← Chapters

အပြည့်အဝ နားထောင်ခြင်း

Vol. 28 Ch. 412

အပြည့်အဝ နားထောင်ခြင်း

Vol. 28 Ch. 412

#ဘာသာပြန် = စနိုးဝှိုက်

ကျိုးမင်ချင်းဟာ..ရှာဖွေးရေးနဲ့ အလုပ်ရှုပ်နေပြီး..သူ ဝိတ်ကျရောဂါ..အတွက် ဆေးညွှန်း တစ်ဝက်လောက်ကို တွေ့ရှိပြီးနေခဲ့ပါပြီ..။သူ ..ဒီနေ့ အတွင်း မှာ ဆေးညွှန်းရနိုင်ပါတယ်..။

ယင်းနောက် သူ ခေါင်းမော့ပြီး ကြည့်လိုက်တဲ့ အချိန်မှာ သူ့ဆရာဟာ..ဖုန်းသုံးရင်စ အလုပ်ရှုပ်နေခဲ့တယ်..။သူ့ဆရာရဲ့ ပုံစံက..အတော်ကို လေးနက်ပြီး ဒေါသထွကိနေခဲ့တာပါ..။သို့ပေမယ့်..ကျိုးမငိချင်း ကိုယ်တိုင်လည်း..အကူညီ မဲ့နေပြီး ဘာပြောရမလဲ တောင် မသိပေ..။

သူ့ဆရာက..သူ့ကို တည်ငြိမ်အောင် နေတတ်ဖို့ ပြောနျေပမယ့်..သူကိုယ်တိုင်ကတော့..ဒေါသထွက်နေခဲ့တာပါ..။

သို့ပေမယ့်..သူက တပည့်ဖြစ်တဲ့ အတွက်..သူ့ဆရာစကားကို မလိုက်နာပဲ မနေရဲပေ..သူ ဆေးညွှန်းကို သာ ကြိုးစားပြီး ဆက်တိုက် ရှာဖွေ နေခဲ့ပါတယ်..။

အင်တာနက် ပေါ်မှာ တော့..အခြေအနေ အမှန်ကို မသိတဲ့ လူအများစုဟာ...စစ်ပွဲထဲကို ဝင်ပါလာခဲ့ကြပါတယ်..။

အစကတော့..ကျိုးမင်ချင်းကိုပဲ တိုက်ခိုက်နေကြပေမယ့်..အခုတော့..လင်းဖန်ကို ပါ တိုက်ခိုက်နေကြပါပြီ..။ထပ်ပြောရရင်..လင်းဖန်က အတော်ကို မောက်မာပြီး..နောက်မဆုတ်ချင်တဲ့ လူတစ်ယောက်လို ဖြစ်နေခဲ့တာပါ..။

သူ တွေဝေခြင်းမရှိပဲ ပိုစ့်တင်လိုက်တယ်...။

"မင်းတို့..လူဘယ်လောက်ပဲ လာလာ..ငါ ဝိုက်ဘိုကို ပိတ်ချနိုင်အောင် လုပ်နိုင်ရင်..ငါ အရှုံးပေးမယ်.."

ဒီပိုစ့် တက်သွားတဲ့ အချိန်မှာ မြို့သားတွေဟာ သည်းမခံ နိုင်ကြတော့ပေ.။ဒီငနဲက အရမ်းများပြီး ..လေးစားမူလည်း မရှိဘူး လို့ သူတို့ ခံစားနေကြရပါတယ်..။

"ဒီလို အရှက်မရှိတဲ့ ကောင်ကို အရင်က တစ်ခါမှ မမြင်ဖူးဘူး..။သူက ဒီအဖြစ်အပျက်သုံးပြီး..သူ့ကိုယ်သူ ပို နာမည်ကြီး အောင်လုပ်ချင်နေတာ..။မင်းက..ဒီလောက်တောင် နာမည်ကြီးချင်နေမှတော့..ငါတို့ကလည်း..ဖြည့်စည်းပေးရသေးတာပေါ့..."

"ခွေးသား.မင်းက တိရစ္ဆာန်တစ်ကောင်ကို ကူညီနေတယ် ဆိုတာရော..သိရဲ့လား..။ငါ မင်းကို ဒီနေ့ သေအောင် လုပ်ပြမယ်.."

"မာစတာလင်း..မင်း ဒါမျိူး လုပ်လို့ မရဘူးလေ..။ငါတို့ သိတဲ့ မာစတာလင်း..ဘယ်ရောက်သွားပြီလဲ..။အမှန်တရား ကို အမြဲတမ်းလေးစားတဲ့ မာစတာ လင်းက အခုဘယ်မှာလဲ..။ဘာလို့ ဒီလို တွေ​ပြောင်းလဲသွားတာလဲ.."

"ငါသူ့ပရိတ်သတ်ဖြစ်လာတာ ကန်းနေလို့ ပဲဖြစ်မယ်.."

"ငါကတော့..မာစတာလင်းကို ယုံကြည်နေတုန်းပဲ..။ဘာပဲဖြစ်ဖြစ်..ငါသူ့ကိုယုံကြည်တယ်..."

"မင်းက သူ့ကို ဆက်ပြီး ယုံကြည်ရအောင် စောကိရူးလား..။ကျေးဇူးပြုပြီး ဦးနှောက်လေးတွေ သုံးကြစမ်းပါ.."

…

လင်းဖန် အခြေအနေကို သေချာ ကိုင်တွယ် နေပြီး ဆောငိးဦးဓားကလည်း..သူ့ကို..အကူအညီ ပေးနေခဲ့ပါတယ်..။ဆောင်းဦးဓားက..တစ်ခါတစ်လေ..လင်းဖန်ကို ကျိန်ဆဲ တဲ့ မှတ်ချက်တစ်ချို့ကို..သဘောကျပြီး..လက်မပေးကာ..ကျော်ထားခဲ့ပေမယ့်..လင်းဖန်က အမြဲတမ်း..သိနေခဲ့တာပါ..။

"သူဌေး ..သူတို့ကို ဒေါသထွက်အောင် ထပ်လုပ်လို့ မရဘူးနော်..။ရန်သူတွေက ပိုပိုပြီး တိူးလာနေတယ်.."

ဆောင်းဦးဓား အကူညီမဲ့ စွာ ပြောလိုက်တာပါ..။သူက သေချာ လိုက်ဖြေရှငိး ပေးနေပေမယ့်..သူ့ရဲ့ သူဌေးက ပြသနာ ရှာရတာကို အတော် ချစ်နေခဲ့ပါတယ်..။

သို့ပေမယ့်..ဆောငိးဦးဓားဟာ..မီးတောက် စစ်ပွဲ အင်ပါယာ ဖြစ်တဲ့ အတွက် လက်လျော့ အရှုံးပေးသွားခြင်းတော့ မရှိပါဘူး..။သူ့ရဲ့ အင်အား အစစ်အမှန်ကို ပြသမှ ရတော့မှာပါ..။

အခုက သူ လင်းဖန်အတွက် တိုက်ခိုက်နေတာ မဟုတ်တော့ပေ..။သူ ရဲ့ ကိုယ်ပိုင် ဂုဏ်သိက္ခာ အတွက် တိုက်ခိုက် နေခဲ့တာပါ..။

ဆေးရုံတွင်..။

စပါယ်ရှယ်လစ် အသင်းက လူတွေဟာ..ရယ်မောနေခဲ့ကြတယ်..။

"အင်တာနက်က သတင်းတွေကို ဖတ်ပြီးပြီလား..။တရုတ်သမားတော်ကြီး ကျိုးမင်ချင်း ကတော့..အပြင်တောင်ထွက်ရဲ တော့မှာ မဟုတ်ဘူး..ဟားဟား..."

"တရုတ်ဆေးပညာနဲ့..ဝိတ်ကျရောဂါကို ကုသဖို့က မဖြစ်နိုင်ဘူး..။သူတို့က..ကျန်းမာရေး ထိန်းသိမ်းချင်တဲ့ လူတွေ လောက်အတွက်ပဲ..ကောင်းတယ်.."

"တရုတ် သမားတော် ပြောတဲ့ အရာက တစ်ကယ် ဖြစ်နိုင်ပါ့မလား..."

"ဘယ်လို ဖြစ်နိုင်မှာလဲ.."

စပါယ်ရှယ်လစ် ချန်း ရယ်မောလိုက်တယ်..။

"ဒါဖြစ်နိုင်ပါတယ်..။တစ်ချို့ တရုတ်သမားတော်တွေက..ရူးသွပ်နေကြတာလေ..။သူတို့က..ကျိတ်ပြီး ရူသွပ်နေကြတော့..လူသားအစမ်းသပ်ခံ သုံးတယ် ဆိုတာကပုံမှန်ပဲ.."

"ဟားဟား.."

တရုတ်သမာတော် ရဲ့ အဖြစ်အပျက်ကို ကြားသိရတဲ့နောက်မှာ အကုန်လုံးရယ်မောနေခဲ့ကြပါတယ်..။

ဒီငနဲက..ဘယ်လိုဖြစ်ပြီး တရုတ်ဆေးပညာနဲ့ ဝိတ်ကျရောဂါ ကုသလို့ ရတယ်လို့ ထင်နေရတာလဲ...

ဒီလူက..အသုံးမကျတဲ့ အရာတွေ လုပ်နေမယ့် အစား..အရင်က လုပ်ခဲ့တဲ့ အရာတွေကိုပဲ..ရိုးရိုးသားသား ပြန်လုပ်နေ သင့်ပါတယ်..။

သူတို့.ရဲ့ အပြုအမူ အပြောအဆိုတွေက..တရုတ်ဆေးပညာကို..အထင်သေးနေကြတာ ထင်ရှားပါတယ်..။သူတို့ အပြင်မှာ တွေ့ရင်သာ..ယဥ္ကျေးချင်ယောင် ဆောင် နေကြပေမယ့်..သူတို့ စိတ်ထဲမှာတော့ လေးစားမူ လုံးဝ မရှိကြပါဘူး...။ဒီလိူ တရုတ်ဆေးညာကို..ပိုက်ဆံ မရှိတဲ့ ငတုံးငအတွေသာ ယုံကြည်ကြပါလိမ့်မယိ..။

"မင်းတို့ အဖြေကို အမြန်ရအောင် ထုတ်သင့်တယ်..။သတင်းထောက်တွေက..အပြင်မှာ ရှိနေတော့..ငါသွားကြည့်လိုက်ဦးမယ်..."

စပါယ်ရှယ်လစ် ချန်း ပြောလိုက်တာပါ..

သူ ဝင်ပေါက်ကို ရောက်တာနဲ့..သတင်းထောက်တွေဟာ..ရှေ့တက်လာခဲ့တယ်..။

"စပါယ်ရှယ်လစ်ချန်း အင်တာနက်ပေါ်က အခြေအနေတွေကို မြင်ပြီးပြီလား..။တရုတ်သမားတော်..ကျိုးမင်ချင်းက..လူသား စမ်းသပ်ခံကို အသုံးပြုခဲ့တယ် ဆိုတာလေ..အဲတာ ဘယ်လိုထင်လဲ.."

စပါယ်ရှယ်လစ် ချန်းဟာ တည်ငြိမ်စွာ ရှိနေပြီး ပြုံးလိုက်တယ်..။ယင်းနောက် လေးနက်စွာ ဖြင့်...

"ဒါသာ အမှန်တရား ဆိုရင်တော့..အတော်ကို နာကျင်ဖို့ကောင်းတယ်လေ..။တရုတ်ဆေးပညာဆိုတာက နိုင်ငံရဲ့ ရတာနာ တစ်ခုပဲ..။ဘယ်လို ဖြစ်ပြီး ဒီလို အခြေအနေ ဖြစ်လို့ရမှာလဲ..။ပြီးတော့..သူက..ကျောင်းတစ်ကျောင်းရဲ့ ဒါရိုက်တာ တစ်ယောက်လေ..။သူ့ရဲ့ အပြုအမူ တွေက.သူ့ကိူသူ ကိုယ်စားပြုရုံတင်မက.. ကျောင်းကိုပါ ကိုယ်စားပြူနေခဲ့တာ..။သူ့ရဲ့ လူပ်ဆောင်ချက်တွေ အပြုအမူတွေက..ယဥ္ကျေးနေဖို့ လိုအပ်တယ်..။တကယ်လို ဒါသာ အမှန်ဆိုရင်..ကျေးဇူး​ြ့ပုပြီး တစ်ခုခု လုပ်ကြပါ..။တကယ်လိူ့ ဒါသာ.သတင်းမှားဆိုရင်..သတင်းတင်ခဲ့တဲ့ လူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးပါ..."

သတင်းထောက်တွေဟာ ခေါင်းညိမ့်လိုက်ကြတယ်..။ဒီအဖြေက တကယ် ရှင်းလင်းပြီး တိကျတာပါ..။

"စပါယ်ရှယ်လစ် ချန်း..အဖြေတစ်ခု ရပြီလား..။ကျွန်တော်တို့ သိတာတော့.ဝမ်လီလီရဲ့ အခြေအနေက ထပ်ပြီး နောက်နှေးလို့ မရတော့ဘူးလေ.."

စပါယ်ရှယ်လစ် ချန်း ခေါင်းညိမ့်လိုကိတယ်..။

"ကျုပ်တို့..အကြမ်းဖျငိးတော့ အဖြေထုတ်ထားပြီးပါပြီ..ဒါပေမဲ့..လေ့လာနေတုန်းပဲ..။နည်းနည်း လောက် ထပ်စောင့်ပေးကြပါ..."

ယင်းနောက် သတင်းထောက် တစ်ယောက်ဟာ.မေးလိုကိတယ်..။

"စပါယ်ရှယ်လစ် ချန်း..ခင်ဗျားတို့ ဒီမှာရောက်နေတာ ကြာပြီ ဒါပေမဲ့..ဘာမှ..အဖြေမှ မရသေးဘူး.။ဒါက အခြေအနေက ကိူယ်တွယ်ရခက်နေလို့လား..."

စပါယ်ရှယ်လစ် ချန်း မျက်မှောင်ကျုတ်လိုက်ပေမယ့်..ခေါင်းညိမ့်လိုက်တယ်..။

"ဝမ်လီလီဲ့ အခြေအနေမျိူး ကျွန်တော်တို့ အရင်က တကယ် မတွေ့ခဲ့ဖူးဘူး..။အဖြေထုတ်ရမှာ ခက်မယ် ဆိုပေမယ့်..ကျွန်တော့် အဖွဲ့လုပ်နိုင်မယ် လို့ ယုံကြည်ပါတယ်..."

အဖြေက ဘာမှ ကွဲပြားမူ မရှိပေ..။

စပါယ်ရှယ်လစ် အဖွဲ့တွေ ဝမ်လီလီ အကြောင်းတွေးလိိုက်တိုင်း အကူညီမဲ့နေကြရတာပါ..။သူတို့..ဝမ်လီလီ ရဲ့ အခြေအနေက လွယ်ကူမယ် ထင်ခဲ့ပေမယ့် ဒီီလိုဖြစ်လာလိမ့်မယ် လို့ မထင်ထားခဲ့ပေ..။

ရှန်ဟိုင်း ဆေးပညာ အကယ်ဒမီ၏ ဓာတ်ခွဲ ခန်းတွင်..။

ကျိုးမင်ချင်းရဲ့ ဖုန်းဟာဆက်တိုက်မြည်နေခဲ့ပါတယ်..။ဒါက သူငယ်ချင်းတွေ..ပြီးတော့..ကျန်းမာရေးဌာန နဲ့..တရုတ်ဆေးပညာအဖွဲ့ အစည်း တွေက ခေါ်ဆိုနေခဲ့တာပါ..။

အစက ကျိုးမင်ချငိး ဖုန်းအကုန်လုံးကို ကိုင်ပေမယ့်..အခုတော့ မကိုင်တော့ပါဘူး..။သူ..စမ်းသပ်ရှာဖွေ နေတုန်း မှာ ..အချိန်ကြန့်ကြာ မခံချင်လို့ပါ..။

အဲ့အချိန်မှာတော့..ဆရာရော..တပည့်ရော..ရဲ့ ဂုဏ်သိ္က္ခာတွေက မြောင်းထဲရောက်နေခဲ့ ပါပြီ..။

သို့ပေမယ့်..သူကတော့..သူ့ဆရာ သင်ပြပေး ထားတဲ့အတိုင်း တည်တည်ငြိမ်ငြိမ် ရှိနေတုန်းပါပဲ..။

All Chapters