← Chapters

လူမဆန်တဲ့ တရုတ်သမားတော်အိုကြီး...

Vol. 28 Ch. 413

လူမဆန်တဲ့ တရုတ်သမားတော်အိုကြီး...

Vol. 28 Ch. 413

#ဘာသာပြန် = စနိုးဝှိုက်

ညအချိန်..။

သတင်းတွေက..တော့. ထုံးစံအတိုင်း အင်တာနက်ပေါ်မှာ ပျံ့နှံ့နေခဲ့ ပါတယ်..။

ကျိုးမင်ချငိးဟာ အိမ်ကို ပြန်သွားခဲ့ပြီး..သူ့ကလေးတွေကတော့ ဆိုဖာ ပေါ်မှာ ထိုင်ကာ သူတို့ အဖေပြန်လာမှာကို စောင့်နေခဲ့ကြတယ်..။ကျိူးမင်ချင်း ပြန်လာတာ နဲ့ အကြီးဆုံးသား..ကျိုးလီရှင်းဟာ ရှေ့ကို တက်သွားခဲ့ပါတယ်..။

သူ့ရဲ့ မောင်နှစ်မတွေကတော့..သူ့နောက်မှာ ထိုင်နေပြီး ကူညီပေး ဖို့ အဆင့်ရှိနေခဲ့ကြတယ်..။

သူတို့ရဲ့ အကြီးဆုံး အစ်ကို ကြီးက သူတို့ထက် ပိုစွမ်းဆောင်နိုင်စွမ်းရှိပြီး..စီးပွားရေး လောကမှာလည်း.အဆင့်အတန်းမြင့်တဲ့ လူတစ်ယောက်ပါ..။သူ့အဖေ ပြီးရင်..သူတို့ အစ်ကိုကြီးရဲ့ စကားက မိသားစုထဲမှာ အရေးပါဆုံးပါပဲ..။

ကျိုးမင်ချငိး တစ်နေ့လုံး ပင်ပန်းအောင်..အလုပ်ကြိုးစား ပြီးမှာ..အနည်းငယ် ကိုက်ခဲနေပေမယ့်..ဒါက ထိုက်တန်တယ် လို့ တွေးလိုက်မိပါတယ်..။သူ့ဆရာ နောက်ကို လိုက်ကတည်းက..သူ့ဘဝက အပြည့်အဝပြောင်းလဲ သွားခဲ့ပါပြီ..။သူ အရင်က မကြားဖူးခဲ့တဲ့ အသိပညာ အများကြီးကိုတောင် သင်ယူခွင့်ရခဲ့ပါတယ်..။

သူ ပြန်ရောက်တဲ့ အချိန်မှာ သူ့ကလေးတွေကို တစ်ချက်ကြည့်လိုက်တယ်..။သူ အနည်းငယ်တော့ စိတ်ဆိုးနေတုန်းပါပဲ..။ဒီကလေးတွေက သူ့ရဲ့ ဆရာတပည့် အခမ်းအနားကို ဖျက်ဆီးသွားခဲ့တာပါ..။ဒါက ..ကြိီးမားတဲ့ ကိစ္စဖြစ်ပြီး..သူ့ကလေးတွေသာ..အဟုတ်ရင် ဒီကောင်တွေကို သေလောက်အောင် ရိုက်ပြီးနေလောက်ပါပြီ..။

ကျိုးလီ ရှင်းဟာ..အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီး သူ့အဖေ ..စာကြည့်ခန်း ထဲသွားဖို့ လုပ်နေတာ မြင်မှ..ပြောလိုက်တယ်..။

"အဖေ..."

ကျိုးမင်ချင်း ဒါကို ကြားတဲ့ အချိန်မှာ မျက်မှောင် ကျုတ်လိုက်ပြီး..

"ဘာလဲ..မင်းတို့..အားအားယားယား..ဒီမှာ ဘာလုပ်နေတာလဲ.."

"အဖေ..သားတို အင်တာနက်ပေါ်က..ကိစ္စကို သိထားပြီးပြီ..။ခေါင်းဆောင် တစ်ချို့ကလည်း သားဆီကို ဆက်သွယ်လာတယ်..။အဖေဘာတွေ လုပ်နေလဲ မသိပေမယ့်..ဒီကိစ္စကို သေချာ ဖြေရှင်းမှ ရမယ်..။

ကျိုးလီ ရှင်း ပြောလိုက်တာပါ..။

ကျိုးစီ မျက်မှောင်ကျုတ်လိုက်ပြီး..

"လီရှင်း..."

ဒါက.သူ့သား..သူ့ရဲ့ အဖေကို ယဥ်ယဥ္ကျေးကျေး မပြောတဲ့ အတွက်သတိ ပေးမူ တစ်ခုပါပဲ..။

သိုပေမယ့်..ကျိုးလီရှင်း က..ဒီကိစ္စရဲ့ သက်ရောက်မူကို ခံထားရတာပါ..။သူ့အဖေ..တရားမဝင်တာတွေ လုပ်မိမှာကို သူတကယ် စိုးရိမ်မိပါတယ်..။ဒါက..အဲ့ ငနဲ ပေါ်လာပြီးမှ သူ့အဖေရဲ့ ပြောင်းလဲ မူတွေပါပဲ..။သူက အမြဲတမ်း စာကြည့်ခန်းထဲမှာ နေပြီး သူဘာတွေ လုပ်နေလဲ ဘယ်သူမှ မသိကြပေ..။

ကျိုးလီရှင်း ရဲ့ ..အဆင့်အတန်းနဲ့ မာစတာ လင်းကို..စစ်ဆေး ကြည့်ဖို့ ဆိုတာက အလွယ်လေးပါ..။ဒီ ငနဲက..တကယ်ကို မယုံကြည်နိုင်စရာ ပါပဲ..။

တစ်စုံတစ်ယောက်က အရမ်း အစွမ်းထက်နေရင်..ဒါက သူအမှန်တကယ် စွမ်းဆောင်နိုင်စွမ်း မရှိတာလဲ..ဖြစ်နိုင်ပါတယ်..။ကျိုးလီရှင်း တစ်ခုခု မှားနေတယ် လို့ပဲ ထင်နေမိတာပါ..။

ကျိုးမင်ချင်း သူ့သားကို ကြည့်လိုက်ပြီး..

"မင်း ငါကိစ္စကို စိတ်ဝင်စားစရာ မလိုဘူး..။ကိူယ့်ကိစ္စကိုပဲ ဂရုစိုက်..."

ယင်းနောက် သူ တစ်ခွန်းမှ မပြောပဲ ထွက်သွားခဲ့တယ်..။သူ့ဆရာ ရဲ့ လမ်းညွှန်မူတွေက ဆေးညွှန်းဟာ ပြီးပြည့်စုံ သွားခဲ့ပါပြီ..။ဒါက သူ့အတွက် ပျော်စရာ ကိစ္စဖြစ်ပြီး အကုန်လုံးကို ပြောချင်နေပေမယ့်..သူ့ဆရာက စိတ်ရှည်ဖို့ ​မှာကြားထားခဲ့တာပါ..။

သူ မနက်ဖြန် မှာ ခြေတစ်လှမ်း တိုးပြီး အကုန်လုံးကို ကြေ ငြာရပါမယ်..။

ကျိုးလီရှင်း ဆက်ပြောလိုက်တယ်..။

"အဖေ..ဒီကိစ္စက အဖေတင်မဟုတ်ဘူး..သားတို့ကိုပါ သက်ရောက်နေတာ..။သားတို့ အပြင်မှာ ဘယ်လောကိတောင် အရှက်ခွဲခံနေရလဲ သိရဲ့လား..."

"ဟားဟား..."

ကျိုးမင်ချင်း နှာခေါင်းရှုတ်လိုက်တယ်..။

"မင်းတို့က..တစ်ခြားလူတွေပြောတာကို ဂရုစိုက်နေတာလား..။အဲတာ ဆိုလည်း..ငါ့ကိုအဖေလို့ မခေါ်နဲ့တော့..ငါမင်းတို့ကို အပြစ်မတင်ပါဘူး.."

ကျိုးစီ ဒါကို ကြားတဲ့ အချိန်မှာ တုန်လှုပ်သွားခဲ့ပြီး..

"ရှင်ဘာတွေ ပြောနေတာလဲ.."

ကျိုးလီရှင်း ပြောလိုက်တယ်..။

"အဖေ..ဘာတွေဖြစ်နေတာလဲ..။အဲ့ငနဲက..အဖေ့ကိုတစ်ခုခု ​ကျွေးထားတာလား..။သားသူ့ကို ပြန်ပေးဆွဲပြီး မှားနေလဲ စစ်ဆေးကြည့်ရမယ်.."

"မင်း လုပ်ရဲလား..."

ရုတ်တရက် ကျိုးမင်ချင်းရဲ့ အမူအရာ ပြောင်းလဲ သွားခဲ့ပါတယ်..။

"ငါပြောလိုက်မယ်..မင်းလုပ်ရဲရင်..ငါမင်းလက်တွေကိုရိုက်ချိုးပစ်မယ်..."

ကျိုးလီရှင်း ဒေါသထွက်သွားခဲ့တယ်..။

"အဖေ ဘာလို့ ခေါင်းမာနေရတာလဲ..။ဒီကိစ္စက မဖြစ်နိုင်ဘူးလေ..။ဗီဒီယိူ ထဲက ကိစ္စကို အဖေ အမြန်မဖြေရှင်းရင် အဖေ့ရဲ့ ဂုဏ်သိက္ခာက တစ်ဘဝလုံး မြောင်းထဲရောက်သွားလိမ့်မယ်.."

"ငါ ထပ်မပြောချင်ဘူး..။မင်းတို့ နားလည်မှာ မဟုတ်ပါဘူး..။ဒီနေ့ခေတ် လူငယ်တွေက တစ်ခြားလူဘာပြောလဲ ပဲ..နားထောင်နေကြတယ်..။မင်းတို့ အောင်မြင်မှာ မဟုတ်ဘူး.."

ကျိုးမင်ချင်း ပြောလိုက်တာပါ..။

ကျိုးလီရှင်း ပြန်ပြောလိုက်တယ်..။

"အဖေ..သားသာ..သူများပြောတာတွေကို နားထောင်တတ်ရင် ဒီနေ့ ဒီီလို အဆင့်အတန်းမျိုးရောက်လာမှာ မဟုတ်ဘူး.."

"အဆင့်အတန်းလား..ငါ့ရဲ့ ကိုယ်ကျင့်တရားတွေကို ဘေးဖယ်ထားပြီး..ငါ့ သူငယ်ချင်း မိတ်ဆွေတွေကို အကူညီ မတောငိးပေးရင်..မင်းအရည်အချင်းနဲ့မင်း ဒီနေရာ ရောက်လာမယ် ထင်နေတာလား..။အလကား ဘဝင်မြင့်နေတဲ့ကောင်..."

ကျိုးဘင်နဲ့ ကျန်တဲ့ လူတွေဟာ ကြောင်အနေခဲ့ ပလတယ် .။အခြေအနေက ဒီလို တွေဖြစ်လာလိမ့်မယ် လို့ သူတို့ မထင်ထားခဲ့ကြပါဘူး..။

"ကိုယ့်အရည်အချင်းနဲ့ကို ဖြစ်လာတာ..."

ကျိုးလီရှင်း ပြနိပြောလိုက်တယ်...သူ့ရဲ့ အရည်အချင်းကို တစ်ခြားလူတွေ သံသယအဝင်မခံချင်ပါဘူး..။

ကျိုးမင်ချငိး လက်ဝေ့ယမ်းလိုက်ပြီး...

"ငါ မင်းနဲ့ မပြောတော့ဘူး..။မင်းက အရွယ်ရောက်ပြီး နေပြီ ..မင်းမှာလည်း မင်းအမြင်ရှိတယ်..။ဒါပေမဲ့ ငါမင်းကို တစ်ခုတော့..ပြောလိုက်မယ်..မင်းအဖေက .အသက်ကြီးနေတဲ့ ငတုံးအဖိုးကြီး တစ်ယောကိ မဟုတ်ဘူး.။ငါ လုပ်နေတာ ငါသိတယ်..ငါမင်းတို့ ငယ်စဥ်ကတည်းက..ဘာလုပ်ရမလဲ သင်ပေးလာတာ..။ငါ ဘာလုပ်ရမလဲ ပြန်သင်ပေးဖို့ မကြိုးစားနဲ့..မင်းတို့မှာ အရည်အချငိး မရှိဘူး..."

ကျိုးစီ ဝင်ပြောလိုက်တယ်..။

"ဒေါသမထွက်ပါနဲ့..သူတို့က ရှင့်ကလေးတွေဖြစ်ပြီး..ရှင့်အတွက်စိုးရိမ်​နေကြတာလေ.."

"ဟမ့်..."

ကျိုးမင်ချိုး စကားတစ်ခွန်းမှ မပြောပဲ တံခါးဖွင့်ကာ အခန်းထဲဝင်သွားခဲ့ပါတယ်..။

ကျိုးစီ သူ့သားကို ကြည့်လိုက်ပြီး...

"လီရှင်း မင်းအဖေနဲ့ မငြင်းခုန်နဲ့..သူက မင်းအဖေပဲလေ..."

ကျိုးလီရှင်း ပြန်ပြောလိုက်တယ်..။

"အမေ...သားအဖေမို့လို့ သားလည်း ဒီလို ပြောနေရတာပေါ့..။လတ်တလော ဖြစ်နေတာတွေကို အမေလည်းသိနေတာပဲ..။အင်တာနက် ပေါ်မှာ အဖေ့အကြောင်း ကောင်းတာ တစ်ခုမှ မရှိဘူး..."

စာကြည့်ခန်းထဲတွင်..။

ကျိုးမင်ချင်း ကုလားထိုင် ပေါ်မှာ ထိုင်ကာ..အသက်ပြင်းပြင်းရူပြီး သူ့ကိုသူ တည်ငြိမ်အောင် လုပ်နေခဲ့တယ်..။ယင်းနောက်

သူ့ကလေးတွေငယ်ငယ် တုန်းက သူ့မျက်နှာကို ကြည့်ပြီး သူပြောသမျှ နားထောင်ခဲ့တဲ့ အချိန်တွေကိုပြန်တွေးနေခဲ့ ပါတယ်..။အဲ့အချိန်တုန်းက သူ့ကလေးတွေရဲ့ အမြင်မှာ..သူက အမြဲတမ်း အမှန်တရားပါ..။အခု သူ့ကလေးတွေ အရွယ်ရောက်လာကြတော့..သူ့ကိုတောင် မယုံကြည်ကြတော့ ပါဘူး..။

ကျိုးမင်ချင်း တွေးရင် တွေးရင်း ပင်ပန်းလာခဲ့ပါတယ်..။သို့ပေမယ့် ..တရုတ်ဆေးပညာ အပေါ် သူ့ရဲ့ ချစ်တဲ့စိတ်ကတော့..ပြောင်းလဲ သွားမှာ မဟုတ်ပါဘူး..။တရုတ်ဆေးပညာ ဆိုတာ နှစ်ပေါင်း ထောင်ချီသမိုင်း ရှိခဲ့တာပါ..။

ကျန်းမာရေး ကောင်းရုံလောက်ပဲ အသုံးဝင်တယ် ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ..။

နောက်ဆံူးတော့ သူ့ကြိုးစားခဲ့တဲ့ ရလာဒ်အဖြစ် ဆေးညွှန်းဟာ သူ့လက်ထဲမှာ ရောက်နေခဲ့ပါပြီ..။သူ့ဆရာ ပြောတာကို သူသတိရနေခဲ့တယ်..။

"မနက်ဖြန်ကတော့..တရုတ်ဆေးပညာ သမိုင်းတွင်မယ့် နေ့ပဲ..."

မနက်ဖြန်က..သူ့ရဲ့ ဂုဏ်သိက္ခာတွေကို ပြန်လည် ဆယ်ယူမယ့် နေ့တစ်နေ့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်..။

နောက်တစ်ရက်..မနက်ခင်းတွင်..။

ကျိုးမင်ချငိးဟာ..ဆေးရုံရဲ့ အပြင်ဘက်မှာ ရပ်နေခဲ့ပြီး..များပြားလှတဲ့ သတင်းထောက်တွေ..လူထုတွေဟာ သူ့ကိုဝန်းရံ ထားခဲ့တယ်..။

အဲ့အချိန်မှာ လင်းဖန်ကတော့..ပန်ကိတ်တွေကို လုပ်ပြီး လူတွေကို ကျပမ်း ရွေးချယ်နေခဲ့ပါတယ်..။

ဘာပဲဖြစ်ဖြစ်..ပန်ကိတ်ကိုတော့..သူနေ့တိုင်း ရောင်းချမှ ဖြစ်မှာပါ..။

ကျိုးမင်ချင်း ဆေးရုံအပြင်ဘက်မှာ ပေါ်လာတဲ့ အချိန်မှာ..တစ်စုံတစ်ယောက်ဟာ..ဒေါသထွက်ပြီး သောက်လက်စ အအေးနဲ့ ကျိုးမင်ချင်းဆီကို လှမ်းပြီး ပစ်ပေါက်လိုက်တယ်..။

"အဲတာသူ့ပဲ...လူသားမဆန်တဲ့...တရုတ်သမားတော် အိုကြီး..."

All Chapters