲ့ ပုံပါပဲ..။
.
အဲ့အချိန်မှာတော့..နေရာတစ်ခုလုံးဟာတိတ်ဆိတ်နေပြီး..လင်းဖန်ရဲ့ ပန်ချီဆွဲနေတဲ့ အသံတစ်ခုတည်းသာ ကြားနေကြရပါတယ်..။
သူ့ရဲ့ စုပ်တံဟာ နဂါးတစ်ကောင်လို ပျံဝဲ နေခဲ့တယ်..။
အဲ့အချိန်မှာတော့ ယွဲ့ချီဂျုရှီဟာ..တုန်လှုပ်နေခဲ့ ပါပြီ..။ဒီ ပန်ချီက အဆုံးမသတ်ရသေး ပေမယ့် လည်း.သူ့ကို .ထိပ်လန့်စေဖို့ အတွက် လုံလောက်ပါတယ်..။ဒါက အသိပညာ ပိုင်းမှာသာ မက ..ကျွမ်းကျင်မူ အပိုင်းမှာပါ..သူနဲ့ မိုးနဲ့မြေလို ကွာခြားနေခဲ့တာပါ..။
"ဒါက အသက်ဝင် လာပြီ.."
ယွဲ့ချီဂျုရှိီ ရုတ်တရက် အံ့ဩစွာ ရေရွတ်လိုကိတယ်..။သူ့မျက်လံူးထဲမှာ.ငှက်တွေဟာ..မမှန်တကယ် အသက်ဝင်ပြီး ပျံသန်းနေကြ သလိုပါပဲ..။ဒါက တကယ်ကို လက်တွေ့ဆန်လွန်းပါတယ်..။
သို့ပေမယ့် ဒီအမူအရာဟာ ကြာရှည်မခံပဲ..ယွဲ့ချီဂျုရှိီဟာ.. ပါးစပ်ကို ပိတ်ကာ..လက်နဲ့ အမြန်အုပ်ထားလိုက်ပါတယ်..။သူ အသံတစ်သံမှ မထွက်ရဲပါဘူး..သို့ပေမယ့်..ဒီဟာက အတော်ကို အံ့ဩဖို့ ကောင်းနေခဲ့တာပါ..။
အံဩစရာ့ပဲ..တကယ် အံ့ဩစရာပဲ..။
သူ့အတွက်တော့..ဒီလို တစ်ဝက်တပျက်က တင်အံ့ဩဖို့ ကောင်းနေခဲ့ပါပြီ..။
ပြီးဆုံးသွားရင် ဘယ်လိုများ နေလိမ့်မလဲ...
ကျိုးမင်ချင်းလည်း သူ့ဆရာကို အံ့ဩစွာ ကြည့်နေခဲ့တယ်..။သူ အနုပညာကို နားမလည်ပေမယ့်..သူ့မျက်လံူးတွေ မကန်းသေးပါဘူး..။ဒီပန်ချီကား က အပြီးအထိ မပြီးဆုံးသေးတာတောင်..အတော်ထူးခြားတဲ့ အရှိန်အဝါ ရှိနေခဲ့ ပါပြီ..။
တာအို ရှီဂန် သူ့ကိုသူ ရေရွတ်လိုက်တယ်..။
"စိတ်ဝိဥာဏ်တွေက ဒီပန်ချီကားထဲမှာလှုပ်ရှား ပျံသန်းနေတယ်..။ဒါက နောက်မျိုးဆက်တွေအတွက် အကောင်းဆံူး လက်ရာတစ်ခုပဲ..."
ခနအကြာတွင်..။
ယင်းနောက် လင်းဖန်အကုန်လုံး ကို အဆုံးသတ်ပြီး..ပနိချီကားထဲမှာ စာအနည်းငယ်ကို ရေးလိုက်ပါတယ်..။
"ငှက်အကောင်တစ်ရာက ဖီးနစ်ငှက်ကို မျက်နှာချင်းဆိုင်တွေ့နေကြတယ်..,ငြိမ်းချမ်းစွာနဲ့ ကြီးပွားချမ်းသာခြင်း..."
"မာစတာ လင်း မှ အနုပညာ.မိတ်ဆွေ ယွဲ့ချီဂျုရှိ သို့လက်ဆောင်.."
ယင်းနောက် သူစုပ်တံကို ချလိုက်ပြီး အားလုံးမြင်အောင် ပြလိုက်ပါတယ်..။
လင်းဖန် သက်ပြင်းချလိုက်ပြီး နှာဖူးက ချွေးတွေကို သုတ်လိုကိတယ်..။သူ့မှာ စွယ်စုံကျမ်း ရှိတယ် ဆိုပေမယ့်..ဒီလို အကောင်းဆုံးပန်ချီ တစ်ချပ်ရဖို့ က ..ခွန်အားတွေ အများကြီး စိုက်ထုတ်ထားရတာပါ..။
"ပုံဆွဲတာက ပြည့်စုံသွားပြီ..။ကျုပ်မှာ ခွန်အတောင် မကျန်တော့ဘူး..ကြည့်ကြည့်ကြပါဦး.."
ယွဲ့ချီဂျုရှိ မနေနိုင်တော့့ပဲ..ရှေ့ကို တက်သွားခဲ့တယိ..။သူ့ရဲ့ ့လက်တွေကို ပန်ချီဆွဲ တဲ့ စားပွဲပေါ်တောင် မတင်ရဲပါဘူး..။အဲဒီအစားလက်တွေကို နောက်ဖက် ပို့ထားခဲ့ပါတယ်..။သူ့ရှေ့မှာ ရှိတဲ့ အနုပညာလက်ရာ သူ့ကြောင့် ပျက်ဆီးသွားမှာကို ကြောက်ရွံ့နေခဲ့တာပါ..။
"ကောင်းတယ် ကောင်းတယ်..ဒါပ သဘာဝတရားကနေ..ဇိမ်ရှိမူ နဲ့ သက်သောင့်သက်သာ ရှိမူကို ပေးစွမ်းနေသလိုပဲ.. ။ဒါက ကြည့်ရတာ လုံးဝ အပြစ်ကင်းပြီး အကောင်းဆုံးအဖြစ် ရပ်တည်နေပြီ..ပြီးတော့..အသက်ဝင်ပြီး ..များပြားလှတဲ့ ငှက်တွေရဲ့ သရုပ်ပြမူ တွေရောပဲ.."
ယွဲ့ချီဂျုရှီဟာ ချီးကျူးရမှာကို တွန့်တို မနေခဲ့ပါဘူး..။သူ ပန်ချီအဆုံးက စာသားကို မြင်တဲ့ အချိန်မှာတော့..သူ့မျက်လုံးထဲကနေ..မျက်ရည်တွေ ကျလာပါတော့တယ်..။
လင်းဖန် ကြောင်အသွား ခဲ့တယ်..။ဒီလူက နည်းနည်းတော့ များသွားပါပြီ..။သူက ပန်ချီတစ်ချပ်ကို ကြည့်ပြီး ငိုနေခဲ့တာပါ..။
ဒါ..ဒါက..
"ငါဘယ်တုန်းကမှ.ဘယ်တုန်းကမှ..ငါ ဝူကျုံးဟိုင် ဟာ ဘဝတစ်လျောက်လုံးမှာ ဒီလို အံ့ဩစရာ လက်ရာမျိုးကို မမြင်ဖူးခဲ့ဘူး..။ငါ့ဘဝမှာ နောင်တဆိုတာ မရှိတော့ဘူး."
ယွဲ့ချီဂျုရှီ ပြောလိုက်တာပါ..။
ဝူကျုံးဟိုင်က ယွဲ့ချီဂျုရှီရဲ့ နာမည်အရင်းပါ..။ဒီလူအိုကြီး ဒီလောက်အထိ ခံစားတတ်လိမ့်မယ်လို့ လင်းဖန် မထင်ထားခဲ့ ပါဘူး..။
လငိးဖန် ပြုံးလိုက်တယ်..။
"ဆရာ ယွဲ့..ခင်ဗျားက ကျွန်တော်ကို အတော် ချီးကျူးနေတာပဲ..။ဒါက ကျွန်တော်ရဲ့ ကျွမ်းကျင်မူလေးပါ.."
အဲ့အချိန်မှာပဲ.ယွဲ့ချီဂျုရှီဟာ.. လင်းဖန်ကို မတူညီတဲ့ အကြည့်နဲ့ ကြည့်လာခဲ့ ပါပြီ..။မာစတာ လင်းရဲ့ အရည်အချင်း အစစ်အမှန်ကို ကိုယ်တိုင်မြင်ခဲ့ရတာပါ..။
အဲ့အချိန်မှာတော့..တိုက်ရိုက်ထုတ်လွင့််မူထဲမှာ ကြောင်အနေခဲ့တယ်..။
"ချီးပဲ..စခရင် ထဲမှာတော့ ပန်ချီကားက တောက်ပနေခဲ့တယ်.."
"လငိးဖန် က အံ့ဩဖို့ ကောင်းတာပဲ..။ဒီတိုင်း ဆွဲလိုက်တာကတောင် လာအိုကြီးကိုအံ့ဩစေတယ်.."
"မယစတာလင်းရဲ့ ပန်ချီပညာက ဒီလောက်အထိ ကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ ဘူး..။သူဘာတွေ သိထားသေးလဲ မသိဘူး.။ငါတို့ကို အကုန်လုံး တစ်ခါတည်း ပြထားသင့်တယ်.."
အဲ့အချိန်မှာတော့..ယွဲ့ချီဂျုရှီ ရဲ့ အကြည့်ဟာ..ရွေ့လို့မရတော့ပါဘူး.။သူ ပန်ချီကို သာ စိုက်ကြည့်နေပြီး သူ့ရဲ့ ဘဝတစ်လျောက်လုံးမှာ..ဒီပန်ချီးကားကို ကြည့်ခွင့်ရတဲ့ အတွကိ ထိုက်တန်သွားပါပြီ..။သူက ငှက်တွေနဲ့ ပန်းပင်တွေကို အထူးပြူတာ ဖြစ်တဲ့ အတွက် ငှက်တစ်ကောင်စီတိုင်းကို သေချာကြည့်နေခဲ့ပါတယ်..။
လင်းဖန် မတ်တတ်ရပ်ကာ ရယ်မောလိုက်ပြီး.
"ဆရာ ယွဲ့..ကျွန်တော် ဒီပန်ချီကားကို ပေးလိုက်မယ်..။အိမ်ရောကိမှ အေးဆေး ကြည့်ပေါ့.."
ယင်းနောက် ယွဲ့ချီဂျုရှိရဲ့ စိတ်ဟာတုန်လှုပ်သွားပြီး လက်ဝေ့ယမ်း လိုက်ကာ...
"မာစတာ လင်း..လက်မခံပါရစေနဲ့..လက်မခံပါရစေနဲ့..။ဒီပန်ချီကားက..တရုတ် အနုပညာရဲ့ ထိပ်ဆုံး အဆင့်ကို ရောက်နေပြီ..။အရင်မျိူးဆက် ချထားပေးခဲ့တဲ့..ပန်ချီးကားတွေက ..ဒီဟာရဲ့ ဆယ်ရာခိုင်နှုန်းတောင် မရှိလောက်ဘူး..။ကျွန်ျတာ်ရဲ့ ပန်ချီကား ဆိုရင်တော့ တစ် ရာခိုင်နှုန်းတောင် မမှီဘူး..။ဒါက ရှားပါးရတနာ ပဲ .လက်မခံပါရစေနဲ့.."
တာအို ရှိဂန် လည်း ပန်ချီကားကြောင် ကြောင်အနေခဲ့ ပါတယ်..။အစ်ကို ယွဲ့ ပြောတာက မှန်ကန်တဲ့ စကားပါပဲ..။
လင်းဖန် ပြောလိုက်တယ်..။
"ကောင်းပြီ ကောင်းပြီ..ကျုပ်တို့ကပန်ချီကားကို လဲလှယ်ဖို့ သဘောတူထားတာလေ..။ခင်ဗျားက..ကျုပ်ပန်ချီကားကို မယူဘူး ဆိုတော့..ကျုပ်ကို အထင်သေးသလို ဖြစ်နေတာပေါ့..ကျုပ်ဒါကို ဆုပ်ဖြဲ ပစ်လိုက်မယ် .."
"မဟုတ်ဘူး..ဒီလို မဟုတ်ဘူးလေ.."
ယွဲ့ချီဂျုရှီ အမြန်ပြောလိုက်တယ်..။
"ဒီလို ပန်ချီကားမျိူး မျက်စိရှေ့မှာ ပျက်ဆီးသွားရင် သေရင်တောင် ကောင်းကောင်း သေနိုင်မှာ မဟုတ်ဘူး.."
"ခငိဗျား ဘာလို့ သေမဲ့ အကြောင်းကို ပြောနေတာလဲ..။ခင်ဗျားကို ဒီပန်ချီကား ပေးမလို့ ယူမှာလား မယူဘူးလား.."
လင်းဖန် ပြောလိုက်တာပါ..။ဒီ တရုတ် အနုပညာ မာစတာ နှစ်ယောက်ရဲ့ခေါင်းထဲမှာ ဘာတွေ ရှိနေလဲ မသိတော့ပါဘူး..။ဒါက ပန်ချီကား တစ်ခုပဲလေ..ဒီလောက်အထိ ဖြစ်စရာလိုအပ်လို့လား....။
သို့ပေမယ့် သေချာ တွေးကြည့်လိုက်တဲ့ အချိန်မှာ.ဒါက ဖြစ်သင်တယ် လို့ လငဖန် ခံစားရပါတယ်..။သူတို့က ဘဝတစ်လျောကိလံူး အနုပညာ လက်ရာတွေထဲကို နှစ်မြုပ်ထားတဲ့ လူတွေပါ..။သူတို့ အတွက်ကတော့..မိသားစုကလွဲလို့..အနညပညာလက်ရာတွေကို ဘာကမှ အစားမထိုးနိုင်ပါဘူး..။
တစ်ချိုး ရူးသွပ်တဲ့ လူတွေဆိုရင်..ဒီလို အနုပညာလက်ရာမျိုးကို မိသားစုနဲ့ တောင် မနှိုင်ယှဥ်ကြပေ.။သူတို့ ဒီလို လက်ရာအတွက် မိသားစုကို စွန့်လွှတ်ဖို့တောငိ ဝန်မလေးကြပါဘူး။
"အခု ဆရာ ..တာအို အတွကိ ကျွန်တော် ဆွဲပေးမယ်..။
လင်းဖန် ပြောလိုက်တာပါ..။
တာအို ရှီဂန် သူ့ကို ချက်ချင်းရပ်တန့်လိုက်တယ်..။
"မာစတာ လငိး..မင်းအရက် အနားယူသင့်တယ်နော်..။အလျင်မလို သင့်ဘူး..။ဒီတစ်ခုက ဆွဲပြီးသွားပြီ ဆိုတော့ လက်မခံလို့ မကောင်းတော့ဘူးလေ.။ဒါပေမဲ့ ကျုပ်ကို ပေးမယ့် ပန်ချီကားက မဆွဲရသေးတော့..အခုတည်းက လက်မခံနိုင်ဘူးလို့ ပြောပါရစေ..။မင်း အနားယူတာက ပိုကောင်းလိမ့်မယ်..နားလိုက်ပါဦး."
အဲ့အချိန်မှာတော့ လင်းဖန် တကယ် နားမလညိတော့ ပါဘူး..။
ဒါက ပန်ချီးကား တစ်ချပ်လေးပဲလေ..ဒီလောက်အထိ ဖြစ်နေဖို့ လိုအပ်လို့လား....