ဒါက ဖြည်းဖြည်းချင်း လုပ်မှရမယ်
Vol. 27 Ch. 404
#ဘာသာပြန် = စနိုးဝှိုက်
နောက်တစ်ရက်..။
လူလိမ်ထျန်ဟာ အလုပ်ရှုပ်နေတဲ့ လင်းဖန်ကို ကြည့်ပြီး အကူညီမဲ့စွာ မေးလိုက်တယ်..။
"မင်း ဘာလုပ်နေတာလဲ...ဒီစကားလံူးတွေက ဘယ်ကနေ လာတာလဲ..."
လင်းဖန် လက်ရေးလှ စာလုံးတွေကို..ဆိုင်ထဲမှာ...ခချိတ်ဆွဲပြီး မြင်လိုက်ရတဲ့ လူတိုင်းကို ကောင်းမွန်တဲ့ ခံစားချက်တွေ ပေးစွမ်းဖို့ လုပ်ကိုင်နေကြတာပါ..။သူ ဒီနယ်ပယ်ကို အများကြီး မလိုပေမယ့်လည်း...လူမြင်ကွင်းမှာထားတာက ပြစနာ မရှိနိုင်ပေ..။
"ဒီစာလုံးတွေ ဘယ်လို နေလဲ..ဒါတွေကို ကျွန်တော် ရေးထားတာလေ..။ဒါက ခမ်းနားပြီး..ထည်ဝါမနေဘူးလား..။ကမ္ဘာ့ လက်ရေးအလှဆုံး ပန်ချီကား တစ်ချပ်လိုပဲ.."
"အဆင်ပြေပါတယ်...ငါ့လက်ရေးထက် နည်းနည်းလောက်ပဲ နိမ့်ကျတာ.."
လူလိမ် ထျန်က..ယဥ္ကျေးမူ မရှိတဲ့ လူတစ်ယောက်ပါ..။
သူ ဒီလိူ အရာတွေကို ဘယ်လို ခံစားတတ်မှာလဲ....
လင်းဖန် လူလိမ် ကို တစ်ချက်ကြည့်ကာ ..ပြောလိုက်တယ်..။
"ခင်ဗျား ဘာသိလို့လဲ..ဒီ ပန်ချီနှစ်ချပ်ကို အနီးကပ် ကြည့်ကြည့် ပါဦ..။မဆိုးဘူး ဟုတ်တယ်မလား..။ဒါကို..တရုတ်အနုပညာ အဖွဲ့အစည်းရဲ့ မာစတာ နှစ်ယောက်က ဆွဲထားတာ..ဒီပန်ချီတွေက စျေးကွက်မှာဆို..ဒေါ်လည သောင်းချီ သိန်းချီ တန်တယ်..."
"မင်း ဘယ်သူ့ကို အရူးလုပ်ဖို့ ကြိုးစားနေတာလဲ..။ငါ ထျန်..က ဘဝတစ်လျောက်လုံးမှာ ကျော်ကြားတဲ့ ပန်ချီကို တစ်ခါမှ မမြင်ဖူးဘူး..။ဒါကို မင်းက ဒီပန် ချီကား..ဒေါ်လာ.သောင်းချီ သိန်းချီ တန်တယ် လာပြောနေတယ်..။ငါပြောလိုက်မယ်...ငါသာဆို ..မင်း ဒီပန်ချီကားကို အလကားပေးမယ် ဆိုရင်တောင် ငါယူမှာ မဟုတ်ဘူး."
ဒါပေါ့ လူလိမ် ထျန် မယုံကြည်ပါဘူး။ဒီကလေးက..မာစတာ တွေ နဲ့ ဘယ်လို သိနိုင်မှာလဲ...။ဒါကို သရဲကို သွားပြောရင်တောင်...သရဲကလည်း ယုံကြည်မှာ မဟုတ်ပေ..။
ကျောက်ကျန်းယန် ပြောလိုက်တယ်...။
"ဒါအမှန်ပဲ..ဒါက မာစတာ တွေ ဆွဲထားတာ..
သူက မြင်ကွင်းတစ်ခုလုံးကို အစအဆုံး မြင်နေခဲ့တာပါ..။အစ်ကိုလင်း ရဲ့အနုပညာက ..အဲ့ မာစတာ နှစ်ပါးကို တောင် သာလွန်ခဲ့ပါသေးတယ်..။အစ်ကိုလင်း..နောက်ထပ်ဘာတွေ ကျွမ်းကျင်သေးလဲ ဆိုတာ သူ စဥ်းစားကြည့်လို့တောင် မရတော့ပါဘူး..။
လူလိမ်ထျန် လက်ဝေ့ယမ်းလိုက်ပြီး..ပြောလိုက်တယ်..။
"ငါမင်းတို့ကို ယုံမှ မဟုတ်ဘူး..။မင်းပြောတဲ့ စကား..အသေးအဖွဲကအစ ငါကိုယ်တိုင်မြင်ရမှ ယုံကြည်တယ်.."
လင်းဖန် နဲ့ ကျောက်ကျန်းယန်..တို့ဟာ..မျက်လုံးချင်း အချက်ပြလိုက်ပြီး နောက်မှာ ထပြီး ရယ်မောလိုက်ကြပါတယ်..။
လူလိမ်ထျန် သံသယ ဝင်တာက..ဖြစ်သင့်ပါတယ်..တကယ်လို့ လူလိမ် ထျန်သာ ဒီပန်ချီကား တစ်ချပ်ရဲ့ စျေးနှုန်းအမှန်ကို သိသွားရင်..ဒီပန်ချီကားတွေကို သူ့ရဲ့ ဘိူးဘေးတွေလိူ ဆက်ဆံ နေတော့မှာပါ..။
လင်းဖန် သူမနေ့က ကျိုးမင်ချငိးကို ပန်ချီကား တစ်ချပ်ပေးလိုက်ပါသေးတယ်..။
အဲ့အချိန်မှာတော့..ကျိူးမငိချင်ဟာ စာကြည့်ခန်းထဲမှာ လင်းဖန် ပေးတဲ့ စာအုပ်ကို လေ့လာနေခဲ့တယ်..။သူ နံရံမှာ ချိတ်ဆွဲထားတဲ့ လက်ရေးလှ ပန်ချီကားကို မကြာခန ကြည့်နေခဲ့ ပါသေးတယ်...။
‘老当益壮’.အသက်ကြီးပေမယ့်ဖြတ်လတ်တုန်းပဲ။
ငါ ဒီပန်ချီကားကို ကြည့်တဲ့ အချိန်မှာ ဘာလို့ ထူးဆန်းတဲ့ ခံစားချက်ကို ရနေတာလဲ...
သို့ပေမယ့်..ဒါက သူ့ဆရာ ဆီ လက်ဆောင် တစ်ခုပါ..။သူ့မှာ ထူးဆန်းတဲ့ ခံစားချကိ ရှိနေတယ် ဆိုရင်တောင်..စာကြည့်ခန်းထဲမှာ ချိတ်ဆွဲ ထားရမှာပါပဲ..။သူ ဒီတိုင်းမလုပ်ပဲ..သူဆရာသိသွားရင် ကျိန်းသေ ဒေါသထွက်မှာပါ..။
ကလင် ကလင်..
ကျိးမင်ချငိး ရဲ့ ဖုန်းဟာ မြည်လာခဲ့တယ်..။
တစ်ခြား တစ်ဖက်က အသံကတော့..ယဥိကျေးပြီး လေးစားမူတွေ ပါဝင်နေခဲ့ပါတယ်..။
"အကြီးအကဲ ကျိုး..အကယ်ဒမီကို မလာတာ နှစ်ရက် ရှိပြီနော်.. တစ်ခုခုဖြစ်နေလို့လား..."
ကျိုးမင်ချင်းဟာ..သူ့ဆရာ ပေးထားတဲ့ စာအုပ်မှာ ဖတ်နေရင်း နစိမြုပ်နေခဲ့တာပါ..။သူ ဒီစကားကို ကြားတဲ့ အချိနိ မှအသိစိတ်ပြန်ဝင် လာခဲ့တယ်..။သူ အကယ်ဒမီကို မသွားတာတကယ်ပဲ ၂ ရက်ရှိနေခဲ့ ပါပြီ..။ဒီနေ့ အပါအဝင် ဆိုရင်တော့ သုံးရက်ပါ..။
"ဘာမှ မဖြစ်ပါဘူး..နေ့လည်ကျရင် လာခဲ့မယ်လေ.."
ကျိုးမင်ချငိးဟာသေချာစဥ်းစား ကြည့်တဲ့ အချိန်မှာ ဒီစာအုပ်ကို..အပြည့်အဝ နားလည်ဖို့ အချိန်လိုအပ်တယ် ဆိုတာကို နားလည်လိုက်ပါတယ်..။သူ နားမလည်ခဲ့တဲ့ အပိုင်းတွေကို သူ့ဆရာရဲ့ လမ်းညွှန်မူ အပြီးမှာတောင်..နားလည်ဖို့ အနည်းငယ် ခက်ခဲနေပြီး အချိန်ပေးဖို့ လိုအပ်နေပါသေးတယ်..။
ကျိုးမင်ချငိးရဲ့ မိန်းမကတော့.သူ့ရဲ့ အပြုအမူ တွေနဲ့ ကျင့်သားရနေခဲ့ ပါပြီ..။ကျိုးမင်ချင်း ပျော်ရွှင်နေသ၍ ဒါက အဆင်ပြေပါတယ်..။
နေ့လည်ဘက်..။
လင်းဖန် နမ်ရှန်း ဂေဟာကို ကားမောင်းပြီး ထွက်လာခဲ့ လိုက်တယ်..။
အဲ့အချိန်မှာပဲ..လူတွေ အများကြီးဟာ..လမ်းဘေးတစ်နေရာမှာ စုဝေးနေတာကို သူတွေ့လိုက်ရပါတယ်..။လူအုပ်ကြီးရဲ့ အလယ်မှာ လဲလျောင်းနေတဲ့ လူတစ်ယောက်ရှိနေတာကိုလည်း သူတွေ့နေရပါသေးတယ်..။
သူ ခနကြာအောင် တွေးပြီး အခြေအနေကို ကြည့်လိုက်တယ်..။
သူ ဒီနေရာကို ဖြတ်လာပြီ ဆိုမှတော့ တစ်ချက်လောက် သွားကြည့်သင့်ပါတယ်..။
သူ ကားကို လမ်းဘေးမှာ ထိုးရပ်လိုက်တယ်..။
လင်းဖန်..လူကြားထဲ တိုးပြီး ကြည့်လိုက်တဲ့ အချိန်မှာ..အမျိုးသမီးတစ်ယောက် လဲလျောင်းနေတာ တွေ့လိုက်ရပါတယ်..။အမျိုးသမီးက အလုပိတွေကို အလွန်အကျွံ လုပ်ထားပြီး..ရာသီဥတုက ပူတာကြောင့် မူးလဲ သွားခဲ့တာပါ..။
ဘေးနားမှာ ရှိနေတဲ့ လူတွေကတော့ ..တိုးတိုးတိုးတိုး ပြောနေခဲ့ကြတယိ..။
"သမက ဘယ်လို ဖြစ်တာလဲ.."
"တစ်ချက်သွားကြည့်လုက်ရမလား.."
"နင်သွား..ငါတော့မသွားဘူး..။ဒါက အန္တရာယ်များတယ် .တစ်ခုခုဖြစ်ရင် အမူပတ်မှာ.."
"ကျေးဇူးပြုပြီး ဘေးဖယ်ပေးပါ.."
ကျောင်းသား ပုံစံ ဝတ်ထားတဲ့ မိန်းကလေးတသ်ယောက်ဟာ ရှေ့ကို တက်လာခဲ့ပြီး ဒူးထောက်ကာ...
"အန်တီ ဘာဖြစ်လို့လဲ..."
မိန်းကလေး ကျောင်းသူဟာ ဒီအခြေအနေကို ဘယ်လို်မှ မတတ်နိုင်ပေမယ့်..ဘေးနားမှာ ရပ်ကြည့်နေကြတဲ့ ဖြတ်သွားဖြတ်လာတွေထက်တော့ သာပါသေးတယ်..။
"သူမကို မထိနဲ့..."
လင်းဖန် ရှေ့တက်လာပြီး ပြောလိုက်တာပါ..။မိန်းကလေး ကျောင်းသူလေး အံ့ဩနေတုန်းမှာပဲ.သူ သက်လတ်ပိုင်း မိန်းမကြီးရဲ့ အခြေအနေကို စစ်ဆေးလိုက်တယ်..။သူ ဒီအမျိူးသမီးကြီးရဲ့ မျက်နှာကို မြင်တဲ့ အချိန်မှာ တစ်နေရာရာမှာ တွေ့ဖူးသလို ခံစားရပေမယ့်.. လက်ရှိအခြေအနေမှာတော့..ဘယ်သူမှန်း မစဥ်စားနိုင်ခဲ့ပါဘူး..။
"ရေပေးပါ..."
လင်းဖန်ပြောလိုက်တယ်...။မိန်းကလေး ကျောင်းသူလေးဟာ..ရေသန့်ဖူးကို လှမ်းပေးလိုက်ပါတယ်..။လင်းဖန်ရဲ့ အကူအညီနဲ့ သက်လတ်ပိုင်း အမျိုးသမီး ကြီးဟာ သတိပြန်လည်လာခဲ့တယ်..။
သက်လတ်ပိုင်း မိန်းမကြီးဟာ သတိပြန်လည်လာတဲ့ အချိန်မှာ.အနည်းငယ် အံ့ဩနေသေးပေမယ့်. လင်းဖန်ကို မြင်တဲ့ အချိန်မှာပဲ..လက်ကို အလျင်အမြန် ဖမ်းပြီး ဆုပ်ကိုင်လိုက် တယ်.။
"သူဌေးလေး..."
လင်းဖန် အံ့ဩသင့်သွား ခဲ့ပါတယ်...။
"ကျွန်တော်ကို သိလို့လား..."
ရုတ်တရက် မိန်းမကြီးရဲ့ ပူဆွေးနေတဲ့ မျက်လုံးကို မြင်တဲ့ အချိန်မှာ သူ မှတ်မလိုကိတယ်..။
"ဝိတ်ကျရောဂါသည် ကလေးမလေးရဲ့ အမေ မဟုတ်လား.."
မဒမ်ဝမ် ခေါင်းညိမ့်လိုက်တယ်..။
"အဲတာ ကျွန်မပါ..သူဌေးလေး.."
ဒီမတော်တဆက ဖြစ်ပျက်တာ ကြာလှပါပြှီ..။သူမ တိမ်ဖြူလမ်းမှာ လာတန်းစီသေးလား..သူ မသိတော့ပါဘူး...။ပန်ကိတ်ဝယ်ဖို့ တန်းစီနေကြတဲ့ လူတွေက များလွန်းတာကြောင့်..သူသတိမထားမိတာက ပုံမှန်ပါပဲ..။
လင်းဖန် ဒီမှာ လူတွေ အများကြီး ရှိနေတာကို သတိရမိပြီး ပြောလိုက်တယ်..။
"ပြောစရာ ရှိရင် နောက်မှ ပြောရအောင်.အရင်ထဦး.."
ဘေးနားက..ဖြတ်သွားဖြတ်လာတွေဟာ အမျိုးသမီးကြီး ကောင်းသွားတာကို ကြည့်ပြီး..အသီးသီး ပြန်သွားခဲ့ကြပါတယ်..။လင်းဖန် မိန်းကလေး ကျောငိးသူ လေးကို ကြည့်လိုက်ကာ...
"မင်းက အရမ်းကြင်နာ တတ်တာပဲ..ကလေးမလေး..။နာမည်ဘယ်လို ခေါ်လဲ.."
မိန်ကလေးဟာ ၁၈ ..၁၉ နှစ်လောက် ရှိပြီး..ချိုသာပြီး လှပတဲ့ အသွငိအပြင် ရှိပါတယ်.။အန်တီ အဆင်ပြေသွားတာကို ကြည့်လိုကိပြီး သူမပြုံးလိုက်ကာ..
"ညီမက..ရှန်ဟိုင်း တက္ကသိုလ်က.လူသစ်.. ဖန်းယွဲ့ပါ..."
လင်းဖန် ခေါင်းညိမ့်ပြီး..ပြုံးလိုက်တယ်.
"ကောင်းပြီ သူမအခု ကောင်းသွားပြီ ကျေးဇူး အများကြီးတင်ပါတယ်.."
"လုပ်သင့်တာကို လုပ်တာပါ.."
ဖန်းယွဲ့ ပြုံးပြီး ပြန်ပြောလိူက်တာပါ..။
…
ကားထဲတွင်.။
လင်းဖန်ကားထဲက အဲယားကွန်းကို..အမြင့်ဆုံးတင်လိုက်ပါတယ်.။သူမ ဒီ ဝိတ်ကျရောဂါသည် ကလေးရဲ့ အမေကို မှတ်သွားခဲ့ပါပြီ..။အရင်က သူမ ပန်ကိတ်ဝယ်ဖို့ လာလာတန်းစီ ပေမယ့် နောက်ပိုင်း မတွေ့တော့ပါဘူး..။
"ခင်ဗျားသမီး ဘယ်လိုနေလဲ..။နေမကောင်းတာ အဆင်ပြေရဲ့လား.."
လင်းဖန် မေးလိုက်တာပါ..။
လကိရှိအချိန်မှာ လင်းဖန်ရဲ့ ဆေးပညာက ထိပ်တန်းအဆင့် ရောက်နေပြီ ဖြစ်တာကြောင့် ဒီရောဂါကိုလည်း ကောင်းကောင်း နားလည်ထား ပြီးပါပြီ..။ဒီရောဂါမှာ အခြေအနေ နှစ်မျိုး ရှိပါတယ်..။ပထမ အပိုင်းက..လူနာဟာ..ကိုယ့်သဘောနဲ့ကို အစားမစားချငိတာ ဖြစ်ပြီး..နောက်တစ်ခုက စားမယ် လုပ်တိုင်း တစိခုခုဖြစ်နေခဲ့တာပါ..။
မဒမ်ဝမ် ခေါင်းခါယမ်းလိုက်ပြီး..
"သူမ ရောဂါက ပိုပိုပြီး ဆိုးဝါးလာနေတယ်..။သူမက အရမ် ပိန်နေပြီး လူနဲ့တောင် မတူတော့ဘူး... "
"ဒါဆို..ခင်ဗျား လမ်းပေါ်မှာဘယ်လို မူးလဲ နေတာလဲ.."
လင်းဖန် မေးလိုက်တာပါ..။အမှန်တော့ သူမေးနေစရာတောင် မလိုတော့ ပါဘူး..သိထားပြီသားပါ..။သူမက..စိတိရော လူရော ပင်ပန်း နွမ်းနယ် နေတဲ့ အချိန်မှာ..ခန္တာကိုယ်က..အားနည်းနေခဲ့ပါပြီ..။ဒါကြောင့် ရာသီဥတုရဲ့ အပူချိန်ရောက်မှာ တောင့်မခံနိုင်ပဲ မူးလဲ ကျသွားတာပါ..။
ဝမ်မူ ပြန်မဖြေချင်တော့ပဲ..ခေါင်းခါယမ်း လိုက်တယ်..။ယင်းနောက် သူမလင်းဖန်ကို ကြည့်လိုက်ပြှီး..
"သူဌေးလေး..သနားသော အားဖြင့် ပန်ကိတ်လေး တစ်ခုလောက် ပေးသနား နိုင်မလား.."
လင်းဖန် ကြောင်အသွားခဲ့တယ်..။မဒမ်ဝမ် သူ့ကို ဒီလေသံနဲ့ ပြောလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး..။သူမက သူ့ကို အသနား ခံနေခဲ့တာပါ..။
အကြည့်..
အရင်တုန်းက သူ့မှာ အရည်အချင်း မရှိပေမယ့် အခု အရည်အချင်း ရှိနေခဲ့ ပါပြီ..။ကလေးရဲ့.ရောဂါက. စိတ်ကြောင့် ဖြစ်နေတာကို..မိဘတွေက..ဆက်ပြီး ဆွဲမခေါ်သွားသင့်ပါဘူး..။ဒါက ရှုပ်ထွေး စေပါတယ်..။
"ဆေးရုံကို အရင်သွားပြီး ခင်ဗျား သမီးဘယ်အခြေအနေ ရှိနေပြီလဲ..ကြည့်လိုက်ရအောင်..."
လင်းဖန် နေရာတွေ မျိုးစုံအောင် လျောက်သွားပြီး..အများကြီး လျောက်လုပ်အပြီးမှာ.ဒီ ဝိတ်ကျရောဂါ ကိစ္စကို ပြန်ဝင်ပါရမယ်လို့ မထင်ထားခဲ့ပါဘူး..။
သို့ပေမယ့် ဒီကိစ္စက ဖြည်းဖြည်းချင်း လုပ်မှ ရမှာပါ...။