← Chapters

လင်းဖန် အလုပ်ကြိုးစားရမယ့်အချိန်ပဲ..

Vol. 28 Ch. 420

လင်းဖန် အလုပ်ကြိုးစားရမယ့်အချိန်ပဲ..

Vol. 28 Ch. 420

#ဘာသာပြန် = စနိုးဝှိုက်

နိုင်ငံရဲ့တရုတ်ဆေးပညာ..စီမံခန့်ခွဲရေး အေဂျင်စီက ..ဒီကိစ္စကို..အရေးကြီးတဲ့ အရာတစ်ခုအဖြစ် သတ်မှတ်ထားခဲ့ပါတယ်..။တရုတိဆေးပညာက..ဝိတ်ကျရောဂါကို ကုသဖို့အတွက် ဆေးကို တီထွင်နိုင်ခဲ့တာပါ..။တရုတ်ဆေးပညာ..အေဂျင်စီရဲ့ ညွှန်ကြားမူ အောက်မှာပဲ..ကျိူးမငချငိး ရဲ့..ရှာဖွေမူကို..အထောက်အပံ့ပေးဖို့ စတင်နေခဲ့ကြပါတယ်..။

ဒါပေါ့..ဒါတွေက..အတွင်းပိုငိး ..ညွှန်ကြားမူ တွေပဲ.ရှိပါသေးတယ်..။ဒါက ကျိုးမင်ချင်းကို အဆက်သွယ်ရသေးပါဘူး...။

ကျိုးမင်ချင်းက မျက်နှာပြရတဲ့ လူဖြစ်ပြီး နောက်ကွယ်က သူဌေးကတော့..လင်းဖန်ပါပဲ..။ဒီကိစ္စကို ကျိုးမင်ချင်း အပြင် ဘယ်သူမှ မသိပေ..။

တိမ်ဖြူလမး်..။

လင်းဖန် စဥ္းစားနေခဲ့တယ်..။ဒါက တရုတ်ဆေးပညာရဲ့ ပထမဦးဆုံး အောင်မြင်မူ ဖြစ်တဲ့ အတွက် အခြေအနေတွေက..သူတွေးထားသလောက် လွယ်ကူမှာ မဟုတ်ပါဘူး..။သို့ပေမယ့် အများကြီးတော့ ပြောငိးလဲ သွားမှာ မဟုတ်ပေ။အခြေခံ အားဖြင့်တော့..သူတို့က အနောက်တိုင်း ဆေးပညာနဲ့ ယှဥ္ပြိုင် နိုင်ဦးမှာ မဟုတ်ပါဘူး..။

အနောက် တိုင်းဆေးပညာက.လက်ခံနိုင်တဲ့ ဆေးပညာအဆင့်အတန်းတစ်ခု ရှိပါတယ်..။တရုတ်ဆေးပညာ မှာလည်း..အဆင့်အတန်း တစ်ခု ရှိပေမယ့်..မျိုးဆက်သစ် တွေကို ဆရာတွေက သေချာသင်ကြားပေးဖို့ လိုအပ်နေတာပါ..။လက်ရှိလို အပ်နေတာ ဒီချက်ဖြစ်ပြီး..တရုတ်ဆေးပညာက..အတောက်တိုင်း ဆေးပညာ နဲ့ ယှဥ္လိုက်တိုင်း ရှုံးနိမ့်နေခဲ့ရပါတယ်..။

သို့ပေမယ့် တရုတ် ဆေးပညာက နိုင်ငံရဲ့ ရတနာ တစ်ခုပါ..။ဒါကြောင့် နိုင်ငံ အစိုးရက တရုတ်ဆေးပညာ ပျောက်ကွယ်သွားမှာကို လုံးဝ ခွင့်ပြုမှာ မဟုတ်ပါဘူး..။တရုတ်ဆေးပညာ မတိုးတက်ဘူး ဆိုရင်တောင်..သူတို့က မူလအတိုင်း ကျိန်းသေ ထိန်းသိမ်း ပေးမှာပါ..။

ကလင်...ကလင်...

အဲ့အချိန်မှာပဲ..ကျိုးမင်ချင်းဟာ ဖုန်းခေါ်လာခဲ့တယ်..။လင်းဖန် သူ့ဖုန်းကို ကြည့်ပြီး တစ်ခုခုဖြစ်တော့မယ် ဆိုတာကို သိနေခဲ့ပါတယ်..။သူ့ကို အရင်တစ်ခေါက် ဖုန်းခေါ်ပြီး ပြောတဲ့..လူက..ကျိုးမင်ချငိးရဲ့ သူငယ်ချင်း ဖြစ်မှာပါ..။

ကျိုးမင်ချငိး တစ်ခြားလူတွေကို ပေးဖတ်တာ မဖတ်တာကတော့..သူ တကယ်စိတ်မဝင်စားပေ..။ဒီစာအုပ်ကို လူတွေ နားလည်ကြရင်..စွယ်စုံအမှတ်ရလား ဆိုတာကို သူသိချင်ပါသေးတယ်..။သို့ပေမယ့်..ဒီစာအုပ်ကို ဖတ်ဖို့က..လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး..။

လွယ်လွယ်ကူကူ ရတဲ့ အရာတွေကို လူတွေက တတ်ဖိုးထားကြမှာ မဟုတ်ပေ..။

"ဟဲလို..မင်ချင်း..ဘာဖြစ်လို့လဲ.."

လင်းဖန် တည်ငြိမ်စွာ ဖုန်းကိုင်လိုက်တာပါ..။

ကျိုးမင်ချင်း ပြောလိုက်တယ်..။

"ဆရာ..ခုနက..ဆရာနဲ့ ဖုန်းပြောတာက ကျွန်တော့် သူငယ်ချင်း..တရုတ်ဆေးပညာ အဖွဲ့အစည်းရဲ့ သဘာပတိ ကျိုးချင်းချင် ပါ..။သူက ဆရာကို တွေချင်နေတယ်..ဆရာ အားတဲ့ အချိန်များ ရှိမလား..."

လင်းဖန် ပြုံးပြီး ပြန်ဖြေလိုက်တယ်..။

"ကျုပ် ဒီရက်ပိုင်း အလုပ်ရှုပ်နေတယ်..။သူ့ကို ရက်နည်းနည်း လောက် ထပ်စောင့်ခိုင်းလိုက်...သူ့ကို မေးကြည့်ဦး မစောင့်ချင်ဘူး ဆိုရင်တော့..မေ့လိုက်တော့.."

ကျိူးမင်ချင်း ဘာမှ မပြောရသေးခင်မှာပဲ..ချောငိးနားထောင်နေတဲ့ ကျို့ချင်းချင်ဟာ..ပြောလိုက်ပါတယ်..။

"ဟုတ် ကျွန်တော် စောင့်နိုင်ပါတယ်..ဘယ်လောကိပဲ ကြာကြာ စောင့်နိုင်ပါတယ်..။စောင့်နေတုန်း..ကျွန်တော် အစ်ကို ကျိုး နဲ့ပဲ အတူတူ နေလိုက်မယ်လေ.."

"ကိုယ့်ဟာကို ဟော်တယ် မှာသွားနေ.."

ကျိုးမင်ချင်းဟာ ကျို့ချင်းချင် နဲ့ အတူတူ မနေချင်ပါဘူး..။ဒါက ဘာမှ ကောင်းတာ ဖြစ်လာမှာ မဟုတ်ပေ.။

သို့ပေမယ့်..ကျို့ချငိးချင်ကတော့..ဒီအခွင့်အရေးကို လက်လွှတ်မယ့်ပုံ မပေါ်ပဲ.အတူတူ နေဖို့ ကြိုးစားတော့မှာပါ..။

လငိးဖန် ပြုံးလိုက်တယ်..။

"မင်ချင်း..သတင်းထောက် တွေက..ကုသမူအကြောင်းကို မေးရင်.. ကိုယ့်ဟာကို ဆုံးဖြတ်ပြီး ပြန်ဖြေလိုက်..။ကျုပ် ဝင်ပါမှာ မဟုတ်ဘူး..."

ကျိုးမင်ချငိး အံ့ဩသွားခဲ့တယ်..။

"ဆရာ..ဒီကုသ မူက ဆရာ့ရဲ့ ညွှန်ကြားမူတွေနဲ့ လူပ်တာလေ..။ဆရာ မပတ်သက်ပဲ ဘယ်လို နေနိုင်မှာလဲ..."

"ကိုယ့်ဟာကို ဆံူးဖြတ်ချက်ချ..ကျုပ်ဖုန်းချလိုက်တော့မယ်..."

လင်းဖန် ပြုံးပြီး ပြောလိုက်တာပါ..။သူ့ရဲ့ ပန်းတိုင်က ဒီကုသ မူကို ထိန်းချုပ်ဖို့ မဟုတ်ပါဘူး..။သူ့မှာ ပိုကြီးမားတဲ့..ရည်မှန်းချက် ရှိပါတယ်..။

လတ်တလော..တရုတ်ဆေးပညာ အခြေအနေတွေကြောင့်..လင်းဖန်..ကလေး ဂေဟာကို မသွားဖြစ်ခဲ့ပေ..။သူ..ကလေးတွေ ဆီကို သွားပြီး..ပန်ချီဘယ်လို ဆွဲရလဲ ဆိုတာ သေချာ သင်ကြားပေးရဦးမှာပါ..။

ကျိူးမင်ချင်းကတော့..လင်းဖန် ပြောတဲ့ စကားကြောင့် ငိုတောင် ငိုကာ နီးနေပါပြီ..။သူ့ဆရာက ဒီလို အရေးကြီး တဲ့ ကိစ္စကို ကိုယ်တိုင် နာမည်မယူပဲ..သူ့ကို အပြည့်အဝ လွှဲပေးလိမ့်မယ် လို့မထင်ထားခဲ့ပါဘူး.။

ဖုန်းချပြီးနောက်..။

ကျို့ချင်းချင်ဟာ.ကျိုးမင်ချင်းကို ကြည့်လိုက်ပြီး...

"အကြီးအကဲ ကျိုး..အမှန်ကို ပြောပါဦ.း..။ခင်ဗျားရဲ့ ဆရာက တကယ်ကို ငယ်ရွယ်တာလား..."

ကျိုးမင်ချင်း ခေါင်းညိမ့်လိုက်တယ်..။

"ဟုတ်တယ်...အတော်ငယ်တယ်..။သူက နှစ်ဆယ် ကျော်ကျော် လောက်ပဲ ရှိဦးမယ်..."

"ဒါက...."

ကျို့ချင်းချင် တင်မဟုတ်ပဲကျန်တဲ့ လူတွေပါ အံ့ဩသွားခဲ့ကြတာပါ..။

အသက် နှစ်ဆယ်လား...?

ကျိုးမင်ချငိးရဲ့ ဆရာက..အသက်နှစ်ဆယ် ဆိုတာက..တကယ် ကြောက်ဖို့ ကောင်းပါတယ်..။

အကြီးအကဲ မူ ပြောလိုက်တယ်။

"မာစတာ လင်းကို အထင်မသေးလိုက်နဲ့..။သူက ငယ်ရွယ်ပေမယ့် တရုတ်ဆေးပညာ မပေါ်မှာ..သူမတူတဲ့ ဗဟုသုတတွေ အသိပညာတွေ ရှိတယ်..။ခင်ဗျားတို့ အကုန်လုံး အကြီးအကဲ ကျိုးမှာ အဆုပ်ရောဂါ ရှိတာ သိကြတယ်နော်..။အခုသူ့ကို ကြည့်ပါဦး..အဆုပ်ရောဂါသည်နဲ့ တူရဲ့လားလို့..."

အဲ့အချိန်မှာပဲ..ကျို့ချင်းချင်ဟာ သတိရသွားခဲ့ပါတယ်..။ကျိုးမင်ချင်းဟာက..အဆုပ်ရောဂါ တစ်ခုရှိပြီး မကြာခန ချောင်းဆိုးတတ်တဲ့ လူတစ်ယောက်ပါ..။သူက..ဆေးလိပ် အနံ့တွေကိုလည်း ခံနိုင်တာ မဟုတ်ပါဘူး..။သို့ပေမယ့်..အခု အကြီးအကဲ မူရဲ့ သတိပေးမူကြောင့် အကြီးအကဲ ကျိုး ချောင်းမဆိုတော့ တာကို သူ သတိထားမိလိုက်ပါတယ်.။

"အကြီးအကဲ ကျိုး..ခင်ဗျာ ခန္တာကိုယ်က..."

ကျိုးမင်ချင်း တည်ငြိမ်စွာပြောလိုက်တယ်..။

"ကျုပ်ရဲ့ ကာလရှည်ရောဂါကြီးကို ကုသပေးတဲ့ ကျုပ်ဆရာကိုပဲ..ကျေးဇူးတင်ရမှာ..။အခု ဘာပြသနာ မှ မရှိတော့ဘူး...။အကြီးအကဲ ကျိုး..ခင်ဗျားတို့နဲ့ သိလာတာကြာပြီ ကြောင့်သာ ကျုပ်ဆရာနဲ့ မိတ်ဆက်ပေးတာ..မဟုတ်ရင် မိတ်ဆက်ပေးမှာ မဟုတ်ဘူး.."

တရုတ်ဆေးပညာ အဖွဲ့အစည်းရဲ့ ဒုတိယ သဘာပတိ ဝမ်တန်ဖေးဟာ အံ့ဩစွာ ပြောလိုက်တယ်..။

"အကြီးအကဲ ကျိုး..က ကျွန်တော်တို့ကို ပစ်ပယ်ထားမလို့လား..."

"ဘာလို့..မပစ်ပယ်ထားရမှာလဲ.။ကျုပ်တို့ ဆရာ တပည့် အခမ်းအနားပွဲ တုန်းက ကျုပ်ဆရာကို တွေ့ဖို့ ခင်ဗျား တို့ အကုန်လံူးကို ဖိတ်တယ်လေ..။ခင်ဗျားတို့က လာမှမလာတာ..။ခင်ဗျားတို့ ကိုယ့်ကိုကို ပဲ အပြစ်တင်ကြရလိမ့်မယ်..."

"အင်း.."

ကျို့ချင်းချင်ဟာ ..ပေါင်ကို လက်နဲ့ ရိုက်လိုက်ပြီး..

"ကျုပ်တို့ဘာလို့ ခင်ဗျား သားတွေ စကားကို နားထောင်ခဲ့ရတာလဲ.။သူတို့က ခင်ဗျား အလိမ်ခံရမယ်လို့ ထင်နေကြတာ..။ကျုပ်တို့ လာရင် ခင်ဗျား အရှက်ရမှာကြောင့်..။ဒါက ဒီလိုတွေ ဖြစ်လာမယ် လို့ မထင်ထားခဲ့ဘူးလေ.။အဲ့ကောင်တွေ ဘာလို့ အဲလိုလုပ်လဲ အခု သွားမေးရမယ်.."

ကျို့မင်ချငိး လက်ဝေ့ယမ်းလိုက်ပြီး...

"တော်လောက်ပြီ..ဒါက အရင်တုန်းက ပဲ..။ဒီအကြောင်း ထပ်မပြောနဲ့တော့..။ကျုပ်ဆရာက ငယ်တော့ ခင်ဗျားတို့ သံသယ ဖြစ်ချင်ဖြစ်ကြလိမ့်မယ်.. ။ကျုပ်က ဒါနဲ့ အသားကျနေပြီ..ကျုပ်ကတော့.ဘာမယုံကြည်မူ မှ မရှိတော့ဘူး..။သူ့ကို တွေ့တဲ့ အချိန်ကြရင်တော့..ရိုရိုသေသေဆက်ဆံ ကြပါ..."

ကျို့ချင်းချင် အံ့ဩသွားခဲ့တယ်..။

"အကြီးအကဲ ကျိုး ဒါတော့ မဟုတ်သေးဘူးနော်..။ကျုပ်တို့က မျိုးဆက်တစ်ခုတည်းကလေ..ဒါပေမဲ့ ခင်ဗျား ဆရာက ငယ်သေးတော့..သူက အပေါ်မှာ ထိုင်ရင်..ဒါ..ဒါက..."

ကျိုးမင်ချင်း မျက်ခံူးပင့်လိုက်ပြီး..စိတ်ဆိုးချင်ယောင်ဆောင်လိုက်တယ်..။

"ဒီလို ဆိုရင်လည်း..သူ့ကို တွေ့မယ့်ကိစ္စကို မေ့လိုက်တော့..။ဒါက ပြသနာကို ဖြေရှင်း ပြီးသား ဖြစ်လိမ့်မယ်.."

"မဟုတိဘူး..မဟုတ်ဘူး..အကြီးအကဲ ကျိုး ခင်ဗျား အခုချိန် အရမ်း ဂုဏ်ယူနေမှာကို သိပါတယ်..။ဒါပေမဲ့ ခင်ဗျား..နောကိဆုံးတစ်ခေါက်က. ကျုပ်စုဆောင်းထားတဲ့...နာကျင်ကိုက်ခဲတဲ့ ရောဂါ များစာအုပ်ကို..ခင်ဗျား ဒီတိုင်းယူသွားတာလေ.။အခုထိ ပြန်မပေး သေးပေမယ့် ကျုပ်ဘာမှ မပြောဘူး မဟုတ်လား.."

ကျို့ချင်းချင် ပြောလိုက်တာပါ..။

"ဟားဟား..."

ကျိုးမင်ချငိး ပြောလိုက်တယ်..။

"အရင်က ဟာတွေ မပြောနဲ့တော့..။ကျုပ်က ကျုပ်ဆရာ ဆီကနေ ရသလောက်ပဲ..သင်ယူ ချင်နေတာ.။ကျုပ်တို့..တရုတ်ဆေးပညာကို တိုးတက် အောင် မလုပ်နိုင်သေးပေမယ့်..ကျုပ်လက်မလျော့ဘူး..။ကျုပ်ထင်တာတော့..အေဂျင်စီက ကျုပ်ကို ဆက်သွယ်လာမယ် ထင်တယ်..။ ကျုပ်ကိုယ်တိုင် ဆေးညွှန်း ဖန်တီးတာ ဆိုရင်တော့ ပြသနာ မရှိဘူး..ဒါပေမဲ့ ကျုပ်ဆရာ ဖန်တီးတယ် ဆိုတော့..အကျိုးကျေးဇူးရအောင် တိုက်ခိုက်ရမယ်.."

ကျို့ချင်းချင် ခေါင်းညိမ့်လိုက်တယ်..။

"ခင်ဗျား ဆရာက ခငိဗျားကိုပဲ ကိုင်တွယ်ခိုင်းတာကို ကြည့်ရင်..အများအကျိုးအတွက် သုံးဖို့ ရည်ရွယ်ထားတာပဲ..။သူက စစ်မှန်တဲ့ သူရဲကောင်း တစ်ဟောက်ပဲ..။ကျုပ်သူ့ကို မတွေ့ရသေးတာတောင် လေးစားမိတယ်..."

အဲ့အချိန်မှာပဲ..လင်းဖန် ဖုန်းတစ်ကောကို လက်ခံရရှိခဲ့ ပါတယ်..။

တရုတ် အနုပညာ..ပညာရှင် ယွဲ့ချီဂျုရှီ ကသူ့ရဲ့..အနုပညာ ပြပွဲအတွက် လင်းဖန်ကို ဖိတ်ခေါ်တာဖြစ်ပြီး..သူ့ရဲ့ ပြပွဲက နောက် တစ်ရက် နှစ်ရပ် လောက်ဆို စတော့မှာပါ..။

All Chapters