ဒေါသ ဆိုတာ ထိန်းသိမ်းရတယ်....
Vol. 28 Ch. 411
#ဘာသာပြန် = စနိုးဝှိုက်..
နောက်တစ်ရက်..။
"ကြောက်စရာပဲ..တကယ်ကြောက်စရာ ပဲ..။ကျိုးမင်ချင်းက..လူငယ်လေး တစ်ယောက်ကို အသုံးပြုပြီး..ဆေးကို စမ်းသပ်နေတယ်.."
"သူက တကယ်လူသားမဆန်တာပဲ...ဘယ်လိုဖြစ်ပြီး ဒီလို အလုပ်မျိုးကို လုပ်နိုင်ရတာလဲ..."
"ဘယ်သူ ရိုက်ကူးခဲ့တာလဲ..။ကြည်ရတာာ အိုင်ဖုန်းနဲ့ ရိုက်ထားတာ ထင်တယ်..။ကင်မရာ ကောင်းကောင်းနဲ့ နိုင်ငံရဲ့ တံဆိပ် တွေ ကို ပဲ သုံးစမ်းပါ.."
"ဒါက တကယ်ကြောက်ဖို့ ကောင်းတယ်...။အဲ့လူအိုကြီးကို..ဖမ်းပါတော့..."
"ဒေါသထွက်စရာပဲ..တကယ်ဒေါသထွက်ဖို့ ကောင်းတယ်..."
ဗီဒီယို ကောင့် အင်တာနက်ပေါ်မှာ လှုပ်လှုပ်ရွရွ ဖြစနေခဲ့ ပါတယ်..။
တစ်ချို့ လူတွေက..ဗီဒီယိုကို..ပြန်တင်နေခဲ့ကြပြီး..တစ်ချို့လူတွေက..ပိုဆိုးတဲ့ ဗီဒီယို တစ်ခုဖြစ်အောင် ပြင်ဆင်ထားခဲ့ကြတာပါ..။
"ဒီ လူအိုကြီးက..တရုတ်သမားတော် ဖြစ်ဖို့ မထိုက်တန်တဲ့..တိရစ္ဆာန် တစ်ကောင်ပဲ..။သူက ..ဆေးပညာအကယ်ဒမီ ရဲ့ ဒါရိုက်တာ ဖြစ်တာတောင်..ဒီလို လူမဆန်တဲ့ အလုပ်ကို လုပ်သေးတယ်။အားလုံးပဲ..ဒီပို့ကို ပြန်တင်ကြပြီး..ဒီအဖိုးကြီးကို သတ်လိုက် ကြရအောင်.."
တစ်ချို့ အပျော်သက်သက် ဝင်ပါနေကြတဲ့ လူတွေလဲ ရှိနေပါသေးတယ်..။
"ဒါက ကြောက်စရာ ပဲ..။အစိုးက ဘယ်လိုတုန်း ..ဘာလုပ်မှာလဲ..ဒီလိုလူကို အစိုးရ ခန့်ထားတယ်ဆိုတော့..."
"ဟားးဟား နိုင်ငံ မှာက ဒီလို လှည်ပတ်နေတာ ပဲလေ..။မင်းသာ..အင်အားရှိရင် လုပ်ချင်တာကို လုပ်လိူ့ရတယ်.."
"ငါတို့က..အခွန်ဆောင်ပြီး..အဲ့ပိုက်ဆံတွေနဲ့ ငါတို့ကို ပြန်ဒုက္ခပေးတေကြတာလေ.."
ပိုစ့်ကို..လူများစွာက ပြန်တင်နေခဲ့ကြပါတယ်..။.
စတင်ပြီး တင်လိုက်တဲ့ ကျောင်းသားလေးတွေဟာ..အခြေအနေ ဒီလောက်အထိ ဆိုးရွားနေတာကို ကြည့်ပြီး..ကြောင်အနေခဲ့တယ်..။သူတို့ ပို့စ်ကို ချက်ချင်း ပြန်ဖျက်လိုက်ကြ ပေမယ့် လည်း..အသုံးမဝင်တော့ပါဘူး..။သို့ပေမယ့်..ဒါက အသုံးမဝင်တော့ပေ..။ဗီဲဒီယိုက ပြန့်နှံ့နေခဲ့ ပြီးပါပြီ..။
ဝီချပ်နဲ့ QQ ပေါ်မှာ..ပြန်တင်တဲ့ ပိုစ့်တွေ ပြန့်နှံ့နေခဲ့ပါတယ်...။
ဆွေးနွေးမူတွေဟာ လည်းပိုပိုပြီး မြင့်တက်လာနေခဲ့ပါပြီ..။
အမှန်တရားကို မသိကြတဲ့ လူတွေဟာ..ဒေါသထွက်စွာ..ပို့စ်ပြန်တင်နေကြပြီး..သတင်းတွေထဲမှာပါ..ပါလာခဲ့တယ်..။
ဓာတ်ခွဲခန်းထဲတွင်..။
လင်းဖန်ဟာ ကျိုးမင်ချင်းကို သင်ကြားပေးနေပြီး ဒီကိစ္စကို အခုထိ မသိသေးပါဘူး..။ကျိုးမင်ချငိးဟာ..မနေ့က သူပြောခဲ့တဲ့ အကြောင်းအရာကို..တကယ်ကို အရေးတကြီး စဥ်းစားတဲ့ အချိန်မှာ ရောက်နေပြီး..မကြာခင် သူ အဖြေတစ်ခု ထွက်တော့မှာပါ..။
တစ်ချိန်တည်းမှာ..ပဲ တရုတ်ဆေးပညာ ရဲ့ နက်ရှိုင်းမူကို သူခံစားနေခဲ့ရတယ်..။
ပေါင်းစပ်မူ တစ်ခု ချင်းစီ တိုင်းက..မတူညီတဲ့ အကျိုးသပ်ရောက်မူ ရှိနေခဲ့တာပါ...။
ကလင် ကလင်...
ယင်းနောက် ကျိုးမင်ချင်း ရဲ့ ဖုန်းမြည်လာပြီး ကောက်ကိုင်လိုက်တယ်..။
"အကြီးအကဲ ကျိူး ခင်ဗျား ရူးနေပြီလား..။လူသား အစမ်းသပ်ခံကို ခင်ဗျား တကယ် သုံးနေတာလား..။ဒါက ဘယ်လောက် တောင်..ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လိမ့်မလဲ သိရဲ့လား..."
သူ့ မိတ်ဆွေ တစ်ယောက်ဟာ..ပြောလာခဲ့တာပါ..။
ကျိူးမင်ချငိး ကြောင်အသွားပြီး..သိချင်စွာ မေးလိုက်တယ်..
"ခင်ဗျား ဘယ်က ကြားလာတာလဲ..။ကျုပ်က..လူသား စမ်းသပ်ခံ တစ်ယောက်ကို သုံးတယ်ဟုတ်လား.."
"ငြင်းနေတာ ရပ်လိုက်တော့..။သတင်းတွေ ကိုသာ ကြည့်လိုက်...ဒီကိစ္စက အတော်ကို ပျံ့နှံ့နေပြီ..။တရုတ်ဆေးပညာကို.တကယ် အကျူိးသက်ရောက်လိမ့်မယ်..။တကယ်လို့..တစ်ခုခု ဆိုးတာဖြစ်ရင်..မင်းတစ်ယောက်ထဲပဲ..အပြစ်တင်ခံရမယ်နော်.."
ယင်းနောက်..သူတို့ ဖုန်းချလိုက်ကြပါတယ်..။
ကျိုးမင်ချငိကတော့..ကြောင်အနေပြီး ..လင်းဖန် သိချင်စွာ မေးလိုက်တယ်..။
"ဘာဖြစ်လို့လဲ.."
"ဆရာ..ကျွန်တော်လည်း မသိဘူး..။ကျွန်တော် မိတ်ဆွေက..ကျွန်တော် လူသား စမ်းသပ်ခံ တစ်ယောက်ကို သုံးနေတယ် လို့ ပြောနေကြတယ်..။အင်တာနက် ပေါ်မှာ လည််း ပျံ့နှံ့နေပြီ တဲ့..သူ ဘာပြောချင်တာလဲ မသိဘူး.."
လငိးဖန် ချက်ချင်း နားလည် သွားပြီး ..ဖုန်းကို ထုတ်ကြည့်လိုက်တဲ့ အချိန်မှာ..ကျိုးမင်ချင်းရဲ့ ပုံနဲ့ သတင်းတွေ အမှန်တကယ် တက်နေခဲ့တာပါ..။
"တကယ်ပဲ..မနေ့က ကျောင်းသားလေးတေ ဗီဒီယို ရိုက်ကူးပြီး ပိုစ့်တင်တာကို..လူတွေက ပြန်တင်ကြရင်း ဆိုးရွားကုန်တာ..။အမှန်တရားကို..မသိကြတဲ့ လူတွေက..ခင်ဗျားကို မကောင်းတဲ့ လူတွေလို့ ထင်နေကြတာလေ.."
ကျိုးမင်ချင်း ဗီဲဒီယိုကိုမြင်တဲ့ အချိန်မှာ ဒေါသထွက်သွားခဲ့တယ်..
"ဒီကောင်တွေ ဘယ်က သတ္တိနဲ့ ဒီီလိုလုပ်ရဲတာလဲ.."
"အေးဆေးပေါ့..ဒေါသမထွက်နဲ့..။တရုတ်ဆေးပညာမှာ ဒေါသထွက်တာ မကောင်းဘူး...။ခင်ဗျားက ..ဆက်လုပ်စရာ ရှိတာကိုပဲလုပ်..ကျန်တာတွေကို မတွေးနဲ့.."
လင်းဖန် ပြောလိုက်တာပါ..။
ကျိုးမင်ချင်း အသက်ကို ပြင်းပြင်းရူးလိုက်ပြီး..
"အခုလို..စိတ်ကို တည်ငြိမ်အောင် သင်ကြာပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်..။ကျွန်တော်..သူတို့ ပြောချင်တိုင်း ပြောခွင့်ပေးလိုက်ပါ့မယ်.."
လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..ဝိုက်ဘိုကို ဖွင့်ကြည့်လိုက်ပါတယ်..။ယင်းနောက် မျက်မှောင် ကျုတ်လိုက်ပြီး...
"ခွေးမသားတွေ..ငါက ဘာလို့ အဆဲခံနေရတာလဲ..။ချီးပဲ..ငါ သည်းမခံနိုင်တော့ဘူး.."
လင်းဖန် အော်ဟစ်လိုက်တာပါ..။
အခုမှ. သူ့ဆရာရဲ့ တည်ငြိမ်မူကို လေးစားနေတဲ့ ကျိုးမင်ချင်း..ဟာ..ကြောင်အသွားခဲ့ပြီး...
"ဆရာ...."
သူ့ဆရာက. သူ့ကို တည်ငြိမ်ဖို့ ပြောခဲ့ပေမယ့်..သူကိုယ်တိုင်က အတော်ကို ဒေါသကြီးနေခဲ့တာပါ..။
လင်းဖန် လက်ဝေ့ယမ်း လိုက်ပြီး..
"ဆက်လုပ်လိုက်ရအောင်..။ခင်ဗျားရဲ့ ဆရာက ငယ်ရွယ်တော့..ဒေါသထွက်တာ ပုံမှန်ပဲလေ..။ကျုပ်ဒေါသကို ထိန်းလိုက်ဦးမယ်..ခင်ဗျား..ဆက်ပြီး လေ့လာလိုက်ဦး..."
ကျိူးမင်ချင်း..သူ့ဆရာကို ကြည့်ကာ ခေါင်းညိမ့်လိုက်ပါတယ်..။
လင်းဖန်ကတော့..ဆက်ပြီး ဒေါသထွက်နေခဲ့ ပါတယ်..။ဒီလူတွေက ဘာလို့ ဒီလောက်အထိ အကြောင်း အကျိုး မသိတာလဲ..သူ မသိတော့ ပါဘူး..။
"မအိမ်လုံး..မင်းက အရမ်းထောက်ခံချင်နေတယ် ပေါ့..။အဲ့လူအိုကြီးက လူတစ်ယောက်ကို အစမ်းသပ်ခံ အဖြစ်လုပ်နေတာ မင်းမမြင်ဘူးလား..
"အာ..မင်းက ..ထောက်ခံနေတုန်းလား..။အစမ်းသပ်ခံနေရတဲ့ လူက မင်း ဖြစ်သင့်တာ..."
"အရူး မင်းလို ကောင်မျိုးကလဲ ရှိသေးတာပဲ..."
"မင်းရဲ့ တစ်မိသားစုလုံး အဲ့လူအိုကြီးရဲ့ အစမ်းသပ်ခံ ဖြစ်ဖို့ ငါဆုတောင်း တယ်ကွာ.."
လငိးဖန် စခရင်ကနေ တဆင့် စာပြန်ရိုက်လိုက်တယ်..။
"မအိမ်လံူး ခွေးသားတွေ..။မင်း တို့ ပါးစပ်တွေကို ငါ ပိတ်တဲ့ အထိစောင့် နေကြ..။မင်းတို့ က ငါ့ကို ကျိန်ဆဲရဲတယ်ပေါ့...မင်းတို့သာ ငါ့ရှေ့မှာ ရှိနေတယ် ဆိုရင်..ငါမင်းတို့ကို ကျိန်းသေ စောင့်ကန်ပစ်တယ်..."
"ဟားဟား..သူက ငါတို့ကို ကျိန်ဆဲနေတယ်..။ဒီကောင်က တကယ့် ငတုံးပဲ... "
"မာစတာ လင်း..ငါ မာစတာ လင်းကို ခေါ်နေတာက မင်းကို လေးစားလို့ပဲ..။ဒါပေမဲ့ မင်း ဒီကိစ္စကို ဆန့်ကျင်သင့်တယ်..။ဗီဒီယိုက ထွက်လာပြီ ဆိုမှတော့ငြင့်မနေနဲ့တော့..."
"ဟုတ်တယ်..ငါလည်း တရုတ်ဆေးပညာ တကယ်ကောင်းတာ လက်ခံပါတယ်..ဒါပေမဲ့ ဒီလူက တကယ် လူမဆန်ဘူး..."
"မာစတာ လင်း..မင်းတစ်မိသားစု လုံး ဘောပဲ.."
…
အိမ်တစ်ခုတွင်..။
ဆောင်းဦးဓားဟာ လင်းဖန်ရဲ့..ဝိုက်ဘိူကို ကြည့်ပြီး တကယ် ပျော်ရွှင်နေခဲ့ပါတယ်..။
ဘာပဲဖြစ်ဖြစ် နတ်ဘူရား တွေဆိုတာ တကယ်မျှတတာပါ..။ကံကံ၏အကျိုး (karma ) ဆိုတာ အမြဲတမ်း ပြန်ရောက်လာမှာ ပါပဲ..။ဒါက အချိန်တစ်ခုပဲ ကြာတာပါ..။
ကလင် ကလင်
ဖုန်း မြည်လာခဲ့တယ်..။
ဆောင်းဦးဓား..လင်းဖန်ရဲ့ ဖုန်းခေါ်မူ ကို..မြင်တဲ့ အခါမှာ သူအသင့်ပြင်ထားတဲ့ အသံဖိုင်ကို..ဖွင့်ပြလိုက်ပါတယ်..။
"ဟိုင်း..လူကြီးမင် ခေါ်ဆိုသော တယ်လီဖုန်းမှာ လိုင်းမအားသေးပါဖြင့်..နောက်တစ်ကြိမ်မှ ပြန်လည်ခေါ်ဆိုပါရှင်..."
"ဟားဟား..."
ဆောင်းဦးဓားဟာ အဆီတွေ လှုပ်သွားအောင်..သဘောကျစွာ ရယ်မောနေခဲ့တယ်..။
ဒင်..
မက်ဆေ့ ဝင်လာခဲ့တယ်..။
ဆောငိးဦးဓားဟာ ဒီ မက်ဆေ့ကို မြင်တဲ့ အချိန်မှာ ကြောင် အသွားခဲ့တယ်..။
"မင်းကို မင်း..အံ့ဩဖို့ တော်လှပြီ လိူ့ ထင်နေတာလား..။စိတ်မပူနဲ..မင်းရဲ့ လစာကို ဒေါ်လာ ၂၀၀၀ လောက် လျော့ပေးမယ်..။နောက် တစ်မိနစ် အတွင်း ဖုန်းပြန်ခေါ်ရင်တော့ ငါ စိတ်ပြောင်းရင် ပြောင်းမှာပေါ့.."
ဆောင်းဦးဓား အသည်းအသန် ဖုန်း ပြန်ခေါ်လိုက်ပါတယ်..။
"သူဌေး ကျွန်တော် ဥမင်တစ်ခုကို ဖြတ်နေလို့ လိုင်းမမိတာပါ..။အိမ်ကို နောက်ဆယ်မိနစ်ဆို ရောက်တော့မယ်..။စိတ်မပူနဲ့..ဒီစောက်ရူး တွေကို .ကျိန်းသေ ဆဲုံးမ မှာပါ..နောက်တစ်ခါ..ပေါ်မလာစေရဘူး..."
လင်းဖန် ပြောလို်က်တယ်..။
"ကောင်းတယ်..အလုက်ကို ကောင်းကောင်းလုပ်..။ငါတကယ် သည်းမခံ နိုင်တာ့ဘူး..။အဲ့ကောင်တွေကို အရှင်လတ်လတ် ကင်ပေးစမ်းပါ.."
"ဟုတ် ကျွန်တော်လုပ်လိုက်ပါ့်မယ်.."
လင်းဖန် ဖုန်းချပြီး နောက်မှာ..ဝိုက်ဘိုကို ကြည့်လိုက်ပါတယ်..။သူ ဒါကို လံူးဝ သည်းမခံနိုင်တော့ပဲ တစ်ခုခု ပြန်လုပ်မှ ရမှာပါ..။
"မင်ချငိး..ခင်ဗျား ဒီနေ့..ဆေးညွှန်းကို ရအောင် လုပ်ရမယ်..။မနက်ဖြန် ကျုပ်တို့ရဲ့ အင်အား အစစ်အမှန်ကို ပြကြတာပေါ့.."
လင်းဖန် ပြောလိုက်တာပါ..။
ကျိုးမင်ချင်း ခေါင်းညိ််မ့်လိုက်တယ်..။
"ဟုတ်ကဲ့ပါ..ဆရာ...."