← Chapters

သူက..ရှင့်ကို အရူးလို့ပြောနေတာ...

Vol. 29 Ch. 421

သူက..ရှင့်ကို အရူးလို့ပြောနေတာ...

Vol. 29 Ch. 421

#ဘာသာပြန် = စနိုးဝှိုက်

ရုပ်ချောတဲ့ လူတွေက အမြဲတမ်း အလုပ်ရှုပ်တယ် ဆိုတာကို လင်းဖန် နားလည်လိုက်ပါပြီ..။

သူသာ..မျက်နှာ အလှအပကို..ထပ်ပြီးဂရုစိုက်နေရင်..ဘယ်လောက် တောင် အလုပ်ရှုပ်လိုက်မလဲ မတွေးရဲစရာပါပဲ..။

မိန်းကလေးတွေကလည်း..သူ့ရုပ်ရည်ကို သဘောကျကြပါတယ်...။

အခုလည်း သူက ပန်ချီဆွဲရာမှာဘကျွမ်းကျင်တဲ့အတွက်ကြောင့်.ပန်ချီ.ပညာရှင်ကတောင် သူ့ရဲ့ အနုပညာ ပြပွဲကို ဖိတ်ခေါ်နေခဲ့ပါတယ်..။

သူက ဆရာတစ်ယောက် ဖြစ်တဲ့ အတွက်..ကျိုးမင်ချင်းကို လည်း..တစ်ဆင့်ချင်းသင်ပေးနေရပါသေးတယ်..။

ရာနဲ့ချီပြီး ရှိတဲ့ ကလေးတွေကလည်း..ပန်းချီ ဆွဲရာမှာ တိုးတက်ဖို့အတွက် သူ့ရဲ့ သင်ပြမူတွေကို လိုအပ်နေပါသေးးတယ်..။

မနက်ခင်းတိုင်း ပန်ကိတ်ရောင်းတဲ့ ကိစ္စကို လည်း ​ေ့်ထားလို့ မရပြန်ပါဘူး..။

အခု အောက်တိုတာ တစ်ရက်နေ့ ရောက်တော့မှာ ဖြစ်တာကြောင့်..သူ တက္ကသိုလ်မှာ..စုဝေးကြရတော့မှာပါ..။ဒါက သူတို့ ဘွဲ့ရပြီး ကတည်းက..ပထမ ဆံူး..တွေ့ဆုံမူပါပဲ..။သူ သာ..မလာခဲ့ရင်..တစ်ခြားလူတွေရဲ့အပြစ်တင်မူကို ခံရမှာပါ..။

အရင်တုန်းက..သူ့မှာ ဘာအောင်မြင်မူ မှ မရှိတော့..ဒီလို ပွဲမျိုးတွေ တက်ဖို့ ဆိုရင် ရှက်ရွံ့မိပါ

တယ်..။

သို့ပေမယ့်..အခု သူက အတော် စွမ်းဆောင် နိုင်တဲ့ လူဖြစ်တာကြောင့်..သူသာ မသွားရင် တစ်ခြားလူတွေက..သူတို့ကို အထင်သေးတယ်လို့ ထင်မြင်ကြမှာပါ..။

ဒါက..အတော်ဆိုးဝါးတဲ့ အခြေအနပါပဲ..။

အခု ပြက္ခဒိန် ကို ကြည့်တဲ့အချိန်မှာတော့.. စက်တင်ဘာ လလယ် သာ ရှိသေးတဲ့ အတွက် အချိန်ရသေးတယ် လို့ပြောလိူ့ရပါတယ်..။

နောက်တစ်ရက်....

လင်းဖန် လူလိမ် ထျန်နဲ့ကျန်တဲ့ လူတွေကို ဖုန်းခေါ်ပြီး ဆိုင်ကို ဂရုစိုက်ဖို့ ပြောလိုက်တယ်..။သူ ဘေဂျင်းကို သွားပြီး..အရေးကြီးတဲ့ ပြပွဲကို တက်ရောက်ရဦးမှာပါ..။

ပြီးတဲ့နောက်မှာ သူ ဝမ်မင်ယန်ကို ဖုန်းခေါ်လိုက်တယ်..။

လင်းဖန် .ဘေဂျင်းကို သွားတော့မယ် ဆိုတာကို သိတဲ့အချိန်မှာ သူလည်း ချက်ချင်း လေယာဥ်လက်မှတ် ဖြတ်လိုက်ပါတယ်..။သူ လင်းဖန် ရဲ့ သဘောထားကို တောင် စိတ်မဝင်စားတာ့ပေ..။သူ လေဆိပ်ကို ချက်ချင်း သွားလိုက်ပါတယ်..။

လငိးဖန် အကူညီမဲ့နေခဲတယ်..သို့ပေမယ့် ဝမ်မင်ယန်လိုက်လာတာလဲ ဆိုးရွားတဲ့ ကိစ္စမဟုတ်ပါဘူး..။ဝမ်မင်ယန် မလိုက်လာရင်တောင် ဘေဂျင်းမှာ ဝုယန်ဂန် ရှိတဲ့အတွက် သူအထီးကျန်မှာ မဟုတ်ပေ..။

သူတို့ နှစ်ယောက်ဟာ လေဆိပ်မှာ တွေ့လိုက်ကြတယ်..။ဝမ်မင်ယန် သူ့အထုတ်အပိုးတွေ နဲ့ အတူ လင်းဖန် ဆီ လျောက်လာခဲ့ပြီး..

"မင်း ဒီတစ်ခေါက်သွားမှာကို ကြိုမပြောဘူး.။နောက် တစ်ခါသွားမယ် ဆိုရင် ကြိုပြောလေ..ငါဘေဂျင်းကို မကြာခန ရောက်ဖြစ်တော့ အဲ့နေရာနဲ့ အတော်ရင်းနှီးတယ်.."

"ခင်ဗျားကို ခေါ်ရင် ကျုပ်ပြသနာ ပိုတက်တာပဲ ရှိတာပေါ့...။ကျုပ်တို့က တစ်ရက် နှစ်ရက်လောက်ပဲ နေမှာလေ..ခင်ဗျားက ဘာလို့ အများကြီးး ယူလာတာလဲ..။မသိရင်..အားလပ်ရက် ခရီး ထွက်လာသလိုပဲ..."

ဝမ်မင်ယန် ကြောင်အသွားခဲ့တယ်..

"ဘာဖြစ်လို့တုန်း..ဒါက ပုံမှန်ပဲ မဟုတ်ဘူးလား...။ကြည့်..အိမ်နေရင်း တစ်စုံ.. အစည်းအဝေးတွေ အတွက် တစ်စုံ..အဓိက ပွဲတွေ အတွက် တစ်စုံ..တစ်နေ့ကို သုံးစုံလိုအပ်တယ်လေ..။နှစ်ရက် ဆိုတော့ .ခြောက်စုံ ပေါ့..."

"အိုကေ ကောင်းပြီ..ခင်ဗျားဘဝကို ကျုပ် မထိန်းချုပ်ပါဘူး..။လေယာဥ္က ဘယ်အချိန်လဲ.."

လငိးဖန် လက်ဝေ့ယမ်းပြီး ပြောလိုက်တာပါ.။ဒီလူ အိတ်ထဲမှာ..အဝတ်အစားတွေ အပြည့်ဆိုတာက အသေအချာပါပဲ..။

"ငါတို့ နောက်တစ်နာ ရီ လေယာဥ္နဲ့ ထွက်ရမှာ..။သွားကြမယ်..."

ဝမ်မင်ယန် ဟာ.ဘေဂျင်းမှာ..ပါတနာ ရှစ်အတွက် ဝုယန်ဂန် နဲ့ ဆွေးနွေးရတော့မှာ ကြောင့် စိတ်ကြည်နေခဲ့ပါတယ်..။အခု လင်းဖန်ပါ ပါနေတော့..ဝုယန်ဂန် သဘောတူဖို့က ..ပိုပြီး လွယ်ကူတော့မှာ အသေအချာပါပဲ.။

ဝမ်မင်ယန်ဟာ..ဒီလေဆိပ် နဲ့.ဆက်ဆံရေးတစ်ချို့ ရှိတဲ့ အတွကိ. VVIP လက်မှတ်ကို သူတို့ ရခဲ့ပါတယ်.။သူက လက်မှတ်ကို ဂရုစိုက်တဲ့ ပုံတောင် မပေါ်ပါဘူး..။လင်းဖန် လက်မှတ်ကို ယူပြီး ဝမ်မင်ယန်ကို ကျေးဇူးတင်လိုက်တယ်..။

နေ့လည်ဘက်.။

ဘေဂျင်းလေဆိပ်တွင်..။

ဝမ်မင်ယန်ဟာ..လက်ကို ဆန့်တန်းပြီး..လင်းဖန်ရဲ့ ပုခုံးကို ဖက်ထားခဲ့တယ်..။

လင်းဖန် တံတောင်ဖြင့်တွန်းလိုက်ပြီး

"ဒီလိုမလုပ်နဲ့ လူတွေက ကျုပ်ကို ကို.. အခြောက်(gay) တွေ လို့ ထင်နေလိမ့်မယ်.."

"ချီးပဲ..ဘာမှား နေလို့လဲ..ညီအစ်ကို တွေဆိုတာက ဒီလိုပဲ နေတာလေ.."

ဝမ်မင်ယန် အကူညီမဲ့စွာ ပြောလိုက်တာပါ..။

လငိးဖန် ပုခံူးတွန့်လိုက်တယ်..။

"ဒါက ထူးဆန်းတယ်.။ခင်ဗျား ကိူယ့်ဟာကို ပဲ လမ်းလျောက်ပါ..။ဒီလို တွေ လျောကိလုပ်မနေနဲ့..။ဝုယန်ဂန် ကျုပ်တို့ကို လေဆိပ်မှာ စောင့်နေမယ်လို့ ခင်ဗျားမ ပြောဘူးလား.."

"ဟုတ်တယ်..သူက မင်းလာမှာကိုသိပြီး..ငါ့ထက်တောင် စိတ်လှုပ်ရှားနေသေးတယ်.."

"ဟားဟား..."

လင်းဖန် ပြုံးလိုက်တယ်..။

"ကောင်းပြီ..ဒီည ညစာအတူတူ စားကြမယ်..။မနက်ကျရင် ကိုယ့်အလုပ်ကို လုပ်ကြတာပေါ့..။ကျုပ်နောက်ကိုလိုက် မလာနဲ့..."

ဝမ်မင်ယန် အနည်းငယ်စိတ်မကောင်း ဖြစ်သွားပြီး..

"မင်းနေုာက်ကို မလိုက်နဲ့ ဆိုတာ ဘာကို ပြောတာလဲ..။ငါက မင်းနောက်လိုက်လာတာ မဟုတ်ဘူး...။ငါဘေဂျင်းကို ကိစ္စကြီး တစ်ခု ရှိလို့ လာတာ..ဒီတစ်ခေါက် ပရောဂျက်က ဘီလီယံ အနည်းငယ်တန်တယ်..."

လင်းဖန် ရပ်လိုက်ပြီး ဝမ်မက်ယန်ရဲ့ အနားဂတ်ကို ကြည့်လိုက်ပါတယ်..။

ဝမ်မင်ယန် သူ့ သူငယ်ချင်းရဲ့ အရည်အချင်းကို သိတာကြောင့် ပြုံးလိုက်ပြီး..

"ဘယ်လိုလဲ. စီးပွားရေးက ..အဆင်ပြေမှာမလား..။ငါ မညာဘူး..ငါတကယ် ယုံကြည်မူ ရှိနေတာ...."

ဝမ်မင်ယန် ..ပြုံးနေခဲ့ပေမယ့်လည်း စိတ်ပူနေခဲ့တာပါ..။လင်းဖန်သာ ရှုံးနိမ့်မယ် လို့ ပြောရင် သူ ရင်းနှီးတော့မှာ မဟုတ်ပါဘူး.။

"ဘာပြသနာ မှ မရှိဘူး ဒါက အသေးအဖွဲလေးပဲ..။အနာဂတ်မှာ ခင်ဗျား ပိုကောင်းတဲ့ ပရောဂျက်တွေလုပ်ရဦးမှာ..."

ဝမ်မင်ယန် စိတ်သာစွာ ရင်ဘတ်ကို ပုတ်လိုက်ပြီး..

"ငါယုံကြည်မူ ရှိပါတယ် လို့ ပြောသားပ​ဲ..။ဒီ တစ်ခေါကိသာ အောင်မြင်ရင် အမြတ်အစွန်းတွေက ပိုတိုးလာတော့မှာ..။ငါယန်ဂန် နဲ့လည်း..အတူတူ ပါတနာ ရှစ်လုပ်ဆောင် ဖို့ ပြောပြီးသွားပြီ."

လင်းဖန် ​ေပြာလိုက်တယ်..

"ကျုပ်ကို အဲတာတွေ ပြောမနေနဲ့...ကျုပ်စိတ်မဝင်စားဘူး...။ပရောဂျက်က ဘေဂျင်းမှာ ဆိုရင်..စိတ်ချရအောင် ခင်ဗျား ခနခန လာကြည့်ဖို့လိုတယ်နော်..."

"ငါသိပါတယ်..ငါ ကလေးမဟုတ်တော့ပါဘူး..။လုံခြုံမူက အဓိကပဲ.."

ဝမ်မင်ယန် ပြောလိုက်တာပါ..။

သူ တို့ အပြင်နားကို ရောက်လာခဲ့တယ်..။

ဝမ်မင်ယန် သူ့ရှေ့က လူတွေ အများကြီးကို ကြည့်ကာ.ပြုံးလိုက်ပြီး...

"ဟေး..ဆယ်လီတစ်ယောက်ပဲ.. ကလေးမလေးတွေကို ကြည့်ဦး..ရူးသွပ်နေကြတာ..."

"အိုပါး..."

"အိုပါး.."

"ဆာရားငယ်ရော်.."

အေးဆေးပြီး ငြိမ်သက်နေတဲ့ လေဆိပ်ဟာ..အသက်ဝင်လာခဲ့ပါတယ်..။မိန်းကလေးတွေက..ဆိုင်းဘုတ်တွေကို.မြှောက်ပြီး ကျယ်လောင်စွာ အော်နေခဲ့တာပါ..။

"ချီးပဲ..."

ဝမ်မင်ယန် နောက်လှည့်ကြည့်ဖို့ လုပ်လိုက်တဲ့ အချိန်မှာ အနောက်ကနေ တွန်းဖယ် ခြင်းကို ခံလိုက်ရပါတယ်..။ လင်းဖန် အမြန်ဆွဲလိုက်လို့သာ.မဟုတ်ရင် သူ လဲကျသွားတော့မှာပါ..။

အဲ့အချိန်မှာပဲ..။

လင်းဖန် မျက်မှောင်ကျုပ်ပြီး..နောက်က လူတွေကို ကြည့်လိုက်တယ်..။ယင်းနောက်..လုံခြုံရေး တွေဟာ သူ့တို့ကို ကြည့်ပြီးမပီမသ​ ပြောဆိုနေတာကို..တွေ့လိုက်ရပါတယ်..။

လင်းဖန် အလျင်မမြန် ရွေ့လျားပြီး..ဝမ်မင်ယန်ကို တွန်းတဲ့ လုံခြုံရေးကိုပြန်စောင့်တွန်း လိုက်တယ်..။

"မင်းတို့ဘာလို့ တွန်းနေတာလဲ.."

လင်းဖန် မေးလိုက်တာပါ..။

"ချီးပဲ..သူတို့ရူးနေတာလား..။သူတို့ ငါတို့ ရှေ့မှာ ရှိနေတာ မမြင်ဘူးလား.."

ဝမ်မင်ယန် သူ့ကိုသူ ပြန်ပြင်ဆင်ရင်း ပြောလိုက်တယ်..။

အခြေအနေက..အားပေးနေတဲ့ လူတွေကိုတောင် ရပ်တန့်သွားစေခဲ့ပါတယ်..။

.

"ခင်ဗျား ထိခိုက်သွားသေးလား..."

လင်းဖန် မေးလိုကိတာပါ..။

ဝမ်မင်ယန် ခေါင်းခါယမ်းလိုက်တယ်..။

"ငါ အဆင်ပြေပါတယ်..မင်းကြောင့်သာ မဟုတ်ရင် အောက်မှာ လဲနေလောက်ပြီ.."

သူတို့ရှေ့မှာ​ေတာ့...။

ယူနီဖောင်းဝတ်ထားတဲ့..လုံခြုံရေးတွေဟာ..ရွှေရောင် ဆံပင်နဲ့ ကောင်လေးကို ဝန်းရံထားခဲ့တယ်.။

“!!@#%*!@%…”

လုံခြုံရေး အရာရှိတစ်ယောက်က ပြောလိုက်တာပါ..။

လင်းဖန် နားမလည်ခဲ့ပေ..။

"သူပြောတာ တစ်ယောက်ယောက် နားလည်ကြလား.."

ဝမ်မင်ယန် ပြောလိုကိတယ်..။

"သူက ကိုရီးယား ဆယ်လီပဲ..။ သူက ..ဂျင်ဟွန်မင် ထင်တယ်..။လတ်တလော သူက ဒီမှာ ရှိုးပွဲလုပ်ပြီး ကျော်ကြားလာတာ..။သူမှာ ပရိတ်သတ်တွေ အများကြီး ရှိတယ်..."

ဒီမှာ အခြေအနေကို ရိုက်ကူးနေတဲ့ သတင်းထောက်တွေလည်း ရှိကြပါတယ်..။

ယင်းနောက် လေဆိပ် ဝန်ထမ်း တစ်ယောက်ဟာ ရောက်လာခဲ့တယ်။

"သူပြောတာက...သူက ဆယ်လီ ဖြစ်နေတဲ့ အတွက် လမ်းဖယ်ပေးပါတဲ့.."

လင်းဖန် မျက်မှောင်ကျုတ်လိုက်တယ်..။

"သူက ဆယ်လီ ဆိုတော့ ဘာလုပ်ရမှာလဲ..။ငါ့သူငယ်ချငိးကို ဘာမှ လာတွန်းစရာ အကြောင်း မရှိဘူး..။အခုပြန် တောင်းပန်.."

ယင်းနောက် ဆယ်လီဘေးက မိန်းကလေး တစ်ယောက်ဟာ.ရှေ့ကို တက်လာခဲ့ပြီး...

"ချစ္လှစွာသော..လူကြီးမင်းတို့..ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ.."

သူမ ဂါရဝပြုပြီး ပြောလိုက်တာပါ.။

"ကျေးဇူးပြုပြီး နောက်တစ်ခါ ဂရုစိုက်ပါ..။ဒါကတရုတ်ပြည်ပဲ..လုပ်ချင်တာ လုပ်လို့ရတဲ့ နေရာမဟုတ်ဘူး.."

လင်းဖန်ဘာမှ ထပ်မပြောချင်တော့ပေ.။

"သွားမယ် ယန်ဂန်က အပြင်မှာ စောင့်နေလောက်ပြီ.."

ဝမ်မင်ယန် အဝတ်အစားကို သေချာ ပြန်ပြင်ပြီး နောက်က လူတွေကို ကြည့်လိုက်ပါတယ်..။

"??????"

အဲ့အချိန်မှာ ..လုံခြုံရေးတွေ..ကြားထဲက..ဂျင်ဟွန်မင်ဟာ..ရုတ်တရက် မသာယာတဲ့ အသံနဲ့ ထအော်လိုကိတယ်..။

လင်းဖန် ထွက်သွားဖို့ လုပ်နေတာကနေ ရပ်လိုကိပြှီး..

"သူဘာပြော နေတာလဲ..."

ဆယ်လီ ရဲ့ ဝန်ထမ်ဟာ..ခေါင်းခါယမ်းလိုက်ပြီး..

"မဟုတ်ဘူး..သူဘာမှ မပြောပါဘူး..."

လေဆိပ်ဝန်ထမ်းမလေးဟာ မျက်မှောင်ကျုတ်လိုက်ကာ...

"သူက ရှင့်ကို စောက်ရူးလို့ ပြောနေတာ..."

လင်းဖန် ဂျင်ဟွန်မင်ကို ကြည့်လိုက်တဲ့ အချိန်မှာ..ဟန်လုပ်ပြီး ပြုံးပြနေတာကို တွေ့လိုက်ပါတယ်..။သူ့ရဲ့ ဝန်ထမ်းကလည်း ဘာမှ ဂရုမစိုက်သလို ရယ်နေခဲ့တယိ..။

"မင်ယန် ဒါ ခနကိုင်ထား စမ်းပါ..."

လင်းဖန် သူ့ရဲ့ အိတ် ကို ဝမ်မင်ယန်ကို ပေးလိိိုက်ပါတယ်..။ယင်းနောက် ခေါင်းကို မော့လိုက်ပြီး..

"မအိမ်လုံး ခွေးသား..."

လင်းဖန် ရုတ်တရက် ပြေးတက်သွားခဲ့ပါတယ်..။သူ လုံခြုံရေး အရာရှိတွေကို ခုန်ကျော်လိုက်တယ်.။

လေဆိပ်က လူတွေကတော့..သူ့ကို ကြောင်ကြည့်နေကြပါတယ်.။

ဂျင်ဟွန်မင် လည်းကြောင်အနေခဲ့တယ်..။သူ တစ်ခုခု ကို ပြောနေပေမယ့် သူဘာပြောနေတာလဲ ဘယ်သူမှ နားမလည်ပါဘူး..။သို့မေယ့် ဒါက ကောင်းတဲ့ အရာတော့ မဖြစ်နိုင်ပေ.။

"ချီးသွားစားလိုက်..."

လင်းဖန် အနားကို ရောက်တာ နဲ့ တွေဝေခြင်းမရှိပဲ စောင့်ကန်လိုက်တယ်.။

အဲ့အချိန်မှာတော့..။

လေဆိပ်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပါတယ်..။

လူတိုင်းဟာ အံ့ဩသင့်နေခဲ့ကြတယ်..။

တစ်ခုခု တော့ ထပ်ဖြစ်တော့မယ့် ပုံပါပဲ.။

All Chapters