လူထုအမြင်က ထွက်ပေါ်လာပြီ
Vol. 28 Ch. 410
#ဘာသာပြန် = စနိုးဝှိုက်
ကျိုးမင်ချငိးရဲ့ သားတွေ သမီးတွေဟာ..ဒီကိစ္စကို သူတို့အမေ ဆီဖုန်းဆက်ပြီး မေးလိုကိကြတယ်..။သူတု့ိ အရင်က အဖြစ်အပျက်တွေေကြာင့် သူတို့အဖေကို ဖုန်းမခေါ်ရဲကြပါဘူး..။
သူတို့အဖေ ရူးသွပ်နေပြီလို့ ကြားတဲ့ အချိန်မှာ သူတို့ ကြောင်အသွားခဲ့ကြပါတယ်..။တစ်ခုခုတော့ ကျိန်းသေ ဖြစ်တော့မှာပါ..။
သူတို့အဖေက အေးအေးဆေးဆေးနေတတ်တဲ့ လးတစ်ယောက် ..ဖြစ်ပေမယ့်လည်း..ဆရာတစ်ယောက် ရပြီးတဲ့ နောက်မှာ ဒီလို စောက်ကျိုးနဲမဲ့ အလုပ်တွေကို လုပ်နေခဲ့ပါပြီ..။
အကြည့်...
သူတို့အဖေကို..ဖုန်းခေါ်ပြီး ဒီကိစ္စက လူထုရဲ့ အပြစ်တင်ခြင်းကို ခံရမယ်လို့ သတိပေးချင်နေခဲ့ပါတယ်..။သို့ပေမယ့်..သူတို့အဖေရဲ့ ဒေါသကို ..တွေးမိလိုက် တာကြောင့် နှစ်ခါပြန်စဥ်းစား နေကြရတာပါ..။
သူတို့အဖေတော့..အင်တာနက်ေပါ် လှောင်ပြောင်မူတွေ ခံရတော့မယ် ဆိုတာ ကျိန်းသေ သိနေခဲ့ ပါတယ်..။
ဆေးရုံရှိ ဓာတ်ခွဲခန်းတွင်..။
စပါယ်ရှယ်လစ် အဖွဲ့ဟာ အလုပ်ရှုပ်နေခဲ့ကြပြီး..ဒီအချိန်တိုလေး အတွငိးမှာ ဘာတိုးတက်မူ မှ မရှိခဲ့ ပါဘူး..။သူတို့ အခြေခံ ကုသမတွေကိုသာ အသုံးပြုနေကြရပါတယ်..။
ဝမ်လီလီ ရဲ့ အဓိကဆရာဝန်ဖြစ်တဲ့ ဒါရိုက်တာကျန်းဟာ..စပါယ်ရယိလစ် အဖွဲ့ရဲ့..အဖြေကို စောင့်နေခဲ့ပေမယ့်..ဘာတိုးတက်မူ မှ မရှိခဲ့ ပါဘူး..။သူတို့က အခြေခံ ကုသမူ နည်းစနစ်တွေကို သာသုံးနေခဲ့ပြီး ဒါက..လုံးဝ အကျိုးသက်ရောက်မူ မရှိပေ..။
"စပါယ်ရှယ်လစ် ချန်း..အဖြေထွက်ပြီလား..
ဒါရိုက်တာ ကျန်း မေးလိုကိတာပါ..။သူက ဝမ်လီလီ အမေရဲ့ မရပ်မနား အပူကပ်တာကို ခံနေရပေမယ့်သူ လုပ်နိုင်တာကတော့ ဒါအကုန်ပါပဲ..။အင်တာနက်ပေါ်မှာ..ဒါရိုက်တာ ကျိုးမင်ချင်း တင်ထားတာကိုလည်း ..သူတွေ့ပြီးထားပြီးပါပြီ..။
သူဒီသတင်းကို လုံးဝ မယုံကြည်ပေ..။ဒါက..သရုပ်ဆောင်မူ တစ်ခုသာ ဖြစ်ပြီး..ဝိတ်ကျရောဂါကို တရုတ်ဆေးပညာနဲ့ ကုသဖို့ ဆိုတာက မဖြစ်နိုင်ပါဘူး.။
"ခနလေး..ခနလေး..ကျုပ်တို့ ရှာဖွေ နေတုန်းပဲ.."
စပါယ်ရှယ်လစ် ချန်း ပြောလိုက်တာပါ..။
သူလညိး အနည်းငယ် စိတ်ပူနေခဲ့ပါတယ်..။လတ်တလောမှာ သတင်းထောက်တွေက..အနီးကပ် တစ်ချိန်လုံး စောင့်ကြည့်နေကြတာပါ.။အထူးသဖြင့် ..ရှန်ဟိုင်း ဆေးပညာ အကယ်ဒမီ ကျောင်းရဲ့ ဒါရိုက်တာက..သူ ..ဝိတ်ကျရောဂါသည်တွေ အတွကိ ..ဆေးတစ်ခုကို ရှာဖွေ နေတယ်လို့..ပြောအပြီးမှာ..သတင်းထောက်တွေဟာ..ဒီကိစ္စကို မျက်ခြေပြတ်မခံ ကြတော့ပါဘူး..။
သတင်းေထာက် တွေရဲ့ အဓိက တားဂတ်ကတော့.ဝမ်လီလီ ရဲ့အမေပါပဲ..။သူတို့..ဝမ်လီလီရဲ့ အမေဆီကနေ..စပါယ်ရှယ်လစ်တွေရဲ့ နည်းလမ်းက အကျိးသက်ရောက်မူ ရှိလား.မရှိလား..ဝမ်လီလီ တိုးတက်မူ ရှိလား မရှိလား ဆိုတာကို သိချင်နေကြပါတယ်..။
ကျိုးမင်ချင်း ရဲ့ ပို့စ်ကြောင့်မဟုတ်ရင်..အခြေအနေက ဒီလာက်အထိ ထိလွယ်ရလွယ် ဖြစ်မှာ မဟုတ်ပေ..။သို့ပေမယ့်..သတင်းထောကိတွေဟာ..တရုတ်ဆေးပညာနဲ့ အနောက်တိုင်း ဆေးပညာ အားပြိုင်မူကို မြင်နိုင်ခဲ့ကြပါတယ်..။
ဒါရိုက်တာ ကျန်း ဘာပြောရမလဲ..မသိတော့ပေ..။စပါယ်ရှယ်လစ် အဖွဲ့ လုပ်တာတွေက..ဘာမှ အကျိုးသက်ရောက် မူ မရှိတာကို သူမြင်နေရပါတယ်..။
"စပါယ်ရှယ်လစ် ချန်း ...သတင်းထောက်တွေက အပြင်မှာ စောင့်နေကြတယ်..။ဖြစ်နိုင်ရင်..သူတို့နဲ့ စကားသွားပြောလိုက်ပါလား..။မဟုတ်ရင် သူတို့က ဒီမှာ တစ်ချိန်လုံး ရှိနေပြီး ဆေးရုံကို ထိခိုက်စေလိမ့်မယ်.."
စပါယ်ရှယ်လစ် ချန်း ခေါင်းညိမ့်ပြီး လျောက်သွားလိုက်တယ်...။
ဒီကိစ္စက ဒီလောက်အထိ ဖြစ်လာမယ် လို့ သူတကယ် မထင်ထားခဲ့ပါဘူး..။
သတင်းထောကိတွေဟာ စပါယ်ရှယ်လစ်ချန်းကို မြင်တဲ့ အချိန်မှာ ရှေ့ကို တက်သွားလိုက်ကြပြီး.
"စပါယ်ရှယ်လစ် ချန်း လက်ရှိအခြေအနေကို သိလို့ရမလား..။ဒါရိုက်တာ ကျိုးမင်ချင်းရဲ့ဝိုက်ဘို ပို့စ်ကို ရော ဘယ်လိုထင်လဲ.."
"တရုတ်ဆေးပညာနဲ့..ဝိတ်ကျရောဂါကို ကုသဖို့ ဖြစ်နိုင်တယ် ထင်လား..."
"စပါယ်ရှယ်လစ် ချန်း တစ်ခုခု ပြောပါဦး..."
စပါယ်ရှယ်လစ် ချနး် လက်ဝေ့ယမ်း လိုက်တယ်..။
"အားလုံးပဲ..ဝမ်လီလီ ရဲ့ အခြေအနေက အားလုံးထင်ထားတာထက် ပိုပြီး အခြေအနေ ဆိုးနေတယ် ဆိုတာကို အရင်ဆုံးပြောပါရစေ.။ဒါေကြာင့် ကုသမူက..နည်းလမ်း အသစ်လိုနေပြှီး..ကျွန်တော် တို့ စပါယ်ရှယ်လစ် အဖွဲ့တွေက ရှာဖွေ နေပါတယ်..။မကြာခင်မှာ ..အဖြေထွက်လာတော့မှာပါ..တရုတ်ဆေးပညာ အတွကိကတော့ ..ဘာမှ မပြောချင်ပါဘူး..ဒါပေမဲ့ လူတိုင်းက ကိုယ့်စကားကို တာဝန်ယူသင့်ပါတယ်..။တရုတ်ဆေးပညာ ဆိုတာ နိုင်ငံရဲ့ ရတနာ မှန်ပေမဲ့..အနောက်တိုင်း ဆေးပညာက ပိုပြီး လက်တွေ့ကျပါတယ်.."
သတင်းထောက်တွေဟာ..စပါယ်ရှယ်လစ ် ချန်းရဲ့ စကားတွေကို သေချာ နားထောင်နေကြပါတယ်..။
ရှန်ဟိုင်း ဆေးပညာ အကယ်ဒမီ..။
လင်းဖန် နဲ့ကျိုးမင်ချင်း တို့ဟာ..ဓာတ်ခွဲခန်း ထဲမှာ ရှိနေပြီး..ဆေးနံ့တွေိနဲ့ ပြည့်နှက်နေခဲ့ ပါတယ်..။သူတို့ မတူညီတဲ့ ဆေးတွေကို ပေါင်းစပ်နေခဲ့တာပါ..။
သူတို့ဆီမှာ..စမ်းသပ်ခံမယ့် လူတစ်ယောက် ရှိသင့်ပေမယ့်..လင်းဖန် ဆေးကိုကြည့်ပြီး လုံလောက်ပြီလား ဆိုတာ ပြောနိုင်ပါတယ်..။
ကျိုးမင်ချငိးဟာ အကောငိးဆုံး ကြိုးစားပြှီး မှတ်သားနေခဲ့တယိ..။သူ ဆေးဖော်ဖို့..လုပ်တဲ့အခါ ရှုံးနိမ့်ပြီးတိုင်း နောက်ကွယ်က အကြောင်းအ ရာကို..မှတ်သား နေခဲ့တာပါ..။
ယင်းနောက် အပြင်က ဆူညံ့သံတွေ ကြားလိုက်ရပါတယ်..။
လင်းဖန် ကြည့်လိုက်တဲ့ အချိန်မှာ တစ်ချို့ကျောင်းသားတွေက..ခိုးကြောင် ခိုးဝှက်လာကြည့်နေကြတာပါ.။သူတို့က တကယ့် စပိုင်တွေလိုပါပဲ..။
"မင်ချငိး တစ်ချက်သွားကြည့်လိုက်ဦး.."
ကျိုးမငိချင်း ချက်ချင်း သဘောတူ ပြီး ထွက်သွား ကြည့်လိုက်ကြတယ်..။
"မင်းတို့ ဘာလုပ်နေကြတာလဲ.."
ကျိုးမင်ချငိး..တံခါးကို ဖွင့်လိုကိတဲ့ အချိန်မှာ..ပုန်းပြီး ကြည့်နေတဲ့ကျောင်းသား တွေကို မြင်တာကြောင့် မျက်မှောင်ကျုတ်ပြီး အော်လိုကိတာပါ..။
ကျောင်းသားတွေဟာ အသံကို ကြားတဲ့ အချိန်မှာ..အံ့ဩသွားခဲ့ကြတယ်..။သူတို့ မတ်တတ်ရပ်နေလိုက်ကြပြီး..
"ဒါရိုက်တာ ကျိုး..သား...သားတို့...."
သူတို့..ဘာပြောရမှန်း မသိတော့ပေ..။သူတို့ လာပြီး ထောက်လှမ်းတာလိူ့တောင် ပြောမိတော့ မလို့ပါပဲ..။
ကျိုးမင်ချငိး အချိန်မဖြုန်းချင်တာကြောင့်..လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။
"သွားကြတော့..ပြန်မလာကြနဲ့..."
"ဟုတ်.."
ကျောင်းသားတွေဟာ..ခေါင်းညိမ့်နှုတ်ဆက်ပြီး ထွက်ပြေးသွားခဲ့ကြပါတယ်..။
"ဒါက ကြောက်စရာပဲ.."
"ဟုတ်တယ်..ငါတို့ကို ဒါရိုက်တာ ဖမ်းမိသွားတာ..။သူတို့ ဘာလုပ်နေတယ် လို့ ထင်လဲ.. "
"ကောင်လေးက ဘယ်သူလဲ..။သူလည်း..တရုတ်သမားတော် ပဲလား.."
"ဘယ်လို ဖြစ်နိုင်မှာလဲ..အစမ်းသပ်ခံလေး ဖြစ်လိမ့်မယ်.."
"မဖြစ်နိုင်တာ..လူတစ်ယောက်နဲ့ စမ်းသပ်တာလား..။ကြောက်စရာပဲနော်."
"မင်း..ဗီဒီယို..နဲ့ ပုံတွေ ရိုက်ခဲ့လား.."
"ရိုက်ခဲ့တယ်..ဒါကိုသာ..အင်တာနက်ပေါ်တင်လိုကိရင်..တော့ အကုန်အံ့ဩသွားကြမှာပဲ.."
ကျောင်းသားတွေဟာ..သူတို့ လိုချင်တာ ရလိုက်တဲ့ အတွကိ ကျေနပ်နေကြပါတယ်..။တစ်ချိန်တည်းမှာပဲ သူတို့ သိချင်နေခဲ့ကြတယ်...ဒါရိုက်တာ ကျိုး တံခါးကို ဖွင့်လိုက်တုန်းက..အခန်းထဲကနေ ထွက်လာတဲ့..ဆေးနံ့တွေက အရမ်းကို သန်မာလွန်းလှတာပါ..။
"ဆရာ.ကျောငိးသားတစ်ချို့ လာကြည့်နေကြတာ.."
ကျိုးမင်ချင်း ပြောလိုက်တယ်..။
လငိးဖန် ခေါင်းညိိမ့်လိုက်ပြီး..
"ကောင်းပြီ ဒါက အဆင်ပြေပါတယ်..။ဆေးကို သေချာ ဖော်မှ ရမယ်..။ဒီ ဆေးက အကျိုးသက်ရောက်မူ များတာကြောင့်..ဆေးတစ်ခုခုကိုဘပိုထည့်မိရင် လူနာက လက်ခံနိုင်မှာ မဟုတ်ဘူး.။ခင်ဗျား တစ်ခြား ဆေးဝါး တစ်ခုခုနဲ့ အစားထိုးရင် အကောငိးဆုံးပဲ."
ကျိုးမငိချငိး ခေါင်းငုံ့ပြီး..စဥ္းစားနေခဲ့တယ်.. ။နောက်မှ သူတစ်ခုခုကို တွေးမိသွားပြီး..
"ဆရာ..ကျွန်တော်သိပြီ..."
"ကျွန်တော် တို့ အစားထိုးဖို့ ဂူဟောင်ကို သုံးလို့ရတယ်လေ ."
လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။ ကျိုးမင်ချင်း က ..အသက်ကြီးပေမယ့် ဥာဏ်ကောင်းလှပါတယ်..။ဒါက သူ့ရဲ့ သန်မာလှတဲ့..အခြေခံ ကြောင့်လည်း ဖြစိနိုင်မှာပါ..။
တစ်ခြား လူတွေကတော့..တရုတ်ဆေးပနဲ့ အနောကိတိုင်း ဆေးပ အားပြိုင်တယ်လို့ မြင်ကြပေမယ့်..လင်းဖန်အတွက်ကတော့..ကျိုးမင်ချငိးကို သင်ကြားပေးနေတာပါပဲ..။
ကျိုးမင်ချင်း..နားလည်တာ မြန်လေလေ..သူ့ ..ကျိုးမင်ချငိးကို တစ်ယောက်တည်း လေ့လာခိုင်းလို့ ရလေလေပါပဲ..။
ယင်းနောက် ဗီဒီယိူ တစ်ခုဟာ အင်တာနက်ပေါ်တက်လာခဲ့တယ်..။
ဗီဒီယိူက ကျောင်းရဲ့ ဝက်ဆိုက် မှာသာ တင်ထားပေမယ့်..လူများစွာက ဒေါင်းလော့ဆွဲပြီး ပြန်တင် ထားတာကြောင့်.စိတ်ဝင်စားမူ မြင့်တက်လာခဲ့ပါတယ်..။
"တရုတ်ဆေးပညာ အကယ်ဒမီ ကျောငိးက ဒါရိုက်တာ ကျိုးမငိချငိးက..လူတစ်ယောက်ကို ဆေးအစမ်းသပ်ခံ အဖြစ် အသုံးပြုနေခဲ့တယ်..။သူ့ကြည့်ရတာ ..ရူးနေပြီ ထင်တယ်..."