← Chapters

စပါယ်ရှယ်လစ် တစ်ယောက်ကဘာလုပ်နိုင်မလဲ ကြည်ရအောင်

Vol. 27 Ch. 405

စပါယ်ရှယ်လစ် တစ်ယောက်ကဘာလုပ်နိုင်မလဲ ကြည်ရအောင်

Vol. 27 Ch. 405

#ဘာသာပြန် = စနိုးဝှိုက်

ဆေးရုံတွငိ..။

" မဒမ် ဝမ်.."

သူနာပြုမလေး လိန်ယွန် ..ဟာ တွေ့တာနဲ့ နှုတ်ဆက်လိုကိတယ်..။သူမ မဒမ်ဝမ်ရဲ့ အခြေအနေကို သိထားပေမယ့်လည်း..သူမ ကူညီနိုင်တာက ဘာမှ မရှိပါဘူး..။ဒီရောဂါ မျူိးက ကုသလို့ မရပါဘူး..။လူနာရဲ့ ပြင်းထန်တဲ့ စိတ်ဓာတ်တစ်ခု ထဲကသာ ဒီအခြေအနေကို ကျော်ဖြတ်နိုင်မှာပါ..။

သို့ပေမယ့် မဒမ် ဝမ်ရဲ့ သမီးက ..နေမကောင်ဖြစ်နေတာကို လုံးဝ ဂရုမစိုက်ပဲ..သူမအသက် ဆုံးရှုံးရတော့မှာ ကိုတောင် စိတ်မပူပါဘူး..။သူ့ မ စိတ်ကို တင်းပြီး ပြန်ကောင်းလာအောင်လုပ်ဖို့ စိတ်ကူး လုံးဝ မရှိပေ..။

ယင်းနောက် လိန်ယွန်ဟာ မဒမ် ဝမ် ဘေးနားက လူကို မြင်လိုက်ပြီး...

"မာစတာ လင်း..."

သူမ စိတ်လှုပ်ရှားနေတာ ထင်ရှားပါတယ်..။မာစတာ လငိးရဲ့ ပန်ကိတ်တွေက အရမ်းကျော်ကြားပြီး..ဝိတ်ကျရောဂါ သည်တွေ တောင် တောင့်မခံနိုင်ကြပါဘူး..။သို့ပေမယ့် မာစတာ လင်းရဲ့ ပန်ကိတ် စမ်းသပ်ကြည့်တာမှာ..ဆေးရုံက ဘာမှ မရှာနိင်ခဲ့ ပါဘူး..။

"အင်း.."

လင်းဖန် ခေါင်ညိ်မ့်လိုကိတယ်..။

"မဒမ်ဝမ် ရဲ့ သမီး ဘယ်လိုရှိလဲ.."

လိန်ယွန် မဒမ်ဝမ်ကို တစ်ချက်ကြည့်ပြီး ခေါင်းခါယမ်းကာ ပြန်ပြောလိုက်တယ်..။

"အတော် ဆိုးတယ်.."

အမှန်တကယ်ပဲ.သူမတို့ အစွမ်းကုန်ကြိုးစား ကြပေမယ့် တိုးတက်မူမှ ရှိမလာ ခဲ့ပါဘူး..။သူမတို့ မဒမ်ဝမ် ရဲ့သမီးလေး ပိုပိန်လာတာကိုပဲ..ထိုင်ကြည့်နေကြရပါတော့တယ်..။တစ်ချိန်တည်းမှာပဲ..ဒီလောက်တကိုယ်ကောင်း ဆန်တဲ့ ကလေးကို သူမတို့ ဒေါသထွက်ကြရပါတယ်..။တကယ်ကို တကယ်ကို တကိုယ်ကောင်း ဆန်တဲ့ ကလေးပါ..။သို့ပေမယ့် မဒမ်ဝမ်ရဲ့ မေတ္တာတွေကြောင့် သူမတို့ ထုတ်မပြောခဲ့ ပါဘူး..။

"ဒါရိုက်တာကျန်း..တိမ်ဖြူလမ်းရဲ့ မာစတာလင်းက ဒီမှာ.."

လိန်ယွန် အော်ပြောလိုက်တာပါ..။ဒါကို ကြားတဲ့ အချိန်မှာ လူနာကို စစ်ဆေးနေတဲ့ ဒါရိုက်တာ ကျန်းဟာ ချက်ချငိး ရောက်လာခဲ့တယ်.။

"ဘယ်လို ရောက်လာတာလဲ မာစတာ လင်း.."

"မဒမ် ဝမ်နဲ့ ကျွန်တော် လမး်မှာ တွေ့လို့..အခြေအနေ ဘယ်လို ရှိလဲ လာကြည့်တာ..

လငိးဖန် ပြောလိုက်ပါတယ်.။သူ့အတွက်က..ဝိတ်ကျရောဂါဟာ ကုသလို့ မရတဲ့ ရောဂါတစ်ခု မဟုတ်တော့ပါဘူး..။သူ့မှာ အကြံတစ်ခု ရှိပြီးသားပါ..သို့ပေမယ့် သူ အခြေအနေကို အရင်ကြည့်ရပါဦးမယ်..။

ဒါရိုက်တာ ကျန်း ခေါင်းခါယမ်း ပြီး ပြောလိုက်တယ်..။

"အခြေအနေက တော့ တော်တော်ကို ဆိူးရွားနေတာ..။ဝမ်လီလီက ..ကျွန်တော်တို့ ဆေးရုံက ဝိတ်ကျရောဂါသည် တွေ ထဲမှာ အဆိုးဆုံးပဲ..။ကျွန်တော်တို့ သူမကို..ကုသမယ့် နည်းကိုသာ အမြန်ရှာ မတွေ့ရင် ...သူမ...သူမ...."

ဒါရိုက်တာ ကျန်း ဆက်မပြောနိုင်တော့ပေ.။သူဆိုလိုတဲ့ အရာကို လူတိုင်က သိထားပြီးသားပါ..။

မဒမ်ဝမ်ကတော့.ဒီအခြေအနေကို ကျင့်သားရနေခဲ့ပါပြီ..။သူမအတွက်က ..မျှော်လင့်ချက်လေး ရှိလာလိုကိ ပျောက်ဆုံးသွားလိုက်.မျှော်လင့်ချက်လေး ရှိလာလိုက်.ပျောက်ဆုံးသွားလိုက်ပဲ..။သို့ပေမယ့် ဘယ်လို အခြေအနေပဲ ဖြစ်လာဖြစ်လာ သူမ ဒါကို လက်ခံနိုင်ရမှာပါ..။အခု တော့ သူမသမီလေး ပြန်ကောင်းလာဖို့ နောက်ဆုံး အကြိမ် ကြိုးစားကြည့်ချင်နေခဲ့ပါတယ်..။

လူနာဆောင်တွင်..။

လင်းဖန် ကုတင်ပေါ်မှာလဲနေတဲ့ ဝမ်လီလီ ရဲ့အခြေအနေကို ကြည့်လိုက်တယ်.။သူမက အားနည်းပြီး ပိန်ချုံးနေပေမယ့် အသက်ရူနေတုန်းပါ..။

"ဒါရိုက်တာကျန်း..သူမရဲ့ လက်ရှိအခြေအနေအရ ဘယ်လောက် တောင့်ခံနိုင်မယ် လို့ထင်လဲ.."

လင်းဖန် မေးလိုက်တာပါ.။

ဒါရိုက်တာ ကျန်း အချိန်ခနကြာအောင် တွေးလိုက်ပြီးမှ ပြန်ဖြေလိုက်တယ်..။

"ဒီတိုင်း ဆက်သွားနေရင်တော့..တစ်လပဲ ခံနိုင်မှာပေါ့..။ဒါပေမဲ့ သူမပြန်ပြီး အစာစားချင်စိတ်ဖြစ်ပြီး အာဟာရတွေ ဖြည့်ပေးနိုင်ရင်...ဖြည်းဖြည်းချငိး ပြန်ကောင်း လာလိမ့်မယ်..။ဒါပေမဲ့ လက်ရှိအခြေအနေအရ သူမက တံတွေးတောင် မမျိုချနိုင်ဘူးလေ..။သူမ အခြေအနေက တကယ်ဆိုးရွားနေတာ."

အဲ့အချိန်မှာပဲ လိန်ယွန် ဝင်ပြောလိုက်တယ်..။

"ဒါရိုက်တာကျန်း...စပါယ်ရှယ်လစ် ဂရုက လူတွေ ဒီကို ရောက်နေကြပြီ.."

လင်းဖန် စပါယ်ရှယ်လစ် ဂရု ဆိုတာ ဘာမှန်း မသိပဲ..အံ့ဩစွာ ကြည့်လိုက်တဲ့ အချိန်မှာ..ဒါရိုက်တာ ကျန်း ရှင်းပြလိုက်ပါတယ်..။

"ဝမ်လီလီ ရဲ့ အခြေအနေကို သတင်းထောက်တွေ ကြော်ငြာ အပြီးမှာ လူများစွာက အာရုံစိုက်မိသွားတယ်..။သူမက မချမ်းသာတော့ လူတွေ အများကြီးက..လှူဒါန်းကြတယ်လေ..။ဒီ လူတွေက.ဝိတ်ကျရော ရှာဖွေရေး စင်တာက..စပါယ်ရှယ်လစ် ဂရုက လူတွေ.။သူတို့က ဝိတ်ကျရောဂါမှာ အတွေ့အကြုံတွေ အများကြီး ရှိတော့ ဒီအခြေအနေကို ကျော်လွှားနိုင် နည်းလမ်း ရှိမလားလို့ ဖိတ်ခေါ်ထားတာလေ..။ကျုပ်သွား ကြိုလိုက်ဦးယ် ပြီးမှ ပြန်လာခဲ့မယ် မာစတာ လင်း.."

"ကောင်းပါပြီ.."

အဲ့အချိန်မှာတော့ လင်းဖန်နဲ့..မဒမ်ဝမ်သာ.. လာနာဆောင်မှာ ကျန်ခဲ့ပါတော့တယ်..။မဒမ်ဝမ် မျက်လုံးထောင့်ကမျက်ရည်တွေကို သုတ်လိုက်ပါတယ်..။သူမ ဒီကိစ္စ အတွက်နဲ့ အကြိမ်ရေ ဘယ်လောက်များများ ငိုခဲ့လဲတောင် မသိတော့ ပါဘူး...။

လင်းဖန် ရှေ့ကို တက်သွားပြီး...ဝမ်လီလီ ရဲ့ ရင်ဘတ်ပေါ်ကို လက်တင်ကာ..အခြေအနေကို စစ်ဆေးလိုက်တယ်..။

"သူဌေးလေး ...ရှင်..."

လင်းဖန် လက်ဝေ့ယမ်းပြီး တိတ်တိတ်နေခိုင်းလိုကိတယ်..။ဒီလို ရောဂါ မျိုးက.နိုင်ငံထဲမှာတောင် ဒီလိုအခြေအနေမျိုး အများကြီး မရှိပါဘူး..။တစ်ချို့ အစောပိုင်း အဆင့်တွေဆို သူနည်းနညး်လောက် အားစိုက်လိုက်ရင် ချက်ချင်း ပြန်ကောင်းသွားမှာပါ..။သို့ပေမယ့် ဝမ်လီလီကတော့..ဒီအခြေအနေရောက်ဖို့..သူ့ကိုယ်သူ အတော် ဒုက္ခပေးပြီး ထားလောက်ပါပြီ..။သူမ ဗိုက်ဆာရင်တောင် ကျိတ်မှိတ်ခံနေခဲ့မှာပါ..။

ဝမ်လီလီ လို...အိပ်ယာထဲကတောင် မထနိုင်တဲ့ ဝိတ်ကျရောဂါသည် တွေက အတော်ရှားပါတယ်..။

လငိးဖန် ဖုန်းကို ထုတ်ပြီး ကျိူးမင်ချငိးကို ခေါ်လိုက်တယ်..။

"မင်ချင်း..ကျုပ် xx ဆေးရုံမှာ..အခုလာခဲ့လိုက်...

သူ ကျိုးမင်ချငိး ကို အနီးကပ် ကြည့်စေချင်လို့ ခေါ်လိုကိတာပါ..။အနောက်တိုင်း ဆေးပညာက ကုသလို့ မရတာ မဟုတ်ပါဘူး..လက်ရှိ ဝမ်လီလီ ရဲ့ အခြေအနေကို ဆေးမသက်ရောက်တော့တာပါ..။ဒီအခြေအနေမှာ တရုတ် တိုင်းရင်းဆေးကပဲ နည်းစပ်မူ ရှိပါတယ်..။

ဒါပေါ့..ဒါကလည်း ကျိူးမင်ချငိး အတွကိ သင်ခန်းစာတစိခုပါပဲ..။

ကျိူးမင်ချငိးဟာ..အကယ်ဒမီကို သွားဖို့ လုပ်နေရာကနေ..ဖုန်ဖြေပြီးတဲ့နောက်မှာ စိတ်ကို ပြောင်းလိုက်တယ်..။ဒါပေါ့...သူ့ဆရာဆီကိုပဲ သူသွားရမှာပါ..။

ထပိပြောရရင်..ဆေးရုံ ဆိုတဲ့ စကားလုံး ကိုကြားတဲ့ အချိန်မှာ သူ နှလုံးခုန်မြန်သွားခဲ့တာပါ..။

သူ့ဆရာက လက်တွေ့ လူနာနဲ့ သင်ကြားပေးချင်နေတာလား...

ဒီအတွေးကတင် အတော်စိတ်လှုပ်ရှားစေပါတယ်..။

…

မဒမ် ဝမ်ရဲ့ မျက်လုံးထဲမှာ လငိးဖန်က ဆရာဝန် တစ်ယောက် မဟုတ်ပါဘူး။လင်းဖန် ဘာလုပ်နေလဲ သူမမပြောတတ်တော့ပေ..။အခုချိန်မှာ..သူမရဲ့ မျော်လင့်ချက်တွေကို စပါယ်ရှယ်လစ်တွေ ဆီမှာပဲ အပ်ထားခဲ့ပါတယ်..။

လင်းဖန် ဘေးနားမှာ ရပ်နေပြီး ကျိုးမင်ချငိး အရောက်ကို စောင့်နေခဲ့တယ်..။သူ့ရဲ့ စွမ်းရည်နဲ့ ဆိုရင်..သူမအတွက် အထူးဆေးဝါးတွေ ပြုလုပ်ပြီး စွယ်စုံကျမ်းရဲ့ အကူအညီနဲ့ ကုသပေးလို့ ရပါတယ် .။ဒါက သူမကို ချက်ချငိး မသက်သာနိင်ပေမယ့်လည်း...သူမ ရဲ့ ကျန်းမာတဲ့ အခြေအနေကို ညြၽးဖြည်းချငိး ပြန်ရောက်နိုင်မှာပါ..။

အဲ့အချိန်မှာပဲ..အပြင်ကနေ ..လူတစ်စု ဝင်လာခဲ့တယ်..။

လင်းဖန် သူ့တို့ကို ကြည့်လိုက်တဲ့အချိန်မှာ ဒါရိုက်တာ ကျန်းရဲ့ ရှေ့မှာ သက်လတ်ပိုင်းအရွယ် လူကြီး တစ်ယောက် ရှိနေခဲ့ပါတယ်..။သူနောက်မှာ တော့ လူတစ်စု လိုက်ပါလာခဲ့တယ်..။ကြည့်ရတာ ဒါက စပါယ်ရှယ်လစ် ဂရုတစ်ခု ဖြစ်တဲ့ ပုံပါပဲ..။

"စပါယ်ရှယ်လစ် ချန်း ဒါက ဝမ်လီလီ ရဲ့အမေပါ.."

ဒါရိုက်တာ ကျန်းဟာ မိတ်ဆက်ပေးလိုက်ပြီး..မဒမ်ဝမ်ကို ကြည့်ကာ..

"မဒမ် ဝမ်..ဒါက ဟိုင်ချန်း ဝိတ်ကျရောဂါ ရှာဖွေရေး စင်တာ စပါယ်ရှယ်လစ် အုပ်စု ရဲ့ ခေါင်ဆောင် စပါယ်ရှယ်လစ် ချန်းပဲ.."

မဒမ်ဝမ်ဟာ ဒါကို မြင်ပြီး အလျင်အမြန် တောင်းပန်လိုက်တယ်..။

"စပါယ်ရှယ်လစ် ချန်း ကျွန်မသမီးလေး ပြန်ကောင်းလာအောင် ကူညီပါဦး.."

စပါယ်ရှယ်လစ် ချန်း ဟာ မဒမ်ဝမ်ကို ခေါင်းတစ်ချက် ငြိမ့်ပြလိုက်ပြီး..လူနာကုတင်ကို ကြည့်လိုက်ပါတယ်..။သူ မျက်မှောင်ကျုတ်ပြီး မေးလိုက်တယ်..။

"ဒီလူငယ်လေးက ဘယ်သူလဲ..."

ဒါရိုက်တာ ကျန်း မိတ်ဆက်ပေး လိုက်တယ်..။

"ဒါက မာစတာ လင်းပါ..။သူ့ရဲ့ ပန်ကိတ်တွေကို..ဝိတ်ကျရောဂါ သည်တွေတောင် စားကြတယ်...ဒါပေမဲ့ ကုတော့ မကုသနိုင်ဘူး..."

စပါယ်ရှယ်လစ် ချန်း..ရယ်မောလိုက်တယ်..။

"ဒီလိုလား..ဘယ်လို အရည်အချငိး မျိုးလဲ.."

သူ့ရဲ့ အပြုံးထဲမှာ အထင်သေးမူ တွေ ပါဝင်နေခဲ့ ပါတယ်..။ယငိးနောက် သူ ကုတင်ပါ်မှာ ရှိတဲ့ ဝမ်လီလီ ကို ကြည့်လိုက်ပြီး..

"ဒီကလေးတွေက ဘယ်လောက် တောငိ ဖိအားရှိနေလို့ ဒီလို ရောဂါ ရနေတာလဲ..။ငါ့အမြင်အရတော့ သူတို့က ကိုယ့်ဒုက္ခကိုယ် ရှာနေကြတာပဲ..။ဒါပေမဲ့ ဒီဒုက္ခတွေက သူတို့ မိသားစုတွေ ဆိီကိုပဲ ရောက်ကြရတာ.."

လငိးဖန် ပြုံးပြီး ပြောလိုက်တယ်..

"ဒါက အဓိပါယ်ရှိပေမယ့် ပွင့်လင်းလွန်းမနေဘူးလား.."

လင်းဖန် စပါယ်ရှယ်လစ် ပြောတာကို လက်ခံမေယ့် စပါယ်ရှယ်လစ်ကတော့ လင်းဖန်ကို..ဂရုတောင် မစိုက်ပါဘူး..။

"မဆိုင်တဲ့ လူတွေ ထွကိသွားပါ..ကျုပ်နဲ့ ကျုပ်လူတွေ လူနာကို စမ်းသပ်ဖို့ လိုအပ်တယ်..။လူနာဘယ်လို တုန့်ပြန်မလဲ သိရအောင် ..ဆန်ပြုတ် တစ်ခွက် ယူလာခဲ့.."

သူ နာမည်တပ်ပြီး တိုက်ရိုက် မပြောပေမယ့် မဆိုင်တဲ့ လူတွေ ဆိုတာ..လင်းဖန်ကို ပြောတာပါ..။သိုပေမယ့် လင်းဖန် မငြင်းခုန်ပဲ..ပြုံးပြီး ပြောလိုက်တယ်..။

"လူ နာရဲ့ ခန္တာကိုယ်က အတော်အားနည်းနေပြီး..အစာအိမ်ကလည်းအရမ်းကို ပျော့နေပြီ..။သူမသာ ဆန်ပြုတ်စားလိုက်ရင်...သူမရဲ့ အစာအိမ်က မခံနိုင်ပဲ..ချွတ်ယွင်းမူ တွေ ဖြစ်ပေါ်လာလိမ့်မယ်..။ဒီလို ဖြစ်လာရင် ဆိုးရွား ကုန်လိမ့်မယ်နော်..."

ဒါက လင်းဖန်ရဲ့ အမြင်ပါ..။

စပါရှယ်လစ် ချန်း မျက်မှောင် ကျုတ်ပြီး ပြောလိုက်တယ်..။

"ဒါရိုက်တာ ကျန်း..ဧရိယာကို ရှင်းလင်းပေးပါဦး..။ကျုပ်တို့ စမ်းသပ် စစ်ဆေး စရာတွေ ရှိသေးတယ်..."

ဒါရိုက်တာကျန်း ခေါင်းညိမ့်လိုက်ပါတယ်..သူက စပါယ်ရှယ်လစ် ရဲ့ ရှေ့မှာ ဆိုရင် ဘာမှ မဟုတ်တော့ပါဘူး..။

"မဒမ်ဝမ်...မာစတာ လငိး..စပါယ်ရှယ်လစ်တွေ သူတို့ အလုပ်သူတို့ လုပ်ပါစေ..."

လငိးဖန် စိတ်မရှိပေ..။

စပါယ်ရှယ်လစ်လား.....စပါယ်ရှယ်လစ်တွေ ဘာလုပ်နိုင်မလဲ စောင့်ကြည့်ကြတာပေါ့......

All Chapters