← Chapters

အကြီးအကဲကျိူးရဲ့စိတ်ပျက်မူ

Vol. 28 Ch. 418

အကြီးအကဲကျိူးရဲ့စိတ်ပျက်မူ

Vol. 28 Ch. 418

#ဘာသာပြန် = စနိုးဝှိုက်

ဖုန်းထဲတွင်..။

"ဆရာ ကျွန်တော် တို့ ဘာဆက်လုပ်ကြမလဲ..."

ကျိုးမင်ချငိးဟာ စိတ်ရှုတ်နေခဲ့တယ်..။သူ့ဆရာရဲ့ အကူအညီနဲ့ သူ ဝိတ်ကျရောဂါကို ကူသနိုင်ခဲ့ပါတယ်..။တရုတ်ဆေးပညာ က အသုံးဝင်တယ် ဆိုတာ သက်သေပြနိုင်တဲ့ ခံစားချက်က ပြေမပြ တတ်အောင်ပါပဲ..။

လငိးဖန် မေးလိုက်တယ်..။

"ခင်ဗျား ပင်ပန်းတယ် လို့ခံစားရလာ.."

"ပင်ပန်းတာလား..."

ကျိုးမင်ချငိး အံ့ဩသင့်စွာ ပြန်မေးလိုက်တယ်..။

"ဆရာ..ကျွန်တော် လုံးဝ မပင်ပန်းပါဘူး..။တကယ် တော့ ကျွန်တော် အနာဂတ်ကို တွေးပြီးတော့တောင် စိတ်လှုပ်ရှားနေတာ.."

လင်းဖန် သဘောမတူစွာ ခေါင်းခါယမ်းလိုက်တယ်..။

"ကောင်းပြီ အိမ်မှာပဲ နေပြီး ကောင်းကောင်းနားပေါ့.။ခင်ဗျားရဲ့..ခရီးက အခုမှ စတာ..။ပြီးတော့ ..ခင်ဗျား ကိုယ့်အသက်အရွယ်ကို မမေ့ဖို့ အရေးကြီးတယ်..ကောင်းကောင်းမွန်မွန် အနားယူသင့်တယ်..."

"ဆရာ..ကျွန်တော် နားလည်ပါပြီ.."

သူက ..တစ်ခြား လူရဲ့ အမြင်ကို..စိုက်တတ်တဲ့ လူမျိုး မဟုတ်ပဲ..ကိုယ့်ရဲ့ စိတ်ကူးအတိုင်း လုပ်တတ်တဲ့ လူတစ်ယောက်ပါ..။အင်တာနက် မှာ သူ့ကို ကျိန်ဆဲကြတုန်းက သူလံူးဝ ဂရုမစိုက်ခဲ့ပေ.. ။သို့ပေမယ့်..လည်း. အမှန်တော့.သူ့အပေါ် ဖိအား အနည်းငယ် တော့ သက်ရောက်ခဲ့ပါတယ်..။ဘာပဲဖြစ်ဖြစ် သူက ပြည့်စုံနေတဲ့ လူတစ်ယောက်တော့ မဟုတ်ပေ..။

သို့ပေမယ့် ..သူ့ရဲ့ အမူအကျင့်ကို ပြောင်းလဲပြီး ..လူမူ ဆက်ဆံရေး တိုးမြင့်သင့်တယ်လို့ ခံစားရပါတယ်..။

.

သူက.ငယ်ရွယ်တဲ့ လူတစ်ယောက်မဟုတ်တော့ ပေမယ်..လူငယ်လို .အင်အားတွေ ရှိနေတာက..ပြသနာ တစ်ခု မဟုတ်ပေ..။

အဲ့အချိန်မှာပဲ..ကျိူးမင်ချင်းဟာ စာကြည့်ခန်းထဲကနေထွက်ပြီး..ခြံထဲကို လေကောင်းလေသန့် သွားရူဖို့ လုပ်လိုက်တယ်..။

ဧည့်ခန်းမှာတော့..သူ့ရဲ့ သားသုံးယောက်နဲ့ သမီးဟာ.ပြန်ရောက် နေခဲ့ပါပြီ..။သူတို့ဟာ..ဆိုဖာ ပေါ်မှာ စိတ်ရှည်ရှည်နဲ့ ထိုင်စောင့်နေခဲ့တယ်..။

သူ့အဖေ ဆင်းလာတာကို..မြင်ပြီး ကျိုးလီရှင်းဟာ အလျင်အမြန် တောင်းပန်ဖို့ လုပ်လိုက်ပါတယ်..။

"အဖေ.."

"အဟမ်း..."

ကျိုးမင်ချငိး သူ့သားရဲ့ အကြည့်ကို ရှောင်ပြီး ဘေးကနေ ပဲ ဖြတ်သွားလိုက်ပါတယ်.။တကယ်တော့ သူ သူ့သားကို ကြည့်ကို မကြည့်ချင်တော့တာပါ..။သူ ရှောင်သွားလိုက်ပြီး..ခြံထဲကို ဆင်းကာ..လေ့ကျင့်ခန်း လုပ်နေခဲ့တယ်..။

ကျိုးလီရှင်း မတ်တတ်ရပ်ကြီး ကျန်ခဲ့ပြီး ရှက်ရွံ့သွားခဲ့ပါတယ်..။သူ့ ညီတွေ ညီမ တွေကို ကြည့်လိုက်တဲ့ အချိန်မှာလဲ သူတို့ရဲ့ ခေါင်းတွေကို ငုံ့ထားကြလို့ပါ..။

တကယ်တော့..သူတို့..ရဲ့ အပြုအမူတွေက..သူတို့ အဖေရဲ့ အပြုအမူတွေ..ဆန့်ကျင်ပြီး..သူ့အဖေအပေါ် ယုံကြည်မူကို သစ္စာဖောက်ခဲ့ကြတာပါ..။

အခု သူ့အဖေက ပြင်းထန်တဲ့ ရိုက်ချက်နဲ့ အောင်မြင်သွားပြီ ဆိုတော့..ရှကိကိုးရှက်ကန်း ခံစားကြရပါတယ်..။

ကျိုးစီ လျောက်သွားလိုက်ပြီး..

"လူအိုကြီး ကလေးတွေကို ဘာလို့ ဒီလို ဆက်ဆံနေတာလဲ..။ကလေးတွေက သူတို့ အမှားသူတို့ သိပြီး ဝန်ခံ နေကြပြီလေ..."

"အိုး..."

ကျူိးမင်ချငိး ဒီတစ်ခွန်းသာ ပြောပြီး လေ့ကျင့်ခန်း ဆက်လုပ်နေခဲ့တယ်..။

"အင်း..ဒီလို လူအိုကြီးက ..သူ့ ကလေးတွေ အပေါ် အာဃာတ တွေထားနေတာကို ယုံတောင် မယုံနိုင်ဘူး.."

ကျိုးစီ ပြောလိုက်တာပါ..။သူမ ယောက်ျား အကြောင်းကို သူမ ကောင်းကောင်း သိထားပါတယ်..။သူ့ ကလေးတွေကို..အပြစ်ပေးပြီး အမှားကိုသေချာ သိအောင် သူက လုပ်ချင်နေခဲ့တာပါ..။

ကျိူးမင်ချိုး ရပ်တန့်လိုက်ပြီး...

"ဘယ်တုန်းက ငါ အဲလို ဖြစ်နေလို့လဲ..။ငါက သူတို့ကို ဂရုမစိုက်ချင်လို့ပဲ..။သူတို့ အချိန်ဖြုန်း ျနတာ ရပ်ပြီး ကိုယ့်အလုပ်ကို သွားသင့်ပြီ.."

ကျိုုးစီ ခေါငိးခါယမ်းပြှး အိမ်ထဲ ပြန်ဝင်သွားခဲ့တယ်..။

"မင်းတို့ အဖေက.. က စိတ်ဆိူးနေတုန်းပဲ..။မင်းတို့ လုပ်ထားတာကို ကြည့်ကြ..။မင်းတို့ တောင် ကိုယ့်အဖေကို ယုံကြည်မူ မရှိရင် သူ ဘယ်လို ခံစားရမလဲ..."

ကျိူးလီ ရှင်း ပြောလိုက်တယ်..။

"အမေ..သားတို့ မသိပဲ နေပါ့မလား..။အဖေက ..သေချာရင် လည်း သားတို့ကို ပြောပြ သင်ါတယ်လေ..။ပြီးတော့.ဗီဒီယိုကလည်း တကယ် အထင်လွဲ စရာကြီး..။သားတို့ကို လည်း ဘယ်အပြစ်တင်လို့ရမလဲ.."

ကျိုးဘင် ပြောလိုက်တယ်..။

"ဟုတ်တယ်..ဒါအမှန်ပဲ..။တကယ်တော့. ..အာ..ထားလိုက်တော့..။သား အဖေ့ကိုပဲ သွားတောင်းပန်တော့မယ်..။ဒီတစ်ကြိမ်က သားတို့ မှားထားတာလေ.."

ကျိုးဘင် ခြံဝန်းထဲကို သွားပြီး သူ့အဖေကို တောင်းပန်လိုက်ပါတယ်...။

အဲ့အချိန်မှာပဲ အကြီးအကဲ မူ ရောက်လာခဲ့တယ်..။

"ဟားဟား..အကြီးအကဲ ကျိုး.တကယ်လေးစား ပါတယ်ဗျာ.."

ကျိူးမင်ချငိး..ကျိုးဘင်ကို ဂရုမစိုက်ပဲ..ရယ်မောလိုက်ပြီး .

"အကြီးအကဲ မူ..ဒီတစ်ခါက ကျုပ်ဆရာကို ကျေးဇူးတင်ရမှာ..။သူမရှိပဲ..ဒီလို ဖြစ်မလာနိုင်ဘူး..."

အကြီးအကဲ မူ သက်ပြင်းချလိုက်တယ်..။

"အင်း..အကြီးအကဲ ကျိုး.ခင်ဗျားက တကယ်ကံကောငိးတဲ့ လူပဲ..။မာစတာ လင်းက ငယ်ပေမယ့်..ခန္တာကိုယ်ပိုင်းဆိုင်ရင် ကျွမ်းကျင်မူမှာတော့..တကယ်ကို ကြောက်စရာပဲ..။ဟေး..ဒါနဲ့ အဖွဲ့အစည်းက..ဆက်သွယ်သေးလား..."

"အင်း..သူတို့ ဆက်သွယ်ခဲ့တယ်..။သူတို့ ကျုပ်ကို ဖုန်းခေါ်တာ.ဘယ်နှစ်ခါမှန်းတောင် မသိတော့ဘူး..။ဒါပေမဲ့ ကျုပ် သူတို့ကို မဖျော်ဖြေ ပေးနိုင်ဘူး.."

ကျူိးမင်ချင်း လက်ဝေ့ယမ်းပြီး ပြောလိုက်တာပါ..။

"ဟားဟား..."

အကြီးတစ်ချက် ထဲနဲ့.အကြီးအကဲ မူဟာ..ကျိုးမင်ချငိး..အဖွဲ့အစည်းကို စိတ်အလိုမကျ ဖြစ်နေတယ် ဆိုတာ သိနိုင်ပါတယ်..။သူ လူတိုင်းရဲ့ တိုက်ခိုက်မူကို ခံရတုန်းက..အဖွဲ့အစည်းရဲ့ ဘယ်သူကမှ သူ့ဘက်က..ဝင်ပြီး ​ေထာက်ခံ မပေးကြပါဘူး..။

"လာ စာကြည့် ခန်းထဲမှာ ဆက်ပြောရအောင်..။ဒီနေ့ လာလည် တဲ့ လူတွေက အတော်နည်းတယ်.."

အကြီးအကဲ မူ ခေါင်းခါယမ်းပြီး ပြုံးလိုက်တယ်..။သူ အကြီးအကဲ ကျိူးနောက် လိုက်ပြီး..စာကြည့်ခန်းထဲ သွားတဲ့ အချိန်မှာ.ဧ.ည့်ခန်းထဲမှာ ကလေးတွေ ခေါင်းငုံ့့့ပြီး နေနေကြတာ တွေ့လိုက်ရပါတယ်..။ကြည့်ရတာ အကြီးအကဲ ကျိုးက သူ့ကလေးတွေကို ခွင့်မလွတ်သေးတဲ့ ပုံပါပဲ..။

စာကြည့်ခန်းထဲတွင်..။

အကြီးအကဲ မူ အနည်းငယ် တွေးပြီး မေးလိုက်တယ်..။

"အကြီးအကဲ ကျိုး..တစ်ခုလောက်မေးပါ စေ..။ခင်ဗျား ဆေးညွှန်းကို ဘယ်လို လုပ်ဖို့ စိတ်ကူးထားလဲ.."

ကျိုးမင်ချင်း ခနစဥ်စားလိုက်ပြီး..

"လူတိုင်းက..ဒီဆေးညွှန်ူကို ကျုပ်ထုတ်တာလို့ ထင်နေခဲ့တယ်..။တကယ်တော့ ကျုပ်ဆရာက..ထုတ်တာပဲ..။ဒါကြောင့် ဒါကို ဘယ်လိုလုပ်မယ် ဆိုတာက..ကျုပ်ဆရာအပေါ်ပဲ မူတည်လိမ့်မယ်.."

"ဘာဖြစ်သင့်တယ် လို့ထင်လဲ.."

အကြီးအကဲ မူ မေးလိုက်တာပါ..။

ကျိုးမင်ချင်း တွေူလိုက်ပြီး..

"ဒီဆေးညွှန်းကို ကိုယ်ကျိူး အကျိုးအမြတ်အတွက် မဟုတ်ပဲ..တစ်ခြား လူတွေကို ကယ်တင်ဖို့ သုံးသင့်တယ် လို့ ထင်တယ်..။ဒါပေမဲ့..ကျုပ်ဆရာ ကြိုးစားမူ အလဟသ မဖြစ်ရအောင်..ကနဦး..တီထွင်သူ လက်မှတ် ရဖို့လိုအပ်တယ်.."

အကြီးအကဲ မူ ခေါင်းညိမ့်လိုက်တယ်..။

"အင်း..ခင်ဗျားပြောတာ အဓိပ္ပါယ် ရှိတယ်..။ဒီဆေးကြောင့် ဝိတ်ကျရောဂါသည်တွေလည်း စိတ်လှုပ်ရှားနေလောက်ပြီ.."

ကျိုးမင်ချငိး သဘော တူစွာ ခေါင်းညိမ့်လိုက်တယ်..။သူ အဆင့်အထိရောက်ဖို့ သူလည်း အစွမ်ူကုန်ကြိုးစား ခဲ့ရျာပါ..။

အချိန်တွေဟာ အလျင်အမြန် ကုန်ဆံူးသွားပြီး နေ့လည် ရောက်လာခဲ့ပါတယ်..။

"လူအိုကြီး.., ချင်းချင် နဲ့ ကုမ္ပဏီ က.ဒီကို လာကြတယ်.."

ကျိုးစီ အော်ပြောလိုက်တာပါ..။

ကျိုးမင်ချင်း ရယ်ျမာလိုက်တယ်..။

"ကြည့်ရတာ..ကျုပ်တို့မှာ ကုမ္ပဏီတွေ..ပိုများတာပဲ..။ သူတို့ကို ဝင်ခိုင်း.လိုက်..."

အပြင်ဘက်တွင်..။

လူအိုကြီးတွေဟာ..စောင့်နေခဲ့ကြတယ်..။

သူတို့က..တရုတိဆေပညာ အဖွဲ့အစည်းက လူအိုကြီးတွေပါ..။သူတို့က ကျိုးမင်ချင်းကို သံသယ ဝင်ပြီး အဖွဲ့အစည်းအပေါ် အစွန်းအထင်း ဖြစ်မှာကို ကြောက်ရွံ့ခဲ့ကြပါတယ်..။အခု.ကျူိးမင်ချင်းက အောင်မြင်သွားပြီ ဆိုတော့.သူတို့အတွက် အရှက်ရစရာ ပါပဲ..။

"သူ ကျုပ်တို့ကို လျစ်လျူ ရူမယ်လို့ထင်လား..."

ဆံပင်အဖြူနဲ့ လူအိူကြီး တစ်ယောက်က မေးလို်က်တာပါ.။

ကျို့ချင်းချင်..က တရုတ်ဆေးပညာ အဖွဲ့အစည်းရဲ့ သဘာပတိ တစ်ယောက်ပါ..။ထပ်ပြောရရင် သူက ကျိုးမင်ချင်းနဲ့လည်း အသက်တူပါတယ်..။သူ ခေါင်းယမိးလိုက်ပြီး..

"ကျုပ်လည်း သေချာ မသိဘူး...။အကြီးအကဲ ကျိုးက ခန့်မှန်းရလွယ်တဲ့လူမဟုတ်ဘူးလေ.။ကျုပိတို့ ဒီတစ်ကြိမ် နည်းနည်းမှားသွားပေမယ့်.မိတ်ဆွေဖြစ်လာတာ ကြာပြီ ဆိုတော့.သူဒီလို မလုပ်လောက်ပါဘူး..မလုပ်လောက်ပါဘူး..."

တရုတ်ဆေးပညာ အဖွဲ့အစည်းရဲ့ ဒုတိယ သဘာပတိ ဝမ်တန်ဖေးဟာ ပြောလိုက်တယ်..။

"ပြောလို့မရဘူး..သူက ဆရာတပည့် အခမ်းအနားထဲက ကျုပ်တို့ကို မကျေနပ်ဖြစ်နေတာလေ..။သူ ခွင့်လွှတ်ပေးပါ့မလား.."

သူတို့ဆွေးနွေးနေတုန်းမှာပဲ..ကျူိးစီဟာ.သူတို့ ဆီရောက်လာပြီး..ကျိုးမင်ချင်းစောင့်နေတဲ့ စာကြည့်ခန်းကို ညွှန်ပြလိုက်တယ်..။

သူတို့ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ.ပြုံးလိုက်ပြီး..

"အစ်မ. ဒီနေ့ အကြီးအကဲ ကျိူး စိတ်အခြေအနေ ဘယ်လို ရှိလဲ.."

သူမ ပြန်ပြောလိုက်တယ်..။

"သိပ်တော့ မကောင်းဘူး.."

ဝမ်တန်ဖေး..ပေါင်ကို ရိုက်လိုက်ပြီး..

"ဒုက္ခပဲ ကျုပ်တို့ ဒီတစ်ကြိမ်တော့ အရစ်ခံ ရတော့မယ် ထင်တယ်.."

ကျို့ချင်းချင် လက်ဝေ့ယမ်းကာ ပြောလိုက်တယ်..။

"ကိစ္စမရှိဘူး.ဟိုရောက်မှ ..မျက်နှာကြည့် ပြောရင်း..အလုပ်ဖြစ်မလား ကြည့်ကြတာပေါ့..."

All Chapters