ခင်ဗျား သူ့ကို လွှတ်ပေးလို့ရမလား...
Vol. 29 Ch. 425
#ဘာသာပြန် = စနိုးဝှိုက်
ဘေဂျင်းရှိ..ဗီလာ တစ်ခုတွင်...။
ယွဲ့ချီဂျုရှိီဟာ..အနုပညာ လက်ရာ တစ်ခုကို..စားပွဲပေါ်ကို တင်ထားလိုက်တယ်..။သူ ပျော်ရွှင်စွာပြောလိုက်ပါတယ်..
"ဒါကို မထိနဲ့..။ဒီပန်ချီကားချပ်က...ငါ့အတွက် အရာရာတိုင်းပဲ..။မင်းအတွက် ကြောင့်သာ မဟုတ်ရင် ငါဘယ်သူ့ကိုမှ ပြမှာ မဟုတ်ဘူး..."
တာအို ရှီဂန် ပြောလိုက်တယ်..။
"အကြီးအကဲ ..ယွဲ့က..ဒီပန်ချီကို..ရတနာ တစ်ခုလို စောင့်ရှောက်နေတာ..။သူသာ..သေချာဖုန်းကွယ်ထားမယ် ဆိုရင်...ခင်ဗျားတို့ သိမှာတောင် မဟုတ်ဘူး..."
တရုတ် အနုပညာ အဖွဲ့အစည်းက..မာစတာ တွေဟာ..သူ ရှန်ဟိုင်း ကန ..ပြန်လာကတည်းက..အမြဲပြုံးနေတာကို သတိထားမိခဲ့တယ်..။သူတို့ အစက အနုပညာ ပြပွဲကြောင့်လို့ ထင်မိကြပေမယ့်..နောက်ပိုင်းမှ..ပန်ချီကား တစ်ချပ်ကြောင့် ဆိုတာ သိသွားခဲ့ကြပါတယ်.။
သူတို့ ဒါကို ကြားတဲ့ အချိန်မှာ မယုံကြည်ခဲ့ကြပါဘူး..။ဘာပဲဖြစ်ဖြစ် သူတို့က..မာစတာ တွေဖြစ်ပြီး..သူတို့ရဲ့ အနုပညာ..လေးနည်းနည်းလေးကိုတောင်..လူတွေ အများကြီးက ဝိုင်းလုကြရမှာပါ..။ဒါကြောင့် ဒီပန်ချီကားက.ဒီလောက်ထိုက်တန်ရဲ့လား ဆိုတာ သူတို့ ကြည့်ချင်ခဲ့ပါတယ်..။
ယင်းနောက်..ယွဲ့ချီဂျုရှီ ..ဖွင့်ပြလိုက်တဲ့ အချိန်မှာ လူတိုင်း ဝန်းရံလာခဲ့တယိ..။
သူတို့တွေ အကုန်လံူး ပန်ချီကား ထွက်ပေါ်လာတဲ့အချိန်မှာ ကြောင်အသွားခဲ့ပါတယ်...။
အပင်နဲ့ တိရစ္ဆာန်ကို..အထူးပြုတဲ့..ပနိချီပညာရှင်ဟာ..လုံးဝကို ကြောင်အနေခဲ့ပါပြီ..။
"ဒီ ပန်ချီကား..."
ယွဲ့ချီဂျုရှိီ..ပျော်ရွှင်စွာ ပြန်ဖြေလိုက်တယ်..။
"အခြေအနေ ဘယ်လိုလဲ...။ဒီတစ်ခုကို ယှဥ္နိုင်တဲ့..အပင်နဲ့ တိရစ္ဆာန် အထူးပြု ပန်ချီကား..ဆိုတာ ရှိမှာ မဟုတ်ဘူး..."
ဒါက နည်းနည်းလွန်ရာကျ ပေမယ့်လည်း..သူတို့ ဒါကို ကြားပြီး ခေါင်းတွေကို..ညိမ့်လိုက်ကြပါတယ်..။
"ဒါက အဓိပ္ပါယ်တွေ ပြည့်ဝနေတဲ့..ပန်ချီကား တစ်ချပ်ပဲ..။ဒါက စိတ်ဝိဥာဥ္ အဆင့်လို့တောင် ပြောလို့ရနေပြီ..။ငါတို့ တစ်ဘဝလုံး ..လေ့လာနေတာ ဒီအဆင့်ကို ရောက်ဖို့..ပဲ..။ဒီလို ပန်ချီကားမျိုး..ကို ငါတွေ့ရလိမ့်မယ် လို့ မထင်ထားမိခဲ့ဘူး...."
"တကယ့် ကောင်းပါတယ်..ဆိုတဲ့..ပန်ချီကားတောင် ဒီတစ်ခုကို ယှဥ္နိုင်မှာ မဟုတ်ဘူး..."
"ဘယ်သူ ဆွဲတာလဲ...။ဒီမှာ မာစတာ လင်းလို့ ရေးထားပါလား...။သူက ဘယ်သူလဲ...."
ယွဲ့ချီဂျုရှီ..သူ့ရဲ့ ..သူငယ်ချင်းတွေ ဒီပန်ချီကားကို..စွဲလမ်းသွားပြီမှန်း..သူသိသွားခဲ့ပါတယ်..။သူ ခေါင်းမော့ကို မေးလိုက်တယ်...
"ဒီပန်ချီကား ဘယ်လိုနေလဲ..."
"ဒါက အတော်လှပတယ်..ငါထင်တာတော့..ကမ္ဘာပေါ်မှာ အကောင်းဆုံးတစ်ခုလို့ထင်တယ်..."
"အကြီးအကဲ ယွဲ့..ရပ်လိုက်တော့..။ဘယ် မာစတာက..ဆွဲခဲ့တာလဲ သာ ပြောပါဦး..."
"အကြီးအကဲ ယွဲ့.., ငါတို့ အတော်ရင်းနှီးတာပဲလေ..။ငါ့ကိုရောင်းပေးပါ...စျေးသာပြောလိုက်.."
ယွဲ့ချီဂျုရှိီ ပန်ချီကားကို လက်နှက်ဖက်နဲ့..ဖုံးအုပ်လိုကိတယ်..။
"ဒါက မဖြစ်နိုင်ဘူး..။ဒီအရာက..တန်ဖိုး အဖြတ်နိုင်တဲ့ အရာပဲ..။ပန်ချီကားတွေက..ဒီလို အဆင့်အထိရောက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလေ..။စျေးသာဆိုရင်..မိုးထိုးနေမှာပဲ .။အရည်အသွေးဆိုလည်း..ထိပ်ဆုံးမှာ ရှိနေတယ်..."
"ဒီပန်ချီကားမှာ အကုန်လုံးရှိနေတယ်..။ဒါက အကောင်းဆုံးတွေထဲက..တစ်ခုပဲ..။မဟုတ်ဘူး..အကောင်းဆုံးပဲ..."
ယွဲ့ချီဂျုရှိီ..ဒီအနုပညာကို..လုံးဝ လက်မလွှတ်နိုင်ပေ..။သူ နေ့တိုင်းကြည့်နေပြီး..အတွေအကြုံတွေ ရယူချင်ပါတယ်။
"အကြီးအကဲ ယွဲ့ ဒါက..အဖွဲ့အစည်းထဲက လူ.ဆွဲထားတာလား..."
မာစတာ တစ်ယောက်ဟာ မေးလိုက်တာပါ..။ဒီပန်ချီကား ရဲ့ အရည်အသွေးက အတော်ကို ကောင်းမွန်လွန်းလှပါတယ်..။
သူတို့ ဘယ်သူမှ မာစတာ လင်းဆိုတဲ့ နာမည်ကိုလည်း မကြားဖူးကြပါဘူး..။
ယွဲ့ချီဂျုရှီ ခေါငိးခါယမ်းလိုက်ပြီး...
"ဟင့်အင်း..ဒါပေမဲ့. ခင်ဗျားတို့ သူ့ကိုတွေ့ ရင် အံ ့ဩ သွားကြလိမ့်မယ်..."
တာအို ရှီဂန်ကတော့ အကြီးအကဲ..ယွဲ့ လုပ်နေတာတွေနဲ့..အတော်ကို..ရင်းနှီးနေခဲ့ ပါပြီ..။သူ ဖုန်းထုတ်ပြီးသာ..သတင်းတွေ ဖတ်နေခဲ့တယ်..။ရုတ်တရုက် သူ အံ့ဩ သွားခဲ့ပါတယ်..။
"အကြီးအကဲ ယွဲ့..အမြန်လာပါဦး..အမြန်..."
တာအို ရှီဂန်..အံ့ဩသွားခဲ့ပြီး...
"မာစတာ လင်းက ဘေဂျင်းရောက်နေပြီ..ဒါပေမဲ့ သူ ကိုရီးဟာ..ဆယ်လီ တစ်ယောက်ကို ရိုက်နှက်လိုက်လို့ ထိမ်းသိမ်းခံထားရတယ်..."
"ဘာ.."
ယွဲ့ချီဂျုရှိီ ကြောင်အသွားခဲ့တယ်..။ယင်းနောက် သူ ဖုန်းကို ယူပြီး..သတင်း ကို အမြန်ဖတ်လိုက် ပါတယ်..။သူမယုံကြည်နိုင်ခဲ့ပေ..။ယင်းနောက် သူ ပန်ချီကားချပ်ကို ဂရုတစိုက် ပြန်သိမ်းလိုက်ပြီး...
"အကြီးအကဲ တာအို..ကျုပ်တို့..အခုပဲ ထိန်းသိမ်းရေး စင်တာကို သွားကြမယ်.။ငါတို့ မာစတာ လင်းကို ကုမှရမှာ..."
…
ထိန်းသိမ်းရေး စင်တာတွင်..။
လင်းဖန်ရဲ့ ဖုန်းဟာ..ဆက်တိုက်မြည်နေခဲ့တာပါ..။
ရဲအရာရှိတစ်ယောက်ဟာ.. လဖက်ရည်သောက်ရင်း ဖုန်း ကို ပြန်ဖြေနေခဲ့ပါတယ်..။
"ဒီပရိတ်သတ်တေံွက တကယ်ကိုကြောက်ဖို့ ကောင်းနေပြီ..။သူတို့ရဲ့ ဖုနး်တွေက တစ်ကောပြီးတစ်ကော ဝင်လာနေတာ..။သူတို့က..ထောင် တစ်သက်တစ်ကျွန်းချဖို့ ပဲ..တောင်းဆို နေကြတယ်..."
အကြီးအကဲ အလုပ်သမား တစ်ယောက်ဟာ..ထပ်ပြောလိုက်ပါတယ်..။
"ဒီကလေးတွေက..အကူညီမဲ့နေကြပြီ..။ကြည့်..သူတို့က..နိုင်ငံရဲ့ ကို ဘယ်လိုများ ...ပြန်ပြီး..ကယ်တင်ကြပါ့မလဲ..."
"ဒီ ဂျင်ဟွန်မင်ကို..အရင်က ငါမြင်ဖူးတယ်..။သူက တကယ်ကို..မောက်မာတဲ့ကောင်ပဲ..။ဒီပရိတ်သတ်တွေ ဘာကြည့်ကြိုက်ကြမှန်း မသိဘူး..."
"ဒါက ရိုးရှင်းပါတယ်..။သူက ရုပ်ချောတယ်လေ..။ဒါကြောင့်ပဲ..."
…
လင်းဖန်.နဲ့ဝမ်မင်ယန် ဟာ..လဖက်ရည် ထိုင်ပြီး..သောက်နေခဲ့တယ်..။အရာရှိတွေက .လင်းဖန်ကို..ဘာမှ ..ခက်ခဲအောင် မလုပ်ကြပါဘူး.။ဒီ ကိုရီးယား ..ဆယ်လီက..တရုတ်မှာကျော်ကြားပြီး..အမူက ပုံမှန်မဟုတ်လို့သာ..မလွှတ်ပေးသေးတာပါ..။
တကယ်လို့..သူတို့သာ..ဒီလို လွှတ်သွားရင်..ပိုပြီး..ပြသနာတွေ ဖြစ်လာမှာ အသေအချာပါပဲ..။
"ဒါက ထူးဆန်းတယ်..။ဘာလို့ ယန်ဂန်က မထုတ်ပေးသေးတာလဲ.."
ဝမ်မင်ယန်ဟာ..အနည်းငယ်..သံသယဖြစ်နေခဲ့ ပါတယ်..။
"ဘာတွေ စိတ်ပူနေတာလဲ..။ဒီတိုင်း စောင့်နေကြရအောငိ.."
လင််းဖန်..လုံးဝ အလျင်မလိုပေ..။သူ ဒီကိစ္စကို လုံးဝ ဂရုမစိုက်ပဲ အေးအေးဆေးဆေး စောင့်နေခဲ့ပါတယ်..။
ထိန်းသိမ်းရေး စင်တာ အပြင်ဘက်တွင်..။
ကားတွေဟာ..အပြင်မှာ ပါကင်ထိုးထားခဲ့တယ်..။
လူအုပ်စု သုံးခုဟာ..ကားတွေထဲကနေထွက်လာခဲ့ကြတယ်..။သူတို့ တစ်ယောက်ကို တစ်ယောက် မသိကြပါဘူး..။
ရဲအရာရှိတွေဟာ..သူတို့ကို တားဆီးလိုက်ပြီး..
"ခင်ဗျားတို့ ဘယ်သူတွေလဲ.."
သူတို့ထဲက တစ်ယောက်ဟာ..ပြောလိုက်တယ်..
"ငါက..တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်းရဲ့ အတွင်းရေးမှူးပဲ..မင်းတို့ ဌာန ခေါင်းဆောင်နဲ့ လာတွေ့တာ..."
ရဲအရာရှိတွေဟာ..ဒီလူက တရုတ်ကိုယ်ခံ ပညာ အဖွဲ့အစည်းက..ဆိုတာကို..ကြားလိုက်ရပြီး အံ့ဩသွားခဲ့ကြပါတယ်..။ဒါက..တစ်ခြား လူတွေ အတွက် သာမန်ဖြစ်နိုင်ပေမယ့်..ဒီအဖွဲ့အစည်းက..နိုင်ငံကို ကိုယ်စားပြုပြီး..အဖွဲ့အစည်းက လူတွေကလည်း အဆင့်အတန်းမြင့်ကြပါတယ်..။
"ခင်ဗျားတို့ကရော.."
ရဲအရာရှိဟာ..နောက်တစ်ယာက်ကို ကြည့်ပြီးမေးလိုကိတယ်..။
"ငါတို့က..တရုတ်ဆေးပညာ..အဖွဲ့အစည်းကပဲ..။ငါတို့ မင်းရဲ့ ဌာနခေါင်းဆောင်နဲ့လာတွေ့တာ.."
"ငါတို့က..တရုတ် ပန်ချီပညာအဖွဲ့အစည်းက...။ငါတို့က..မင်းတို့ရဲ့ ဌာနခေါင်းဆောင် နဲ့ လာတွေ့တာပါ..."
ရဲအရာရှိတွေဟာ..ကြောင်အသွားခဲ့တယိ..။
ဘာတွေဖြစ်ကုန်တာလဲ...။အဖွဲ့အစည်းသုံးခုက လူတွေက ဘာလို့ ရုတ်တရက် ပေါ်လာရတာလဲ..။
တစ်ခုခု ဖြစ်တော့မယ့် ပုံပါပဲ..။
ထိန်းသိမ်းရေး စင်တာရဲ့..ဌာနခေါင်းဆောင်လည်း ကြောင်အနေခဲ့ပါတယ်..။အင်တာနက်ပေါ်မှာ လူတိုင်းက..သူတို့ကို ပြစ်မှတ်ထားနေခဲ့တာပါ..
"ဌာန ခေါင်းဆောင်..ကိုယ်ခံပညာ အဖွဲ့အစည်း.ဆေ၀ပညာ အဖွံ့အစည်းနဲ့..အနုပညာ အဖွဲ့အစည်းက လူတွေ ရောက်နေကြတယ်..."
အဆင့်နိမ့်ရဲအရာရှိ တစ်ယောက်ဟာ...အထဲကို ဝင်လာပြီး ပြောလိုက်တာပါ..။
ဒီအဖွဲ့အစည်း တစိခုစီ တိုင်းက..တိုင်းပြည်..အတွက် အရေးပါတဲ့ အဖွဲအစည်းတွေပါ..။ဒီအဖွဲ့အစည်းရဲ့..ခေါင်းဆောင်တွေက..ဆင့်အတန်းမြင့်ပြီး..ဂုဏ်သိက္ခာရှိကြတဲ့ လူတွေပါပဲ..။သူတို့တွေက..ဒီကို တစ်ချိန်တည်း..လာကြတယ်ဆိုတော့..သူကို ပဟေဠိဖြစ်စေပါတယ္..။
ဌာနအကြီးအကဲ ဒင်.ဟာအတော်ကို..သိချင်သွားခဲ့ပြီး..
"ကျေးဇူးပြုပြီး ဝင်လာကြပါ..."
သုံးဖွဲ့လုံးဟာ တံခါးဖွင့်ပြီး ဝင်လာခဲ့ကြတယ်..။
တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်းက..လူဟာ..ပြောလိုက်ပါတယ် .။
"အကြီးအကဲ ဒင်...ကျွန်တော်က.အဖွဲ့အစည်းရဲ့ အမြင့်ဆုံး အခွင့်အာဏာကို အသုံးပြုပြီး..ရှန်ဟိုင်း ကိုယ်ခံပညာ အဖွဲ့အစည်းရဲ့ ဒုတိယ ဥက္ကဌ ..လင်းဖန်ကို အာမခံပေးဖို့ လာပြောတာပါ.."
တရုတ် ဆေးပညာ..အဖွဲ့အစည်းက လူဟာ ပြောလိုက်တယ်..။
"ကျုပ်တို့လည်း..မာစတာ လင်းကို အာမခံ လာပေးတာ..."
အနုပညာ အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့..တာအိုရှီဂန်ဟာ ကြောင်အသွားခဲ့တယ်..။ယင်းနောက် သူတို့ကို ကြည့်လိုက်ပြီး..
"တရုတ် အနုပညာ အဖွဲ့အစည်းကလည်း..မာစတာ လင်းကို. အာမခံပေးမလို့..."
ယင်းနောက် သူတို့ သုံးဖွဲ့လုံး ပြောလိုက်ပါတယ်..။
"ခင်ဗျားတို့ သူ့ကို လွှတ်ပေးလို့ ရမလား..။ကျုပ်တို့ရဲ့ အဖွဲ့အစည်းက..ဖြစ်လာသမျှတိုင်းကို..တာဝန်ယူပါ့မယ်..."
အကြီးအကဲ ဒင်..ဘာတစ်ခုမှ ပြန် မပြောပါဘူး..။သူ အံ့ဩပြီးသာ ကြည့်နေခဲ့ပါတယ်..။
စောက်ကျိုးနဲ...ဘာတွေဖြစ်နေတာလဲ....