← Chapters

အနည်းငယ်ကြောင်အမူ..

Vol. 29 Ch. 422

အနည်းငယ်ကြောင်အမူ..

Vol. 29 Ch. 422

#ဘာသာပြန် = စနိုးဝှိုက်

ဝမ်မင်ယန်..သူမြင်နေရတာကို မယုံကြည်ပဲ..မျက်တောင် အကြိမ်အနည်းငယ် ခတ်လိုက်ပါတယ်..။သူ့ရဲ့ သူငယ်ချင်းက ..တကယ်ကို ထူးခြားတဲ့လူတစ်ယောက်ပါ...။တစ်စုံတစ်ယောက်က..သူ့ကို လာပြီး စော်ကားရင်..သူလုံးဝ သည်းမခံတတ်ပေ..။

သို့ပေမယ့် အခြေအနေက သိပ်တော့ မကောင်းပါဘူး..။

"ငါ့ရဲ့ အိုပါး.."

ပရိတ်သတ်တွေဟာ..အော်ဟစ်လိုက်တယ်..။

လငိးဖန် ရဲ့ ကန်ချက်က အတော်ကို ပြင်းထန်တယ် လို့ ပြောလို့ရပါတယ်..။ဆယ်လီ ဂျင်ဟွန်မင်ဟာ..နောက်ကို ..ဆယ်မီတာ လောက် လွင့်ပြီးနောက်ကို ပြုတ်ကျသွားခဲ့တယ်..။သူဟာ..သေနေတဲ့ ဝက်တစ်ကောင်လို ကြမ်းပြင်မှာ လဲလျောင်းနေခဲ့ပါပြီ..။

"မအိမ်လံူး..."

လင်းဖန် လက်နှစ်ဖက်နဲ့..ဖုန်ခါ လိုက်ပါတယ်..။လိုအပ်လာရင်..တစ်စုံတစ်ယောက်ကို ရိုက်နှက်ဖို့က..သူ အမြဲတမ်း အဆင်သင့်ပါပဲ.။သူ နောက်ဆက်တွဲတွေကို .ဘယ်တော့မှ အာရုံနောက်ခံပြီး တွေးမနေခဲ့ပေ.။

"အာ..."

ဆယ်လီ ရဲ့ ဝန်ထမ်းမလေးဟာ..အသိစိတ်ဝင် လာခဲ့့ပြီး..

"နင် သူ့ကို ဘယ်လိုရိုက်လိုက်တာလဲ...။နင် ..နင် သူ့ကို ရိုက်လိုက်တာပဲ.."

ဝန်ထမ်းမလေးဟာ ကြောင်အနေခဲ့ပါတယ်..။အခြေနေတွေက ဒီလိုဖြစ်လာလိမ့်မယ် လို့ သူတို့ မထင်ထားခဲ့ပါဘူး..။

သတင်းထောက်တွေဟာ လည်း ကြောင်အနေခဲ့တယ်..။သူတို့..ဓာတ်ပုံတွေ အလျင်အမြန်ရိုက်ပြီး ဗီဒီရိုပါ ရိုက်ကူးနေခဲ့ပါတယ်..။ဒါက တကယ်ကို သတင်ကြီး တစ်ခုပါ..။

ဂျင်ဟွန်မင်..က ကိုရီးယားမှာ..သိပ်ပြီး မကျော်ကြားတော့ ပေမယ့်.တရုတ်ပြည်မှာ ရုတ်တရက်ကြီး အောင်မြင်လာခဲ့ တာပါ..။သူ့ရဲ့..​ဖျော်ဖြေပွဲတွေက..ဒေါ်လာ သန်းချီ ဝင်နိုင်ပါသေးတယ်..။လက်ရှိအောင်မြင်ဖို့ ကြိုးစားနေတဲ့ နိုင်ငံထဲကဆယ်လီ တွေက တော့..သူ့ကို ယှဥ္နိုင်မှာ မဟုတ်ပါဘူး..။

ဒီဆယ်လီရဲ့ အောင်မြင်မူက ခနတာသာ ဖြစ်ပြီး..လက်ရှိအချိန်ကို အသုံးချကာ..ဒေါ်လာ သန်းချီ ပြန်ယူသွားဖို့ လုပ်နေတယ် ဆိုတာကို သတင်းထောက်တွေ သိထားကြပါတယ်..။

လင်းဖန် မတ်တပ်ရပ် နေပြီး..အဝေးကို ထွက်မပြေးခဲ့ပေ.။ဘာပဲဖြစ်ဖြစ် သူဒီကောင်ကို ပိတ်ကန်ပြီးထားပါပြီ..။သူသာ..တရုတ်ဆိုရင်...လင်းဖန် နည်းနည်းညှာပေးဦးမှာ ဖြစ်ပေးမှာဖြစ် ပေမယ့်လည်း...အခုတော့ လုံးဝ သက်ညှာမနေတော့ပေ..။

ဘေးနားက..လူအုပ်ကြီး.နဲ့ လုံခြုံရေးတွေဟာ..လင်းဖန်ကို ခြိမ်းခြောက်ဖို့အတွက် လုံးဝ မလုံလောက်ပေ..။

ဂျင်ဟွန်မင်ရဲ့..လုံခြုံရေးတွေဟာ..သူတို့ရဲ့..ဆယ်လီအရိုက်ခံရတာကို တွေ့ပြီး ဒေါသထွက်သွားခဲ့တယ်..။သူတို့ လင်းဖန်ကို သတ်မယ့် ဖြတ်မယ့် အကြည့်တွေနဲ့ ကြည့်နေခဲ့ပါတယ်..။သူတို့..သူ့ကို သင်ခန်းစာ..ပေးချင်နေတဲ့ ပုံပါပဲ..။

လင်းဖန် ..အကူညီမဲ့စွာ..ရပ်နေခဲ့တယ်...။

ပရိတ်သတ်တွေဟာ..အော်ဟစ်နေကြပါတယ်..။

"အိုပါး အတွက် လက်စားချေပေး..."

"ငါ့ရဲ့ အိုပါး..အဆင်ပြေရဲ့လား..."

* ငိုကြွေးမူများ.*.

ယင်းနောက် ဝမ်မင်ယန်ဟာ..တိုက်ခိုက်တော့မယ့်..သူ့ရဲ့ ညီအစ်ကို ကိုကြည့်ပြီး ဝင်ကူဖို့ လုပ်လိုက်ပါတယ်...။

"ညီအစ်ကို..ငါကူညီပေးမယ်.."

ယင်းနောက် သူ လုံခြုံရေးတွေ ဆီကို ပြေးဝင်သွားခဲ့တယ်..။

လုံခြုံရေး တစ်ယောက်ဟည..သူတို့ ဆီဝင်မင်ယန် ပြေးလာတာကို မြင်ပြီး ရှေ့ကို တစ်လှမ်းတိုးကာ..စောင့်ကန်လိုကိပါတယ်..။

ဝမ်မင်ယန် ချက်ချင်း နောက်ပြန်လန်ကျသွားခဲ့တယ်...။

"ချီးပဲ နာလိုက်တာ..."

ဝမ်မင်ယန်..ကိုယ်တိုင်က ခန္တာကိုယ် တောင့်တင်းတဲ့ လူတစ်ယောက်ဖြစ်ပေမယ့် လည်း. ဒီလုံခြုံရေးတွေကို..တော့ လုံးဝမယှဥ္နိုင်ခဲ့ ပါဘူး..။

"ဟာ...ချီးပဲ..မင်းကများ ငါ့သူငယ်ချင်းကို ရိုက်ရဲတယ်လား...။မင်းတို့ကို..ဒီနေ့ သေအောင် ရိုက်ပြမယ်..."

လင်းဖန် ဝမ်မင်ယန် အရိုက်ခံရတာကို ကြည့်ပြီး..ထပ်သည်းမခံ နိုင်တော့ပါဘူး..။သူ ချက်ချငိး ရှေ့ကို တက်သွားလိုက်တယ်..။

သူ..ဒီကောင်တွေ ဘယ်သူတွေ လဲ လုံးဝ ဂရုမစိုက်တော့ပါဘူး..။သူ ဒီကောင်တွေ အကုန်လုံးကို..ူတ်ဖြတ်ချင်နေခ​ဲ့ပါပြီ..။

သူ့ရဲ့..ကိုယ်ခံပညာ တွေက..ဒီအချိန်မှာ အသုံးပြုရမယ့် အချိန်ပါပဲ..။

*ဖြောင်း* *ဖြန်း*

လင်းဖန် လက်ကို ထုတ်လိုက်ပြီး..ဘော်ဒီဂတ်ရဲ့..မေးစေ့ကို ပိတ်ထိုးလိုက်တယ်..။ယင်းနောက် နောက်ထပ်လက်သီး တစ်လုံးကို ရင်ဘတ်ဆီ ပစ်သွင်းလိုက်ပါတယ်..။

ယင်းနောက် လဲကျသွားတဲ့ ဘောဒီဂတ်ရဲ့..မျက်နှာကို ခြေထောက်နဲ့ နင်းလိုက်ပြီး..

"မင်းကများ..ငါ့သူငယ်ချင်းကို ရိုက်ရဲတယ်လား..ငါမင်းမျက်လုံးကို ကန်းအောင် လုပ်ပစ်မယ်..."

ယင်းနောက် သူ ဘေးက ပြေးတက်လာတဲ့ တစ်ခြား လူတွေကို ဆက်ပြီးရိုက်နှက်လိုက်တယ်..။သူ ဒီလူတွေ အကုန်လုံးကို..မြေကြီးပေါ် မှောက်သွားအောင် ရိုက်နှက်ပစ်လိုက်ပါတယ်..။

"ချီးပဲ..ဒါက အတော်ကို အံ့ဩဖို့ ကောင်းတယ်..."

သတင်းထောက်တွေဟာ.ဒီလို မြင်ကွင်းကို မြင်နေရတဲ့အတွကိ အံ့ဩနေခဲ့ကြပါပြီ..။

ချလပ် ချလပ်..

ကင်မ ရာတွေဟာ ..သေချာရိုက်နှက်နေကြပြီး..ဘာတစ်ခုမှကို..မလွဲချင်ကြပေ..။

ဒါက..တကဟ်ကို သတင်းကြီး တစ်ခုပါပဲ..။

လင်းဖန် ဟာ အချိန်တို အတွင်းမှာပဲ ..အကုန်လုံးကိုအမှောက်သိပ် ခဲ့ပြီး.ဘယ်သူမှ ပြန်မထနိုင်ကြတော့ပေ..။

လင်းဖန် ဖုန်တွေ ခါလိုက်ပြီး ဝမ်မင်ယန်ကို သွားကူလိုက်တယ်..။

"ခင်ဗျား မတိုက်ခိုက်နိုင်ဘူး.မလား..။ဘာလို့ ရှေ့ဆံူးက ပြေးဝင်သွားတာလဲ..."

ဝမ်မင်ယန် ရင်ဘတ်က နာကျင်မူကို..လက်နဲ့ကိုင်ထားပြီး..

"ငါ မတိုက်ခိုက်နိုင်တာ သိပါတယ်.။ဒါပေမဲ့ ..သူတို့ မင်းကို တိုက်ခိုက်ဖို့ လုပ်နေတော့ ငါမင်းကို ကူညီဖို့ လိုအပ်တယ်လေ.."

"အနာဂတ်မှာ ကိုယ့်ကိုကို..တွန်းအားမပေးနဲ့နော်..။ကျုပ် တိုက်ခိုက်တာကိုပဲ...ဘေးကကြည့်နေ..ခင်ဗျားကို အပြစ်တင်မှာ မဟုတ်ဘူး..."

လငိးဖန် ခေါင်းခါယမ်းပြီး ပြောလိုက်တာပါ..။

ဝမ်မင်ယန် ပြန်ပြောလိုက်တယ်..။

"ဒီလိုလုပ်လို့ ဘယ်ရမလဲ..။ငါဘေးနားကနေ ကြည့်နေရင်..သွေးနည်းတဲ့ လူဖြစ်သွားမှာပေါ့..."

…

"ဘာဖြစ်တာလဲ.."

ယင်းနောက်...လေဆိပ်ရဲတွေဟာ..ချက်ချင်း ရောက်လာခဲ့တယ်..။ရဲအဖွဲ့တွေဟာ..ချက်ချငိးပဲ..သူတို့ အကုန်လုံးကို ဝိုင်းထားခဲ့ပါတယ်.။

လေဆိပ်က ဝန်ထမ်း မိန်းကလေးဟာ..ရှေ့ကို တက်ပြီး..အမှန်အတိုင်း ရှင်းပြလိုက်ပါတယ်..။

ခေါင်းဆောင် ရဲအရာရှိဟာ..ခေါင်းညိမ့်ပြီး..လင်းဖန်ကို ကြည့်လိုက်တယ်..။

"မင်းသူ့ကို ရိုက်နှက်ခဲ့လား..."

လင်းဖန် ခေါင်းညိမ့်ပြီး ရိုးသားစွာ..ပြန်ဖြေလိုက်တယ်..။

"ဟုတ်တယ်..ကျွန်တော် လုပ်ခဲ့တာ.."

"ကျွန်တော် ရောပဲ.."

ဝမ်မင်ယန်ပါ..ဝင်ပြောလိုကိတာပါ..။

လင်းဖန် သူ့ကို စိုက်ကြည့်လိုက်ပြီး..

"ဒီကိစ္စမှာ ဝင်မပတ်သက်နဲ့ .။ခင်ဗျားပါ..အဖမ်းခံရရင် ကျုပ်ကို..ဘယ်သူထုတ်ပေးမှာလဲ..."

ဝမ်မင်ယန်..အပြင်ကို လက်ညိုးထိုး လိုက်ပြီး..

"ယန်ဂန် လုပ်နိုင်တယ်လေ.."

"ကောင်းပြီ ဘာပဲဖြစ်ဖြစ်..နှစ်ယောက်လုံးကို ခေါ်သွားလိုက်..."

ခေါငိးဆောင် ရဲဟာ..လက်ဝေ့ယမ်း လိုက်တယ်..။သူတို့ လင်းဖန်နဲ့ ဝမ်မင်ကို ချက်ချင်း ဘေးကို ခေါ်သွားလိုက်ပြီး...

"တကယ်တော့..ငါတို့ ..ဒါကို သိထားပြီးပြီ..။မင်းလုပ်တာ တကယ်ကောင်းတယ်..။ဒါပေမဲ့ စည်းမျဥ္းတွေကို လိုက်နာ ရဦးမယ်လေ..မဟုတိရင် ပရိတ်သတ်တွေက ..ပြသနာ ရှာလိမ့်မယ်..."

"ကျုပ်တို့..သေချာ ပူးပေါင်းပေးပါ့မယ်..."

လငိးဖန် ပြုံးပြီး ပြောလိုက်တာပါ...။

ရဲအဖွဲ့က ခေါင်းဆောငိတွေဟာ..ခေါင်းညိမ့်လိုက်ကြပါတယ်။သူတို့ ဒီလူငယ်လေး လုပ်တာကို သဘောကျပေမယ့်လည်း..အခြေအနေကို တော့ သေချာ ကိုင်တွယ်ကြရပါဦးမယ်..။

လေဆိပ်ဆေးတပ်ဖွဲ့ တွေဟာ..ဂျင်ဟွန်မင်ရဲ့ အခြေအနေကို အလျင်အမြန်လာစစ်ဆေး လိုက်ကြပါတယ်..။

လငိးဖန် ပြောလိုက်တယ်..။

"မင်းတို့.. သူ့ကို..စစ်ဆေးစရာ မလိုဘူး..။သူက..ဒီတိုင်း နံရိူးတစ်ချောင်းပဲ ကျိုးသွားတာ..။အနာဂတ်မှာ စောက်ရေးမပါတာတွေ မပြောရဲအောင် ပညာ နည်းနည်းတော့ ပညာပေးဖို့ လိုအပ်တယ်လေ."

ဆယ်လီရဲ့ ဝန်ထမ်းကောင်မလေးဟာ..လှည့်လာပြီး ပြောလိုက်တယ်..။

"နင်က လူကိုရိုက်နှက်ပြီးတာတောင် ဒီစကား ပြောသေးတယ်ပေါ့..။နင် အပြစ်ပေးခံရလိမ့်မယ်..."

လင်းဖန် ပြုံးလိုက်တယ်..။

"ဒါက..နံရိုးလေး တစ်ချောင်းပဲ ကျိုးတာလေ..။ပြောရလောက်အောင် ပြစ်မူ မမြောက်ပါဘူး..။နံရိုး နှစ်ချောင်းလောက် ကျိူးရင်တော့..တစ်မျိုးပေါ့..ငါ ထပ်ချိုးပေးရမလား.."

"နင်...နင်..."

ဆယ်လီ ရဲ့ ဝန်ထမ်း မိန်းကလေးဟာ..ကြောင်အသွားခဲ့တယ်..။ဒီကောင်က ဒီလောက် ရိုင်းစိုင်းမယ်လို့ မထင်ထားခဲ့ပါဘူး..။

"ရဲအရာရှိတို့ သွားကြရအောငိ.."

လင်းဖန် ..ဒီကိစ္စတွေကို ဂရုမစိုက်တဲ့ အမူအရာနဲ့ တည်ငြိမ်စွာ ပြောလိုက်တာပါ..။

ဘေးနားက သတင်းထောက်တွေကတော့..မြင်ကွင်းကြောင့် အတော်ကို စိတ်လှုပ်ရှားနေကြပါတယ်.။ဘေးနားက ဖြတ်သွားကြတဲ့ လူတွေဟာ လည်းဖုန်းတွေ ကိူယ်စီနဲ့ ရိုက်ကူးနေကြပါပြီ..။

"ဒါက..အတော်အံ့ဩစရာပဲ..။ကိုရီးယား ဆယ်လီ ဂျင်ဟွန်မင် ရိုက်ခံရတာက တကယ်ကောင်းတဲ့ သတင်းတစ်ပုဒ်ဖြစ်လာလိမ့်မယ်.."

"ဟားဟား..ဒါတကယ် အမှန်ပဲ..."

…

လေဆိပ် အပြင်ဘက်တွင်..။

ဝုယန်ဂန် .. ဝမ်မင်ယန် နဲ့ လင်းဖန်ကို မြင်တဲ့ အချိန်မှာ..လက်ဝေ့ယမ်း ပြလိုက်ပါတယ်..။

"ဒီမှာ..ဒီမှာ..."

သို့ပေမယ့်...အခြေအနေက ပုံမှန်မဟုတ်ဘူး ဆိုတာကို..သူနားလည်လိုက်ပါတယ်..။ရဲအရာရှိတွေက..ဘာလို့ ပါလာရတာလဲ...။သူ အမြန်​ေရှ့ကို တက်သွားလိုက်တယ်..။

လငိးဖန် ပြောလိုက်တယ်..။

"အကြီးအကဲ ဝူ..ကျွန်တော် တောင်းပန်ပါတယ်..။ဝမ်မင်ယန် နဲ ကျွန်တော် ခင်ဗျားကားကို စီးလို့ မရတော့ဘူး..။ကျုပ်တို့ ရဲကားကို စီးကြရမှာ..."

ဝမ်မင်ယန် ခေါင်းခါယမ်းပြီး ပြောလိုက်တယ်..။

"ကျုပ်တို့ကို ..လာထုတ်ပေးဖို့တော့ သတိရဦးနော်..."

ဝုယန်ဂန် ကြောင်အသွားခဲ့ပါတယ်..။

"ရဲအရာရှိ ကျုပ်သူငယ်ချင်းတွေ ဘာလုပ်ထားလို့လဲ..."

ရဲအရာရှိဟာ ပြန်ဖြေလိုက်တယ်..။

"သူတို့ လေဆိပ်မှာ တစ်ယောက်ယောက်ကို ရိုက်နှက်ထားတာ..။ဒါကို ပြသနာ ရှာတဲ့ အမူအဖြစ် သတ်မှတ်လိုက်မယ်..."

"တစ်ယောက်ယောက်ကို ရိုက်တာလား.."

ဝုယန်ဂန် ကြောင်အသွားခဲ့တယ်..။သူတို့က လေဆိပ်ထဲကတောင် မထွက်ရသေးပဲ ဘာလို့ တစ်ယောက်ယောက် ကို ရိုက်လိုက်တာလဲ..။ယင်းနောက်သူ ဆက်မေးလိုက်ပါတယ်..။

"ကျုပ်သူငယ်ချင်းက..ဘာလို့ရိုက်တာလဲ..။ဒါက နားလည်မူလွဲတာ မဖြစ်နိုင်ဘူးလား..."

လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..

"အကြီးအကဲ ဝု..ကျုပ်တို့ အရင်သွားတော့မယ်..။ခင်ဗျား သိချင်တာ ရှိရင်..အထဲကို ဝင်သွားပြီးသာ..ကြည့်လိုက်..."

All Chapters