တစ်ဆင့်မှ မပေးနိုင်ဘူး...
Vol. 29 Ch. 426
#ဘာသာပြန် = စနိုးဝှိုက်
"ခင်ဗျားက..ကျုပ်တို့ကို ဒီတိုင်းလွှတ် ပေးလိုက်တော့မှာလား.."
ဝမ်မင်ယန် သိချင်စွာ မေးလိုက်တာပါ..။သူ ဝုယန်ဂန် ဆီကလည်း ..ဘာဖုန်းကော မှ မရထားသေးပါဘူး..။ဒါက သူ မဖြေရှင်းရသေးဘူး ဆိုတဲ့ အဓိပ္ပါယ်ပါ..။သို့ပေမယ့် ရဲအရာရှိတွေက..သူတို့ကို လွှတ်ပေးနေပြီ ဖြစ်တာကြောင့် ပဟေဠိဖြစ်ရပါတယ်..။
"သူတို့က..လွှတ်ပေးနေတာတောင် ခင်ဗျားကထပ်နေချင်နေသေးတာလား.."
လင်းဖန် ပြုံးလိုက်တယ်..။သူလည်း..သူ့ကို ဘယ်သူထုတ်ပေးတာလဲ..ဆိုတာကို သိချင်နေခဲ့တာပါ..
ဝမ်မင်ယန် ခေါင်းခါယမ်းလိုက်ပြီး..
"ငါပြောချင်တာ အဲတာ မဟုတ်ဘူးလေ..။ငါတို့ကို ထုတ်ပေးတာ..ဝုယန်ဂန် မဟုတ်လောက်ဘူး..."
"ကျုပ်တို့ အပြင်ရောက်ရင် သိလိမ့်မယ်..."
အပြင်ဘက်တွင်.။
လငိးဖန်ကြည့်ပြီး ပြုံးလိုက်ကာ..
"သူတို့ ဘယ်သူလဲ ကျုပ်သိပြီ.."
ယင်းနောက် ..သူရှေ့ကို တက်သွားလိုက်ပြီး..
"မာစတာ တာအို...မာစတာ. ယွဲ့..ကူညီပေးတာ ကျေးဇူးတင်ပါတယ်..."
ယွဲချီဂျုရှိီ အမြန်ပြောလိုက်တယ်..။
"မာစတာ လင်း..ဘေဂျင်းေရာက်နေတာ ဘာလို့ ကျွန်တော်တို့ကို မပြောတာလဲ..။အထူးသဖြင့် ဖမ်းခံရတဲ့ အချိန်မှာပေါ့..။ကျုပ်တို့ကိုတော့ ဖုန်းခေါ်သင့်တယ်..။အကြီးအကဲ တာအိုသာ..သတင်းမဖတ်မိရင်..ဒီကိစ္စကို သိမှာတောငိ မဟုတ်ဘူး..."
လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး...
"ဒါက ကိစ္စသေးသေးလေးပဲလေ...။ကျုပ် ခင်ဗျားတို့ကို အနောက်ယှက်မပေး ချင်ဘူး..."
တရုတ်ကိုယ်ခံ ပညာ အဖွဲအစည်းရဲ့..အတွင်းရေးမှူး ရှေ့ ကို တက်လာခဲ့ပြီး..
"မာစတာ လင်း ကျွန်တော်က ဘေဂျင်း..ကိုယ်ခံပညာ အဖွဲ့အစည်းရဲ့..အတွင်းရေးမှူးပါ..။အကြီးအကဲ..ချောင်..က..ခင်ဗျားကို လာထုတ်ခိုင်းတာ..။အကုန်အဆင်ပြေပြီ ဆိုရင် ကျွန်တော် သွားတော့မယ်.."
လင်းဖန် ဒီလူကို မသိသလို..အကြီအကဲ ချောင်ကိုလည်း မသိပါဘူး..။သို့ပေမယ့် သူ့ကို လာပြီး ကူညီတဲ့လူ ဖြစ်တဲ့ အတွက် သူပြုံးလိုက်ပြီး...
"ကူညီပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်..။သူ့ကို ကိုယ်တိုင် ကျေးဇူးတင်ဖို့..အဖွဲ့အစည်းကို လာခဲ့ပါဦးမယ်..."
သူက..ဒီတိုင်း အတွင်းရေးမှူးကိုပဲ ကျေးဇူးတင်ပြီး ပြန်လွှတ်လို့ မဖြစ်ပါဘူး..။သူ ကိုယ်တိုင်က..ရှန်ဟိုင်း ကိုယ်ခံပညာ အဖွဲ့အစည်းရဲ့.ဒုတိယ..ဥက္ကဌ ဖြစ်နေတဲ့ အတွက်.. အကြီးအကဲ ချောင်ကို သွားတွေ့မှ သင့်တော်မှာပါ..။
သို့ပေမယ့်..အဖွဲ့အစည်း.က ဒီလောက်အထိ ပါဝါရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။
အတွင်းရေးမှူးဟာ..ခေါင်းညိမ့်ပြီး ကားနဲ့ ပြန်ထွက်သွားခဲ့ပါတယ်..။
"မာစတာ လင်း..ကျွန်တော်တို့..က..ဆေးပညာ အဖွဲ့အစည်းကပါ..။ခင်ဗျား အဆင်ပြေရင်..ကျွန်တော်တို့ သွားတော့မယ်..."
တရုတ်ဆေးပညာ အဖွဲ့အစည်းက လူတစ်ယောက်ဟာ ပြောလိုက်တာပါ..။
လငိးဖန် ခေါင်းညိမ့်လိုက်ပြီး..
"ကောင်းပါပြီ..ပြသနာ ပေးမိလို့ တောင်းပန်ပါတယ်..."
တရုတ်ဆေးပညာ အဖွဲ့အစည်းဒီရောက် နေတာက ကျိုးမင်ချင်း ကြောင့်ဆိုတာ ထင်ရှားပါတယ်..။မာစတာ လင်းဆိုတာ တရုတ်ဆေးပညာရဲ့ အဓိက လူတစ်ယောကိလို ဖြစ်တာကြောင့် လူပို့ပေးဖို့က ခက်ခဲတဲ့အရာ မဟုတ်ပေ။
အဆုံးမှာတော့ တာအို ရှီဂန်နဲ့ ယွဲ့ချီဂျုရှိီတို့ပဲ ကျန်ခဲ့ပါတော့တယ်..။ဝမ်မင်ယန် သိချင်စွာ ပြောလိုက်တယ်..။
"မင်းရဲ့ အဆက်အသွယ်တွေက..ဒီလောက်အထိ ကျယ်ပြန့်မယ်လို့ မထင်ထားခဲ့ဘူး..."
လင်းဖန် ပြုံးလိုက်တယ်..သူ့မှာ တကယ်ပဲ ကျယ်ပြန့်တဲ့ နက်ဝါ့ ရှိနေခဲ့တာပါ..။ဒီပြသနာဖြေရှင်းနိုငိတာ ဒီအချက်ကြောင့်ပါပဲ..။
လူတစ်ယောက်ရဲ့စွမ်းရည်ဟာ..အကန့်အသတ်ရှိတာကြောင့်..မတူညီတဲ့ နယ်ပယ်က လူတွေနဲ့ မိတ်ဆွေ ဖွဲ့ထားဖို့ လိုအပ်ပါတယ်..။
ဒါဆိုရင်..ပြသနာ တွေ ကြုံလာရင် ဖြေရှင်းရပိုလွယ်ကူသွား မှာပါ..။
လင်းဖန် အစကသူတို့ကို..တစ်ခုခု လိုက်ကျွေးမွေးဖို့ စဥ္းစားလိုက်ပေမယ့်..ယွဲ့ချီဂျုရှီရဲ့ အနုပညာ ပြပွဲက မနက်ဖြန်ဆိုတာ စဥ္းစားလိုက်မိပါတယ်..။ဒါကြောင့် သူတို့တွေ ပြန်ပြီး ပြင်ဆင်ကြမှ ဖြစ်မှာပါ.။
တာအိုရှီဂန်နဲ့..ယွဲ့ချီဂျုရှီတို့ ..ပြန်သွားတဲ့အချိန်မှာ လင်းဖန် လက်ပြနှုတ်ဆက်လိုက်ပါတယ်..။ယင်းနောက် သူပြောလိုက်တယ်..
"သွားမယ်..ဝုယန်ဂန်ကို ဒီကိစ္စ ဖြေရှင်းပြီးပြီ လို့ပြောလိုက်ဦး..ကျုပ်တို့ ဒီည ညစာစားလို့ရတယ်..."
ဝမ်မင်ယန် ခေါင်းညိမ့်လိုကိတယ်..။ဒီနေ့က တကယ်ကံဆိုးတဲ့ နေ့တစ်နေ့ပါ..။
ယင်းနောက် သတင်းထောကိတွေဟာ ရောက်လာခဲ့ကြပါတယ်..။သူတို့ ဘယ်က သတင်းရသွားကြလဲ မသိပါဘူး..။
"ကြည့်ရတာ ကျုပ်တို့ ထွက်သွားဖို့ မလွယ်ကူတော့ဘူးထင်တယ်.."
လငိးဖန် သတင်းထောက်တွေကို မြင်ပြီး ပြောလိုက်တာပါ..။
သတင်းထောကိတွေဟာ..လင်းဖန်ကို မြင်တဲ့ အချိန်မှာ..စိတ်လှုပ်ရှားစွာ ရှေ့ကို တက်လာခဲ့ကြပါတယ်..။တစ်ချိန်တည်းမှာပဲ..သူတို့ လင်းဖန်နဲ့ ဝမ်မင်ယန်လွှတ်လာတာကိုတောင် သိပ်ဂရုမစိုက်ကြပါဘူး..။
"ဟိုင်း မာစတာလင်း..အပြင်ကို ဘယ်လို ပြန်ထွက်လာတာလဲ သိလို့ရမလား.."
သတင်းထောက်တစ်ယောက်ဟာ..မာစတာ လင်းရဲ့ နောက်ခံကို စစ်ဆေးကြည့်တဲ့ အချိန်မှာ သူက တိမ်ဖြူလမ်းမှာနေထိုင်ပြီး..ဝိုက်ဘိုပေါ်မှာလည်း..လွှမ်းမိုးနို်င်စွမ်းရှိတဲ့ လူတစ်ယောက်ပါ..။
သူက..ယန်ဂျင်နဲ့ လီမူဇီအပါအဝင် တစ်ခြား ဆ
ယ်လီတွေကိုတောင်..ဒေါသထွက်အောင် လုပ်ခဲ့ပါသေးတယ်..။
ဒီတစ်ကြိမ်မှာ ဂျင်ဟွန်မင်ကို ထောက်ခံတာ ဆယ်လီ သုံးယောက်သာ ရှိပြီး တစ်ခြား ဆယ်လီတွေက ဝင်မပါကြပါဘူး..။ဒါက ထင်ရှားတဲ့ ပြသနာ တစ်ခုပါ..။
လင်းဖန် ပြုံးပြီး ခြေထောက်ကို လက်ညိုး ထိုးပြလိုက်တယ်..
"ကျုပ်လမ်းလျောက် ထွက်လာတာ အသိသာကြီးပဲ မဟုတ်ဘူးလား."
*ဟားဟား..."
တစ်ခြားသတင်းထောက်တွေဟာ..ရယ်မောလိုက်ကြပါတယ်..။ဒီမေးခွနိးက တကယ်ကို တုံးအတဲ့ မေးခွန်းတစ်ခုပါ..။
"မာစတာ..လင်း..ဂျင်ဟွန်မင်ကို ဘယ်လို မြင်လဲခငိဗျ.."
နောက်ထပိ သတင်းထောက်တစ်ယောက်က..မေးလိုက်တာပါ..။
လင်းဖန် အနည်းငယ် ကြောင်အသွားပြီး မေးလိုကိတယ်..။
"ဂျင်ဟွန်မင်က..ဘယ်သူလဲ..."
"အာ..."
သတင်းထောက်ကြောင်အသွားခဲ့ပါတယ်ယယ်..။ဒီမာစတာလင်းက..သူ မသိတဲ့ လူတစ်ယောက်ကို ရိုက်လိုက်တဲ့ ပုံပါပဲ..။
"သူက ခင်ဗျားရိုက်ခဲ့တဲ့ ကိုရီးယာဆယ်လီလေ..."
"အိုး.."
လငိးဖန် အံ့ဩသင့်တဲ့ပုံလုပ်ပြီး ပြောလိုက်တယ်..။
"ကျုပ် ဘာမှ ထွေထွေထူးထူး ပြောစရာ မရှိပါဘူး..။ကျုပ်တကယ် ဂရုမစိုက်ဘူး..။ဘာပဲဖြစ်ဖြစ် ကျုပ်မှာကလူပ်စရာတွေ အများကြီး ရှိသေးတယ်..ဒီကိစ္စကို ဘာလို့ ဂရုစိုက်ရမှာလဲ..."
သတင်းထောက်ဟာ.ဆွံ့အသွားခဲ့ပါတယ်..
".............."
ဝမ်မင်ယန် ဘေးနားမှာ ရပ်နေခဲ့တယ်.။သူ့ သူငယ်ချင်းပ တကယ်ကို ရူးသွပ်တာပါ..။သူဖြေတဲ့ အချိန်မှာ တစ်ခြားလူတွေကို အပြစ်ပြုမိမှာကို လုံးဝ ဂရုမစိုက်ပါဘူး..။
"မာစတာလငိး ဒီကိစ္စက အင်တာနက်မှာ ရေပန်းစားနေတယ်နော်..ပြီးတော့ လူတွေ အများကြီးကလည်း ပြောနေကြတယ် ဆိုတာ့ သူတို့ကို တစ်ခုခုပြောချင်သေးလား.."
လင်းဖန် ပြန်မေဖြခင် ခနလောက်စဥ္းစားလိုက်ပြီး..
"မကြာခင်မှာ..ရုပ်ရှင်တစ်ကား..ထွက်လာဖို့ ရှိတယ် အဲတာက ဂျပန်နဲ့ စစ်ပွဲတုန်းက အကြောင်းပဲ..။အားလံူးပဲ သွားကြည့် သင့်တယ်လို့ ပြောချင်ပါတယ်..။တိုက်ခိုက်တဲ့ သတင်းအတွက်ကတော့..အချိန်ကုန်ခံပြီး ဖတ်မနေကြပါနဲ့..ဒါက မထိုက်တန်ပါဘူး..။ကောငိးပြီ ကျုပ်လည်း သွားစရာ ရှိသေးတယ် ခွင့်ပြုပါဦး.."
သတငိးထောက်တွေဟာ..လင်းဖန်ကို လက်မလွတ်ချင်ပေ..။သူတို့..ထပ်မေးချင်ကြပါသေးတယ်..။
"မာစတာ လင်း နောက်ဆုံးမေးခွန်းပါ..။ဂျင်ဟွ်နင်က ..နာမည်ကြီး ဆယ်လီ ဖြစ်ပြီး..ဒီကိစ္စက သူ့ကို အများကြီးထိခိုကိစေတယိလေ..။သူ့ရဲ့ မန်နေဂျာ ပြောတာက သူတို့ ထိခိုက်နစ်နာမူတွေ အတွက် ခင်ဗျားကို တရားစွဲဖို့ လုပ်နေတယ်တဲ့..။ဘာပဲဖြစ်ဖြစ် ဂျင်ဟွန်မင် တစ်လ နှစ်လလောက် နားလိုက်တာက..ဒေါ်လာ သန်းတစ်ရာ နီးပါးလောက် ထိခိုက်နစ်နာ သွားတာလေ."
သတင်းထောက် တစ်ယောက်ဟာ မေးလိုက်တာပါ..။
ိ
လင်းဖန် မတ်တပ်ရပ်ပြီး မေးလိုက်တယ်..။
"ကျုပ်ကို သူဌေးတစ်ယောက်လို့ ခင်ဗျားထင်လား..."
သတင်းထောက်ဟာ အံ့ဩသွားပြီး ပြန်ဖြေလိုက်တယ်..။
"ဟင်အင်း.."
လင်းဖန် ပြုံးလိုက်ပြီး..
"ဒါအမှန်ပဲ..။ကျုပ်မှာ ဘာပိုက်ဆံမှ မရှိဘူး..။ကျုပ်သူ့ကို ဘာနဲ့ ပြန်ပေးနိုင်မှာလဲ..။စကားပုံအတိုင်း ပိုက်ဆံ မရှိရင် ဘဝနဲ့ ပြန်ပေးလို့ရတယ်လေ..။ကျုပ်သူ့ကို တစ်ဆင့်မှ ပေးမှာ မဟုတ်ဘူး..။သူ့မှာ အရည်အချင်းရှိရင် ကျုပ်ကို..ပြန်လာရိုက်လို့ ရတယ် ကျုပ်သူ့ကို တရားစွဲမှာ မဟုတ်ဘူး..."
သတင်းထောက် "............"
မာစတာ လင်းက အနည်းငယ် အရှက်မရှိဘူးလို့ သူတို့ ခံစားနေရပါတယ်...။
သတင်းထောက်ဟာ ထပ်မေးလိုကိတယ်..။
"မာစတာ လင်း..ထောင်ကျမှာ မကြောက်ဘူးလား.."
လငိးဖန် ထွက်သွားဖို့ လုပ်နေရင်းက ပြန်လှည့်ပြီး ဖြေလိုက်တယ်..။
"ကမ္ဘာမြေကြီးပေါ်မှာ ရှိနေသ၍ နေရာတိုင်းက ကျုပ်အတွက် အတူတူပါပဲ..။ကောင်းပြီ မေးတာတွေ တော်လောက်ပြီ ကျုပ်သွားစရာ ရှိလို့ သွားတော့မယ်.."
သတင်းထောက်တွေဟာ..လင်းဖန်နဲ့ဝမ်မင်ယန် ထွက်သွားတာကို ကြည့်ပြီး တစိယောက် မျက်နှာ တစ်ယောက် ကြည့်နေခဲ့ပါတယ်..။ဂျင်ဟွန်းမင် သာ မာစတာ လင်းရဲ့ အဖြေတွေကို သိရင်..ဒေါသထွက်မှာ ကျိန်းသေပါပဲ..။