← Chapters

ချက်ချင်း..လျှစ်လျူရူလိုက်ခြင်း

Vol. 29 Ch. 423

ချက်ချင်း..လျှစ်လျူရူလိုက်ခြင်း

Vol. 29 Ch. 423

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် နဲ့ ဝမ်မင်ယန်ဟာ ရဲကားနဲ့ ထွက်သွားခဲ့ကြတယ်..။

ဝုယန်ဂန်..လေဆိပ်ထဲကို ဝင်သွားတဲ့ အချိန်မှာ..ဒဏ်ရာရ နေတဲ့ လူတွေကို တွေ့လိုက်ရပါတယ်...။ဒါက တကယ်ကို မယုံကြည်နိုင်စရာ ပါပဲ..။

ဒီထဲက တစ်ယောက်က လတ်တလော..ရေပန်းစားနေတဲ့ ကိုရီးယား ဆယ်လီ ဂျင်ဟွန်မင် ပါ..။

မာစတာ လင်းနဲ့လ ဝမ်မင်ယန်က ဘာလို့ သူ့ကို ရိုက်နှက်တာလဲ..။ထပ်ပြောရရင် သူတို့က ...ညှာတာ မူလုံးဝ မရှိပါဘူး..။သူ လေဆိပ် ဆေးအဖွဲ့ကို သွားပြီး မေးကြည့်လိုက်တဲ့ အချိန်မှာ. ဂျင်ဟွန်မင် အရိုးတစ်ချောင်း ကျိုးသွားတယ်ဆိုတာ သိလိုက်ရပါတယ်..။

သူ အနည်းငယ် စိတ်သက်သာရာ ရသွားပြီး..နောက်ထပ် အကြောင်းအရာ တွေကို ထပ်စုံစမ်းလိုက်တယ်..။

"ချီးပဲ..ဒီကောင် အရိုက်ခံရတာတောင် နည်းသေးတယ်..။သူ ကများ မာစတာ လင်းကို ကျိန်ဆဲရဲတယ်လား..."

ဝုယန်ဂန် ..ပြောလိုက်တာပါ..။သို့ပေမယ့်..သူ ဝမ်မင်ယန် နဲ့ မာစတာ လင်းကို ထုတ်ဖို့ နည်းလမ်းတစ်ခုကို စဥ်းစားရပါဦးမယ်..။

တကယ်လို့ ဒါသာ..ပုံမှန်မြို့သား တစ်ယောက် ဆိုရင်..လွယ်ကူတဲ့ အရာဖြစ်ပေမယ့်လည်း..အခုဟာက ဆယ်လီ တစ်ယောက်ဖြစ်နေခဲ့ ပါတယ်..။

ပုံမှန်မြို့သား ဆိုရင်လည်း..ဝမ်မင်ယန် နဲ့ မာစတာ လင်းက ဒါမျိုး လုပ်မှာ မဟုတ်ပါဘူး..။

သို့ပေမယ့် ဒီလူက နိုင်ငံ အတွင်းက ..ဆယ်လီ တစ်ယောက် မဟုတ်ပဲ..သူ ကိုရီးယားကို မပြန်ခင်..ဒီနိုင်ငံက ပရိတ်သတ်တွေ ဆီက ပိုက်ဆံတွေ ရသလောက် ယူသွားချင်နေတာပါ..။

ရဲကားပေါ်တွင်..။

ဝမ်မင်ယန် ရယ်မောလိုက်တယ်..။

"မင်းဘာလို့ သူ့မျက်နှာကို မရိုက်လိုက်တာလဲ..။ဒါက နံရိုး ကျိုးတာထက် ပိုကောင်းမှာပေါ့.."

လင်းဖန် ပြုံးလိုက်တယ်..။

"ဟုတ်တယ်..ကျုပ်အဲလို မစဥ်းစားမိလိုက်ဘူး...."

ဝမ်မင်ယန် မေးလိုက်တယ်..။

"ဆာ..ကျွန်တော်တို့ ဘယ်လောက် ကြာအောင် ထိန်းသိမ်းခံရမှာလဲ..."

ရဲဌာန ခေါင်းဆောင် ဖြစ်တဲ့ လူက..လင်းဖန်တို့ရဲ့ လုပ်ရပ်ကို သဘောကျနေခဲ့တာပါ.။သူ ပြန်ဖြေလိုက်တယ်..။

"ဒါက ရလာဒ် အပေါ်မှာပဲ မူတည်တယ်လေ..။မင်းတို့..ဒေါ်လာ ၅၀၀ နဲ့..၁၅ ရက်ထိန်းသိမ်း ခံရလိမ့်မ

်ယ်..။တကယ်လို့..မင်းက ရည်ရွယ်ချက်ရှိရှိ နဲ့ ပြင်းထန်တဲ့ ဒဏ်ရာဖြစ်အောင် လုပ်မိရင်..သုံးနှစ်ထက် မပိုတဲ့..ထောင်ဒဏ်ကို ကျခံရလိမ့်မယ်..။ဒါပေမဲ့ အခု ပြသနာကတော့..ပေါ့ပါးတဲ့ ပြစ်မူဖြစ်လို့ မင်း တိတ်တဆိတ်ဖြေရှင်းနိုင်တယ် ဆိုရင် အဆင်ပြေသွားလိမ့်မယ်..။မဟုတ်ရင်တော့ ..၁၅ ရက်ထိန်းသိမ်းခံရပြီး ပိုက်ဆံလည်း ပေးရမယ်...."

လင်းဖန် ဆိုင်မှာ လုပ်စရာ မရှိတုန်းကလည်း..ဥပဒေ နဲ့ ပတ်သက်တာ တွေကို ဖတ်ဖူူပါတယ်..။သို့ပေမယ့်...အများစုက ရှုပ်ထွေးနေခဲ့တဲ့ အတွက် ဘာမှနားမလည်ခဲ့ပါဘူ..။

.

ဂျင်ဟွန်မင် ရဲ့ ဒဏ်ရာက အရမ်းကြီး မကြီးမား တဲ့အတွက် သူတို့ ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကိုပဲ မူတည်ပါတော့တယ်..။

…

သတင်းတွေဟာ နောက်တစ်ရက် မှာပဲ တက်လာခဲ့တယ်..။

.

ငြိမ်ချမ်း နေတဲ့ အင်တာနက် ဟာ..ရုတ်တရက်.ပေါက်ကွဲ ထွက် လာခဲ့ပါပြီ...။

မရေမတွက် နိုင်တဲ့..လူတွေဟာ. ဂျင်ဟွန်မင်..လေဆိပ်မှာ အရိုက်ခံ ရတာကို မြင်ပြီး ကြောင်အသွားခဲ့တယ်...။

"ဟားဟား..ဒါက ကောင်းတယ်..။ဒီလူက..အံ့ဩစရာပဲ...."

"ငါ ဒါမျိုးကိုပထမ ဆုံးမြင်ဖူးတာပဲ..။တကယ်လေးစား မိတယ်..."

"တကယ် အံ့ဩစရာပဲ..။တစ်ချက်ကြည့်ရုံနဲ့..သူက တကယ့် အတွေ့အကြုံရင့် ဖိုက်တာ မှန်း သိနိုင်တယ်..။ဘောဒီဂတ်တွေတောင် သူ့ကို မယှဥ္နိုင်ဘူး..."

"ခန လေး တစ်ခုခု မှာနေပြီနော်..။ဒီလူက ဘာလို့ မာစတာ လင်းနဲ့..တူနေတာလဲ..."

"မာစတာ လင်း..ဘာဖြစ်တယ်..."

"အမှန်ကို အမြန်ရှာကြည့်ကြဦး..။ဒါပေမဲ့..မာစတာ လင်းက..ရှန်ဟိုင်းမှာ နေတာမလား..။သူက ဘာလို့ ဘေဂျင်းရောက်နေတာလဲ.."

"ချီးပဲ.. တကယ်မာစတာ လင်းဟ..။ငါ အစကတည်းက သိသင့်တယ်..။မာစတာ လင်းတစ်ယောက်ထဲ ဒီလို ကျွမ်းကျင်မူမျိုးတွေ ရှိမှာ..."

"ဒါက အံ့ဩစရာပဲ..။ဒီလိုလူက..အရိုက်ခံရဖို့ ထိုက်တန်တယ်..။ဘာလို့..တုံးအတဲ့ ပရိတ်သတ်တွေ အများကြီး ရှိနေရတာလဲ..."

…

ဒီကိစ္စက..ဂီတ လောက ကိုပါ..သက်ရောက်သွားစေခဲ့ပါတယ်..။များပြားလှတဲ့ ဆယ်လီတွေ.ဟာ..ဒီကိစ္စကို အနီးကပ်စောင့်ကြည့်နေခဲ့ကြတယ်..။ဂျင်ဟွန်မင် လေဆိပ်မှာ အရိုက်ခံရတဲ့ သတင်းက..သူတို့အတွက်တော့ အံ့ဩသင့်စရာပါပဲ..။တစ်ချိန်တည်းမှာပဲ ရယ်လည်း ရယ်မောရပါတယ်..။

ဒီ ဂျင်ဟွန်မင် က ကိုရီးယားမှာ နာမည်မကြီးပဲ..တရုတ်ပြည်မှာ..နာမည်ကြီးလာတာကြောင့်..ဒီကို လာပြီး ပိုက်ဆံ ရှာချင်ခဲ့တာပါ..။သူ တစ်ချို့ပွဲတွေကို တက်ရောက်တဲ့ အချိန်မှာ..စီနီယာ ဆယ်လီ တွေကိုတောင်.. လေးစားမူ မရှိခဲ့ပေ..။သို့ပေမယ့် သူက လက်ရှိကျော်ကြားနေတဲ့ အတွက် သူတို့ ဘာမှလုပ်လို့ မရပါဘူး..။သူတို့သာ ဝိုက်ဘိုမှာ ပိုစ့်တင်လိုက်ရင်..ဂျင်ဟွန်မင် ရဲ့တုံးအတဲ့ ပရိတ်သတ်တွေက လာတိုက်ခိုက်ပါလိမ့်မယ်...။

သို့ပေမယ့် ဒီမတော်တဆ မူက..အတော်ကို..ကြမ်းတမ်းတာပါ..။

ဂျင်ဟွန်မင် ရဲ့ ပရိတ်သတ်တွေဟာ.ဒီအကြောင်းကို သိလိုက်ကြရတဲ့ အချိန်မှာ ဆွံ့အသွားခဲ့ကြတယ်..။သူတို့ ရဲ့ အိုင်ဒေါ အသတ်ခံရသလို အော်ဟစ်နေကြပါတယ် ။

"ဒီငနဲက..ငါတို့..ရဲ့ အိုပါးကို ရိုက်နှက်ရဲတယ်ပေါ့..။ငါတို့ သူ ဝိုက်ဘိုကို သွားတိုက်ခိုက်ရမယ်..."

"ဟုတ်တယ်..သူ သေသွားတဲ့ အထိ ကျိန်ဆဲပြမယ်..."

"ငါတို့ အိုပါးကိုများ ထိရဲတယ်ပေါ့..။ငါတို့ အိုပါးက အရေးကြီးဆုံးပဲ.."

တုံးအတဲ့ ပရိသတ်တွေဟာ စတင်ပြီး တိုက်ခိုက်ကြပါတော့တယ်..။

"ဒါ အဲ့ငနဲ ရဲ့ ဝိုက်ဘို အကောင့်ပဲ..။သွားကြရအောင်.."

လင်းဖန် ၏ ဝိုက်ဘိုတွင်..။

မရေမတွက်နိုင်တဲ့ မြို့သားတွေဟာ.အရင်တုန်းက မသိခဲ့ရင်တောင် အခု ချီးကျုးနေခဲ့ကြတယ်...။

"ဖော်လို လိုက်ပြီ..။အခုကစပြီး တစ်သက်လုံး မာစတာ လင်း ပရိတ်သတ်ပဲ.."

"ငါ အစက ..ဘယ်သူမှ အားမပေးဘူး..။အခုတော့ မာစတာ လင်းက..အိုင်ဒေါ အသစ်ပဲ..."

"အားလုံးပဲ ..ဒီမှာ ခနနေကြဦး..။အဲ့တုံးအတဲ့ ပရိသတ်တွေနဲ့..ခနနေရင် စစ်ပွဲဖြစ်တော့မှာ..."

ခနအကြာမှာပဲ..ဂျင်ဟွန်မင်ရဲ့ ပရိတ်သတ်တွေဟာ..ဝိုက်ဘိုကို လာကျိန်ဆဲကြပါတော့တယ်..။

"အမှိုက်ကောင် ..ငါတို့ အိုပါးကိုများ..တိုက်ရိုက်ရဲတယ်.."

"ရဲတွေက..တစ်သက်လုံးဖမ်းထားသင့်တယ်..."

"ငါတို့ အိုပါးကို ထူးထောက်ပြီး တောင်းပန်လိုက်..."

"အိုပါး..က လတ်တလောမှာ..မိတ်ဆွေ အသစ်တွေရထားတယ်မလား..။သူတို့ရဲ့ဝိုက်ဘိုမှာ သွားအကူညီတောင်းရအောင်..."

"ဟုတ်တယ် သွားမယ်..."

…

ယန်ဂျင်ချန်း..ဟာ..ဆယ်လီ တစ်ယောက်ဖြစ်ပြီး..များပြားလှတဲ့ ရသစုံရှိုးတွေမှာ ပါဝင်ခဲ့ပတ်..။သူက အတော်အသင့် လွှမ်းမိုး နိင်စွမ်း ရှိပြီး..ပရိတ်သတ်တွေ လည်း အများကြီး ရှိတဲ့ လူတစ်ယောက်ပါ..။

သူ ဝိုက်ဘိုကို ဖွင့်ပြီး..ဂျင်ဟွန်မင်ရဲ့..မတော်တဆ မူကို ဖတ်လိုက်ပါတယ်..။သို့ပေမယ့်..သူ ဂျင်ဟွန်မင်ကို မကြိုက်တဲ့ အတွက် ဘာပို့စ်မှ မတင်ခဲ့ ပါဘူး..။သူရှိုးပွဲ တွေမှာ ရင်းနှီးချင်ယောင် ဆောင်ခဲ့တာက..ရှိုးပွဲ အာရုံစိုက်ခံရဖို့ အတွက်ပါ..။ဒီကောင်က စီနီယာတွေကို..လေးစားရမှန်း မသိတဲ့ကောင်ပါ..။

လက်ရှိ ဂျင်ဟွန်မင်က အောင်မြင်နေပေမယ့် သူ့အရည်အချင်းကြောင့် မဟုတ်ပေ..။သူ့မှာ မောက်မာဖို့ အရည်အချင်း မရှိပါဘူး..။

ယင်းနောက်..ယန်ဂျင်ချန်း ဟာ..သူ ဝိုက်ဘိုရဲ့ သီးသန့် မက်ဆေ့မှာ..ဂျင်ဟွန်မင် ရဲ့ ပရိသတ်တွေ စာလာပို့ကြတာကို သတိထားမိလိုက်တယ်..။တစ်ချို့တွေက..သူသာ..ဂျင်ဟွန်မင်ကို မကူညီရင် သူငယ်ချင်းကောင်း မဟုတ်ဘူးလို့တောင် ပြောလာကြတာပါ..။

ဥမမာ .. တစ်ချို့လူတွေက သူ့ကို ခွေးအဖြစ်ပါ ​ပြောနေကြပြီး..အတော်ကို ဆိုးရွာတာပါ..။

သူ့မှာ ရွေးချယ်စရာ မရှိပဲ.. ဂျင်ဟွန်မင်ရဲ့ ပရိတ်သတ်တွေ. ကျေနပ်အောင်..ဝိုက်ဘိုမှာ ပိုစ့်တင်လိုက်ရတယ်.။

"ကျွန်တော်တို့..ဟွန်မင်..အတွက် တရားမျှတမူ ရှာပေးနိုင်မယ် လို့ မျှော်လင့်တယ်..။သူ အမြန်ပြန်ကောင်းလာပါစေ..."

ဒီပို့စ့်က လံူးဝကို သာမန်ပါပဲ..။ဒါကြောင့် သူပိုစ့်တင်လိုက်ပါတယ်..။

ဂျင်ဟွန်မင်ရဲ့ ပရိတ်သတ်တွေဟာ အတော်ကို ပျော်သွားခဲ့ကြတယ်..။သူတို့ ယန်ဂျင်ချန်းရဲ့ ပို့စ်ကိုမြင်တဲ့ အချိန်မှာ သူတို့ အိုင်ဒေါအတွက် တစ်ခုခုလုပ်ပြီး သလို ခံစားလိုက်ရပါတယ်..။

ယန်ဂျင်ချန်း..ခေါင်းခါယမ်းလိုက်တယ်..။အမှန်တကယ်တော့..သူ ဒီငနဲ ရဲ့ ဒဏ်ရာတွေကို ဂရုတောင်စိုက်တာ မဟုတ်ပါဘူး..။

ယင်းနောက် ဖုန်းဝင်လာခဲ့တယ်..။ဒါက သူနဲ့ သူငယ်ချင်း အရင်းဖြစ်တဲ့ နောက်ထပ် ဆယ်လီတစ်ယောက်ပါ..။

"ဂျင်ချန်း..မင်းရူးနေပြီလား..။ဘာလို့ ဝိုက်ဘိုမှာ ပို့စ်တင်လိုက်တာလဲ..။ဒီကိစ္စကို ဝင်မပါနဲ့..အမြန်ပြန်ဖျက်လိုက်.."

သူ့သူငယ်ချင်းကို စိတ်ပူစွာပြောလိုက်တာပါ..။

ယန်းဂျင်ချန်း ကြောင်အသွားခဲ့တယ်..။

"အစ်ကိုမူ ဘာဖြစ်လို့လဲ..။ဘာပြသနာ ဖြစ်နေလို့လဲ..."

ဖုန်းထဲက အသံဟာ ပိုပြီး ကျယ်လာခဲ့တယ်..။

"ဒါပေါ့.မင်း မာစတာ လင်း ဘယ်သူလဲ သိမှာ မဟုတ်ဘူး..ဒါပေမဲ့ မင်းလက်ရှိ..သီချင်းဇယားတွေ ထိပ်ဆံူးမှာ ဘယ်သူရောက်နေလဲ ဆိုတာကို သိသင့်တယ်..။သူ့ သီချင်းတွေ အကုန်လုံးကို မာစတာ လင်းရေးထားတာ...အဓိက အချက်က..ငါ့သူဌေးပြောတာတော့ မာစတာ လင်းမှာ..များပြားလှတဲ့..အဆက်အသွယ်တွေ ရှိတယ်တဲ့..။ဒီကိစ္စက မင်းနဲ့ မဆိုင်ဘူး အမြန်ဖျက်လိုက်..."

"အစ်ကို မူ..ကျုပ် အခုဖျက်လိုက်ရင်..ဂျင်ဟွန်မင် ရဲ့ ပရိတ်သတ်တွေက..တိုက်ခိုက်လိမ့်မယ်..."

ယန်ဂျင်ချန်း ​ပြောလိုက်တာပါ..။

"ဒါကို ဂရုစိုက်မနေနဲ့ အမြန်ဖျက်လိုက်..။မင်းဂရုစိုက်ဖို့ လိုတယ်..။ဆယ်လီ သုံးယောက်ပဲ ဒီကိစ္စကို ဝင်ပြောကြတာ..သူတို့ကတည်း အရင်က မာစတာ လငး်နဲ့ အရှုပ်အထွေးရှိဖူးကြတယ်..။ဒီကိစ္စကို ဝင်မပါနဲ့..ပိုစ့်အမြန်ဖျက်ပြီး..မှတ်ချက် တွေကို ပိတ်ထားလိုက်..."

ယန်ဂျင်ချန်း က..သူ့သူငယ်ချင်း..ကို.ယုံကြည်ပြီး ဝိုက်ဘိုပို့စ်ကို..ချက်ချင်း ပြန်ဖျက်လိုက်တယ်..။

အဲ့အချိန်မှာ..ဂျင်ဟွန်မင်..ရဲ ပရိတ်သတ်..တွေဟာ တစ်ခြား ဆယ်လီ တွေကို သွားစည်းရုံးနေဆဲဖြစ်ပြီး..ဒီကိစ္စကို သတိမထားမိခဲ့ပေ..။

တစ်ချို့ ဆယ်လီတွေဟာ အရူးတွေ မဟုတ်ကြပါဘူး..။သူတို့ အတွက် ဒီကိ္စ္စက ဘာကောင်းကျိုး မှ မရှိဘူး ဆိုတာ သိကြပြီးသားပါ...။ဒါကြောင့် သူတို့ ဒီပရိတ်သတ် တွေ နဲ့ သူတို့ရဲ့ ကျိန်ဆဲမူ တွေကို ချက်ချင်း..လျှစ်လျူရူ လိုက်ကြတယ်..။

All Chapters