← Chapters

အကောင်းဆုံးပြန်လာမူ

Vol. 28 Ch. 417

အကောင်းဆုံးပြန်လာမူ

Vol. 28 Ch. 417

#ဘာသာပြန် = စနိုးဝှိုက်

တိမ်ဖြူလမ်း...

လင်းဖန် ပြန်လာခဲ့တယ်..။

"ကောင်လေး..မင်းကတကယ် မဆိူးဘူး ပဲ.."

လူလိမ် ထျန်ဟာ လုံဝ ကို လေးစားနေခဲ့ပါပြီ..။

"ကျိူးမင်ချင်း ရဲ့ ဘက်မှာ ရပ်တည်ပေးနေတဲ့ကောင်လေးက တစ်ချိန်လံူး မှန်နေလိမ့်မယ် လို့ငါမထင်ထားခဲ့ဘူး..။ဒီလို ရောဂါ မျိုး​ေတာင် ကုနိုင်တယ် ဆိုတော့ ဒီအဖိုးကြီးက တော်တော် အရည်အချင်းရှိမယ် ထင်တယ်..."

လင်းဖန် ရယ်မောလိုက်တယ်..။

"အဓိပ္ပါယ် မရှိတာတွေ ပြောမနေနဲ့တော့..။ကျုပ်က အဲ့အဖိူးကြီး ရဲ့ ဆရာပဲ..."

"ကောင်းပြီ ကောင်းပြီ..ကြွားချင်တာတွေကို ရပ်လိုက်တော့..။ငါထင်တာတော့..ငါတို့ ဒီတံခါးကို ကျိန်းသေ လဲရတော့မယ်...ကြက်ဥတွေ နဲ့ ဝိုင်းပေါက်ခံထားရတာ မြင်လို့ မကောင်းတော့ဘူး..."

လူလိမ် ထျန် မယုံကြည်ခဲ့ပေ..။လင်းဖန်က ကျိုးမင်ချင်းရဲ့ ဆရာ ဆိုတာဘယ်လိုမှ မဖြစ်နိုင်ပါဘူး..။သူသာ လူကောင်းတစ်ယောက် ဆိုရင်..လင်းဖန် ပြောတာကို ဘယ်တော့မှ ယုံကြည်မှာ မဟုတ်ပေ..။

သီု့ပေမယ့် လင်းဖန်ကတော့ လူလိမ် ထျန် ခံစားရတာနဲ့ ကွာခြား ပါတယ်..။ဒီလူ ယုံယုံ မယုံယုံ ..ပြသနာ မရှိပေ..။

"ဒီလိုလာာား..."

လင်းဖန် ကြည့်လိုက်တယ်..။

"ဒီဟာကို ..ခနလောက်တော့ ထားထား လိုက်ဦး..။ပြသနာ တွေ အကုန်ပြီးသွားပြီ ဆိုမှ..လဲကြတာပေါ့.."

လူလိမ် ထျန် အံ့ဩသွားခဲ့တယ်..။

"ဘာ..နောက်ထပ်..အပိုင်းတွေ ရှိသေးလို့လား..."

လင်းဖန် ဆန်းကျယ် စွာ ပြုံးလိုက်ပါတယ်..။

"အိုး ဟုတ်သားပဲ..ဝမ်မင်ယန် အစောတုန်းက လာပြီး အလင်အမြန်ပဲ ပြန်ထွက်သွားတယ်..။မင်းတို့ကြားမှာ ..ငါမသိတဲ့ အကြောင်းအရာ တွေ ရှိနေတာလား..။သူ့က မင်းဘေးနားမှာ ရှိနေတဲ့ အကြောင်းအရာတွေ ကို အရမ်းဂရုစိုက်နေတယ် လို့ ငါခံစားရတယ်.."

လူလိမ် ထျန် သိချင်စွာ မေးလိုက်တာပါ..။

လင်းဖန် သူ့ကိုသူ ပြုံးလိုက်ပြီး..လူ လိမ် ထျန်ရဲ့ တင်ပါးကို စိုက်ကြည့်လိုက်.တယ်..။

လူလိမ် ထျန် သူ့တင်ပါးကို လက်နဲ့ အမြန်ကာ လိုက်ပြီး...

"ငါ ပြောတာကို မေ့လိုက်တော့..။မင်းက လမ်းလွဲ ရောက်နေတဲ့ အရူးတစ်ကောင်ပဲ.."

ဝုတ် ဝုတ်..

အကြီးအကဲ ခွေး နီကိုးလပ်က..အကောင်ပိုပြီး ကြီးလာလေလေ အပြင်းထူလာလေလေ ပါပဲ..။သူ အိပ်နေရင် အိပ်နေ...မအိပ်နေရင် လည်း..တစ်ခုခု စားနေခဲ့ ပါတယ်..။

နောက်တစ်ရက်

ဒီ​ေန့မှာ အင်တာနက်ဟာ ရှုတ်ထွေးနေခဲ့တယ်..။

ဒါက သက်ဆိုင်ရာ ဌာန တွေက ဗီဒီယို နဲ့ ပတ်သက်ပြီး..မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ဖြန့်ချီခဲ့တဲ့ လူတွေကို ဖမ်းဆီ ခဲ့လို့ပါ.။သူ တို့ ဒီကောလ ဟာလ တွေနဲ့ ပတ်သက်တဲ့..တရားခံ သုံးယောက်ကို ဖမ်းမိခဲ့ ပါတယ်..။ဒီ သုံးယောက်ထဲမှာမှ တစ်ယောက်က အဓိက တရားခံပါ..။ရဲတွေ သူတို့ နေတဲ့ နေရာကို အင်အားသံူးပြီး ဝင်လာတဲ့ အချိန်မှာတော့..တရားခံတွေဟာ အရမ်းကို ကြောက်ရွံ့နေခဲ့ပါတယ်..ဟ

သူတို့ သိလိုက်တာကတော့..သူတို့ မရှုပ်သင့်တာကို ဝင်ရှုပ်မိပြီ ဆိုတာပါပဲ..။

ဒါက ဖျော်ဖြေရး လောက ရဲ့ သတင်း မဟုတ်သလို..ကျဆုံးသွားတဲ့ အိုင်ဒေါတွေ သတင်းလည်း မဟုတ်ပါဘူး..။ဒါက..တရုတ်ဆေးပညာ သတင်း ဖြစ်တဲ့ အတွက်.ပုံမှန် ဆိုရင် လူတွေ အာရုံစိုက်ကြမှာ မဟုတ်ပေ.။သိုပေမယ့် ဒီတစ်ခါတော့ မတူပါဘူး..။သူ တင်းဌာန တွေ..ဆယ်လီ တွေ အားလံူးက..ခေါင်းကြီး ပိုင်းတွေမှာ တင်နေကြပါတယ်..။

ဝိုက်ဘို..ခေါင်းစည်းသတင်း..။

ဒီနေ့..အတွက် သတင်း..။

မီဒီယာ သတင်း..။

အင်တာနက် သတင်း...။

"တရုတ်သမားတော့ အိုကြီးက ဖိအားတွေကို ကျော်လွန်ပြီး..ဝိတ်ကျရောဂါကို ကုသသွားခဲ့တယ်.."

"လက်ရှိမှာ အဖြစ်များနေတာ က..ဝိတ်ကျ ရောဂါပဲ..။မကြောက်ကြနဲ့တော့...ရှန်ဟိုင်း ဆေးပညာ အကယိဒမီ မှာ ဆေးညွှန်းရှိတယ်.."

"အင်တာနက်..ပေါ်က တိုက်ခိုက်မူတွေက..ကျွမ်းကျင်ပြီး အရည်အချင်းရှိတဲ့ သမားတော်ကြီးကို သတ်မိတော့ မလို့ပဲ.."

"အင်တာနက် ပေါ်မှာ..အကြမ်းဖက် တိုက်ရိုက်မူတွေအတွက် စည်းမျဥ္း တင်းကြပ်သက့်တယ်.."

"တရုတ်ဆေးပညာ.အဖွဲ့အစည်းက..ကျိုးမင်ချငိးကို ထောက်ပံ့ကာကွယ် ပေးဖို့ ပျက်ကွက်ခဲ့တယ်..."

"ကျိုးမင်ချင်း သံသယ ဝင်ခံနေရတဲ့ အချိန်မှာ..ဒီ တရုတ်ဆေးပညာ အဖွဲ့အစည်းက ဘယ်ရောက်နေတာလဲ.."

…

သတင်းဌာနတွေဟာ..ပို့စ်တွေ တငိနေကြပေမယ့်..။UC သတင်းဌာနကတော့..ဒီအကြောင်းအရာကိုပဲ..ခငါးစဥ္ ပြောင်းကာ ပို့စ့် တွေများစွာ ..တင်နေခဲ့ပါတယ်..။

"သတင်းသစ် : တရုတ်ဆေး ပညာဟာ..နှစ်ထောင်ချီ သမိုင်းရှိပြီး....."

"အထူး သတင်း : ကျော်ကြားတဲ့ အနောက်တိုက်း ပရောဖက်ဆာ တစ်ယောက်ဟာ..တရုတ်ဆေးပညာက ဆန်းကျယ်တယ်လို့ ပြောကြားခဲ့.."

ရထား ဘူတာ တွင်..။

ဝမ်ဟွာဟာ ပုံမှန် ..ရုံးဝန်ထမ်း တစ်ယောက်ဖြစ်ပြီး.ရထားစီးကာ..ဖုန်းသုံးနေခဲ့ ပါတယ်..။သူက လက်ရှိ လူရာပေါင်းများစွာ ရှိတဲ့ ဝိုက်ဘို ဂရုထဲမှာ ရောက်နေခဲ့တာပါ..။သူ ဗီဒီိယို တစ်ခုကို မြင်ပြီး ဖွင့်ကြည့်လိုက်တဲ့ အချိန်မှာ..ကောလဟာလ ကို အရင်ဆုံူဖြန့် ခဲ့တဲ့ လူရဲ့ဗီဲဒီယို ဖိုင်ကို တွေ့လိုက်ရတဲ့အတွက်..ဒေါသထွက်သွားခဲ့တယ်..။

သူက အမြဲတမ်း တရုတ်ဆေးပညာ ကို ယုံကြည်ခဲ့တဲ့ လူတစ်ယောက်ပါ..။ သို့ပေမယ့်..သူအခု..အနောက်တိုင်း..ဆေးပညာရှင် နဲ့ပဲ..ဆွေးနွေ း နေခဲ့ပါတယ်..။ဘာပဲဖြစ်ဖြစ်..အနောက်တိုင်း ဆေးပညာက..ပိုပြီး တိကျမူ ရှိလို့ပါ..။

"အင်း..တရုတ်ဆေးပညာက တကယ်ကို ကျဆုံးနေပြီပဲ..။တရုတ် သမားတော် အိုကြီးတောင်မှ ဒီလို နည်းလမ်းကို သုံးနေတယ်.။ကျန်တဲ့ မျိုးဆက်တွေက..အသိပညာတွေကို ဘယ်မှာသွားသင်ရတော့မှာလဲ.."

ဝမ်ဟွာဟာ ထပ်ပြီး သည်းမခံ နိုင်​ေတော့ပဲ.သူ့ရဲ့ ဒေါသထွကိမူကို ဖော်ပြဖို့ မှတ်ချက်အောက်မှာ..ချီးပဲ.. လို့ ရေးလိုက်ပါတယ်..။ယင်းနောက် သူ နောက်ထပ်သတင်းတွေ ဖတ်နေခဲ့တယ်..။

သို့ပေမယ့် သူ ခေါင်းကြီး သတင်းတွေကို ဖတ်မိတဲ့ အချိန်မှာတော့. သူ့ရဲ့ အမူ အရာ ပြောင်းလဲ သွားခဲ့ပါပြီ..။

သတင်းကို ဖတ်ပြီး နောက်မှာ..သူ စိတ်တိုသွားခဲ့ပြန်တယ်..။သူ ခုနပ ဗီဒီယို တင်ထားတဲ့ လူကို ကျိန်ဆဲဖို့ ချက်ချင်း ပြန်သွားရှာလိုက်ပါတယ်..။

"ကာလဟာလ တွေ ဖန်တီး တဲ့ လူတွေက ကိုယ့်ကိုကို သတ်သေသင့်တယ်..x

ဒီအောက်မှာ တော့..သူလို့ လူတွေဟာ အများကြီး ရှိနေကြလို့ပါ.။

"ချီးပဲ မနေ့က ဒီသတင်း က အတော်ကို ..ရေပန်းစားနေတာ..။ငါဆို တရုတ်သမားတော်ကြီးကို ဒေါသထွက်လွန်းလို့ အဲ့လူဘယ်မှာ နေလဲ တောင် လိုက်ရှာနေသေးတယ်..။အခြေအနေက ဒီလို ပြောင်းလဲ သွားမယ် လို့ မထင်ထားခဲ့ဘူး...။သမားတော်ကြီးကို တောင်းပန်ပါတယ်..."

"တရုတ်ဆေးပညာက အဲလောက်တောင် အစွမ်းထက်လို့လား..။တကယ် ဝိတ်ကျရောဂါကို ကုသနိုင်တာလား..."

"ငါက..လည်း..သတင်းအတုလို့..ထင်ထားတာ..။ဒါပေမယ့် တရုတ်ဆေးပညာ အဖွဲ့အစည်းကတောင်..ကြေညာချက် ထုတ်ပြန်ပေး ထားတယ်..။သတင်းအတုတော့ မဖြစ်နိုင်ဘူး.."

"666..ဒါက တကယ်ကို အံ့ဩစရာပဲ..။ငါ တရုတ်ဆေးပညာကို ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့သလို..ဒီလို သတင်းဖြစ်လာမယ် လို့လည်း မထင်ထားခဲ့ဘူး.."

"ငါ ဒီကိစ္စကို အမြဲတမ်း စိတ်ပူနေခဲ့တာ. ..။အဲ့အချိန်တုန်းက ဒါရိုက်တာ ကျိုးကို ယုံကြည်တဲ့ လူ ဆိုလို့ မာစတာ လင်း တစ်ယောက်ပဲ.. ရှိတယ်..။ဒါပေမဲ့ သူလည်း တစ်ခြားလူတွေရဲ့ တိုက် ခိုက်မူကို ခံရတာပဲလေ..။အခု အမှန်တရားက..ထွက်လာပြီဆိုတော့ ..သူ့ဒေါသတွေကို ထုတ်ဖော်ခဲ့တယ်လေ .။အခုတော့..ဘယ်သူမှ သူ့ကို အပြစ်မတင်ရဲ့သလို သွားလည်း မတားရဲကြဘူး.."

"ဟေး..ငါသာဆိုရင်..သူမှန်နေရင်တောငိ ကျိန်ဆဲနေတာကို သည်းခံနေမှာ မဟုတ်ဘူး..။သူက ဒါလေး ထောက်ခံတာကို ဘာတွေ ဂုဏ်ယူနေတာလဲ.."

"မင်းတို့ နားမလည်ပါဘူး..မာစတာ လင်းရဲ့..ပရိတ်သတ် အစစ်အမှန်တွေ ဆိုတာလည်း ရှိသေးတယ်..။မင်းသာ.. အခုချိန် မာစတာ လင်းကို သွားကျိန်ဆဲရင်.. သူတို့က ဝိုင်းတိုက်ခိုက်လိမ့်မယ်..။သူတို့က ဘယ်က ပေါ်ပေါ်လာတာ လဲ မသိဘူး..။မင်းသာ မာစတာ လင်းကို ချီးကျုးရင် သူတို့က..မင်းမှတ်ချက်ကို ထိပ်ဆုံးရောက်အောင် ..လုပ်ပေးပြီး ချီးကျုးကြမှာ.(ဆောင်းဦးဓား တို့)။မင်မင် ဆိုတဲ့ အကောင့်တစ်ခုဆို..မာစတာ လင်း..အကြိမ်တစ်ရာလောက် ဆဲတာကို ခံနေရတယ်..."

"666 တစ်စုံတစ်ယောက်ကလည်း..ဒီလို ပရိတ်သတ်မျိုးရအောင် လုပ်သင့်တယ်နော်..."

"တရုတ်ဆေးပညာ မြင့်တက်လာတော့မှာလား.."

"အိုကေ..ဒါက အသိအမှတ်ပြုမူ..အနည်းငယ် ရပေမယ့်လည်း..လူတွေ အနောက်တိုင်း ဆေးပညာအပေါ်ယုံကြည်နေတာကို တော့ ပြောင်းလဲ နိုင်မယ် မထင်ဘူး.."

…

တိမ်ဖြူလမ်း..။

လင်းဖန် ဆိုင်ကို ရောက်တဲ့ အချိန်မှာ..လူငယ်တစ်စုဟာ..ဆိုင်ရှေ့မှာ ရောက်နေပြီး သူတို့ လှေကားတွေ ကိုင်ထားခဲ့ကြပါတယ်..။သူ တို့ဟာ..သန့်ရှင်းစေတဲ့ ဆေးရည်တွေ..ဆေးသုတ်တံ တွေ..နဲ့ အတု ဝင်ပေါက်နဲ့ ဆိုင်းဘုတ်ကို ပြန်လည် ပြင်ဆင်နေခဲ့ကြတယ်..။

ဘေးနားက ဆိုင်ပိုက်ရှင်တွေဟာ.လည်း..အသံတွေ ကြောင့် ထွက်ကြည့်လိုက်ကြတယ်..။

"ဟေး..ကောင်လေး တွေက..မာစတာလငိးရဲ့ ဆိုင်ကို သန့်ရှင်းပေးနေကြပါလား..။သူတို့က..ကြက်ဥနဲ့ ပေါက်သွားတဲ့ ကလေးတွေထင်တယ်.."

"ဘာတွေ ဖြစ်နေတာလဲ..။သူဌေးလေးက အမြဲတမ်း မှန်မှန်ကန်ကန် ပဲ လုပ်တယ်.."

"ကြည့်ရတာ ဦးနှောက် မရှိတဲ့ ကလေးတွေ ထင်တယ်..သူတို့က..အင်တာနက်သတင်းတွေကို လွယ်လွယ်နဲ့ ယုံကြတယ်.."

…

"သူဌေးလေး.."

ဆိုင်ပိုင်ရှင်တွေဟာ လင်းဖန်ကို နှုတ်ဆက်လိုက်ကြပါတယ်..။

လင်းဖန် ခေါင်းညိမ့်ပြီး လူငယ်လေးတွေကို မေးလိုက်တယ်..။

"မင်းတို့ ဘာလုပ်နေတာလဲ..."

လူငယ်တစ်ယောက်ဟာ ရှက်ရွံ့စွာ ပြောလိုက်တယ်..။

"မာစတာ လင်း တောင်းပန်ပါတယ်..။ကျုပ်တို့..အမှားလုပ်မိတာ..."

"မင်းတို့က..ငါ့တံခါးကို ကြက်ဥ နဲ့ ပေါက်သွားတဲ့ ကောင်လေးတွေလား..."

သူတို့ ရှက်ရွ့စွာ ခေါင်းညိမ့်လိုက်ကြတယိ..။

"အင်း.."

လငိးဖန်..ဘာမှ ထပ်ပြီး..အငြင်းမပွားချင်တော့ပဲ..တည်ငြိမ်စွာ အကြံပေးလိုက်တယ်..။

"တံခါးကို သေချာ သန့်ရှင်းကြ..နောက်တစ်ခါ..မလုပ်ခင်ကို သေချာ အရင်စဥ္းစား..။သူများပြောတာကို အလွယ်တကူ မယုံမိစေနဲ့..။ဒါက ခံစားရတာ ဆိူးရွားတယ်မလား..."

"ဒါက နာကျင်ရတယ်.."

ကောင်​ေလးဟာ ရှက်ရွံ့စွာ ပြောလာခဲ့တာပါ..။

"အဲ့နေ့တုန်းက..တံခါးကို ကြက်ဥ နဲ့ ပေါက်ပြီး ကျေနပ်နေခဲ့တာ..။စူပါမန်း လို ခံစားချက်မျိုးပဲ..တစ်ခြားလူတွေအတွက် တရားမျှတမူ ရှာပေးရတဲ့ ခံစားချက်..။ဒါပေမဲ့ ဒီနေ့ကြတော့..အရုးလိုပဲ..တောင်းပန်ပါတယ်.."

သူတို့ အမှားလုပ်ပြီးပြီ ဆိုတော့..ဒါကို တာဝန်ယူရဲ ရမှာပါ..။

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

"ကောင်းပြီ သေချာ သန့်ရှင်းကြ..။တံခါးတွေ သန့်ရှင်း သွားရင်တော့..မင်းတို့က....အင်တာနက် ရဲ့ ဆိုးကျိုး တွေကို သေချာ မသိသေးတဲ့ လူငယ်လေးတွေ ဖြစ်တာကြောင့် ငါခွင့်လွတ်ပေးလိုက်မယ်..."

ဒါကို ပြောတဲ့ အချိန်မှာ..သူ့အသံက ဝမ်းနည်းတဲ့ ပုံပေါက်နေခဲ့ပါတယ်..။

သို့ပေမယ့် .သူကိုယ်တိုင်က လူငယ်ဆိုတော့..ဒီစကားတွေက..ထူးဆန်းနေခဲ့တာပါ..။

သို့ပေမယ့် ဘာတတ်နိုင်ဦးမှာလဲ....

သူတို့..မလုပ်သင့် တဲ့ အလုပ်ကို လုပ်ပြီးမှတော့..တာဝန်ယူဖို့လည်း သတ္တိရှိကြရမှာပါ..။

All Chapters