← Chapters

ဒါက အတော်ကို ခက်ခဲတဲ့အရာပဲ..

Vol. 28 Ch. 419

ဒါက အတော်ကို ခက်ခဲတဲ့အရာပဲ..

Vol. 28 Ch. 419

#ဘာသာပြန် = စနိုးဝှိုက်

စာကြည့်ခန်းထဲတွင် ..။

ကျိုးစီ တံခါကို ဖွင့်ပေးလိုက်ပြီး..

"လူအိုကြီး..ချင်းချင် နဲ့..တစ်ခြားလူတွေ လာကြပြီ.."

ကျို့ချင်းချင် လက်ဝေ့ယမ်းလိုက်ပါတယ်။

"အစ်မ ရပါတယ်..ကျွန်တော်တို့ကို ဂရုမစိုက်ပါနဲ့.လုပ်စရာ ရှိတာလုပ်ပါ..."

ဒီအခြေအနေက ..အတော်ရုပ်ထွေးတယ်လို့ ပြောလို့ရပါတယ်..။သူတို့.ကို အကြီးအကဲ ကျိုးက လွယ်လွယ်နဲ့လွှတ်ပေးမှာ မဟုတ်ပါဘူး..။

စာကြည့်ခန်းထဲတွင်..။

ကျိုးမင်ချငိးဟာ..မှတ်စုစာအုပ်တစ်ခု ကိုကိုင်ထားခဲ့တယ်..။သူ့ဘေးနားမှာတော့..သူ့ရဲ့ အတွေးအမြင်တွေကို..မှတ်သားထားတဲ့ စာအုပ်တစ်ခုပါ ရှိနေခဲ့တာပါ..။

အကြီးအကဲ မူကတော့..ဘေးနားမှာ ထိုင်နေပြီး..လဖက်ရည်ကို ပြုံးကာ သောက်နေခဲ့ပါတယ်..။သူက တရုတ်ဆေးပညာ အဖွဲ့အစည်းက မဟုတ်တာကြောင့် ဒီကိစ္စက သူနဲ့ မဆိုင်ပါဘူး..။ဒါကြောင့် သူ ဘာမှ ဝင်ကူပြောပေးလို့ မရပေ..။

"အကြီးအကဲ ကျိုး..ကျွန်တော်တို့ ရောက်ပြီ..."

ကျို့ချင်းချင် ဟာ အကြီးအကဲ ကျိုး..စာအုပ်ကိုသာ ဖတ်နေပြီး..သူတို့ကို မြင်တဲ့ ပုံစံ မပေါက်တာကြောင့်..အသံပြုပြီး နှုတ်ဆက်လိုက်တာပါ..။

ကျိုးမင်ချင်းကတော့..သူတို့ကို မမြင်ချင်ယောင် ဆောင်နေခဲ့တယ်.။သူ ခေါင်းကို ငုံ့ထားပြီး စာအုပ်ကိုပဲ ဖတ်နေခဲ့ပါတယ်..။

ကျို့ချင်းချင် တစ်ခြားလူတွေကို ကြည့်လိုက်ပြီး အကူညီ မဲ့သွားခဲ့တယ်.။အကြီးအကဲ ကျိုးက..ဒီကိစ္စက .နှလုံးသားထဲမှာ ထည့်ထားတဲ့ ပုံပါပဲ..။သူနောက်က လူတွေဟာလည်း..အကြီးအကဲ ကျိုး ရှေ့ကို..လာရပ်ကြပေမယ့်..အကြီးအကဲ ကျိုးကတော့ တုတ်တုတ်တောင် မလှုပ်ပေ.။

ရွှစ်..

ညှင်သာတဲ့ စာရွက်လှန်တဲ့အသံတွေသာ..စာကြည့်ခန်းထဲမှာ..ကြားနေခဲ့ရပါတယ်..။အကြီးအကဲ ကျိုးဟာ..ခေါင်းကို မမော့ပဲ..စာအုပ်ကိုသာ..ဆက်တိုက် ဖတ်နေခဲ့တယ်..။

"အကြီးအကဲ ကျိုး ဘာလို့စကား မပြောတာလဲ.."

ကျို့ချင်းချင် ညှင်သာစွာ မေးလိုက်တာပါ..။သူ စောင့်ရတာကို စိတ်မရှည်တော့ပဲ.မေးလိုက်တယ်..။

"ဘာတွေ ဖတ်နေတာတုန်း..စိတ်ဝင်စားစရာ ကောင်းလို့လား..."

အကြီးအကဲ မူ အခြေအနေကို ကြည့်ပြီး ပြုံးလိုက်တယ်..။ဒီအကြီးအကဲ ကျိုးက..တကယ်ဒေါသကြီးတဲ့ လူတစ်ယောက်ပါ..။သို့ပေမယ့်..ဒါက အဓိပ္ပါယ်ရှိပါတယ်..။သူ ကိုယ်တိုင် မကြုံခဲ့ရပေမယ့် လညိး ဒီရက်ပိုင်း အတွင်းမှာ အကြီးအကဲ ကျိုး အတော်ကို..ဖိအားတွေ များခဲ့မယ် ဆိုတာကိုတော့..ခံစားမိပါတယ်..။

ဒီကိစ္စက အင်တာနက်မှာ..အကြီးအကျယ်ပျံ့နှံ့သွားခဲ့တာ ဖြစ်ပြီး..မှတ်ချက်တွေကလည်း အတော်ကို ဆိုးရွားခဲ့တာပါ..။

အဲ့အချိန်မှာပဲ..အကြီးအကဲ မူ တစ်ခုခု မှားနေတာကိုသတိထားမိ လိုက်ပါတယ်..။ကျို့ချငိးချငိ နဲ့ ..ကျန်တဲ့ လူတွေဟာ..အကြီးအကဲ ကျိုး နောက်ကို သွားပြီး ..သူ့ရဲ့ လက်ထဲက စာအုပ်ကို ကြည့်နေရာကနေ ..သူတို့ရဲ့ အကြည့်တွေက.. မခွာကြတော့ပါဘူး..။

"ယင် သဘောတရား ရဲ့ အတိုချုပ် နဲ့..သွေးခုန်နှုန်း ပုံမှန်မဟုတ်တဲ့ ရောဂါ.."

ကျိုးချင်းချင် နဲ့ ကျန်တဲ လူတွေဟာ ခေါင်းးစဥ္ကို အနီးကပ် ဖတ်လိုက်ကြတယ်..။ခေါင်းစဥ္က နားလည်ဖို့ လွယ်ကူလွန်းပြီး..အရင်က တရုတ်ဆေးပညာကို မလေ့လာဖူးတဲ့ လူတွေတောင် နားလည်မှာပါ..။

ဒီ စာအုပ်က..သိပ်မရင်းနှီးပဲ..လက်ရေးလက်သားတွေကလည်း..လူကိုယ်တိုင်က ..ရေးထားသလိုပါပဲ..။

အာ...

ရုတ်တရက် ..ကျို့ချင်းချင်ဟာ..အောက်က စာသားတွေကို ဖတ်လိုက်တဲ့အချိန်မှာ..ရောဂါ တွေ အကြောင်းကို ဆေးပညာ အဖြေထုတ်ထားတာ တွေ့လိုက်ရပါတယ်။သို့ပေမယ့် ကျို့ချင်းချင်..အနီးကပ် သေချာ လေ့လာကြည့်တော့မယ့် အချိန်မှာပဲ..စာအုပ်ဟာ ရုတ်တရက် ပိတ်သွားခဲ့တယ်..။

ကျိုးမင်ချင်း ...ခေါင်းမော့လိုက်ပြီး...

"ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ..."

"အကြီးအကဲ ကျိုး..​ြ့ပန်ကြည့်ကြရအောင်..။ဒီလောက် မြန်မြန်ကြီး ပိတ်ဖို့ မလိုပါဘူး..."

ကျိုးချငိးချင် အလျင်အမြန်မေးလိုက်တာ ပါ..။

ဒီစာအုပ်ထဲမှာ ..သူတို့ အရင်က တစ်ခါမှ မလေ့လာဖူးတဲ့ သီအိုရီတွေပါ ရှိနေပါသေးတယ်။ဒါက သူတစ်ခုခုကို အခုမှ စပြီး လေ့လာသလိုပါပဲ..။လေ့လာဖို့အတွက် စိတ်ဝင်စား သွားပြီ ဆိုမှ တစ်စုံတစ်ယောက်ရဲ့ တားဆီးမူကို ခံလိုက်ရတာပါ..။

"ဘာတွေ ကြည့်နေကြတာလဲ..။ဒီစာအုပ်က..ရောဂါတွေ အပေါ်မှာ အရေးကြီးတဲ့ သီအိူရီ တွေပါဝင်တယိ..။ခင်ဗျားတို့ ကြည့်လို့ မရဘူး.."

ဝမ်တန်ဖေးဟာ..ကျို့ချင်းချင်လောက် မမြင်လိုက်ရတော့ သိပ်ပြီး ဂရုမစိုက်ပါဘူး..။သူပြုံးပြီး ပြောလိုက်တယ်..။

"အကြီးအကဲ ကျိုး..ကျုပ်တို့ မေးနေပေမယ့် ခင်ဗျားက မဖြေလို့လေ."

"ကျုပ်က အဖြေချင်လို့လေ..။တစ်ယောက်ထဲ တိုက်ပွဲဝင်ရတာတောင် အတော်မောနေပြီ.."

ကျိုးမင်ချင်း ပြောလိုက်တာပါ..။

လူတိုင်းဟာ..သူပြောချင်တဲ့ အဓိပ္ပါယ်ကို ချက်ချင်း သဘောပေါက်လိုက်ကြပါတယ်..။

ကျို့ချငိးချင် ကတော့..စာအုပ်ရဲ့ ဆွဲဆောင်မူကို ခံလိုက်ရပြီးပါပြီ..။

"အကြီးအကဲ..ကျိုး. ကျုပ်တို့ သိလာတာ ဆယ်စုနှစ်မက ကြာ နေခဲ့ပြီလေ..။ဒါက ဘာစာအုပ်လဲ ဆိုတာ ပြောပြလို့ ရမလား..."

ကျိုးမင်ချငိး ပြုံးလိုက်တယ်..။

"ခင်ဗျား..ဒီစာအုပ်မျိူးကို ဘယ်မှာမှ ရှာလို့ရမှာ မဟုတ်ဘူး..။ဒီစာအုပ်က ကမ္ဘာပေါ်မှာ တစ်အုပ်ထဲပဲ ရှိတာ..."

အကြီးအကဲ မူ ပြုံးပြိီး ...ထိုင်နေခဲ့တယ်..။အကြီးအကဲ ကျိုး ဒီစာအူပ်ကို တစ်ခြား လူတွေ ဖတ်မိအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ထားတယ် ဆိုတာ သူသဘောပေါက်ပါတယ်။

ကျို့ချင်းချင်..စာအုပ်ကို ဖတ်နေပြီး အရှိန်တက်နေတဲ့ အချိန်ကျမှ...သူက ဖတ်လို့ မရအောင်.ပိတ်ချလိုက်တာပါ..။

"ဘာလို ခင်ဗျားတို့က ကျုပ်ကို လာရှာကြတာလဲ..။ဘေဂျင်းမှာ ဘာမှလုပ်စရာ မရှိကြဘူးလာား.."

ကျိုးချင်းချင် ချက်ချငိးပြောလိုက်တယ်..

"အကြီးအကဲ ကျိုး..ဒီကိစ္စက မတူညီဘူးလေ.။အရင်နေ့တွေတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်က ကျုပ်တို့ရဲ့ အမှားပါ..။အခု သိချင်တာက..ခင်ဗျားကျုပ်ကို..ဒီစာအုပ်လေး ငှားပေးလို့ ရမလား..။ဘာပဲတောင်းဆိို တောင်းဆို..ကျုပ်လုပ်ပိူင်ခွင့်ထဲကနေ ဖြည့်ဆည်းပေးပါ့မယ်.."

"ခင်ဗျားက ကြည့်ချင်တာလား..."

ကျိုးမင်ချင်း..ပြုံးလိုက်တယ်..။

ကျို့ချင်းချင် ခေါင်းညိမ့်လိုက်ပြီး..

"အကြီးအကဲ ကျိုး..ဒါက ..မသိသာလွန်းဘူးလား..။ကျုပ်မဖတ်ချင်ဘူး ဆိုရင်..ဒီလိုမျိုးတောင် မေးနေမှာ မဟုတ်ဘူး.."

"ကျုပ် ဒီစာအုပ်ကို အခုဖတ်မှာ မဟုတ်သလို.ခင်ဗျားလဲ ဖတ်လို့မရဘူး..ဘာလို့လဲ ဆိုတော့..ဒီစာအုပ်ကို..ကျုပ်ဆရာက ပေးထားလို့ပဲ..။ဒါက ဆေးပညာ အတွေ့အကြုံပဲ.အရင်ခေတ်တုန်းက ဆိုရင် ရတနာ တစ်ခုလို့တောင် ပြောလိူ့ရတယ်..။ဒါက ရောဂါ တွေ အကြောင်းကို ပဲ ရေးထားတာ မဟုတ်ဘူး..ကူသရမယ့် ဆေးညွှန်းတွေကို ပါ ရေးထားတာ..။ရက်အနည်း ငယ် အတွင်းမှာတင် ကျုပ်အတော် တိုးတက်လာခဲ့တယ်.."

ကျိုးမင်ချင်းဟာ..စာအုပ်ကိုတစ်ခြား လူတွေ ကို ဖတ်လို့မရဘူး ပြောနေပေမယ့် စာအုပ်ရဲ့ကောင်းကျိုးတွေကိုတော့..ဆက်ပြီး ချီကျုးနေခဲ့ပါတယ်..။

"အကြီးအကဲ ကျိုး..ခင်ဗျား အတော်ရက်စက်တာပဲ..။ကျုပ်တို့ သိလာတာ အတော်ကြာတာတောင်...ဒီလောက်လေး မကူညီပေးနိုင်ဘူး..."

ဝမ်တန်ဖေး နဲ့ ကျန်တဲ့ လူတွေဟာ အံ့ဩနေခဲ့ ကြတယ်..။

အကြီးအကဲ ကျို့ က ဘာဖြစ်နေတာလဲ...

သူတို့က အကြီးအကဲ ကျိုးနဲ့..လာဆွေးနွေးကြတာဖြစ်ပေမယ့်..သူက အခုတော့ တစ်ခြား အကြောင်းအရာတစ်ခုကို ပြောနေခဲ့တာပါ..။

ကျိုးမင်ချငိး လက်ဝေ့ယမ်းလိုက်ပြီး..

"အကြီးအကဲ ကျို့..ကျုပ်က ရက်စက်တာ မဟုတ်ဘူး.။ကျုပ်တို့မှာလည်း စည်းမျဥ္းတွေ ရှိတယ်..။ကျုပ်ဆရာက .. ကျုပ်ကို သီးသန့်ပေးထားတာ ဆိုတော့..သူ့ခွင့်ပြုချက်မရှိပဲ..တစ်ခြားလူကို..ဖတ်ခိုင်းလို့ မရဘူးလေ..။ကျုပ်ဒီကိစ္စကို လည်း စိတ်မဆိုးတော့ပါဘူး..ကျုပ်အဲလောက်ထိ သဘောထား သေးသိမ်တဲ့လူ မဟုတ်ဘူး.."

ကျိူးချင်းချင်..အမြန်ပြောလိုက်တယ်..။

"အကြီးအကဲ ကျိုး..ခင်ဗျားဆရာကို ဖုန်းခေါ်လိုက်လေ..ကျုပ်ကိုင်တိုင်မေးကြည့်လိုက်မယ်..။ကျုပ်မေးပြီး တောင်းဆိုရင်တော့..သူ သဘောတူမှာပါ..။ခင်ဗျား မခေါ်ဘူး ဆိုရင်တော့..ရည်ရွယ်ချက် ရှိရှိလုပ်တာပဲနော်..။အဲလိုဆို ကျုပ်တို့ရဲ့ ခင်မင်မူက ဒီမှာပဲ အဆုံးသတ်သွားလိမ့််မယ်..."

ကျိုးမင်ချငိး..ကျို့ချင်းချင်ကို ကြည့်ပြီး အကူညီမဲ့ စွာ ခေါင်းခါယမ်းလိုက်ပါတယ်။.ယင်းနောက် သူဖုန်းကို ထုတ်ပြီး..နံပါတ်တစ်ခုကို နိပ်လိုက်တယ်..

"ငါ့ရဲ့ဆရာ.မာစတာ လင်း..."

ကျိုးချင်းချင်..ခေါင်းညိမ့်ပြီး..ဖုန်းကို..ယူလိုက်ပါတယ်.။အဲ့အချိန်မှာပဲ.ဖုန်းဟာ ဝင်သွားခဲ့ပြီး သူစိတ်ပူစွာမေးလိုက်တယ်...

"မာစတာ လင်းလား ခင်ဗျ..။ကျွန်တော်က..တရုတ်ဆေးပညာ အဖွဲ့အစည်းက ..ကျို့ချင်းချင် ..ပါ..ကျိုးမင်ချငိး နဲ့ သူငယ်ချင်းကောင်းတွေ..ပါပဲ.။ကျွန်တော် .. မာစတာ သူ့ကို ပေးထားတဲ့ စာအုပ်လေးကို ဖတ်ပါရစေလို့ တောင်းဆိုချင်လို့ပါ..။ဖတ်ခွင့်ရရင်..ကျွန်တော် အရမ်းကျေးဇူးတင်မိမှာပါ.."

ဘာမှ ပြန်ဖြေသံ မကြားရတဲ့ အတွက်..ကျို့ချင်းချင် ထပ်မေးလိုက်တယ်..။

"မာစတာ လင်း..အဲ့မှာ ရှိရဲ့လား.."

လင်းဖန် မေးလိုက်တယ်..။

"ကျုပ် ခင်ဗျားကို သိလို့လား.."

ကျို့ချင်းချင် အံ့ဩသွားခဲ့ပြီး..

"မာစတာ လင်းကတော့..ကျွန်တော့်ကို သိမှာ မဟုတ်ပါဘူး..။ဒါပေမဲ့ ကျွန်တော်ကတော့..အကြီးအကဲ ကျိုးနဲ့ အတော်ကို ရင်းနှီးပါတယ်.."

လင်းဖန် မေးလိုက်တယ်..။

"ခင်ဗျားပြောတဲ့ ပထမ စာသားလေ..အဲ့အဖြေကို ခင်ဗျား ဘယ်က ရလာတာလဲ..."

ကျို့ချင်းချင် ..လင်းဖန် ဘာ​ကိုပြောတာလဲ..နားမလည်ပါဘူး..။သူ သေချာအောင် မေးလိုက်တယ်...

"မာစတာ လင်း ဟုတ်ရဲ့လား ခင်ဗျ..."

"တောင်းပန်ပါတယ်..ဖုန်းမှားနေတာလား..။ကျုပ်က မာစတာ လင်းပါ..."

တီ...

လင်းဖန် ပြောပြီးတာနဲ့ ဖုန်းကို ချလို်က်ပါတယ်..။

ကျို့ချငိးချငိ ကြောင်အသွားခဲ့ပြီး..

"အကြိီးအကဲ ကျိုး..ဒါ..ဒါက..."

ကျိုးမင်ချင်း သူ့ရဲ့ အပြုံးကို ဖုံးကွယ်ပြီး..ပြောလိုက်တယ်..။

"ကျုပ်လည်း မသိဘူးလေ..ဖုန်းမှားခေါ်တာလည်း မဟုတ်ပါဘူး..။ဒါကို အရင်ပြောရအောင်..ခင်ဗျားတို့ အမှန်တကယ် ဒီကို ဘာလာလုပ်တာလဲ ဆိုတာသာ.ပြော.."

ကျို့ချင်းချင်..ဒါကို ရည်ရွယ်ချက် ရှိရှိ လုပ်တယ် ဆိုတာကို ရိပ်မိပါတယ်..။

"အစကတော့..ဘာမှ မရှိဘူး ..ဒါပေမဲ့ အခုတော့ ရှိသွားပြီ.."

"ဒါက ဘာကို ဆိုလိုတာလဲ.."

ကျိုးမင်ချင်း..ပဟေဠိ ဖြစ်သွားခဲ့တယ်..။

ဘယ်လို ဖြစ်ပြီး အခုမှ..ရှိသွားရတာ လဲ.....

"အကြီးအကဲ ကျိုး..ကျုပ် ခင်ဗျားဆရာကို တွေ့ချင်တယ်.."

ကျိုးချင်းချင် လေးနက်စွာ ပြောလိုက်တာပါ..။

ကျိုးမင်ချင်း ခနလောက် အံ့ဩသွားပြီး ရယ်မောလိုက်ပါတယ်..။

ခင်ဗျား ကျုပ်ဆရာ..ကို..တွေ့ချင်တာလား..။ဒါက ဘယ်လောက်တောင် ခက်ခဲလဲ ဆိုတာကို ခင်ဗျား မကြာခင် တွေ့ရလိမ့်မယ်...။

All Chapters