← Chapters

တရုတ်သမားတော်တွေက လည်းပါဝင် ပတ်သက်ချင်တယ်...

Vol. 28 Ch. 408

တရုတ်သမားတော်တွေက လည်းပါဝင် ပတ်သက်ချင်တယ်...

Vol. 28 Ch. 408

#ဘာသာပြန် = စနိုးဝှိုက်

နောက်တစ်ရက်..။

အင်တာနက် ပေါ်မှာ..သတင်းတစ်ခု တက်နေခဲ့ပါတယ်..။ဒီသတင်းကို လူတွေ အများကြှီး စိတ်မဝင်စားကြပေမယ့် မြင်တဲ့ လူတိုင်းကတော့ ကြောင်အသွားကြရတာပါပဲ..။

"ချီးပဲ.တရုတ်ဆေးပညာက တကယ် မိုကိတယ်..

"မင်းဘကြီးကို..အံ့ဩဖို့ကောင်းပါလား ..။နာကျင်တာကို ပဲ ပျောက်အာင် လုပ်ပေးတာလေ..ဒါတောင် မင်းတို့က..ရောဂါတွေ အကုန်လုံးကို ပျောက်ကင်းအောင် လုပ်ချငိနေသေးတယ်.."

"တရုတ် ဆေးပညာဆိုတာက ငါတို့ နိင်ငံရဲ့ ရတနာ တစ်ခုပဲ..။ယုံကြည်မူ ရှိကြစမ်းပါ."

"သိပ်ပြီး ..ယုံကြည်မူ မရှိကြဘူး..။အခုဆေးရုံတွေကိုပဲကြည့်..ဘာတရုတ် ဆေးပညာမှ မရှိကြဘူး..။​ေစာက်ရမ်း ရှက်ဖို့ ကောင်းတယ်.."

"ငါဒီလူအိုကြီး အကြောင်းကို အရင်က ဖတ်ဖူးတယ်..။သူက ရှန်ဟိုင်း ဆေးပညာ အကယ်ဒမီ ကြောင်းကလေ..။သူ့ရဲ့ ကျွမ်းကျင်မူ တွေက တကယ်ကို အံ့ဩစရာပဲ.."

"ဟားဟား..တော်လိုက်ကြတော့..တရုတ်ဆေးပညာ ဆိုတာ အလိမ်အညာ တစ်ခု သက်သက်ပဲ.."

"ငါကတော့ ..တရုတ်ဆေးပညာကို ယုံကြည်တယ်..။အထူး စပါယ်ရှယ်လစ် ဂရု ကတောင် မတတ်နိုင် အကူညီမဲ့ နေကြတာ မမြင်ဘူးလား..."

ငြင်းခုန်မူတွေဟာ..ရှိနေခဲ့ပြီး..ဒီထဲမှာ..တရုတ်သမားတော် အချို့လည်း ပါဝင်ကြပါတယ်..။သူတို့ဂုဏ်သိက္ခာတွေကို အထိမခံနိုင်ကြပါဘူး..။

လင်းဖန် ကတော့..တရုတ်ဆေးပညာ အကယ်ဒမီ ​ကျောင်းရဲ့ဝင်ပေါက်မှာ ရပ်နေခဲ့တယ်..။ဒီ​ကျောင်းက..နှစ်တစ်ရာ သမိုင်းကြောင်းရှိတဲ့..ကျောင်းတစ်ခုပါ..။ဒီမှာ တရုတ်ဆေးပညာကို သင်ကြားပေးပြီး နိုင်ငံရဲ့..အရေးပါတဲ့ ကျောင်းတစ်ကျောင်း လို့တောင်ပြော လို့ရပါတယ်..။

ဒီက ကျောင်းသားတွေဟာ..ဘွဲ့ရပြီးတဲ့ နောက်မှာ ၃၀ ရာခိုင်နှုန်းအောက်လောက်ကသာ..ဆေးကုသပြီး အသက်မွေးဖို့ ရွေးချယ်ကြပါတယ်..။တစ်ချို့ လူတွေ ဆိုရင် အနောက် တိုင်း ဆေးပညာဘက်ကိုတောင် ကူးပြောင်းသွားကြတာ ရှိပါတယ်..။ဒါက တရုတ်ဆေးပညာ အတွက် အလွန်ဆိူးရွားလှတဲ့ သက်ရောက်မူ တစ်ခု ဖြစ်စေပြီး..နောင် အနှစ်သုံးဆယ်လောက် ဆိုရင် ဘယ်သူမှတောင် တရုတ်ဆေးပညာကို သင်ကြားချင်ကြတော့မှာ မဟုတ်ပေ..။

"ဆရာ.."

ကျိူးမင်ချင်းဟာ စောင့်နေခဲ့တယ်..။သူ့ဆရာ နဲ့ အတူ စမ်းသပ် ရှာဖွေရမယ် ဆိုတော့ သူ စိတ်လှုပ်ရှားနေခဲ့ပါပြီ..။

တပည့်တစ်ယောက်ရအပြီး မှာ သူ့ဘဝ အေးအေးဆေးဆေး သိပ်မရှိတာကို...လင်းဖန် ခံစားမိပါတယ်..။တပည့်တယောက်ကို .သေချာသင်ကြားပေးနိုင်တဲ့ ဆရာကောင်း တစ်ယောက်ဖြစ်ဖို့ သူ့မှာ.ဖိအားတွေ ရှိနေခဲ့တာပါ..။

လင်းဖန် ပြောလိုက်တယ်..။

"ပြင်ဆင်ပြီးသွားပြီတဲ့လား..."

ကျိူးမင်ချငိး ခေါင်းညိမ့်လိုက်တယ်..။

"ဆရာ ကျွန်တော် အကုန်ပြင်ဆင် ခိုင်းထားပြီး ပါပြီ..။တစ်ခြား ဆေးဝါးတွေကိုပါ..ပြင်ဆင်ထားသေးတယ်..။ကျွနိတော်တို့ ဝိတ်ကျ ရောဂါကို တကယ်..အနိုင်ရနိုင်ပါ့မလား..."

ကျိုးမင်ချင်းဟာ..ဒီအရာတွေကို..တိမ်တွေပေါ်မှာ လမ်းလျောက် နေတဲ့ အိပ်မက် တစ်ခုလို ခံစားနေရပါတယ်..။

သူတို့ လမ်းလျောက်သွားနေတုန်းမှာပဲ..လင်းဖန်..ရှေ့ကို ကြည့်ကာ မေးလိုက်တယ်..။

"ဟေး မင်ချငိး..ကျောင်းမှာ ဘာလိူ့ မိန်းကလေး ဦးရေ ကနည်းနေရတာလဲ.."

ကျိုးမင်ချငိး ဘေးဘက်ဝဲယာကို ကြည့်လိုက်ပြီး..

"တကယ်လား..ဆရာ..ကျွန်တော် အရင်က သတိမထားမိခဲ့ဘူး..။မင်းကလေး တွေက ..တရုတ်ဆေးပညာကို သဘောမကျကြလို့ဖြစ်မယ်..ထင်တယ်.."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။ဒီ ကျောင်းကို လာတက်တဲ့ လူဘာလို့ နည်းနေတာ လဲ ဆိုတာ ကို သိလိုက်ပါပြီ..။တကယ်လို့..ကျောင်းတစ်ကျောင်းမှာ မိန်းကလေး ကျောင်းသူတွေ မရှိဘူးဆိုရင် ဘယ်သူမှ လာတက်ချင်မှာ မဟုတ်ပါဘူး..။

ဘေးနားက ဖြတ်သွားတဲ့ ကျောင်းသားလေးတွေဟာ..ဒါရိုက်တာ ကျိုးနဲ့လူငယ်လေး..ဖြတ်လျောက်သွားတာကို..ကြည့်ပြီး..ပဟေဠိ ဖြစ်နေခဲ့ကြတယ်..။ဒီလူငယ်လေးက ဘယ်သူလဲ သူတို့ သိချင်နေကြတာပါ..။

သို့ပေမယ့်သူတို့ အရမ်းကြီးတော့ စိတ်မဝင်စားကြပေ..။သူတို့ ဘဝ မှာနောင်တအရဆုံးက..ဒီကျောင်းမှာ တက်ဖို့ ဆံူးဖြတ်လိုက်တာကို ပါပဲ..။ဘာလို့လဲ ဆိုတော့..ဘယ်နေရာမှာ ဖြစ်ဖြစ် သူတို့ကို သူတို့..တရုတ်ဆေပညာ ကျောင်သားလို့ မိတ်ဆက်လိုက်တာနဲ့..အကုန်လုံးက အထင်သေးတဲ့ အကြည့်တွေ နဲ့ ကြည့်ကြလို့ပါ..။

သူတို့ ဒီကျောင်းကို ရွေးတုန်းက မျှော်လင့်ချက်တွေ ရှိခဲ့ကြပါသေးတယ်..။သို့ပေမယ့်..သူတို့ ကျောင်းတက်လိုက်တဲ့ အချိန်မှာအထင်နဲအမြင် လွဲမှား နေတာကို သိလိုက်ကြရပါပြီ..။

ဓာတ်ခွဲခန်းတွင်..။

ဒါက ကိရိယာ အစုံတပ်ဆင်ထားတဲ့ ဓာတ်ခွဲခန်းထဲကို လငိးဖန် ပထမဆုံး ရောက်ဖူး တာပါ..။လင်းဖန်..ပန်ဝန်းကျင်ကို ကြည့်လိုက်တဲ့အချိန်မှာ...ဆေးပင်တွေကို ကောင်တာပေါ်မှာ ပြင်ဆင်ထားတာ တွေ့လို်က်ရပါတယ်..။

ကျိးမင်ချငိး ဟာလည်း..ကျောင်းသားတစ်ယောက်လို စိတ်လှုပ်ရှားနေခဲ့ ပါပြီ..။သူ မှတ်စု စာအုပ်နဲ့..ဘောပင်ကို ထုတ်ယူပြီး..သင်ယူဖို့ အသင့်ဖြစ်နေခဲ့တယ်..။

"ဆရာ..ကျွန်တောိတို့ ဘယ်ကနေ စကြမလဲ.."

ကျိုးမင်ချင်း မေးလိုက်တာပါ..။

လင်းဖန် ပြောလိုက်တယ်..

"ကျုပ်တို့ ဆေးဝါးဗေဒကနေ ပဲ စလိုက်ကြရအောင်..။ဝိတ်ကျရောဂါဘယ်လို ဖြစ်လာတာလဲ ဆိုတာကနေ သိထားသင့်တယ်လေ..။ဒီရောဂါကို..အကျိုးသက်ရောက်စေတဲ့ တရုတ်ဆေးအမျိုးအစားတွေ အများကြီးရှိတယ်..။ဒါပေမဲ့..ပေါင်းစပ်မူ လွဲများသွားလို့လည်း..မဖြစ်ပြန်ဘူး..အမှားသေးသေးလေးက ..သက်ရောက်မူ အများကြီး ဖြစ်သွားနိုင်တယ်.."

လင်းဖန် ဆရာ တစ်ယောက် အနေနဲ့ အသားကျနေပြီ ဖြစ်ပြီး ကျိုးမင်ချင်းကို စတင်သင်ကြားလိုက်ပါတယ်။ကျိုးမင်ချငိးက..သူ့ဟာသူတောင်..စွမ်ဆောင်နိုင်စွမ်း ရှိတဲ့ လူတစ်ယောက်ပါ..။တစ်ခြား သမားတော် တွေထက် အသိပညာ ပိုစုံလင်တယ်လို့ ပြောလိူ့ရပါတယ်..။

လငိးဖန် ..လွယ်ကူတဲ့..အကြောင်းအရာကနေ ..စတင်ရှင်းပြနေခဲ့တယ်..။ပြီးပြ ​​ဖြည်းဖြည်းချငိး

ရှုပ်ထွေးတဲ့ အပိုင်းတွေကို ဆွဲခေါ်သွားခဲ့တာပါ..။

သူတို့ နှစ်ယောက်ဟာ ဆေးပင်တွေ အကြောင်းကို..ဆွေးနွေးနေခဲ့ကြပါတယ်..။ကျိူးမင်ချင်း အတွကိကတော့..တရုတ်ဆေးပညာ ကမ္ဘာအသစ်ကို ရောက်သွားတဲ့ ပုံပါပဲ..။သူ့ပုံစံက..ဘာတစ်ခုမှ မသိသေးတဲ့ ကျောင်းသားလေး တစ်ယောက်လိုပါပဲ..။

အချိန်တွေဟာ အလျင်အမြန် ကုန်သွားခဲ့တယ်..။ဒါက ..ကျိုးမင်ချငိး အတွက်တော့..ပိုပြီး မြန်နေသလိုပါပဲ..။

လင်းဖန် လည်း ကြိုးစား ရှင်းပြပေးနေပြီး..တစ်ခုမှ ထိန်ချန်မထားခဲ့ပေ.။

ဆေးရုံတစ်ခုတွင်..။

စပါယ်ရှယ်လစ် ချန်း အပါအဝင် စပါယ်ရှယိလစ်..အဖွဲ့ဟာ လူနာကို ဘယ်လို ကုသရမလဲ ဆွေးနွေးနေခဲ့တယ်.။အခြေအနေက သူတို့ရဲ့..မျှော်မှန်းချကိကို ကျော်လွန် နေခဲ့တာပါ..။

ဒီ ဝိတ်ကျရောဂါသည်ရဲ့..အခြေအနေက အတော် ဆိုးရွားနေတဲ့ အတွက် ..အကျိူးသက်ရောက် စေမယ့် ..အရာကို သူတို့ တွေးလို့ မရပါဘူး..။

"သေချာ တွေးကြပါဦး..သတင်းထောက်တွေက ..စောင့်ကြည့်နေကြတာ..ငါတို့..တိုးတက်အောင် မလုပ်နိုင်ရင်..ဟာသတစ်ခုလို ဖြစ်နေလိမ့်မယ်.."

စပါယ်ရှယ်လစ် ချန်း ပြောလိုက်တာပါ..။

အဖွဲ့ဝင် တွေဟာ ခေ်ါင်းညိမ့်လိုက်ကြတယ်..။သူတို့..အပေါ် ..ဖိအားတွေကို ပိနေခဲ့ပါပြီ..။

"ဝမ်လီလီ ရဲ့ အခြေအနေက အတော်ကို ဆိူးရွားတဲ့ အတွကိ..လက်ရှိသုံးနေတဲ့..နည်းလမ်းတွေ နဲ့ ကုသလို့ မရတော့ဘူး.."

စပါယ်ရှယ်လစ် ချန်း ခေါင်းညိမ့်လိုက်တယ်..။

"ဒါက ထင်မှတ် မထားတဲ့..အခြေအနေပဲ..။ငါတို့ လက်ရှိ သုံးနေတဲ့ နည်းလမ်းတွေနဲ့ မရမှတော့..တစ်ခြား ထူးခြားတဲ့ နည်းလမ်းတွေကို ရှာဖွေ ရလိမ့်မယ်..။ဒီနေ့ညကို အချိန်ပို အဖြစ်ဆင်းလိုက်ရအောင်..။ငါတို့..ဝမ်လီလီကို ကူသနိုင်မှရမယ်..."

"အိုကေ.."

လင်းဖန် ကျိုးမင်ချင်းကို မတူညီတဲ့ ဆေးညွှန်းတွေ အကုန်လုံးကို ဂရုတစိုက် ရှင်းပြပြီး သင်ကြားပေးနေခဲ့တယ်..။မတူညီတဲ့ ရောဂါတွေ အတွက်..အဓိက ကျတဲ့ အချက်တွေကို.ရှင်းပြနေခဲ့တာပါ..။

သူတို့ ညအချိန်အထိ ရှေ့ဆက်နေကြပါတယ်..။

ယင်းနောက်..အသံပေးချက် တစ်ခု မြည်လာခဲ့တယ်..။

စွယ်စုံအမှတ် + 1 ..

သူ ကျိုးမင်ချငိးကို အကုန်လံူး မသင်ပေးရသေးပေမယ့်..သင်ကြားသင့်တဲ့ အရာတွေကိုတော့..သင်ကြားပေးပြီးပါပြီ..။ကျိုးမင်ချငိးရဲ့ ..နလည်မူတွေကြောင့်..စွယ်စုံအမှတ်တောင် ရခဲ့ပါသေးတယ်..။

နောက်တစ်ရက်..။

နောက်ထပ် သတင်းတစ်ပုဒ်ဟာ တက်လာခဲ့တယ်..။

စပါယ်ရှယ်လစ် အုပ်စုဟာ ဒါကို မြင်ပြီး အံ့ဩသင့်သွားခဲ့တယ်..။

"ခေါင်းဆောင်..ကျိူးမင်ချင်းရဲ့ ဝိုက်ဘို မှာ သူဟာ ဝိတ်ကျရောဂါ သည်တွေကို ကုသဖို့ ရှာဖွေနေတယ်လို့..ပို့စ်တင်ခဲ့တယ်."

စပါယ်ရှယ်လစ် ချန်း..​ဒါကိုကြားတဲ့ အချိန်မှာ ကြောင်အသွားပြီး မယုံကြည်ခဲ့ပေ..။

"မင်းဘာပြောတယ်..တရုတ်ဆေးပညာ ရှာဖွေမူ ဟုတ်လား..."

အဖွဲ့သားတွေဟာ ..ဖုန်းကို အလျင်အမြန်ကမ်း ပေးလိုက်ကြပါတယ်..။

"ကြည့်..ဒီ ဝိုက်ဘို ပိုစ့်က လူစိတ်ဝင်စားမူ အတော်ကို များနေတာ."

စပါယ်ရှယ်လစ် ချန်း ဒီသတင်းကို ဖတ်ပြီး ရယ်မောလိုက်တယ်..။

"ဟားဟား ..ဒီတရုတ်သမားတော်တွေ ရူးသွားကြပြီလား..။သူတို့က ဒီကိစ္စမှာ ဝင်ပါချင်နေကြတာပဲ..။ဝိတ်ကျရောဂါ ဘာလဲ ဆိုတာတောငိ သိကြရဲ့လား...။သူက ဘာကိုသုံးပြီး ကုမှာလဲ..။အသုံးမဝင်တဲ့ လူတွေ.."

ကျိူးမင်ချငိးကို လင်းဖန်က ပိူ့စ်တင်ချင်လားလို့ ​​မေးခဲ့တာပါ..။

အစကတော့..သူမတင်ချင်ပါဘူး..။သို့ပေမယ့်..သူ့ရဲ့ သနားစရာ အကယ်ဒမီကို ပြန်တွေးကြည့်လိုက်မိတဲ့ အချိန်မှာ..ပိုစ့်တင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်.။သူတို့ .တက္ကသိုလ်ကို...ဂုဏ်သိက္ခာရှိတဲ့ ကျောင်းလို့ ..ခေါ်ကြတာက..အောင်မြင်တဲ့ တက္ကသိုလ်ဖြစ်နေလို့ မဟုတ်ပဲ..တရုတိဆေးပညာက နိုင်ငံရဲ့ ရတနာ ဖြစ်နေလို့ပါ..။

ဒီလိူ ဆိုမှတော့..သူ..တက္ကသိုလ်ကိုပါ..ကြော်ငြာဖို့ ဆုံးဖြတ်လိုက်ပါတယ်..။

တကယ်လို့..ဒါသာ..လူသိများသွားရင်..သူတို့အတွက်..ကြီးမားတဲ့ အကျိုးကျေးဇူးတွေရမှာ ကျိန်းသေပါပဲ..

All Chapters