← Chapters

နေ့ရာတိုင်းမှ အကူအညီ..

Vol. 29 Ch. 424

နေ့ရာတိုင်းမှ အကူအညီ..

Vol. 29 Ch. 424

#ဘာသာပြန် = စနိုးဝှိုက်

အမှန်တကယ်ပဲ..ယန်ဂျင်ချန်း သူ့ရဲ့ ဝိုက်ဘိူပို့စ်ကို ဖျက်လိုက်တဲ့ အချိန်မှာ..ဂျင်ဟွန်မင်ရဲ့ ပရိတ်သတ်တွေဟာ.. ဒေါသထွက်သွားခဲ့ကြပါတယ်..။သူတို့ သွားပြီး..ကျိန်ဆဲဖို့ လုပ်လိုက်တဲ့ အချိန်မှာတော့..ဘာမှတ်ချက်မှ ရေးသားလို့ မရကြတော့ပါဘူး..။

ယင်းနောက် တစ်စုံ တစ်ယောကိဟာ...ယန်ဂျင်ချန်းကို..ဝက်ဆိုဒ် နဲ့ တစ်ခြားနေရာတေမှာ သွားပြီးတိုက်ခိုက်ဖို့ အကြံပေးလိုက်ပါတယ်..။

အဲ့အချိန်မှာတော့..ပရိတ်သတ် တွေ ရှိခြင်းရဲ့ ခွန်အားဟာ အသက်ဝင်သွားခဲ့ပါပြီ..။တစ်ခါတစ်လေ..ပရိတ်သတ်တွေက..လုံလောက်အောင် စုမိသွားရငိ..ကမ္ဘာကြီးကိုတောင် တုန်ခါသွားစေပါတယ်..။

ဆေးရုံတွင်..။

ဂျင်ဟွန်မင်ဟာ ..အိပ်ယာပေါ်မှာ လှဲနေရာကနေ နိုးလာခဲ့ပါတယ်..။သို့ပေမယ့်..သူ့ရဲ့ နံရိုးတစ်ချောင်းဟာ ကျိုးနေတဲ့ အတွက် အတော်ကို နာကျင်ရပါတယ်..။

သူ့ရဲ့ မန်နေဂျာဟာ ပြောလိုက်တယ်...

"ဟွန်မင် အိုပါး..။ကျေူးဇူးပြုပြီး ကောင်းကောင်းနားပါ.."

"ငါ့ရဲ့...ပွဲရော..ငါ အဲ့ကို သွားဖို့လိုတယ်.."

ဂျင်ဟွန်မင်..မျက်မှောင်ကျုတ်လိုက်ပြီး..တရုတ်ကောင်အကြောင်း တွေးမိသွားတဲ့ အချိန်မှာ ဒေါသထွက်သွားခဲ့ပါတယ်..။သူ ဒီကောင်ကို သတ်ချင်နေပါပြီ..။

မန်နေဂျာ ပြောလိုက်တယ်..။

"ဟွန်မင်..ကောင်းကောင်းနားပါ..။ငါတို့ ဖျော်ဖြေပွဲကို ထပ်လုပ်လို့ မရ တော့ဘူး..။မင်း ကောင်းကောင်းနားဖို့ လိုအပ်နေတယိ..."

"ကျွန်တော် ပြန်ကောင်းဖို့.. ဘယ်အချိန်အထိ စောင့်ရမှာလဲ. "

ဂျင်ဟွန်မင် သူဘယ်ချိန်ပြန်ကောင်းမလဲ ဆိုတာကိုပဲ စိတ်ပူနေခဲ့ပါတယ်..။သူ ပွဲတွေလည်း အများကြီးဘတစ်ရောက်ဖို့ စီစဥ္ထားတာ ဖြစ်ပြီး..ဆယ်မိနစ်လောက်နဲ့ ဒေါ်လာ တစ်သန်း ရမှာပါ..။

သူ ဒေါ်လာ ဆယ်သန်း ကျော်လောက်ကို ဘယ်လို ဖြုန်းတီး နိုင်မှာလဲ...

မန်နေဂျာ နောင်တ ရစွာ ပြောလိုက်တယ်...

"ဆရာဝန်ပြောတာတော့..အနည်းဆုံး တစ်လလောက် နားရမယ်တဲ့.."

"ချီးပဲ.."

ဂျင်ဟွန်မင် ကြောင်အသွားခဲ့တယ်..။တစ်လ ဆိုတာက သူ့အတွက်တော့ အ ရာရာတိုင်းပါပဲ..။သူ့ရဲ့ ကျော်ကြားမူက အများကြီး တောင့်ခံနိုင်မှာ မဟုတ်ဘူး ဆိုတာ အကုန်လုံးက သိထားကြပါတယ်..။ဒါကြောင့် တစ်လ ဆိုတဲ့ အသံကို ကြားတဲ့ အချိန်မှာ သူအတော်ကို စိတ်ပျက်သွာခဲ့ပါပြီ..။

အထူးသဖြင့်..သူ့ ကိုရီးယားမှာ ရှိတဲ့ သူငယ်ချင်းတွေကို သူ တရုတ်မှာ ကံကောင်းမူ တွေ မရှာနိုင် ရင်ပြန်မလာဘူး လို့တောင် ပြောခဲ့ပါသေးတယ်..။

သူနဲ့ရင်းနှီးတဲ့ သူငယ်ချင်းတွေကလည်း..တရုတ်က ပရိသတ်တွေက..ရူးသွပ်ကြပြီး အောင်မြင်ဖို့ လွယ်ကူတယ် လို့တောင် ​ပြန်ပြောခဲ့ပါတယ်..။

သူတို့ အမှန်အကန် ဆွေူနွေး ခဲ့ကြတာကြောင့်..ဂျင်ဟွန်မင်ဟာ သူတစ်လ နားရမယ် ဆိုတာ သိတဲ့အချိန်မှာ..အကူညီမဲ့သွားခဲ့တာပါ.။

မန်နေဂျာ ပြောလိုက်တယ်..။

"ဟွန်မင် .. မစိုးရိမ်ပါနဲ့...ငါ ဒီကိစ္စကို ရှင်းပြပြီး သွားပြီ..။ငါတို့ အဲ့ကောင်တွေကို အပြစ်ပေးရမယ်..။သတင်းထောက်တွေက..အပြင်မှာ ရှိ်တယ် သူတို့ကို အထဲဝင်ခိုင်းလိုက်မယ်..။နင် ကိုယ့်ကိုကို ရှင်းပြပြီး..ဘယ်လို အရိုက်ခံရလဲ ပြောပြလိုက်ပေါ့..."

သတင်းထောက် တွေဟာ..အပြင်မှာ စုဝေးနေကြပါတယ်..။ဒီသတင်းထောက်တွေက..သတင်းသာ.မှန်ကန်ပြီး..သတင်းသစ် ဖြစ်နေရင်..ဘယ်သူမျက်နှာမှ မထောက်ပဲ.အင်တာနက်ပေါ် ချက်ချင်းတင်မယ့် သူတွေ ချည်းပါပဲ..။

သတင်းထောက်တွေဟာ..အထဲကို အမြနိဝင်သွားပြီး ဂျင်ဟွန်မင် ရဲ့ အခြေအနေကို ဓာတ်ပုံတွေ ..ဗီဒီယိုတွေ ရိုက်လိုက်ကြပါတယ်..။သူတို့ မေးခွန်းတွေ စတင်ပြီး မေးလိုက်ကြတယ်..။

"ဒီကိစ္စအပေါ် ဘယ်လိုမြင်လဲ သိပါရစေ.."

"ခင်ဗျား..ဒီလူနဲ့ ဘယ်လို ဖြစ်ပြီး စတင်ဖြစ်ခဲ့တာလဲ.."

"လေဆိပ် ဝန်ထမ်းမလေး က ခင်ဗျားသူ့ကို သွားဆဲလို့..အဲ့လူက ရိုက်နှက်လိုက်တာဆို ဒါအမှန်ပဲလား.. "

ဂျင်ဟွန်မင်ဟာ..သူ မတရား..ခံရတဲ့ လူတစ်ယောက် လိုဖြစ်အောင် ဟန်ဆောင်နေခဲ့တယ်..။သူတရုတ်လို နားမလည်တာကြောင့် သူ မန်နေဂျာ သူ့ကို်ယ်စား ပြန်ပြောတာကို နားထောင်နေရပါတယ်..။

"မဖြစ်နိုင်တာ..ဟွန်မင်က အမြဲတမ်း အလုပ်ကြိုးစားပြီး သူ့ပရိတ်သတ်တွေကို ပျော်ရွှင်အောင်လုပ်ပေးနေတဲ့ တစ်ယောက်ပဲ...။ဒီလူ ဘယ်သူ့လဲတောင်မသိဘူး..။အခု ဆရာဝန်က သူ့ကို တစ်လနားရမယ် လို့ပြောတယ်။ ဒီတစ်လဆိုတာက သူ့အတွက် အရာရာတိုင်းပဲ..။တရားမျှတအောင် လုပ်ပေးယ်လို့ မျှော်လင့်ပါတယ်..။

သူ မ ဒီလို အခအနေတွေကို ကြုံဖူးထားပြီး ဘယ်လို ပြန်ဖြေရမလဲ ဆိုတာကို ကောင်းကောင်းသိထားပါတယ်..။

သတင်းထောက် တစ်ယောက်ဟာ ထပ်မေးလိုက်တယ်..။

"အခု ဒီကိစ္စဖြစ်တာ နာရီပိုင်း အတော်ကြာတာတောင်..ဆယ်လီ သုံးယောက်ကပဲ..ကူပြောပေးထားတဲ့ အ​ေပါ် ဘာများ ပြောချင်လဲ ခင်ဗျ..."

မန်နေဂျာဟာ ပြန်ဖြေလိုက်တယ်..။

"ကျွန်မတို့ ဒီကိစ္စကို လူသိများအောင် လုပ်ဖို့ မရည်ရွယ်ပါဘူး..။ဟွန်မင် နဲ့ အတူ အလုပ်လုပ်ဖူးတဲ့ ဆယ်လီတွေလည်း ဖုန်းဆက်ပြီး သတင်းမေးကြပါတယ်..။ဒါပေမဲ့..သူတို့ကို ကူပြောပေးဖို့ ..မတောင်းဆိုတာက..ကျွန်မတို့ တရားမျှတမူ ရလိမ့်မယ်လို့ ယုံကြည်ထားလို့ပါ.."

…

တိမ်ဖြူလမ်း..။

"ချီးပဲ တကယ်ရူးချင်စရာပဲ.."

ကျောက်ကျန်းယန် ဝိုက်ဘိုကို ကြည့်နေခဲ့တယ်..။

"သတင်းကို ကြည့်ကြဦး အစ်ကိုလင်းက ..ဘေဂျင်းမှာ ကိုရီးယား ဆယ်လီ တစ်ယောက်ကို ရိုက်နှက်တာ..ရဲဖမ်းခံလိုက်ရပြီ.."

"တကယ်လား..."

လူလိမ် ထျန် ကြောင်အသွားခဲ့တယ်.။ယင်းနောက်သူ သတင်းကိုယူဖတ်လိုက်ပြီး..

"ချီးပဲ..တကယ်လေးစားသွားပြီ..။ဒီငနဲက ရောက်ရာ အရပ်မှာ ပြသနာဘယ်လိုရှာ ရမလဲ ဆိုတာကို သိတာပဲ...။သူက လေဆိပ်မှာတောင် ဆယ်လီတစ်​ောက်ကို ရိုက်ရတယ်..."

ဝူယူလန်လည်း ဒါကို ကြားကာ..စိုးရိမ်ပြီး လင်းဖန်ကို ဖုန်းခေါ်လိုက်ပေမယ့်..ဖုန်းက..လင်းဖန်ဆီကို မဝင်ခဲ့ပါဘူး..။

ထိန်းသိမ်းရေး စင်တာတွင်..။

လငိးဖန် နဲ့ ဝမ်မင်ယန်ဟာ..အချုပ်ခန်း ထဲမှာ ထိုင်နေခဲ့ပါတယ်..။

ယင်းနောက်..လင်းဖန်ဆီကို..တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်းကနေ ဖုန်းဝင်လာခဲ့တယ်..။

သူက ရှန်ဟိုင်း ကိုယ်ခံပညာ အဖွဲ့အစည်းရဲ့ ဒုတိယဥက္ကဌ ဖြစ်တာကြောင့်..သူ ကိုရီးယာ ဆယ်လီကို ရိုက်နှက်ပြီး. အဖမ်းခံရတာက ကိစ္စကြီးတစ်ခုပါပဲ..။

လငိးဖန် အဖွဲ့အစည်းကို မရောက်တာ ကြာပြီဖြစ်ပေမယ့်လည်း..သူ့ရာထူးကတော့ ရှိနေတုန်းပါ.."

"အကြီးအကဲ နီ စိတ်မပူပါနဲ့..ဒီကိစ္စက သေးသေးလေးပါ.."

လငိးဖန် ပြောလိုက်တာပါ..။

အကြီးအကဲ နီပြန်ပြောလိုက်တယ်..။

"မဟုတ်ဘူး..မင်းက ငါ့တိုရဲ့..ဒုတိယ ဥက္ကဌလေ..။ငါ..ဌာနချုပ်ကို တင်ပြပြီး အခုချက်ချင်း လူလွှတ်ခိုင်းလိုက်မယ်.."

လင်းဖန် ပြုံးလိုက်တယ်..။

"အနောက်မယှက်ပေးမိလို့ တောင်းပန်ပါတယ်..."

သူနေရာတစ်ကာကနေ..ဖုန်း လက်ခံရရှိနေခဲ့တာပါ..။

ဖုန်းချပြီးနောက်..။

ကျိုးမင်ချင်းဟာ..ဖုန်းခေါ်လာခဲ့တယ်..။

"ဆရာ..အဆင်ပြေရဲ့လား.."

ကျိုးမင်ချငိးရဲ့ စိတ်ပူတဲ့ အသံက ချက်ချင်းထွက်ပေါ်လာခဲ့တာပါ..။

လင်းဖန် ပြန်ပြောလိုက်တယ်..။

"အင်း..ဘာများဖြစ်နိုင်ဦးမှာလဲ.."

ကျိူးမင်ချင်း ပြောလိုက်တယ်...

"ဆရာ..စိတ်မပူနဲ့.တရုတ် ကိုယ်ခံပညာ အဖွဲ့အစည်းကို..လူလွှတ်ခိုင်းလိုက်မယ်..,"

"အဲလောက်ထိ ပြသနာ ဖြစ်ဖို့ မလိုပါဘူး.."

လင်းဖန် ရှက်ရွံစွာပြောလိုက်တာပါ..။

သို့ပေမယ့် ကျိုးမင်ချင်း အတွက်ကတော့...ကိစ္စကြီးတစ်ခုပါပဲ..။သူ့ရဲ့ဆရာ အဖမ်းခံရတော့ သူတစ်ခုခုလုပ်မှ ဖြစ်မှာပါ..

ယင်းနောက် ဝုယန်ဂန်ဟာ..သူ သူငယ်ချင်းတွေကို ဖုန်းဆက်လိုက်တယ်..။သူ ပထမဆံူး ဖုန်းခေါ်တဲ့ လူက..ထိမ်သိမ်းရေဌာနက ဌာနခေါင်းဆောင်ကိုပါ.။အဆင့်မြင်တဲ့ လူတွေ အချင်းချငိး သိကြတာက ပုံမှန်ပါပဲ..။

သို့ပေမယ့်..ဝုယန်ဂန်က ..စီးပွားရေး သမားဖြစ်ပြီး..ဌာနခေါင်းဆောင်က..အစိုးရ အရာရှိတစ်ယောက်ပါ..။သူ မကူညီပေးချင်လို့ မဟုတ်ပ ဒီကိစ္စကိုက ရှုပ်ထွေးနေခဲ့ပါတယ်..။

"အကြီးအကဲ ဝု ..ကျွန်တော် မလွှတ်ချင်လို့ မဟုတ်ပါဘူး..။ဒီကိစ္စက နောက်ဆက်တွဲတွေ ရှိတယ်..။ဒီကိစ္စက မီဒီယာမှာ ပေါက်ကြားနေတာလေ.။ဖြစ်နိုင်ရင်..ခငိဗျား..ဒီကိစ္စကို ဖြေရှင်းဖို့..ဆယ်လီရဲ့ ပစပ်ကို ပိတ်နိုင်တဲ့ လူကို ဆက်သွယ်ဖို့ လိုတယ်..။မဟုတ်ရင်တော့..ကျုပ်လည်း ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး.."

ဌာန ခေါင်းဆောင်ပြောလိုက်တာပါ..။

ဝုယန်ဂန်ပြန်ပြောလိုက်တယ်..။

"ကောင်းပြီ ..ကျေးဇူးတင်ပါတယ်..။ကျုပ် အခုပဲ တစ်ယောက်ယောက်ကို ရှာလိုက်မယ်.."

…

ထိန်းသိမ်းရေး စင်တာ တွင်..။

လင်းဖန် နဲ့ ရဲအရာရှိတွေဟာ စကားပြောနေခဲ့ကြတယ်..။

"ခင်ဗျားရဲ့..တိုက်ခိုက်ရေး စွမ်းရည်က တကယ်မိုက်တာပဲ.."

"နိုး...ဒီလောက်ကြီးလည်း မဟုတ်ပါဘူးဗျာ.."

လင်းဖန် ပြန်ဖြေလိုက်တာပါ..။.

ဝမ်မင်ယန် ခေါင်းခါယမ်းလိုက်ပြီး..

"ညီအစ်ကို..ဒါက.ကျုပ် ပထမ ဆံူး အကြိမ် ဖမ်းခံရတာ ဆိုရင် ခင်ဗျားတို့ ယုံကြည်မှာလား..."

"ဟား...ဟား..."

သို့ပေမယ့် ဒီကိစ္စက ..ထင်သလောက် မလွယ်ကူဘူးဆိုတာ သူတို့ သိထားပါတယ်..။သူတို့..ထိန်းသိမ်ရေး စင်တာမှာ...အချိန်တစ်ချို့ကုန်နေပြီ ဖြစ်ပြီး..အခုထိ ဘာမှတော့ မထူးခြား သေးပါဘူး..။

All Chapters