← Chapters

ပြသနာကို ကိုင်တွယ်ခြင်း...

Vol. 28 Ch. 407

ပြသနာကို ကိုင်တွယ်ခြင်း...

Vol. 28 Ch. 407

#ဘာသာပြန် = စနိးဝှိုက်..

စပါယ်ရှယ်လစ် ချန်း မျက်မှောင်ကျုတ်လိုက်တယ် ..။သူ ဒီအခြေအနေကို ..အကြိုက်ပါဘူး..။သို့ပေမဟ့်..လက်ရှိပြသနာ က သူတို့ ကြောင့် ဖြစ်လာတာဖြစ်ပြီး..သူတို့ မကုသ နိုင်တော့..တရုတ်းသမားတော်ကို စမ်းသပ်ခိုငး်ဖို့ ပဲ တတ်နိုင်ပါတော့တယ်..။သို့ပေမယ့်..သူ ဒီတရုတ် သမားတော်ကို ယုံကြည်မူ မရှိပေ..။

ဝမ်လီလီ ရဲ့ အမေကတော့..အတော်ကို စိုးရိမ်နေခဲ့ပါတယ်..။

"ဒါရိုက်တာ ကျန်း ..သူမ အဆငိပြေမှာပါနော်.."

ဒါရိုက်တာ ကျန်း ခေါင်းညိမ့်လိုက်တယ်...

"ဒါက ရှန်ဟိုင်း ဆေးပညာ အကယ်ဒမီရဲ့ ဒါရိုက်တာ ကျိုးမင်ချငိး လေ..။သူ့ရဲ့ ဆေးပညာက တကယ်ကို ထိပ်တန်းပဲ..။သူက တရုတ်ဆေးပညာရဲ့ စံပြပုဂ္ဂိုလ် ဖြစ်ပြီး.သူက နိုင်ငံရဲ့ တရုတ်ဆေးပညာလောက မှာ အတော်ထင်ရှားတယ်.."

သတင်းထောက်တွေဟာ ဒါကို ကြားတဲ့ အချိန်မှာ ..မှတ်သားထားလိုက်ကြတယ်..။တစ်ချို့ သတင်းထောကိတွေက သတင်းခေါင်းစဥ်ကိုတောင် စဥ်းစား နေကြပါပြီ..။

"တရုတ် ဆေပညာနဲ့ အနောက်တိုင်း ဆေးပညာရဲ့ အကောင်းဆုံး ပညာရှင် နှစ်ယောက် ထိပ်တိုက်တွေ့.."

မဒမ် ဝမ်..ကျိုးမင်းချင်းကို ကြည့်လိုက်ပြီး..

"မာစတာ ကျိုး..ကျွန်မသမီးလေးကို အပ်ပါတယ်.."

ကျိုူမင်ချင်း ခေါင်းညိ်မ့်လိုက်ပြီး..

"ကျုပ်လူလေးယောက် လိုတယ်...သူမကို လှုပ်လို့ မရအောင် ခြေတွေ လက်တွေကို ချုပ်ထား..."

သိပ်မကြာခင်မှာ ပဲ လူသန်ကြီး လေးယောက်ဟာ..ရောက်လာပြီး..ဝမ်လီလီ ရဲ့ ခြေတွေ လကိတွေကို လှုပ်မရအောင် ဖိထားလိုက်ကြတယ်..။ကျိုးမင်ချငိးရဲ့ အရည်အချင်းအရ ဆိုရင်..အက်ျီတွေကို ချွတ်ဖို့ မလိုတော့ပါဘူး..။ဘယ်အမှတ်က ဘယ်မှာ ရှိလဲ ဆိုတာကို သူသိပါတယ်..။

သူ ဝမ်လီလီရဲ့ ဝမ်ဗိုက်ကို..အဝတ်ပေါ်ကနေ..ဖိလိုက်ပြီး..အပ်တစ်ချောင်းကို စိုက်လိုက်ပါတယ်..။သူ အမှတ်နေရာကို အတိအကျ သိရထားတာပါ..။

စပါယ်ရှယ်လစ် ချန်း ကတော့ ဒါတွေကို အယုံ အကြည် မရှိပေ.။တရုတ် ဆေးပညာဆိုတာက..သိပ္ပံ နည်းလမ်း မကျပါဘူး..။

ဒီအမှတ်တွေ ရှိတယ် ဆိုတာ..တည်ရှိတာ မှန်ပေမယ့်.ဘာတိကျတဲ့ သက်သေမှတော့ မပြနိုင်ပေ..။ဒါကြောင့် သူ ဒီလို ကုသ မူတွေကို အယုံအကြည်မရှိတာပါ..

ကျိုးမင်ချင်း အပ်ကို စိုက်ပြီး တဲ့ အချိန်မှာ.. လူတိုင်းဟာ အသက်ကို အောင့်ပြီး ဆန်ကျယ်မူကို စောင့်နေခဲ့ကြတယ်.။

ကျိုးမင်ချင်းရဲ့ အမူအရာ..ဟာ လေးနက်နေခဲ့တယ်..။သူ ဒီအမှတ်သုံးမှတ်ကို သိပေမယ့်.. ဒီအမှတ်သုံးမှတ်က ဘယ်လို ဆက်နွယ်နေလဲ တော့ သူမသိပါဘူး.။သို့ပေမယ့်..သူ့ဆရာကို သူ ယုံကြည်ပါတယ်..သူ့ဆရာက သူ့ကို တစ်ခုခုသင်ကြားပေးဖို့ လုပ်နေတာပါ..။

ဒုတိယ အပ်ကို စိုက်လိုက်တယ်..။ဝမ်လီလီ ရဲ့ အမူအရာဟာ ..တည်ငြိမ်သွားပြီး နာကျင်နေတဲ့ အမူအရာ မရှိတော့ ပါဘူး..။လူတိုင်း အံ့ဩသင့်သွားခဲ့ကြပါတယ်..။

"ဟေး..ကြည့်ရတာ တကယ် အကျိးသက်ရောက်တဲ့ပုံပဲ.."

"ဟုတ်တယ်...ဝမ်လီလီလေး နာကျင်နေတဲ့ ပုံမရှိတော့ဘူး.."

"ဘယ်လောကထ ဆန်းကျယ်လိုက်တာ..ဒါက ငါ တရုတ်ဆေးပညာကို ပထမဆုံးမြင်ဖူးတာပဲ..။ငါ အစက မယုံကြည်ခဲ့ဘူး..."

ကျိုးမင်ချင်း..တတိယ အပ်ကို စိုက်ပြီးတဲ့ နောက်မှာတော့..ဝမ်လီလီလေးဟာ လုံးဝ ငြိမ်သက်သွားခဲ့ပါပြီ..။

"ဒါရိုက်တာ ကျိုး..ဒီသာမန် အပ်တွေက ဘယ်လို ဖြစ်ပြီး နာကျင်မူတွေကို ပျောက်အောင် လုပ်နိုက်လိုက်တာလဲ...။ဒီနောက်ကွယ်က လျို့ဝှက်ချကိက ဘာများလဲ.."

ကျိုးမင်ချငိးဟာ လင်းဖန် ဆီက..ညွှန်ကြားမူကို ရထားပြီး​ြ့ပီ ဖြစ်တာကြောင့် ပြောလိုက်တယ်..။

"ဒါက ခုနက တိုက်လိုက်တဲ့ ဆန်ပြုတ်ကြောင့်လေ..။ဆန်ပြုတ် ဆိုတာက အားနည်းနေတဲ့ လူနာတွေ အတွက် အကောင်းဆုံး..အစားအစာ ဆိုတာ မှန်ပါတယ်..။ဒါပေမဲ့...သူမကဝိတ်ကျရောဂါ..ခံစားရတာ ဖြစ်ပြီး..အစာအိမ်ကို အသုံးမပြုတာ ကြာပြီလေ.။အခု ဆန်ပြုတ်ရဲ့ လုံ့ဆော်မူကြောင့်..အစာအိမ်က ဓာတ်ငွေ့တွေ ဖောင်းပွတဲ့ ပူဖောင်း ကြီးလို ဖြစ်လာတာလေ..။ဒါသာ အချိန်မှ မတုန့်ပြန်နိုင်ခဲ့ရင် ..သူမ ဘဝကို..တစ်ခါတည်း ယူသွားနိုင်တယ်..."

"အိုး.."

သတင်းထောက်ဟာ ခေါင်းညိမ့်လိုကိတယ်.. ။နောက်တော့ သူတစ်ခုခုကို မှတ်မိလိုက်ပြီး...

"မာစတာ လင်း ..ဒါကို ကြိုပြီး သတိပေးလိုက်သားပဲ...ဒါပေမဲ့ စပါယ်ရှယ်လစ် ချန်းက နားမထောင်ဘူးလေ.."

"ဟုတ်တယ်..မာစတာ လင်းက ဆန်ပြုတ်တိုက်ရင် ပြသနာ ဖြစ်လိမ့်မယ် လို့ ပြောသေးတာ..။မာစတာ လင်း တရုတိဆေးပညာကို သိနေတာ ဖြစ်နိုင်မလား..."

အဲ့အချိန်မှာပဲ ဒါရိုက်တာ ကျန်း မာစတာ လင်းကို ..ကြည့်လိုက်တယ်..။မာစတာ လငိး ဘယ်လိူသိတာလဲ ဆိုတာ သူအံ့ဩမိပါတယ်..။

အဲ့အချိန်မှာတော့ စပါယ်ရှယ်လစ်ချန်းရဲ့ အမူအရာက ဆိုးရွားနေခဲ့ ပါပြီ..။အထူးသဖြင့်..သတင်းထောက်တွေ အများကြီးရဲ့ ရှေ့မှာ..ပြသနာ ရှာမိပြီး.တရုတ်သမားတော် တစ်ယောက်က ဖြေရှင်းသွားတဲ့အချိန်မှာပါ..။ဒါက တကယ် စိတ်ပျက်စရာပါပဲ.။

အဲ့အချိန်မှာပဲ သူ ..ရှင်းပြလိုက်တယ်..။

"အားလုံးပဲ...ကျွန်တော်တို့ အရင်ကလည်း..ဒါမျိုး ကြုံခဲ့ဖူးတယ်..။ကျွန်တော်တို့..လူနာ ဘယ်လို တုတ့်ပြန်မလဲ ဆိုတာကိုပဲ.သိချငိခဲ့တာ..။ဒီလို ဖြစ်လာမယ်လို့ ..မတွေးထားဘူး..။ကျွန်တော် တို့ ဒီလို အခြေအနေကို ကိုင်တွယ် ဖို့ နည်းလမ်းကို သိထားပြီးသား..။အခု ဒါရိုက်တာ ကျိူးက အစာအိမ် ပြသနာ ကို ဖြေရှငိးပြီးပေမယ့်...ကျုပ်တို့ကပဲ..ဆက်လက် စမ်းသပ်စစ်ဆေးပြီး ကောင်းမွန်တဲ့ ဆေးဝါးတွေနဲ့. ကုသပေးပါ့မယ်..။ဒါကြောင့် အနောက်တိုင်း ဆေးပညာက မကုနိုင်တာ မဟုတိပါဘူး..ဟုတိတယ်မလား..ဒါရိုက်တာ ကျန်း..".

သတင်းထောက်တွေဟာ ဒါရိုက်တာ ကျန်းကို ကင်မရာ ချိန်နေခဲ့တယ်..။အခြေခံအားဖြင့် ဒါရိုက်တာကျန်းက သဘောတူဖို့ ဖိအားပေးခံနေရတာပါ..။သူသာ ငြင်းပယ်ရင်..ဒါက အနောက်တိုင်း ဆေးပညာကို စော်ကားမိသလို ပါပဲ..ထပ်ပြောရရင် သတင်းထောက်တွေက ဘယ်လို ရေးမလဲ မသိပေ..။

"စပါယ်ရှယ်လစ် ပြောတာ အမှန်ပဲ..။တရုတ်ဆေးပညာ နဲ့ အနောက်တိုင်း ဆေးပညာက ယှဥ် တွဲ ပြီး ရှိနေသငိ့တာလေ.။အားနည်းချက် အားသာချက်ဆိုတာ ရှိပြီး နှိုင်းယှဥ်လို့ မရဘူး..။လက်ရှိအခြေအနေမှာ စပါယ်ရှယ်လစ် အဖွဲ့က နောက်တစ်ဆင့်ကို ဆက်ဆွေးနွေးရင်..ကောင်းမွန်တဲ့ ရလာဒ် ထွက်လာမယ် လို့ ကျုပ်ထင်တယ်..."

လင်းဖန် ဘေးနားမှာ ရပ်နေပြီး..ဘာမှ ဝင်မပြောပေ..။သူဒီတစ်ကြိမ်လာတာ ဘယ်သူ့ကိုမှ တိုက်ခိုက်ဖို့ မဟုတ်ပါဘူး..။သူ အခြေအနေကို ပဲလာကြည့်တာပါ..။အခြေအနေကို ကြည့်ပြီးမှပဲ သူနား လည်သွားခဲ့ ပါတယ်..။

အဲ့အချိန်မှာပဲ ကျိမင်ချင်းဟာ သူ့ဆရာရဲ့ မျက်နှာကို မြင်ပြီး ခေါင်းညိ်မ့် လိုက်တယ်..။လင်းဖန်က သူ့ကို ဒီနေရာက ထွက်သွားဖို့ ပြောနေခဲ့တာပါ..။

ဆေးရုံအပြင်ဘက်တွင်..။

ကျိုးမင်ချငိးဟာလင်းဖန် ဘေးနားမှာ ရိုသေစွာ ရှိနေပြီး..လင်းဖန်ဟာမေးလိုကိတယ်..။

"ဝိတ်ကျရောဂါ ဘယ်နှစ်ခု ခွဲထားလဲ သိလား.. "

ကျိုးမင်ချငိး ခေါင်းညိမ့်လိုကိပါတယ်.။

"ဆရာကျွန်တော် သိသလောကိတော့ ဝိတ်ကျရောဂါ သုံးမျိုး ရှိတယ်..။ပထမက ရပ်တန့်နေတဲ့ အဆင့်..အဲ့အချိန်မှာ လူနာက အစာကို အချိန်အတော်ကြာတဲ့ အထိမစားဘူး..လူနာရဲ့ အစာစားချင်စိတ် ပျောက်သွားတယ်.."

"ဒုတိယ အဆင်မှာတော့. သရက်ရွက်မှာ ဆိုးရွားမူတွေ ကြုံလာရတယ်.။အာရုံကြော အားနည်းမယ်..ရင်ဘတ်တွေ အောင့်မယ်..သွေးအန်မယ်.."

"တတိယ အဆင့်က သရက်ရွက်နဲ့ အစာအိမ်ထဲမှာ ယင်ဓာတ်တွေ ပေါ်များလာတာပဲ..။ပူလောင်ပြီး စပ်တဲ့ အစားအသောက်တွေက ယင်ဓာတ်ကို သက်ရောက်နိုင်တယ်..။ပါးစပ်တွေ ခြောက်ကပ်ပြီး ရေဆာလိမ့်မယ်..ဒီလိုရောဂါတွေက တကယ်ဆိုးရွာူတာပဲ."

လင်းဖန် ပြုံးလိုက်တယ်..။

"ဟုတ်တာပေါ့..အရင်အချိန်တွေ တုန်းက ..အစားအသောက်တွေ ရှားပါး​ေတာ့..ကျုပ်တို့မှာ စားစရာ အလုံး အလောက်တောင် မရှိကြဘူးလေ..။ဒီတော့ ဘယ်သူမှ ဝိတ်မချကြဘူး..။ဒီရောဂါက ဝိတ်ချရင်းနဲ့ ဖြစ်လာခဲ့တယ်..။ဒီရောဂါ အများစုကတော့ အစောပိုင်းအဆင့်မှာ ကုရင် ပျောက်သွားတာ ချည်းပဲ.."

ကျိုးမင်ချင်း ခေါင်းညိမ့်လိုက်တယ်..

"ဆရာ..ကျွန်တော်တို့..ဝိတ်ကျရောဂါ အကြောင်းရှာဖွေ မလို့လား.."

လင်းဖန် ပြုံးလိုက်တယ်..။

"ကောငိးပြီ ခင်ဗျားက ကျုပ်ရဲ့ တပည့် ဖြစ်နေပြီ ဆိုတော့..ဒီတစ်ခေါကိ ဝိတ်ကျရောဂါကို ကိုယ်တွယ်ကြရအောင်.."

"ဆရာ ကျွန်တော်တို့ ဝိတ်ကျရောဂါကို ကုသဖို့ တကယ်နည်းလမ်းရှာမှာပါ.."

ကျိုးမင်ချငိး ဒါကိုပြောတဲ့ အချိန်မှာ မယုံကြည်မူတွေ ပါနေခဲ့ ပါတယ်..။

လင်းဖန် ကြည့်ပြီး ပြောလိုက်တယ်..။

"ဘာလဲ..ခင်ဗျားကမဖြစ်နိုင်ဘူး ထင်လို့လား.."

ကျိုးမင်ချင်း အလျင်အမြန် ခေါင်းခါယမ်းလိုက်တယ်..။

"မဟုတ်ပါဘူး..ဆရာ့မှာ ကျိန်းသေ အဖြေတစ်ခု ရှိမှာပါ.."

"ကောင်းပြှီ အကယ်ဒမီကို သွားပြီး စမ်းသပ်ခန်း တစိခုယူပြီး စမ်းသပ်ကြရအောငိ..။ဒီတစ်ခါတော့ ခင်ဗျား ကြိုးစားပေးမှရမယ်.."

သူ့မှာ ဝိတ်ကျရောဂါကုသမူ အတွက် ​ေနည်းလမ်း အမှန်တကယ်ရှိပါတယ်..။သို့ပေမယ့် ဒီအချိန်က ကြွားရမယ့် အချိန်မဟုတ်သေးပါဘူး..။ကျိုးမင်ချငိးက သူ့ရဲ့ တပည့်ဆိုတော့..သူ လုပ်ကိုင်နေတဲ့ အချိန်မှာ ဘေးနားမှာ ရှိနေသင့်ပါတယ်..။

ဒီပြသနာ သာ မြနိမြန်ကြီး ဖြေရှင်း ပေးလိုက်ရင်..ဘာမှ အဓိပ္ပါယ် မရှိသလို..ကျိုးမင်ချငိး အတွက်လည်း..အကျိုးရှိမှာ မဟုတ်ပေ..။

All Chapters