← Chapters

စိတ်ကူးနှင့်ရူးခြင်း...

Vol. 27 Ch. 403

စိတ်ကူးနှင့်ရူးခြင်း...

Vol. 27 Ch. 403

#ဘာသာပြန် =စနိုးဝှိုက်

စကားလုံးတွေဆိုတာက စီးဆင်းနေတဲ့ ရေတွေ လိုပါပဲ..။ဘယ်တော့မှ နောက်ပြန်..ဆုတ်လို့မရပါဘူး..။လင်းဖန် ဘယ်လောက်ပဲ ကမ်းလှမ်းကမ်းလှမ်း တစ်ခြားတစ်ဖက်ဟာ..လုံးဝ လက်မခံပေ..။ဒါက လင်းဖန်ကို အရှက်ရစေပါတယ်..။

"ခင်ဗျား တကယ်မလိုချင်တာလား..."

လင်းဖန် မေးလိုက်တာပါ..။

တာအို ရှီဂန် ခေါင်းခါယမ်း လိုကိတယ်..။

"မလိုချင်ဘူး..ဒီလို ပန်ချီကားတွေဆိုတာက အထူးနေရာတွေမှာ သာ ထားဖို့့ ထိုက်တန်တယ်..။ဒီလို ..ဆန်းကျယ်တဲ့ လက်ရာမျိုးကို ..ကျွန်တော် လက်မခံရဲဘူး..."

လင်းဖန် ဘာမှ ပြောစရာ မရှိတော့ပေ..။ယင်းနောက် သူပြုံးပြီး ပြောလိုက်ပါတယ်..။

"ကောင်းပြီလေ..ဒါဆိုလည်း ကျုပ်ခင်ဗျားအပေါ်အကြွေး တင်သွားပြီ..။အခွင့်အရေး ရှိရင် ပြန်ပေးဆပ်ပါရစေ.."

ယွဲ့ချီဂျုရှီကတော့...အနုပညာ လက်ရာမှာ အခုထိ နစ်မြုပ်နေတုန်း ပါပဲ..။ဒီထဲမှာ ပျံသန်းနေတဲ့..ငှက်ကလေး တစ်ကောင်ကတောင်မှ ဆန်းကျယ်မူတွေနဲ့ ပြည့်နှက်နေခဲ့တာပါ..။

"မာစတာလင်း..အစက ကျွန်တော်နဲ့ မာစတာ တာအိုက ဒီမှာ ရက်နည်းနည်းလောက် နေဖို့ လုပ်နေတာ..ဒါပေမဲ့ ဒီလို ဆန်းကျယ်ပြီး တန်ဖိုးရှိတဲ့ ပန်ချီကားကို ပိုင်ဆိုင်ထားတော့..သေချာ သိမ်ဆည်းမထားရရင် စိတ်ချနိုင်မှာ မဟုတ်ဘူး..။အနုပညာ လက်ရာ ပြပွဲကြရင်..ဒီလက်ရာကို ကျိန်းသေ ထည့်သွင်းပြီး ပြသရမယ်..။ပြပွဲပြီးမှ ..အစ်ကို တာအိုနဲ့ အတူ ပြန်လာလည်တော့မယ်.."

ဒါကို ပြောနေတဲ့ အချိန်မှာ ယွဲ့ချီဂျုရှိီဟာ အနည်းငယ်ရှက်ရွံ့နေခဲ့ပေမယ့်..သူ့မှာ ရွေးချယ်စရာ မရှိပေ..။ဒီ ဖီးနစ်ငှက်ကို..ငှက်ပေါင်းတစ်ရာကျော်က ဝန်းရံနေတဲ့ပုံက..အတော်ကို တန်ဖိုး ရှိတာပါ..။နည်းနည်းလောင် ပွန်းပဲ့ ထိခိုက်သွားရင်တောင် သူ စိတိဖြေနိုင်မှာ မဟုတ်ပါဘူး..။သူ ဘေဂျင်းကို အမြနိပြန်ဖို့သာ တတ်နိုင်ပါတောတယ်..။

"ဒါက ဒီလောက်အထိ လိုအပ်လို့လား.."

လင်းဖန် ပြောလိုက်တာပါ.။ဒီမာစတာ နှစ်ပါး ဒီမှာ အနည်းငယ် နေပြီး..ကလေးတွေကို ပန်ချီသင်ပေးရင်အကောင်းဆံူး ဖြစ်မှာပါ..။

"လိုအပ်တာပေါ့..လိုအပ်တယ်.."

ယွဲ့ချီဂျုရှီ သေချာစွာ ခေါင်းညိမ့်လိုက်တယ်..။သူ ဒီပန်ချီကားကိုသာ လုံခြုံတဲ့နေရာကို မပို့နိုင်ရင်..ကောင်းကောင်း အိပ်နိုင်စားနိုင်မှာ မဟုတ်ပါဘူး..။

အခြေအနေကို ကြည့်ပြီး လင်းဖန်ဟာ ထပ်မတိုက်တွန်းတော့ ပေ..။

"ဒီလို ဆိုမှတော့..ထပ်ပြီး တွေ့ကြရအောင်..."

တာအို ရှီဂန် ပြောလိုက်တယ်။

"မာစတာ လင်း..အခု ဘယ်အဖွဲ့အစည်းမှာ ဝင်ထားလဲ.."

သူတို့ လင်းဖန်လို မာစတာ ကို တွေ့ပြီးတဲ့အချိန်မှာ..အဖွဲ့အစည်းထဲကို ဆွဲခေါ်ချင်နေခဲ့ပါတယ်..။ဒီလိုမာစတာမျိုး အဖွဲ့အစည်းထဲမှာ မရှိတာက..ရှက်စရာ ပါပဲ..။ထပ်ပြောရရင် သူတို့ရဲ့ စွမ်းရည်တွေ တိုးတက်ဖို့. လင်းဖန်နဲ့.မကြာခန တွေ့ကြရဦးမှာပါ..။

လင်းဖန် လက်ဝေ့ယမ်း လိုက်တယ်..။

"ဒါက စောင့်ရပါဦးမယ်..။ကျုပ်အဖွဲ့အစည်းထဲဝင်ချင်ရင် ဆက်သွယ် လိုက်မယ်လေ.."

ယွဲ့ချီဂျုရှိီ ပြောလိုက်တယ်..။

"မာစတာ လငိး..တရုတ်ရိုးရာ အနုပညာ ပြပွဲ မစခင်..ကျွန်တော့်ဆီကို တစ်ချက်လောက် လာကြည့်ပေးနိုင်မလား.."

လငိးဖန် ခေါင်းညိမ့်လိုကိတယ်..။

"ကောငိးပြီလေ..ကျုပ်ကိုသာ အသိပေးလိုက်ပါ.."

လူတိုင်းဟာ အချိန်အတော်ကြာအောင် စကားပြောပြီး နောက်မှာ ယွဲ့ချီဂျုရှီဟာ..ပန်ချီကို သေချာစွာ..ထုပ်ပို့လိုက်တယ်..။သူက ပန်ချီကားကို ကလေးတစ်ယောက်လို သေချာ ဂရုစိုက်နေခဲ့တာပါ..။လင်းဖန် ဒါကို မြင်တဲ့ အချိန်မှာ အကူညီမဲ့ စွာ ခေါင်းခါယမ်း လိုကိတယ်...။သို့ပေမယ့် သူ့ပန်ချီကားကို သေချာ ဂရုစိုက်နေတာ မြင်တော့..ပျော်လည်း ပျော်ရွှင်မိပါတယ်..။

နမ်ရှန်း ဂေဟာ၏ အပြင်ဘက်တွွင်..။

ယွဲ့ချီဂျုရှိ ပြောလိုက်တယ်..

"အစ်ကို တာအို...အကောင်းစား အခန်းကို..လက်မှတ်ဖြတ်လိုက်ပါ..."

တာအို ရှီဂန် ရယ်မောလိုကိပြီး...

"မင်း .ရိုးရိုးတန်းကို ကြိုက်တယ်လို့ ထင်ထားတာ..!"

"ဒီတစ်ခေါက် က မတူဘူးလေ..။တစ်ဘဝလံူးမှာအရေးကြီးတဲ့ ပန်ချီကား တစ်ချပ်ပါနေတော့လဲ..။ဒါပေါ့..လုံခြုံစိတ်ချရဖို့ လိုအပ်တာပေါ့..။နောက်ပိုင်း လေဆိပ်ကနေ အိမ်ကို ဂရုတစိုက်ပို့နိုင်ဖို့ တစ်ယောက်ယောက်ကို ဖုန်းဆက်ရဦးမယ်.."

တာအို ရှီဂန် ရယ်မောပြီး ပြောလိုက်တယ်..။

"ဒီလောက်ထိ လိုလိုလား..ဒီအကြောင်းကို ဘယ်သူမှ မသိကြတာ..."

"မဟုတ်ဘူး..ဘယ်သူမှ မသိဘူးဆိုရင်တောင် လုံခြုံနေမှ ရမယ်..။ဒီလို ပန်ချီကားရဲ့ တန်ကြေးက နည်းတာမဟုတ်ဘူးလေ.."

ဒီတစ်ခေါကိ..ရှန်ဟိုင်းကို လာတဲ့ ခရီးစဥ်က အတော်ကို ထိုကိတန်ပါတယ်..။ထိုက်တန်လွန်းလို့ သူဘာပြောရမှန်း တောင် မသိတော့ပါဘူး..။မာစတာလငိးက..မ​​ကျော်ကြား ပေမယ့်လည်း..ယွဲ့ချီဂျုရှိီက..ကျော်ကြားမူကို ဂရုစိုက်တဲ့ လူတစ်ယောက်..မဟုတ်ပါဘူး ။

တစ်ချို့..အရမ်းထင်ပေါ်ကျော်ကြားတဲ့ လူတွေသာ..ဒီလို ကျော်ကြားမူတွေကို ဂရုစိုက်ကြတာပါ.။အနုပညာကို တကယ်နားလည်တဲ့ လူတွေက ဒီလို ပကာသန တွေ ကို ဂရုမစိုက်တော့ပေ..။

အဖွဲ့အစည်းမှာတောင် သူသဘောမကျတဲ့ လူတွေရှိပါတယ်..။ဒီလူတွေက သူတို့ရဲ့ အနုပညာကို တန်ကြေး မြင့်မားချင်ကြကာ..ကျော်ကြားမူကို ပဲ ဂရုစိုက်ကြတဲ့ လူတွေပါ..။ဒီလူတွေကို တစ်ခြား လူတွေက သဘောကျနိုင်ပေမယ့်..ယွဲ့ချီဂျုရှိီရဲ့ မျက်လုံးထဲမှာတော့ ဘာအဓိပ္ပါယ်မှ မရှိပေ..။ဒီလူတွေရဲ့ ပန်ချီကားတွေကို..အလကား ပေးရင်တောင် သူလက်ခံမှာ မဟုတ်ပါဘူး..။

…

နမ်ရှန်း..ဂေဟာ တွင်..။

လင်းဖန် သက်ပြင်းချလိုက်ပါတယ်..။သူ အခုနကတုန်းက ပန်ချီဆွဲရာမှာ..လက်ရေးအလှရေးဖို့..စွယ်စုံအမှတ် ၁၀ မှတ်သုံးပြှီး အသိပညာအခန်းကို ယာယီ ဖွင့်ထားရတာပါ..။ဒါက..ပန်ချီကို ..လက်ဆောင် ပေးရာမှာ အသုံးပြုရေးသားဖို့ ဖြစ်ပြီး ပုံမှန်ဆို ရေးသားစရာ မလိုပေ..။

သူဒီလို အသုံးပြုတာကို.ဘယ်သူမှ မသိလိုက်ပေ..။ဒါကြောင့်လည်း..ဖီးနစ် ငှက် ပန်ချီကားနဲ့အတူ...လက်ရေးအလှက တစ်သားထဲ ကျပြီး လိုက်ဖက် နေခဲ့တာပါ..။

ဒီ ယာယီ အခန်း မပျောက်ခင်မှာ..လင်းဖန် အမြန်ပြောလိုက်တယ်။

"မှင်နဲ့ စုတ်တံတွေ ထားထားဦး.. "

ကျိုးမင်ချငိးဟာ သူ့ဆရာ စားပွဲခုံ ဆီအမြန်သွားပြီး..နောက်ထပ်ပုံဆွဲဖို့ လုပ်နေတာကို တွေ့လိုက်ရပါတယ်..။သူ့ရဲ့ စုပ်တံ ကိုင်ထားတဲ့ လက်တွေဟာ..ဖိီနစ်တွေ က နေပြီး..နဂါးတွေလို ပျံဝဲသလို ဖြစ်နေခဲ့ပါတယ်..။

ဆန်ကျယ်ပြီး ..ထူးခြားတယ်..။

တကယ့်ကို အဆင့်မြင့်တဲ့ ကျွမ်းကျင်မူတွေပါပဲ..။

…

"လက်ရေးလှ ယာယီ အသိပညာ အခန်းကို ဖြတ်တောက်လိုက်ပါပြီ.."

ဒါကို ကြားတာနဲ့ လင်းဖန် ပန်ချီဆွဲနေတဲ့ လက်တွေကိုရပ်တန့်လိုကိပါတယ်..။

"ကျုပ်ဘယ်နှစ်ပုံလောက်ဆွဲ ပြီးပြီလဲ.."

ကျိုးမင်ချင်း ရေတွကိပြီး ပြောလိုကိတယ်..။

"ဆယ်ခု ပါ ဆရာ.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။ဆယ်ခု ဆိုတဲ့ ပမာဏက တကယ်ကို မဆိုးပါဘူး..။သူ့ရဲ့ ဒီအရည်အချင်းနဲ့ ဆိုရင်..ဒီလို ပန်ချီကား တွေကို မြင်တဲ့ လူတိုင်း အံ့ဩကြရမှာပါ..။

ကျိုးမင်ချင်းလည်း ဒီပန်ချီကားတွေကို မြင်ပြီး အံ့ဩနေခဲ့ ပါတယ်..။သို့ပေမယ့်..သူက အနုပညာကို သိပ်မသိတော့..အရမ်းကြီး မတုန်လှုပ် ပါဘူး.။

"ဒါက ခင်ဗျားအတွက်ပဲ..‘老当益壮’ ,အသက်ကြီးပေမယ့်. ဖြတ်လတ်တယ်..။အိမ်ပြန်ရောက်တဲ့ အချိန်..စာကြည့်ခန်းထဲမှာ ချိတ်ဆွဲထားဖို့ကို သတိရပါ.."

ကျိုးမင်ချငိး စာလုံးလေးလုံးကို..မြင်တဲ့ အချိန်မှာ လင်းဖန်ကို ကြည့်လိုက်ပြီး..

"ဆရာ ..ဒါက.."

"ဘာလို့တုန်း..တစ်ခုခု မှားနေလို့လား..."

လင်းဖန် မေးလိုက်တာပါ..။

ကျိုးမင်ချငိးဟာ သူ့ဆရာ ရှေ့မှာ..တစ်ခုခု မှားနေရင်တောင် ​ထုတ်ပြောမှာ မဟုတ်ပါဘူး..။သူ ခေါင်းခါယမ်း လိုက်ပြီး..

"ဘာမှ မဟုတ်ပါဘူး..။ဒီစကားလုံး လေးလုံးက အတော်ကို ထူးခြားနေတယ်လို့ ခံစားရလို့ပါ. "

[တရုတ်လို ရေးထားတဲ့ စာလေးလုံးပါ..မင်မင်လည်း ဘာရေးထားမှန်း မသိဘူး eng လို မပြန်ထားလို့😁]

လငိးဖန် ရယ်လိုက်တယ်..။ဘယ်လို ဟာသမျိုးလဲ..သူသာ..ကျော်ကြားတဲ့ ပန်ချီ ပညာရှင် တစ်ယောက် ဆိုရင်. ဒီစာလုံး လေးလုံးကတင်..ရွှေပေါင်တွေ ထောင်ချီ တန်ကြေးရှိမှာပါ..။ဒီစာလုံး

လေးလုံးကို မြင်ရင် လက်ရေးလှ ပညာရှင်တွေတောင်သူ့ကို စိန်ခေါ်ရဲမှာ မဟုတ်ပါဘူး..။

အစကတော့ သူပန်ချီဆွဲပြီး လက်ဆောင် ပေးဖို့ကို စိတ်ရှိတာမဟုတ်ပေ..။သူဆွဲနေရင်းမှ..တရုတ်အနုပညာ ဆိုတာ..စာလုံး နည်းနည်းပါးပါး ထည့်ရေးသားမှ ပြည့်စုံမှန်းနားလည်လိုက် ပါတယ်..။

သို့ပေမယ့်..သူ လက်ရေးအလှ မရေးတတ်တော့.. အကူမဲ့စွာ..စွယ်စုံကျမ်းထဲမှာ အသိပညာအခန်းကို ယာယီဖွင့်လှစ်ဖို့သာ တတ်နိုင်ပါတော့တယ်..။

ဒီပန်ချီကားတွေ ဆိုတာက သူ့လက်ထဲမှာ ဆို အဖိုးမတန်ပေမယ့်..ယွဲ့ချီဂျုရှီ ရဲ့ လက်ထဲမှာ ဆိုရင်တော့ တန်ဖိုးမဖြတ်နိုင်အောင်ပါပဲ..။ဒီပန်ချီကား တစ်ချပ်က အတော်ကို တန်ဖိုး သွားတော့မှာပါ..။

လင်းဖန် မသိလိုက်စွာပဲ စိတ်ကူးယဥ်နေမိပါတော့တယ်..။

အတွေးထဲမှာတော့..ဘဏ်က သူ့ဆီကို အကြွေး ဒေါ်လာ ၁ ဘီလီယံ လာပြီးတောင်းတာပါ..။သူ့မှာ ပိုက်ဆံ မရှိတော့..အကြွေးကို မပေးနိုင်ပါဘူး..။ယင်းနောက် ဘဏ်က ဒေါ်လာ ၁ဘီလီယံ အစား..ပန်ချီ ဆွဲခိုင်း ပါတော့တယ်..။သူ ဒါကို တွေးမိလိုက်တဲ့ အချိန်မှာ လင်းဖန် သဘောကျပြီး ရယ်မောလိုက်ပါတယ်..။

"ဆရာ..ဆရာ..."

ကျိုးမင်ချင်း ဘေးနားမှာ ရပ်နေပြီး သူ့ဆရာကို ထူးဆန်းစွာ ကြည့်နေခဲ့တယ်..။သူ့ဆရာက..ရုတ်တရက်ကြီး ထရယ်မော နေခဲ့တာပါ...။

ရူးများ သွားတာ လား...

လင်းဖန် အသိစိတ် ဝင်လာခဲ့ပြီး...

"ဘာဖြစ်လို့လဲ..."

ကျိုးမင်ချငိး..ခေါင်းခါယမ်း လိုက်တယ်..။

" ဘာမှ မဟုတ်ပါဘူး.."

"အိုး ဟုတ်သားပဲ..ခင်ဗျားကို ပေးလိုက်တဲ့ စာအုပ်မှာ နားမလည်တဲ့ အပိုင်းတွေ ရှင်းပြပေးမယ်..။မသိတာ ရှိရင်မေးလေ..။သေချာနားထောင်ပြီး အိမ်ရောက်မှ ပြန်သုံးသပ်ပေါ့.."

လငိးဖန် ပြောလိုက်တာပါ..။

ကျိုးမင်ချင်း ခေါင်းညိမ့်လိုက်တယ်.။

"ဟုတ်ကဲ့ပါ ဆရာ..ကျွန်တော် သေချာနားထောင်ပြီး မှတ်သား ထားပါ့မယ်.."

All Chapters