အခန်း (၄၀၉)
Vol. 28 Ch. 409
#ဘာသာပြန် = စနိုးဝှိုက်
မနက်အစောတွွင်..။
ကျိုးမင်ချင်းဟာ ဖုန်းကော တွေများစွာ လက်ခံ ရရှိနေခဲ့တယ်..။
"အကြီးအကဲ ကျိုး ..ဘာတွေ လုပ်နေတာလဲ..။ခင်ဗျား ဝိတ်ကျ ရောဂါကို ကုသဖို့ နည်းလမ်းရှာဖွေနေတယ် လို့ပြောတာကအမှန်ပဲလား..။ဒါမှ မဟုတ် ..အကောင့်ဟတ်ခံရတာလား..."
သူငယ်ချငိးကောင်း တစ်ယောက်က မေးလိုက်တာပါ..။
ကျိုးမင်ချင်းဟာယုံကြည်မူတွေ နဲ့ ပြည့်နှက်နေခဲ့တယ်..။
"ဒါပေါ့..ဒါအမှန်ပဲ..။ငါ့ဆရာ..နဲ့ ငါ အတူတူ ရှာဖွေ နေတာလေ...ဒီမှာ အဖြေတစ်ချို့တောင် ထွက်နေပြီ..မကြာခင်..ဆေးအဖြစ်ထွက်လာတော့မယ်လို့..ငါယုံကြည်တယ်..."
"ဆရာလား...အဲ့လူငယ်လေးလား..။အကြီးအကဲ ကျိုး ဒါက...
အကြီးအကဲ ကျိုး ယုံကြာ်မူ ရှိစွာ ရယ်မောလိုက်ပြီး...
"ဒါအဆင်ပြေပါတယ်..။မင်းတို့ ငါ့ဆရာကို မယုံကြည်ကြဘူး မလား...။ဒါပေမဲ့..သူ့ရဲ့ ကျွမ်းကျင်မူတွေက.မထင်မှတ်လောက်အောင် ကောင်းတယ် ဆိုတာကို တော့..ငါပြောလိုက်မယ်.."
စကားအတော်ကြာအောင် ပြောအပြီးမှာ ဖုန်းချလိုက်ပါတယ်..။ကျိုးမင်ချငိး ရဲ့ သူငယ်ချင်းကတော့..ဖုန်းချပြီး နောက်မှာ ကျိုးမင်ချငိး ရူးသွားပြီလို့ တွေးနေခဲ့တယ်..။တစ်စုံတစ်ယောက်က ဇီဇာထေကြာင်တာ ဘယ်လို ဖြစ်သွားမလဲ မသိပေမဲ့..ဒါက တရုတ်ဆေးပညာနဲ့ ပါ သက်ဆိုင်နေတဲ့ အရာပါ. ။
သူတို့ နှစ်ယောက်စလုံးက...အတွေ့အကြုံ ရှိကြတဲ့ လူတွေ ဖြစ်ပြီး..အက်တာနက်ပေါ်မှာ အစိုးရကို ဆန့်ကျင်တဲ့ လူတွေ ရှိတယ် ဆိုတာကို သိထားကြပါတယ်..။အဲလိုလူတွေက..ဒီအခွင့်အရေးကို အသုံးခပြီး..နို်င်ငံရဲ့ ရတနာကို ဂုဏ်သတင်း ကျဆင်း အောင် ပြုလုပ်ကြတော့မှာပါ..။
ကလင် ကလင်
ဖုန်း ထပ်ဝင်လာခဲ့တယ်..။
ကျိုးမင်ချင်း ခေါင်းခါယမ်းလိုက်တယ်..သို့ပေမယ့်..အကြီးအကဲ မူမှန်း သူမြင်လိုက်တဲ့ အချိနိမှာ ပြုံးလိုက်ပြီး..
"အကြီးအကဲမူ ဘာဖြစ်လို့လဲ..."
"အကြီးအကဲ ကျိုူ..မာစတာ လင်းနဲ့ အတူတူ ဝိတ်ကျရောဂါ ကုသ မလို့လား.."
အကြီးအကဲ မူ မေးလိုက်တာပါ..။
ကျိုးမင်ချငိး ပြုံးလိုက်ပြီး..
"ဟုတ်တယ်..ဘာဖြစ်လို့လဲ..။ခင်ဗျား ကျုပ်တို့ကို မယုံကြည်ဘူးလား..."
တိတ်ဆိတ်သွားခဲ့တယ်..။
"ကျုပ် ယုံကြည်မူ မရှိတာ မဟုတိပါဘူး..။လုံးဝ မဖြစ်နိုင်ဘူးလို့ကို ခံစားနေရတာ..။ဝိတ်ကျရောဂါ ဆိုတာက ..သာမန်ရောဂါလိုပဲ လို့ ပြောလိုရပေမယ့်..ဒီရောဂါက အများကြီး ရှုတ်ထွေးတယ်လေ..။ပြီးတော့..ခင်ဗျားက မလိူအပ်တဲ့ အာရုံစိုက်မူကို ရအောင်လဲ လုပ်ထားသေးတယ်..တကယ်လို့ ကျရှုံးရင်တော့ မတွေးရဲ စရာပဲ.."
ကျိုးမင်ချငိး ပြုံးလိုက်ပြီး...
"ဒါအဆင်ပြေပါတယ်..။ငါ့ဆရာကို ငါယုံကြည်တယ်..သူက ငါ့ကို သေချာ သင်ကြားပေးနေတာ..။ငါမင်းကို အမှန်အတိုင်း ပြောပြမယ်..သူ့ဆီမှာက ဆေးညွှန်းရှိပြီးသား..အခုဟာက ငါနားလည်အောင်သာ သင်ပေးနေတာ..။ငါ့ဆရာက ယုံကြည်မူ မရှိရင် ဒါကို လုပ်မယ် ထင်နေတာလား.."
်မူရှမ်း ခေါင်းခါယမ်း လိုက်ပြီး
"အကြီးအကဲ ကျိုး ..ခင်ဗျားတော့ တကယ်ရူးသွပ်သွားပြီထင်တယ်..။ခင်ဗျား တို့ ဆရာပည့်ဖြစ်တာ ရက်အနည်းငယ်ပဲ ရှိသေးတာကို..ဒီလောက်အထိ ယုံကြည်နေတယ်..။ကိုယ့်အတွေးနဲ့ ကိုယ်လည်း တွေးကြည့်ပါဦး.."
ကျိုးမင်ချင်း ပြုံးလိုက်ပြီး...
"ကောင်းပြီ ကောင်းပြီ..ကျုပ်ဖုန်းချလိုက်တော့မယ်..။ခင်ဗျားတို့ နားမလည်ပါဘူး..."
ဖုန်းချပြီးနောက်..။
မူရှမ်း ဖုန်းကို ကြည့်ကာ..ခေါင်းခါယမ်း လိုက်တယ်..။သူလည်း..တရုတ် ဆေးပညာကိုတော့..နားလည်ပါသေးတယ်..။
ဖုန်းကော အနည်းငယ် ဝင်လာအပြီးမှာ တောင် ကျိုးမင်ချင်း..ပျော်ရွှင်နေပါသေးတယ်..။သူ့ သူငယ်ချင်းတွေက သူ့အတွကိ စိတ်ပူနေကြပေမယ့်လည်း..သူက တော့ လုံးဝစိတ်မပူပဲ..။သူ့ဆရာကို သူယုံကြည်ပါတယိ.။
အင်တာနက်တွင်..။
"ချီးပဲ တရုတ်ဆေးပညာ ဒီလောက် ဆန်းကျယ်တာ ငါပထမဆုံးမြင်ဖူးတာပဲ..။ဒါက တစ်ခုခုကို သက်သေပြဖို့ ကြိုးစားနေကြတာ.."
"ဟေး..ငါ့ကို ယုံကြည်လိုက်...ဒါက ရက်အနည်းငယ်လောက်ကြာပြီးတာနဲ့..ဒီငတုံး ဒေါက်တာက ဟာသတစ်ခုဖြစ်သွားမှာ..."
"ဝိတ်ကျရောဂါကို ကုသမယ် ဆိုတာက ငါကြားဖူးသမျှဟာသ ထဲမှာ အတုံးအဆုံးပဲ..."
"ငါသဘောတူတယ်..တရုတ်ဆေးပညာ ဆိုတာက ကျရှုံးနေပါပြီကွာ...။ဒီလူက ဘာအရူးထတာလဲ မသိဘူး..ထပိပြောရရင် သူက ဒါရိုက်တာ တစ်ယောက်.."
"ရှန်ဟိုင်း တရုတ် ဆေးပညာအကယ်ဒမီ ကျောင်းက..1900 ခုနှစ် ကတွးက ဖွင့်လှစ်ခဲ့တာ..။ကျောင်းသားတွေကို စစ်ပွဲအပြီး..1975 မှာ ပြန်လက်ခံခဲ့တယိလေ.။အရင်တုန်းက ထူးချွန်တဲ့သမားတော်တွေ အများကြီးပဲ..။အခု လက်ရှိတော့ ေကျာငိးသားတွေ ၁၃၀၀ လောက်ပဲ ရှိတော့တယ်..။ဒီထဲက ၂၀ ရာခိုင်နှုန်းက တစ်ဝက်လောက်နဲ့ ထွကိသွားတယ်..။၁၀ ရာခိုင်နှုန်းလောက်ကပဲ ဘွဲ့ရပြီး..ဆေးကုစားဖို့ စိတ်ကူးထားကြမှာ..။ကျန်တဲ့ လူတွေကတော့...အနောက်တိုင်း ဆေးပညာဘက်ကို ကူးပြောင်းသွားကြမှာပဲ..။ဒီ ကျောင်း ဂုသတင်းကြီးမားနေတယ် ဆိုတာက..အစိုးရက နိုင်ငံရဲ့ ရတနာ အဖြစ်အစွမ်းကုန် ထောက်ပံ့နေလို့ ဖြစ်ပြီး..မဟုတ်ရင်တော့..ဘာမှ မဟုတ်တဲ့ ကျောင်းတစ်ကျောင်း ဖြစ်နေမှာ.."
"အပေါ်ကလူ ပြောတာမှန်တယ်..."
"ငါ ..တရုတ်သမားတော်တွေရဲ့..ဝိုက်ဘိုကို သွားကြည့်တာတော့.သူတို့ ဒီကိစ္စကို ..သိပ်ပြီး ဂရုမစိုက်ကြဘူး.."
"သူတို့က..ဟာသတွေဖြစ်လာဖို့ကို စောင့်နေတာပဲ..ဖြစ်လိမ့်မယ်..."
တိမ်ဖြူလမ်း..။
လူလိမ်ထျန်နဲ့ ကျန်တဲ့ လူတွေဟာ..လင်းဖန်နဲ့ ကျိုးမငိချင်းတို့ ဘာတွေ လုပ်နေလဲ မသိကြပါဘူး..။လင်းဖန် သူတို့ကို ဘာတစ်ခုမှ မပြောထားပေ..။သို့ပေမယိ အင်တာနက် ပေါ်က သတင်းတွေကို မြင်လိုကိတဲ့ အချိန်မှာ သူတို့ ရယ်မောလိုက်ကြပါတယ်...
အရုးတစ်ယောက်တောင်မှ..လူတွေ တရုတ်ဆေးပညာကို အထင်မကြီးကြဘူးဆိုတာ ..ပြောနိုင်နေတဲ့ အရာပါ..။
ကျိုးမင်ချင်းးဟာ.. ဂုဏ်သိက္ခာရှိတဲ့..သမားတော် တစ်ယောက် ဖြစ်ပေမယ့် လည်း..သူဟာ..တရုတ်ဆေးပညာကို အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ..။
ယင်းနောက် လင်းဖန် ဝိုက်ဘို ပေါ်မှာ ပိုစ့်တင်လိုက်တယ်..။
"တရုတ် ဆေးပညာမှာလည်း..ဝိတ်ကျရောဂါသည်တွေကို ကုသဖို့ ဆေးညွှန်းရှိလိမ့်မယ် လို့ ယုံကြည်တယ်..။ငါ ဒါကို သေချာပြောလိုက်မယ်..တကယ်လို့ ဆေးညွှန်ူအလုပ်မဖြစ်ဘူး ဆိုရင် တိုက်ရိုက် ထုတ်လွင့်ပြီး ချီးစားပြမယ်ကွာ..။တကယ်လို့ ဆေးညွှန်း အလုပ်ဖြစ်ရင် မင်းတို့..တရုတ်ဆေးပညာ ကောင်းေကြာင်း ပို့စ်တင်ပေးရမယ်..။ပါဝင်ချငိတဲ့ လူရှိကြလား..."
လင်းဖန်ရဲ့ ဝိုက်ဘိုဟာ ပရိတ်သတ်တွေ အများကြီးရှိတာကြောင့် ချက်ချင်းပဲ လူအများရဲ့ အာရုံစိုက်မူကို ရရှိသွားကြပါတယ်..။
"666 မာစတာ လင်း..တိုက်ရိုက် ထုတ်လွင့်ပြီး ချီးစားပြမှာလား..။ကျွန်တော် ပါမယ်ဗျာ.."
“+1.”
"မာစတာ လင်း အေးဆေးပေါ့..။ခင်ဗျားရှုံးမှာ ကျိန်းသေနေတယ်နော်...အခုချိန် ရပ်လိုက်လို့ နောက်မကျသေးဘူး..."
"ကောင်းလှချည်လား..ကျုပ်လည်း လောင်းမယ်.."
"မာစတာ လင်း..ကျုပ်တကယ် လေးစားသွားပြီ..။တစ်ခါတစ်လေ..တစ်စုံတစ်ခုကို မလုပ်ခင် အခြေအနေကို အရင်လေ့လာသင့်တယ်နော်..။လူတိုင်းက ဒါမဖြစ်နိုင်မှန်း သိကြတယ်.."
လူလမ်ထျန်ဖုန်းကို ကြည့်နေရင်း ကြောင်အသွားခဲ့တယ်..။
"ချီးပဲ မင်ဒီတစ်ခါအကြီးကြီး ကစားချင်နေတာပဲ.. "
ဝူယူလန် ကြောင်အသွားခဲ့တယ်..။
"အစ်ကိုလင်း..မလုပ်နဲ့.ကျိန်းသေ ရှုံူးလိမ့်မယ်နော်..."
"ဟားဟား.."
လင်းဖန် ခေါင်းမော့ပြီး တည်ငြိမ်စွာ ပြောလိုက်ပါတယ်..။
"ရှုံးနိမ့်မှာလား..။ငါပြောလိုက်မယ် ငါ့အတွက် ရှုံးနိန့်ဖို့ ဆိုတာက မဖြစ်နိုင်ဘူး.."
ဒါက ဝိတ်ကျရောဂါ လေးပဲလေ..ဘာတွေများ ခက်ခဲ နေလို့လဲ..။သူ ကျိုးမင်ချငိးကို လေ့ကျင့်ပေးချင်လို့ မဟုတ်ရင် ဆေးညွှန်းက ထွက်ပြီးနေလောက် ပါပြီ..။
"ကောင်းပြီ ဆိုင်ကို ကြည့်ထားလိုက်ဦး..။ကျုပ်အပြင်ကို သွားလိုက်ဦးမယ်..."
လင်းဖန် လက်ဝေ့ယမ်းကာ ..ပြောလိုက်တယ်..။
လူလိမ် ထျန်နဲ့.ကျန်တဲ့ လူတွေဟာ..တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြတယ်..။လင်ဖန်ဘာတွေ လုပ်နေလဲ သူတို့ မသိကြတာ့ပါဘူး..။
တရုတ်ဆေးပညာ အကယ်ဒမီ ကျောင်းရဲ့ ဝက်ဆိုဒ် မှာလဲ ကျောင်းသားလေးတွေဟာ ဆွေးနွေး နေခဲ့ကြတယ်..။
"ဒါရိုက်တာတော့ ရူးသွားပြီထင်တယ်..။သူ့ရဲ့ ဝိတ်ကျရောဂါကို ကုသမယ် ဆိုတဲ့ပိုစ့်က တကယ်အံ့ဩစရာပဲ..။မင်းတို့ ဘယ်လိုထင်လဲ..."
"ငါမယုံကြည်ဘူး..။ဒါရိုက်တာ ကျိူးရဲ့ ဆေးပညာက အရမ်းကောင်းတာမှန်ပေမယ့်..အနောက်တိုင်း ဆေးပညာကိုတော့ မှီမှာ မဟုတ်ဘူးလေ.."
"ငါ ဒီကျောင်းကို လာတက်မိတာ တကယ်နောင်တရတယ်..။အခုတော့ တကယ် နောက်ကျသွားပြီ..။အိမ်ပြန်သွားလို့..စာလေ့လာတာ..ဘယ်လိုလဲ အမေးခံရရင် ပြန်တောင် မဖြေနို်င်ဘူး.."
"ငါသဘောတူတယ်..။တက္ကသိုလ်ရောက်ရင် ..ကောင်မလေး တစိယောက်လောက်ရမယ် ထင်ထားတာ..ဒီမှာ စောက်ကျိုးနဲ့တဲ့ကောင်တွေ ချည်းပဲ...ဘယ်လောက် မျှော်လင့်ချက်မဲ့လဲ.."
"ဒီကျောင်းကြီးဟာသ ဖြစ်တဲ့ အထိစောင့်လိုက်..ငါ အိမ်ကို ပြောပြီး ကျောင်းချက်ချငိးထွကိ်မယ်..။ဒါမှ နောက် ကျောင်းတစ်ခုမှာ.စာပြန်လေ့လာလို့ ရမှာ.."
"ဒါပေမဲ့ ဒါရိုက်တာ ကျိုးက ဓာတ်ခွဲခန်းထဲမှာ လူငယ်လေး တစ်ယောက်နဲ့ တစ်ချိန်လုံး ရှိနေတာနော်..။သူ ဒါကို ရှာဖွေနေတာ ဖြစ်နိုင်မလား.."
"ဖြစ်နိုင်တယ် ကောင်လေးတို့..."
"သူက အသက်ကကြီးပြီ..ဒါတောင် အေးဆေးမနေသေးဘူး.."
"အပေါ်ကကောင်း..မင်းငါတို့ ဒါရိုက်တာကို ယဥ်ယဥ္ကျေးကျေး ပြောလို့ မရဘူးလား.."
"ဟားဟား..ဝိတ်ကျရောဂါ ဆိုတာ သာမန်ရောဂါ မဟုတ်ဘူး..။သူတို့ နှစ်ယောက်ထဲနဲ့သာ..ကုသနိုင်ရင် အနောက်ဘက်က ထွက်လာလိမ့်မယ်.."