← Chapters

အပြည့်အဝ ကြောင်အမူ..

Vol. 28 Ch. 415

အပြည့်အဝ ကြောင်အမူ..

Vol. 28 Ch. 415

#ဘာသာပြန် = စနိုးဝှိုက်

"ချီးပဲ..အဲတာ ဟိုငတုံး မာစတာ လင်း မလား..."

"ချီးပဲ သူ့ကြည့်ရတာ..တကယ် စက်ဆုပ်ဖို့ ကောင်းတယ်..."

"သူက..အမှန်တရားကို သဘောကျတဲ့ လူတစ်ယောက်လို လာပြောနေတယ်..။ငါ သူ့ကို ရိုက်နှက်ချင်နေပြီ..."

"မပြောကြနဲ့..မာစတာ လင်းက အဲလို လူမျိုး မဟုတ်ဘူး..သူ့မှာ အဖြေတစ်ခု ရှိရမယ်..။ထပ်ပြောရရင်..ရလာဒ်က ဘာမှန်း မသိသေးဘူးလေ..အခုချိန်သူ့ကို ကျိန်ဆဲရင်..မမျှတသလို ဖြစ်သွားမှာပေါ့.."

"အပေါ်ကကောင် ပေါတောတော လုပ်နေတာ ရပ်လိုက်တော့ ..ငါ မင်းကို ငါးဆယ် ဆင့်ပေးမယ်..ငါ့ကို အဖေလို့ခေါ်..."

"အကြောင်းကျိုး..မညီမညွှတ်မလုပ်နဲ့..ရလာဒ်က အခုထိ မထွက်သေးဘူးလေ..။သူ ရှုံးနိမ့်နေတာကိုမင်းတို့ မြင်လိူ့လား.."

"မအိမ်လံူး..မင်း ဒီမှာ လာမကြည့်နဲ့ သွား...."

တိုက်ရိုက် ထုတ်လွင့်မူ ထဲက..လူတွေဟာ..တစ်ယောက်နဲ့ တစ်ယောက် ကျိန်ဆဲ နေကြပြီး..တိုက်ပွဲပြင်းထန်လာခဲ့ ပါတယ်..။

တိမ်ဖြူလမ်း...။

ကျောင်ကျန်းယန်ကို လူတစ်စုဟာ ဝန်းရံ ထားခဲ့တယ်..။

အကြီးအကဲ လိန်ပြောလိုက်တယ်..။

"ကြည့်ရတာ သူဌေးလေး တော့ ရူးသွပ်သွားပြီ ထင်တယ်.."

အကြီးအကဲ ကျန်း...

"ဘာတွေ ဖြစ်နေတာလဲ..သူဌေးလေးက.သူတို့ကို ဘာမှ မလုပ်ပဲ..ဘာလို့ သူ့ကို မုန်းတဲ့ လူတွေ ဒီလောက်များနေတာလဲ.."

အစ်မဟောင် ပြောလိုက်တယ်..။

"ကောင်လေး..ယန်..သူဌေးလေး အတွက် တစ်ခုခု ဝင်ပြောပေးလိုက်ဦး.."

ကျောက်ကျန်းယန် သူ့ဖုန်းကို ကိုင်ထားပြီး အကူညီ မဲ့နေခဲ့ ပါတယ်...။

"အစ်မဟောင်..ဒါက ကူညီလို့ မရဘူး..။ဒီမှာ လူတွေ အများကြီးက..ကျိန်ဆဲနေကြတာလေ..။ကျွန်တော်ရဲ့ စာ တစ်ကြောင်းလောက်က အရာထင်မှာ မဟုတ်ဘူး..."

လူလိမ် ထျန် ခေါင်းခါယမ်း လိုက်တယ်..။

"ဒီငနဲ..က အဲ့လူအိုကြီး နဲ့ ဒီရက်ပိူင်း တစ်ပူးတွဲတွဲ လူပ်နေတယ် ထင်တယ်..။သူ ဒီပြသနာကို ဘယ်လို ဖြေရှင်းမလဲ ကြည့်ချင်သေးတယ်..။သူ့ရဲ့ ပရိတ်သတ်တွေကလည်း..ဝိုက်ဘိုပေါ်မှာ သူ့ကို အပြစ်တင်နေကြပြီ..။ဒါက တကယ် အကူညီမဲ့စရာ ပဲ..."

ဝူယူလန်ဟာ.စိုးရိမ်နေပြီး ​ဘာပြောရမလဲ တောင် မသိတော့ပေ..။

"အကြီးအကဲထျန်..အခြေအနေ ဘယ်လိုလဲ..."

ယင်းနောက်..ဝမ်မင်ယန်ဟာ ရောက်လာခဲ့တယ်..။ယင်းနောက် တိုက်ရိုက်ထုတ်လွင့်မူကနေ တဆင့် သူ့ရဲ့ ဘော်ဒါ ကျိန်ဆဲ ခံနေရတာ မြင်တဲ့ အချိန်မှာ ကြောင်အသွားခဲ့ပါတယ်..။

လူလိမ် ထျန် ခေါင်းခါယမ်း လိုက်ပြီး...m

"ကြည့်ရတာ အတော်ဆိူးရွားနေပြီ..။အပြင်ကို ထွက်ကြည့်လိုက်ဦး..."

ဝမ်မင်ယန် အပြင်ထွက်ပြီး သေချာ ကြည့်လိုက်တဲ့ အချိန်မှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကြောင်အသွားခဲ့ပါတယ်..။

"ချီးပဲ..ဒါ ဘယ်သူ လုပ်တာလဲ..."

လူလိမ် ထျန် အကူညီ မဲ့ စွာပြောလိုက်တယ်..။

"ဘယ်သူ ဖြစ်နိုင်ဦမှာလဲ..ဒီ လူတွေ ပဲ ဖြစ်မှာပေါ့..ညဘက်ကြီး ဆိုင်းဘုတ်ကို ဖျက်ဆီးသွားကြတာ..."

ဝမ်မင်ယန် ခေါင်းခါယမ်း လိုက်တယ်..။

"သူက ဘာတွေ ဖြစ်နေတာလဲ..။ဒီကိစ္စက သူနဲ့ မဆိုင်တာကို..ဘာမှ ဝင်ပါနေရတာလဲ..."

"ဘယ်သူ သိမှာလဲ..သူက ဘယ်သူ့ကိုမှ မပြောပြထားဘူး..။ကျုပ်တို့လည်း..သူ့ကို မနက်ပိုင်းတွေလောက်ပဲ တွေ့ရတာ..ကျန်တဲ့ အချိန်တွေဆို သူက ဆိုင်မှာ မရှိဘူး..."

လူလိမ်ထျန် ပြန်ပြောလိုက်တာပါ..။

ဆေးရုံတွင်..။

လူနာ ဆောင်ရဲ့ အပြင်ဘက်မှာ လူတွေ အများကြီးကြည့်နေကြပြီး..လင်းဖန် ပေါ်လာတဲ့ အချိန်မှာ သူတို့ ဒေါသထွက်သွားခဲ့တယ်..။

"ချီးပဲ..အဲဒါ ဒီငနဲပဲ..ဒီကောင်က အဖိုးကြီးနဲ့ တစ်ဖွဲ့တည်း လေ..။သူလည်း လူသား မဆန်တဲ့ ကောင်ပဲ.."

"မာစတာ လင်း လား...သူက ငါ့အမြင်မှာတော့..ခွေးတစ်ကောင်ပဲ..."

သူတို့ စတင်ပြီး ကျယ်လောင်စွာ ကျိန်ဆဲ နေကြပါတယ်..။

စပါယ်ရှယ်လစ် ချန်းဟာ.အခြေအနေကို ကြည့်ပြီး နှာခေါင်းရှုတ်လိုက်တယ်..။

"မင်းတို့ အကုန် ပါးစပ်ပိတ်ထား..."

ကျိုးမငိချင်ဟာဒေါသထွက်လာပြီးအော်လိုက် တာပါ..။သူ့ဆရာကို ကျိန်ဆဲ နေတာ ကို သူ သည်းမခံ နိုင်တော့ပေ..။

သို့ပေမယ့်..ကြည့်နေတဲ့ လူတွေကတော့.ကျိုးမင်ချင်း ရဲ့ အသက်အရွယ်ကြောင့်သာ မဟုတ်ရင် ရိုက်နှက်ပြီး နေလောက်ပါပြီ..။

"ပါးစပ်ပိတ်ထား ခွေးအိုကြီး..။ခင်ဗျားးရဲ့ အသက်အရွယ်ကြောင့်သာ မဟုတ်ရင် သေတဲ့ အထိ ရိုက်နှက်ပြီးနေပြီ.."

"ဒီနှစ်ယောက်စလုံးက.အတူတူ ပဲ..."

လင်းဖန် ဒါကို ကြားတဲ့ အချိန်မှာ စိတ်မကောင်း ဖြစ်သွားခဲ့တယ်..။ယင်းနောက် သူ ကျိန်ဆဲ လိုက်ပါတယ်..။

"ဘယ်ကောင်ပြောတာလဲ...ရှေ့ကိုထွက်ခဲ့စမ်း..။မင်းတို့ တစ်မိသားစုလုံးပါ သတ်ပစ်လိုက်မယ်..။မင်းတို့က ဘာကောင်တွေ မိုလို့ လာကျိန်ဆဲ နေရတာလဲ..။မင်းတို့ က အမှန်တရာ..ကို အရမ်းတွေ မြတ်နိုးနေတယ်ပေါ့..။လာစမ်းပါ..ဘယ်ကောင် သင်ခန်းစာလိုအပ်နေတာလဲ..ဆိုတာ ကြည့်ရအောင်.."

လင်းဖန် ပြောလိုက်တာနဲ့ အကုန်လုံး ငြိမ်ကျသွားခဲ့ ပါတယ်။

လင်းဖန် သူတို့ကို အလွတ်မပေး ချင်ပါဘူး..။သူထပ်ပြောလိုက်တယ်..။

"မင်းတို့ ဘာတွေ လုပ်နေလဲ..ငါ တကယ်မသိတေည့ဘူး..။ငါတို့ကို ကျိန်ဆဲတာနဲ့..မင်းတို့ကို မင်းတို့ အမှန်တရားကို ချစ်မြတ်နိုးတဲ့ လူတွေလို့ ထင်နေတာလား..။မင်းတို့ ဗီဒီယိုကို ကြည့်ပြီးတဲ့ နောက်မှာ..ကိုယ့်ကိုကို အမှန်တရား မြတ်နိုးတဲ့ လူတွေလို့ ထင်သွားတာလား..။မင်းတို့ ဗီဒီယိုကို သေချာ ကြည့်လား..။ဘာတွေဖြစ်နေတာရော..မင်းတို့သိလား..။ထပ်ပြောရရင် အဖြေတောင် မထွက်လာသေးဘူး မင်းတို့က ငါတို့ကို ကျိန်ဆဲနေကြတယ်..။မင်းတို့ ရူးနေကြတာလား..။ဒီစပါယ်ရှယ်လစ် အသင်းက..ရက်အနည်းငယ်ကြာနေပြီ ဒါတောင် ဘာမဖြေမှ ထွက်မလာသေးဘူး..။ဒီ စပါယ်ရှယ်လစ် အသင်း အချိန်ဖြုန်း နေတာကို ကျိန်ဆဲဖို့ ကြတော့..မင်းတို့ လူနာ သေတဲ့အထိ ခနစောင့်နေကြတာလား..."

စပါယ်ရှယ်လစ် ချန်း မပျော်မရွှင် မျက်မှောင် ကျုတ်လိုက်တယ်..။ဒီငနဲက..သူတို့ အဖွဲ့ကို ဘာမှ မစွမ်းဆောင် နိုင်တဲ့ လူတွေလိူ့ ပြောနေခဲ့တာပါ..။ဒီ အခြေအနေက အတော်ခက်ခဲတဲ့ အတွက်.အချိန်တို အတွင်း အဖြေမရတာက..သူတို့ အတွက်တော့ ပုံမှန်ပါပဲ .။

"မင်းတို့က တော်တော် ဆိူးတဲ့ ကောင်တွေပဲ.။မင်းတို့ကို မင်းတို့ အမှန်တရားကို မြတ်နိုးတဲ့ လူတွေ လိူ့ ထင်နေကြတယ်..ဒါပေမဲ့ အမှန်တရားက ဘာလဲ ဆိုတာတော့ မသိကြဘူး..။မင်းတို့သာ စွမ်းဆောင် နိုင်စွမ်းတွေ ရှိရင် ဒီမှာ ရှိနေမယ့် အစား တစ်ခုခု လုပ်ကြစမ်းပါ.."

လင်းဖန် ပြောလိုက်တာပါ..။

ယင်းနောက် တစ်ချို့လူတွေဟာ ပြန်ပြောလိုက်ကြတယ်..။

"ဘာလဲ..မင်းတို့က မဟုတ်တာ ကို လုပ်ထားပြီး ငါတို့ ပြောတာကြ မခံချင်ဘူး မလား..။ဒါအမှန်တရားပဲ..မင်းတို့သာ စွမ်းဆောင် နိုင်စွမ်းတွေ ရှိရင် သူမကို ကုပြစမ်းပါ.."

"စောက်ရေး မပါတဲ့ ကောင်တွေ.."

လင်းဖန် လက်ဝေ့ယမ်းပြီး..ကျိုးမင်ချင်းကို ခေါင်းညိမ့်ပြလိုက်တယ်..။

ကျိုးမင်ချင်းဟာ ဒေါသထွက်နေပေမယ့်လည်း ဒီလူတွေ နဲ့ ဆက်မငြင်းတော့ပေ..။သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က..ဝမ်လီလီကို ကုသဖို့ပါ..။

ဒါရိုက်တာ ကျန်း ပြောလိုက်တယ်..။

"ဒါရိုက်တာ ကျိူး ဆက်လုပ်ပါ.."

"အိုကေ.."

ကျိုးမင်ချင်း ခေါင်းညိမ့်လိုက်တယ်..။ယင်းနောက်..သူ လူနာဆီသွားပြီး သွေးခုန်နှုန်းကို စမ်းလိုက်တယ်..။ဒီလို စမ်းခြင်းအားဖြင့် သူလူနာရဲ့ ..အခြေအနေတွေ အများကြီးကို ပြောနိုင်ပါတယ်..။ယင်းနောက် ..သူ ငွေအပ်တွေကို ထုတ်လိုက်ပြီး...

"လူနာ ရဲ့ အခြေအနေက အတော်ကို လေးနက်တယ်..။သူမ ရဲ့ အစာအိမ်က ပျက်ဆီးကာ နီးနေပြီလို့တောင် ပြောလို့ရတယ်..ကျုပ်တို့က သူမရဲ့ အစာစားချင်စိတ်ပြန်ဖြစ်လာအောင် လုပ်ပေးမှာ..။ဒီတော့ ဆေးမသောက်ခင်..သူမရဲ့..အစာအိမ်ကို ထိခိုက်မူ မရှိအောင်..ကာကွယ်ထာပေးရမယ် ."

စပါယ်ရှယ်လစ် ချန်းအထင်သေးစွာ ရယ်ျမာလိုက်တယ်..။

"ဒီအပ်တွေကို သုံးပြီး အစာအိမ်ကို ကာကွယ် မှာလား..."

လင်းဖန် ဝင်ပြောလိုက်တယ်..။

"မသိရင်လည်း ပါးစပ်ပိတ်ထားပြီး.ညိမ်ညိမ် နေလိုက်..။လူရဲ့ ခန္တာကိုယ်ဆိုတာ အံ့ဩစရာ တွေ ထဲက တစ်ခုပဲ..။အရည်ပြားတွေ ဆိုတာ. ထိခိုက်တာနဲ့ သူ့အလိုလိူ ပြန်ကောင်းလာနိုင်တယ်..ဘာလို့ လဲ ဆိုတော့..အလွှာ တစ်လွှာပြီး တစ်လွှာကို..ဆဲလ် တွေနဲ့ ဖွဲ့စည်းထားလို့ပဲ..။အစာအိမ်ထဲမှာ ချွဲပြစ် နေတဲ့ ဆဲလ် လေတွေက..တစ်ခြား အရာ အမျိုးမျိုးနဲ့ ပေါင်းစပ်နိုင်ပြီး..အစာအိမ်ကို ကာကွယ်ပေးနိုင်တယ်..။အခုစိုက်မှတ် အမှတ်က ဒီဆဲလ် တွေ ရဲ့ ပူးပေါင်းမူ ပိုမြန်ဆန်လာအောင် ကူညီပေးမှာ..။ခင်ဗျားက ဘာမှ မသိတော့.ဒါတွေ ပြောနေလို့လဲ..မပိုပဲ.။ဘေးနားကနေပဲ..ပါးစပ်ပိတ်ပြီး ကြည့်နေ..."

စပါယ်ရှယ်လစ် ချန်းကြောင်အသွားခဲ့တယ်..။သူက ဒီလောက မှာ ဆရာတစ်ဆူ ဖြစ်တာတောင် ဒီငနဲက သူ့ကိုဘာမှ မသိတဲ့ လူတစ်ယောက်လို့ ပြောနေပါသေးတယ်..။

ကျိုးမင်ချင်းရဲ့ အမူအရာဟာ လေးနက်နေခဲ့တယ်..။သူက တစ်ယောက်ထဲကုသ နေရပေမယ့်..အတော် ယုံကြည်မူ ရှိနေခဲ့ပြီး..သူ့ဆရာကို မျက်နှာ အပျက်စေချင်ပါဘူး..။

အပ်တွေဟာ..ဝမ်လိီလီ ရဲ့ ဗိုက်ထဲကို ဖြည်းဖြည်း ချင်းဝင်သွားခဲ့တယ်..။ဒါက ကြည့်ရတာ နည်းနည်းတော့ ကြောက်စရာ ကောင်းပါတယ်..။

ကျိုးစီကတော့.. သူ့ကလေးတွေ နဲ့ အတူ တိုက်ရိုက် ထုတ်လွင့်မူကို ကြည့်နေခဲ့ပါတယ်...။တကယ်လို့ သူတို့သာ..တစ်ခုခုကို ရွေူချယ်ခွင့်ရမယ် ဆိုရင်.သူတို့ အဖေ အောင်မြင်ဖို့ကို ပဲ ရွေးချယ်ကြမှာပါ..။

များပြားလှတဲ့ အတွေ့အကြုံရင့် တရုတ်သမားတော်ကြီး တွေဟာ လည်း..တိုက်ရိုက်ထုတ်လွင်မူကို ကြည့်နေကြပါတယ်..။သူတို့ တစ်ခုခု လွဲ ချော်သွားမှာကိုတောင် ကြောက်ရွံ့နေကြတာပါ..။

သူအောင်မြင်ဖို့ လိုတယ်.....

ဒါက လူတိုင်း တွေးနေကြတဲ့ အတွေး ပါပဲ..။

အပ်တွေကို စိုက်ပြီး တဲ့ နောက်မှာ..ကျိုးမင်ချင်းဟာ..ဝမ်လီလီကို ဆေးတိုက်ဖို့ ပြင်ဆင်လိုက်တယ်..။ဝမ်လီလီ ငြင်းဆန်ပေမယ့်..သူမမှာ ဘာခွန်အားမှ မရှိတော့ပါဘူး..။နောက်ဆုံးတော့ သူမ ဆေးတိုက်တာ ခံလိုက်ရပါတယ်..။

ကျိုးမင်ချငိး..အပ်တွေ မဖယ်ခင် ဗိုကိကို အကြိမ်အနည်းငယ် ဖိလိုက်ပါတယ်..။ဒါက..တစ်ခြာူ အမှတ်တွေကိုပါ..လှုံ့ဆော်ပေးတဲ့ အထူး နည်းလမ်း တစ်ခုပါ..။

ယင်းနောက်..ကျိုးမင်ချင်းဟာ ဘာမှ မလုပ်တော့ပေ..။သူဟာသူ ဘေးးနားမှာ ရပ်​နေပြီး တစ်ခုခုကို စောင့်ကြည့်နေခဲ့ပါတယ်..။

" ဒါပဲလား "

စပါယ်ရှယ်လစ် ချန်း..ရယ်မောပြီး ပြောလိူက်တာပါ..။ဒါက ဟာသတစ်ခုလိုပါပဲ..။

ဒါရိုက်တာ ကျန်းတောင်မှ သံသယ ဖြစ်နေခဲ့ ပါတယ်.။

အပြင်ဘက်က လူတွေဟာ စတင်ပြီး ကျိန်ဆဲလိုက်ကြတယ်..။

"ငါပြောပါတယ်..သူတို့က လူကောင်းတွေ မဟုတ်ပါဘူးလို့.."

"ဟားဟား ဘယ်လောက် ရှက်စရာ ကောင်းလဲ..ဟာသတစ်ခုလိုပဲ.."

"ကြည့်ရတာ ဒီလူအိုကြီးက.ကလေးမလေးကိုပါ အစမ်းသပ်ခံလို့ ထင်နေပုံရတယ်..."

"ရှက်စရာပဲ.မအိမ်လံူး ခွေးနှစ်ကောင်..."

ကျိူးလီရှင်းတိုက်ရိုက် ထုတ်လွင့်မူကို..ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ်...။ကြည့်ရတာ ..သူအဖေတော့ ပြီးဆံူးသွားတဲ့ ပုံပါပဲ..။

တရုတ်သမားတော် တွေလည်း ခေါင်းခါယမ်း လိုက်ကြပါတယ်..။ကျိုးမင်ချင်း ဘာလုပ်နေလဲ သူတို့ မသိကြတော့ပါဘူး..။

ဆေးရုံထဲက အခြေအနေကတော့ ပေါက်ကွဲ ထွက်တော့မှာဖြစ်ပြီး သတင်းထောက်တွေဟာ မစောင့်နိုင်တော့ပေ..။

ယင်းနောက် အသံ တစ်ခု ထွက်လာခဲ့ ပါတယ်..။

"အရမ်းဗိုက်ဆာတယ်..."

ဝမ်လီလီဟာ အားနည်းတဲ့ အသံနဲ့ ပြောလိုက်တာပါ..။

ကျိုးမင်ချင်းဟာ ဝမ်လီလီ အတွက် ဆန်ပြုတ်ပြင်ဆင်ပြီးသားဖြစ်ပြီး..လင်းဖန်..အဲတာကို ယူလာပေးလိုက်ပါတယ်..။

ဝမ်လီလီ ခွက်ကို ယူ​ြ့ပီး အတင်းမော့သောက်လိုက်တယ်..။

"မင်ချင်း..သွားကြမယ်.."

လင်းဖန် အသက်ရူပြီး ပြောလိုက်တာပါ..။

ကျိုးမင်ချင်းဟာ ခေါင်းညိမ့်ပြီး လင်းဖန်နောက်က လိုက်သွားခဲ့တယ်..။ကျန်တဲ့ လူတွေဟာ သူတို့ကို လမ်းဖယ်ပေးလိုက်ကြပါတယ်..။

လင်းဖန် နဲ့ ကျိုးမင်ချင်း ထွက်သွားပြီးကာမှ ဆူညံ့သံတွေ ထွက်ပေါ်လာပါတောတယ်..။

"အာ...."

*အံ့ဩသည့် အသံများ..*

လူ တိုင်း ရူးသွပ်သွားကြတယ်..။

လူတွေဟာ အချိန်အတော်ကြာမှ မသိစိတ်ပြန်ဝင်လာခဲ့ကြပါတယ်..။

သူတို့.ကျိုးမင်ချင်း နဲ့ လင်းဖန်ကို ရှာလိုက်တဲ အချိန်မှတော့ နှစ်ယောက်စလုံး..မရှိကြတော့ပေ..။

တိုက်ရိုက် ထုတ်လွင့်တဲ့ နေရာမှာလည်း..မှတ်ချက်တွေ တစ်ခုမှ တက်မလာပဲ တိတ်ဆိတ်နေခဲ့ပါတယ်..။

တရုတ်သမားတော်များ. : "................"

ကျိုးလီရှင်း : ".................."

ကြည့်နေတဲ့ လူအုပ်ကြီး :"................"

လူတိုင်းဟာ..အဖြစ်အပျက်ကြောင့် ကြောင်အနေခဲ့ပါပြီ..။

All Chapters