မာစတာ လင်း ကြမ်းတမ်းပြန်ပြီ
Vol. 29 Ch. 427
#ဘာသာပြန် = စနိုးဝှိုက်..
ဝုယန်ဂန်ဟာ အနည်းငယ် ရှက်ရွံ့နေခဲ့တယ်..။ဒါက သူ မစွမ်းဆောင်နို်င်လို့ မဟုတ်ပါဘူး..။ဟို ကိုရီးယား ဆယ််လီကိုက တရုတ်ပြည်မှာ အတော်ကျော်ကြားနေလို့ပါ..။
ဒါကြောင့် ..ဝမ်မင်ယန် သိတဲ့ လူတွေက..လငိးဖန် တို့ရင် အရင်းအနှီးကြီးတယ် ဆိုတာ သိထားကြပါတယ်...။သူတို့ ဒီလောက်အထိ မရင်းနှီးရဲကြပါဘူး..။
"အကြီးအကဲ ဝု ဒါက အဆင်ပြေပါတယ်..။ခင်ဗျားလဲ အကောင်းဆုံး ကြိုးစားခဲ့တာပဲ..။ဘာပဲဖြစ်ဖြစ် ကျုပ်တို့ လွှတ်လာပြီလေ..."
ဝုယန်ဂန် ရှက်ရွံ့စွာ ပြုံးပြီး ပြောလိုက်တာပါ..။
ဝုယန်ဂန် ရှက်ရွံ့စွာ ပြန်ပြောလိုက်တယ်..။
"အဲလိုလဲ မဟုတ်ဘူး..။ကျုပ်ရဲ့ အဆက်အသွယ်တွေနဲ့ ဘာ မှ မလုပ်ပေးနိုင်တာက တကယ်ကို ရှက်စရာပဲ.."
လငိးဖန် လက်ဝေ့ယမ်းလိုက်တယ်..။
"ဒါ အဆင်ပြေပါတယ်..။ဒီအကြောင်းကို မပြောနဲ့တော့..။မတွေ့တာ ကြာပြီဆိုတော့..ညစာ အတူတူသွားစားကြရအောင်..။ခင်ဗျား..ဝမ်မင်ယန် နဲ့ ရင်းနှီးမယ့် ပရောဂျက် အကြောင်းလဲ နားထောင်ချင်သေးတယ်..."
ဝုယန်ဂန် ပြုံးလိုက်ပြီး..
"ဒီပရောဂျက်က မာစတာ လင်းရဲ့ လမ်းညွှန်မူနဲ့ ဆိုရင်..အောင်မြင်မှာ အသေအချာပဲ..."
ဝမ်မင်ယန် ပြုံးလိုက်ပြီး..
"ဒါပေါ့..ကျုပ်လေဆိပ်မှာတုန်းက..သူ့ကိုဒီအကြောင်း မေးသေးတယ်..။ဒီပရောဂျက်ကနေ..ကျုပ်တို့..ဒေါ်လာ သန်းချီ အမြတ်အစွန်း ကျန်မှာတဲ့..."
"တကယ်လား.."
ဝုယန်ဂန် အံ့ဩသင့်သွား ခဲ့ပါတယ်..။
"ဒါပေါ့.."
ဝမ်မင်ယန် လင်းဖန်ကို အတော်ယုံကြည်တာပါ...
လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..
"အရမ်းအပျော်မစော နဲ့ဦး..။တည်တည်ငြိမ်ငြိမ်နေကြ..ဂရုတစိုက် မလုပ်ရင် အရာရာတိုင်းက ပြောင်းလဲ သွားနိုင်တယ်လေ.."
"နားလညိပြီ နားလည်ပြီ...."
ဝုယန်ဂန် ဘေဂျင်းက ဖြစ်တဲ့ အတွက် လင်းဖန်တို့ နှစ်ယောက်ကို စျေးအကြီးဆုံးနဲ့ အဆင့်အတန်း အမြင့်ဆံူးနေရာတွေဆီ ခေါ်သွားခဲ့ပါတယ်..။ငယ်ရွယ်တဲ့ လူက..ချမ်းသာတဲ့ လူနဲ့ ပေါင်းသင်းတာ အကောင်းဆုံးပါပဲ..။
သူတို့..ည ၁၁ နာရီ အထိ ဗိုက်ပြည့်အောင် စားသောက်လိုက်ကြပါတယ်..။ဝုယန်ဂန်ဟာ..လင်းဖန်နဲ့ ဝမ်မင်ယနန်အတွက် အနောက်တိုင်း ဝတ်စုံ ဘုကငလုပ်ပေးပြီး..သူတို့ အနားယူလိုက်ကြတယ်..။
နောက်တစ်ရက်..။
သတင်းတွေဟာ တက်လာခဲ့ပါပြီ..။
ဂျင်ဟွန်မင် ရဲ့ မတော်တဆ မူက ပြီးသွားပြီ ဆိုပေမယ့်..သတင်းထောက်တွေက..ကိုရီးယား ဆယ်လီ ဖြစ်တဲ့တွကိ သတင်းရေးဖို့ကိုပဲ ချောင်းနေကြတာပါ..။
လင်း်ဖန် ရဲ့ အဖြေတွေကို သူတို့ သတင်းတွေမှာ တင်ပေးလိုက်ကြတယ်..။အပြင်လူတွေကတော့..လင်းဖန်ကို မောက်မာတဲ့ လူလို့ မြင်နိုင်ပေမယ့်..လင်းဖန်ကတော့..သူ့ကိုသူ နိမ့်ချပြီးနေနေတဲ့ လူလို့ ထင်နေခဲ့တာပါ..။
ဆေးရုံတွင်..။
ဂျင်ဟွန်မင်ဟာ အိပ္မက်မက် နေခဲ့တယ်..။ဒါက တကယ်ကို မယုံကြည်နိုင်စရာ ခံစားချက်ပါပဲ...။သူက ပရိတ်သတ်တွေကို အရမ်းဆွဲဆောင်နိုင်ပြီး..သူ့ရဲ့ လက်မှတ်တွေ စျေးနှုန်းကလည်း အရမ်းကို များပြားပါတယ်..။အဆုံမှာတော့..သူ ပိုက်ဆံတွေကို ပိုက်ကာ ပြန်သွားပြီး ကိုရီးယားမှာလည်း ထပ်အောင်မြင်ခဲ့တယ် လို့ အိပ်မက်မက်နေခဲ့တာပါ..။
သိုပေမယ့်..သူမျက်လံူးဖွင့်တဲ့ အချိန်မှာ..ဒါက အိပ်မက်တစ်ခုမှန်း နားလည်လိုကိပါတယ်..။
ဂျင်ဟွန်မင်...တရုတ်ပြည်ကို..ကုမ္ပဏီတစ်ခုနဲ့ ယာယီ စာချုပ်ချုပ်ပြီး လာခဲ့တာပါ..။ဒီကုမ္ပဏီကပဲ..ပူးပေါင်းမူတွေ အကုန်လုံးကို စီစဥ္ပါတယ်.။သို့ပေမယ့် သူက အိပ်ယာပေါ်မှာ လှဲနေရတာကြောင့်..ဘာပွဲကိုမှ သွားမတက်နိုင်ပါဘူး..။ဒါက သူ့အတွက်တော့ ကြီးမားတဲ့ ရိုက်ခတ်မူကြီးပါပဲ..။
သူ အိပ်ယာထဲမှာ လှဲနေပြီး ဖုန်းသုံးနေခဲ့တယ်..။
သူ ဘာသာစကား..ပြောင်းလဲ နိင်တဲ့ ဆော့ဝဲကို အသုံးပြု နေခဲ့ပါတယ်..။
ဆိုရှယ် မီဒီယာမှာ ဝိုက်ဘိုက အတော်ကို ကောင်းမွန်ပါတယ်..။ဒီ တရုတ်ပြည်က မှတ်ချက်တွေကို ဖတ်ရင်..သူ့မှာ..တကယ့်ပရိတ်သတ်အစစ်အမှန်တွေ ရှိသေးတာကို သိပြီး ကျေနပ်ရပါတယ်..။
"ငါ့ရဲ့ ချစ်လှစွာသော ဘေဘီလေးတို့..။ငါအဆင်ပြေပါတယ်..။မင်းတို့ ဆုတောင်းပေးးတာတွေ အတွက် ကျေးဇူးတင်ပါတယ်နော်.."
ဂျင်ဟွန်မင်ဟာ...ပို့စ်တင်လိုက်ပြီး..မှတ်ချက်တွေကို မြင်တဲ့အချိန်မှာ ပြုံးလိုက်ပါတယ်..။
သူက ကိုရီးယားမှာ ဆိုရင်..ဘာကောင်မှ မဟုတ်တာကြောင့် ဒီလို ခံသားချက်မျိုးကို မရဖူးပါဘူး..။
သို့ပေမယ့်..တရုတ်မှာကတော့..အတော်ကို ကွာခြားပါတယ်..။သူ ..ဒီမှာ ဆို အတော်ကို ခံစားချက်ကောင်းမွန်တာပါ..။
ထပ်ပြောရရင် ..သူ့ရဲ့ စီနီယာတွေ တရုတ်ကိုလာပြီး ငွေရှာကြတာကို သူတွေ့ဖူးပါတယ်။ဒါပေမဲ့ သူတို့က စကားတွေ အများကြီးပြောလို့ ဘန်းခံကြရတာရှိပါတယ်.။ဒါကြောင့်..သူရဲ့ ခံစားချက်တွေကို..ဘယ်သူ့ကိုမှ မပြောပါဘူး..။
သူ ပိုက်ဆံတွေ အများကြီး ဝငိအောင် စောင့်နေတာဖြစ်ပြီး..ကိုရီးယားကိုပြန်ရောက် တဲ့ချိန်မှ ရသစုံရှိုးတစ်ခုမှာ သူ့ရဲ့ ခံစားချက်တွေကို ပြောမှာပါ..။
သူဘာပြောရမလဲ ဆိုတာတောင် တွေးထားပြီးပါပြီ..။
"ဒီတရုတ်တွေက..ချမ်းသာပေမယ့် တုံးအကြတယ် ..။ကိုရီးယားက သေးငယ်တဲ့ ဆယ်လီတောင် သူတို့ဆီကို သွားပြီး သူတို့ ဆယ်လီ တွေ ကို ရိုက်ချလို့ရတယ်.."
ယင်းနောက် သူ့ရဲ့ မန်နေဂျာ ဝင်လာခဲ့ ပါတယ်..။
"ဟွန်မင် ..ဘယ်လို..ခံစားရလဲ.."
ဂျင်ဟွန်မင် ခေါင်းညိမ့်လိုက်ပြီး.
"အဆင်ပြေပါတယ်..အခြေအနေတွေ ဘယ်လိုလဲ.."
မန်နေဂျာဟာ ပြန်ပြောလိုက်တယ်..။
"တစ်ချက်ကြည့်လိုက်ရအောင်..."
မန်နေဂျာ သတင်းခေါင်းစဥ်တွေကို.. ဖတ်ကြည့်တဲ့ အချိန်မှာ ကြောင်အသွားခဲ့ပါတယ်။
ဂျင်ဟွန်မင် သူမ အမူအရာကို မြင်ပြီး သိချင်သွားခဲ့တယ်..။သူ ဖုန်းကို ယူကြီး ကြည့်လိုက်တယ်..။စာသားတွေ ကိုရီးယားလို ပြောင်းသွားတဲ့ အချိန်မှာ သူကြောင်အသွားခဲ့ပါတယ်..။
"လူလိမ် ကောင်..."
ဂျင်ဟွန်မင်..ကျိန်ဆဲလိုက်တယ်..။သူ ဒေါသထွက်သွားခဲ့ပြီး...
"ဒီတရုတ် ကောင်က အတော် အရှက်မရှိတာပဲ.."
"ပြီးတော့..သတင်းထောက်တွေ..ဒီကောင်တွေကဟဘယ်လိုဖြစ်ပြီး ဒီလို ပြောနိုင်တာလဲ.."
မန်နေဂျဟာ..နှစ်သိမ့်ဖို့ ကြိုးစား လိုက်တယ်..။
"ဟွန်မင်..အရမ်းလည်း စိတ်မပူပါနဲ့..။ဒေါက်တာ ပြောတာကတော့..သေချာ အနားယူရမယ်တဲ့..."
ဂျင်ဟွန်မင် ပြောလိုက်တယ်..။
"ငါ..ပွဲတွေ တက်ချင်တယ်..."
မန်နေဂျာဟာ ကြောင်အသွားပြီး..
"ဘာပြောလိုက်တယ်.."
ဂျင်ဟွန်မင် ထပ်ပြောလိုက်ပါတယ်..။
"ငါ ဒီကောင်ကို အရှုံးမပေးချင်ဘူး..။ငါ..ပူးပေါင်းထားတဲ့ ပွဲတွေကို တက်ချင်တယ်..။ငါ ဒီမှာ တစ်လလုံးလှဲနေရင်..ကမ္ဘာကြီးက မေ့သွားကြလိမ့်မယ်..။ကျေးဇူးပြုပြီး စီစဥ္ပေးပါ..ငါ ပွဲတွေကို တက်ပါ့မယ်.."
"ဒါပေမဲ့ ..မင်းရဲ့ ကျန်းမာရေး..."
မန်နေဂျာ တွေဝေနေခဲ့ပါတယ်..။
"ငါဝီးချဲပေါ်မှာ ထိုင်ပြီး ပွဲတက်မယ်လေ.။အဲတာဆို တရုတ်က ပရိတ်သတ်တွေ..ဘယ်လို တုန့်ပြန်ကြမလဲ..."
မန်နေဂျ ပြုံးလိုက်ပြီး..
"သူတို့ ကျိန်းသေ အံ့ဩသွားကြမှာပါ့.။ပြီးတော့..မင်းက သူတို့ရဲ့ အိုင်ဒေါ ဖြစ်လာလိမ့်မယ်..။မင်း သူတို့ရဲ့ ခံစားချက်တွေကို..သနားအောင် ကြိုးစားနိုင်ရင်ပိုပြီး..အကျိုးရှိမှာ အသေအချာပဲ.."
ဂျင်ဟွန်မင် ပြုံးလိုက်ပြီး..
"ကောင်းပြီ ..ငါပြောချင်တာလဲ ဒါပဲ..."
မန်နေဂျာဟာ ပိုပြီး စိတ်လှုပ်ရှားနေခဲ့ပါတယ်..။ဒီအခြေအနေကို ဖြေရှင်းဖို့..ဒီနည်းလမ်းက အကောင်းဆုံးပါပဲ..။ဂျင်ဟွန်မင်သာ..ပရိသတ်တွေရှေ့ထွက်လာရင် အကုန်စိတ်လှုပ်ရှား ကုန်ကြမှာပါ..။
အင်တာနက်တွင်..။
မြို့သားတွေဟာ သတင်းတွေကို ဖတ်ပြီး ဆွေးနွေးနေခဲ့ကြပါတယ်..။လူအများကြီးဟည လင်းဖန် ရဲ့ ဝိုက်ဘိုမှာ မှတ်ချက်တွေ လာရေးနေခဲ့ကြတယ်..။
"666 သူက ငါ့ရဲ့အိုင်ဒေါပဲ..."
"ဟားဟား..မာစတာ လင်းရဲ့ စကားတွေက ဒေါသထွက်ဖို့ ကောင်းတယ် .။ဒါပေမဲ့..ငါ သူပြောတာ နားထောင်ရင်း စိတ်လှုပ်ရှားနေသလိုပဲ..."
"ငါ မာစတာ လင်းရဲ့ ကျယ်ပြန့်တဲ့ အဆက်အသွယ်တွေကို လေးစားမိတယ်...။သူ့ကို တစ်ယောက်ယောက်က..ကူထုတ်ပေးလိုက်တဲ့ ပုံပဲ.."
"ဂျင်ဟွန်မင် ဘယ်လို နေမလဲ ငါသိချင်မိတယ်.."
"မာစတာ လင်း ဘာလုပ်နေတာလဲ..။ အခုချိန်သူ ဝိုက်ဘို်မှာ ပေါ်လာသင့်တာလေ.."
အဲ့အချိန်မှာတော့..။
လငိးဖန် နိုးလာခဲ့ပြီး အငတာနက်မှာ ဘာတွေဖြစ်နေလဲ မသိသေးပါဘူး..။အခုချိန်မှာ သူ့အတွက် အရေးကြီးဆုံးက..နိုင်ငံရဲ့ အနုပညာ ပြပွဲကို တက်ရောက်ဖို့ အတွက်ပါ...။