နိမ့်ချပြီး...
Vol. 29 Ch. 428
#ဘာသာပြန် = စနိုးဝှိုက်
ွဲယွဲ့ချီဂျုရှီရဲ့ အနုပညာပြပွဲဟာ..နိုင်ငံကိုယ်စားပြုသဘော မျိုးနဲ့ ကိုယ်တိုင်ဦးစီးကျင်းပ ခဲ့တာပါ..။သို့ပေမယ့် သာမန်လူတွေ လာလို့ မရအောင် သူပြင်ဆင်ထားခဲ့ပါတယ်..။အနုပညာ အပေါ် စူးရှတဲ့ အမြင်ရှိတဲ့ လူတွေသာ..ဒီ..အနုပညာပြပွဲ ကို လာခွင့်ရကြမှာပါ..။သူတို့ သဘောကျတဲ့ ပန်ချီကား ချပ်ကို တွေ့ရင်..သူတို့..ဒီက စီစဥ်သူတွေကို ဝယ်ယူဖို့ စကားပြောနိုင်ပါတယ်။
အနုပညာ လောကမှာ..ယွဲ့ချီဂျုရှီဟာ..လွှမ်းမိုးနိုင်စွမ်း ရှိတဲ့ လူတစ်ယောက်ပါ..။သူ့ရဲ့ ပန်းပွင့်နဲ့..တိရစ္ဆာန် အထူးပြု ပနိချီကား တွေက အရမ်းကိုကျော်ကြားလှပါတယ်။
လငိးဖန် ဟော်တယ်က ထွက်လာတဲ့ အချိန်မှာ..ဝမ်မင်ယန်ကို သူနဲ့ အတုလိုက်ခဲ့ဖို့ လုံးဝ မပြောခဲ့ပါဘူး..။သူ တိတ်တဆိတ်ပဲ ..ထွက်လာခဲ့တာပါ..။ဝမ်မင်ယန် မှာ.သူ့အလုပ်နဲ့ သူရှိတယ်လို့ ပြောနေပေမယ့်..သူနဲ့ ဝုယန်ဂန်ရဲ့ အလုပ်ကိစ္စဖြစ်ပြီး..သူတို့က ဘယ်ချိန်ဆွေးနွေး ဆွေးနွေး ရကြပါတယ်..။
သူ ဓာတ်လှေကား..အောက်ကို ရောက်တဲ့ အချိန်မှာ လင်းဖန်..လင်းဖန်ရပ်လိုက်ပါတယ်..။ဝမ်မင်ယန်က..သူနဲ့ အတူ ဘေဂျင်းကို လိုက်လာပြှီ ဆိုမှတော့ သူလည်း ဒီလို ပန်ချီပြပွဲကို ..ကြည့်ချင်မှာပဲလု့ိ သူတွေးလိုက်မိတာပါ.။
သူ ခနအကြာ တွေ ဝေနေပြီး.. ဟော်တယ်က ဝမ်မင်ယန်ရဲ့ အခန်းဆီကို ပြန်သွားလိုက်တယ်..။
ဒေါက် ဒေါက်...
သူ တံခါးကို ခေါက်လိုက်တဲ့ အချိန်မှာ ဘာတုန့်ပြန်မူမှ မကြုံရပါဘူး..။
သန့်ရှင်းရေးဝန်ထမ်းဟာ..ဘေးနားက လျောက်သွားရင်း ပြောလိုက်တယ်..။
"ကောင်လေး..ဒိီအခန်းရဲ့ ဧည့်သည်က ဒီနေ့မနက်တင် ထွက်ခွာသွားခဲ့ပြီ..."
လင်းဖန် မျက်မှောက်ကျုတ်လိုက်ပြီး..စိတ်ထဲက မကျေမနပ်ဖြစ်သွားခဲ့တယ်.။သူက..စိတ်မကောင်းဖြစ်ပြီး ဝမ်မင်ယန်ကို ခေါ်သွားဖို့..လုပ်ပေမယ့်..ဝမ်မင်ယန်ကတော့...သူ မပါပဲ နဲ့တောင် သွားချင်ရာ သွားခဲ့ပါပြီ..။ယင်းနောက် သူ နောက်ကိုတောင် လှည့်မကြည့်ပဲ..ချက်ချင်း လှည့်ထွက်သွားခဲ့တယ်..။
သူ ဝမ်မင်ယန်ကို ထပ်ပြီး မခေါ်ချင်တော့ ပါဘူး..။
သိပ်မကြာခင်မှာပဲ..ဝမ်မင်ယန်ဟာ..မနက်စာကိုပျော်ရွှင်စွာ. ဝယ်ပြီး ပြန်လာခဲ့ပါတယ်..။ယင်းနောက်..သူပြန်လာပြီး .လင်းဖန်ရဲ့ တံခါးကို ခေါက်လိုက်တယ်..။
ပြန်တုန့်ပြန်မူ မရှိပေ..။
အစောက..လျောက်သွားတဲ့ သန့်ရှင်းရေးဟာ.မြင်ပြီး ပြောလိုက်ပါတယ်.။
"ကောင်လေး..ဒီအခန်းက ဧည့်သည်က ထွက်သွားပြီ..."
ဝမ်မင်ယန် ကြောင်အသွားခဲ့တယ်..။သူ အချိန်ကို ကြည့်ပြီး မပျှော်မရွှင်ဖြစ်သွား ခဲ့ပါတယ်..။
စိတ်တိုစရာပဲ...သူက ငါ့ကိုတောင် မစောင့်ဘူး....ငါ သူ့အတွက် မနက်စာ ဝယ်ခဲ့တာတော့..အလဟသ ဖြစ်ပြီ....
ယင်းနောက် ဝမ်မင်ယန်ဟာ..သူ့အခန်းထဲကို အမြန်သွားကာ.. ဝုယန်ဂန် နဲ့ အလုပ်ကိစ္စအတွက် ညှိနှိုင်းဖို့ ပြင်ဆင်လိုက်ပါတယ်..။
ဘေဂျင်း အနုပညာ ပြပွဲ စင်တာ...။
လင်းဖန်..ဝင်ပေါက်ကို..လျောက်သွားခဲ့တယ်..။ယွဲ့ချီဂျုရှီက..ဒီတစ်ကြိမ်လေးလေး နက်နက်ပြင်ဆင်ထားခဲ့ပါတယ်..။ဒီအခမ်းအနားက..အရမ်းကို ခမ်းနားနေခဲ့ တာပါ..။
အခမ်းအနား မစတင်ခင်..အချိန်တစ်ချို့..ကျန်နေပါသေးတယ်..။
သူ ဝိုက်ဘိုကို..ဖွင့်ိလိုက်တယ်..။
သူ ဂျင်ဟွန်မင်ရဲ့ သတင်းကို မြင်တဲ့ အချိန်မှာ အံ့ဩသွားခဲ့ပါတယ်..။အင်တာနက် တစ်ခုလုံး..ဂျင်ဟွန်မင်ရဲ့..သတင်းနဲ့ပဲ..ပြည့်နှက်နေခဲ့တာပါ..။မြို့သားတွေ အကုန်လုံး.. က..သူနေမကောင်းတာတောင်..ပွဲသွားတက်တဲ့ အကြောင်းကို ပြောနေခဲ့တာပါ..။
သတင်းရေးတဲ့..လူတွေကလည်း..သတင်းကို.စောက်ကျိုးနဲအောင် ရေးထားတာပါ..။
"ဒါက ပရိတ်သတ်အတွက်ပဲ..။ဘာပဲဖြစ်ဖြစ်..ပြသနာ မရှိဘူး..။ဘာကိစ္စမှ ပြောင်းလဲ မသွားဘူး..ပရိသတ်ကို သွားတွေ့တာ..."
လင်းဖန် အတွက်ကတော့..ဒီစာကြောင်းက..ကြွားဝါနေသလိုပါပဲ..။သို့ပေမယိ့ .ဒီကောင့်ပရိတ်သတ်တွေကတော့..အတော်ကို.. ချစ်နေခဲ့ကြပါတယ်..။ဒါက တကယ်ကို ဆွံ့အစရာပါပဲ..။
"ဟွန်မင်..အိုပါး.. အရမ်းချစ်တယ်နော်..."
"ဘာပဲဖြစ်ဖြစ်..ကိစ္စမရှိဘူး..ကျွန်မတို့..ရှင့်ဘက်မှာ အမြဲရှိတယ်.."
"တိုက်ခိုက်မူတွေ..အခက်အခဲတွေက..ဟွန်မင် အိုပါးကို..ကျရှုံးအောင် လုပ်နိုင်မှာ မဟုတ်ဘူး..."
ဒီမှတ်ချက်တွေကို မြင်တဲ့ အချိန်မှာ လင်းဖန် ..ဘ၀ာပြောရမလဲ တောင် မသိတော့ပေ..။သူ့ရဲ့ လက်က..စခရင်ကို ခနထိပြီး တွေဝေသွားခဲ့ပါတယ်..။သူ မှတ်ချက် ဝင်ရေးသင့်လားလို့ စဥ္းစားနေခဲ့တာပါ..။သူ ရေးလိုက်ရင် ..ဒီပရိတ်သတ်တွေက ဝိုင်းပြီး တိုက်ခိုက်ကြမှာ အသေအချာ ပါပဲ..။
သို့ပေမယ့်..သူ ဒါတွေတွေးပြီးတာတောင် ပို့စ်တင်ဖို့. ဆုံးဖြတ်လိုက်ပါသေးတယ်..။
"တုံးအတဲ့ ပရိတ်သတ်တွေ..ကမ္ဘာကြီးက အန္တာရယ်ရှိလာသလိုပဲ.."
လင်းဖန် ဒါကို ရေးပြှီးတာနဲ့ သူ့ဖုန်းကို..အိပ်ကပ်ထဲ ထည့်ထားခဲ့ပါတယ်..။
ဂျင်ဟွန်မင်ရဲ့ ပရိတ်သတ်တွေဟာ..လင်းဖန် ဘာကို ပြောချင်မှန်း မသိကြပါဘူး..။သို့ပေမယ့် လင်းဖန်က သူတို့ရဲ့ ရန်သူဖြစ်တဲ့ အတွက်.. လုံးဝ စကားပြောဖို့ အခွင့်အရေးပေးမှာ မဟုတ်ပေ..။
အထဲဝင်ရမယ့် အချိန်ပဲ..။
သူ ပြပွဲ ခန်းမထဲကို ဝင်လိုက်ပါတယ်..။
လူတိုင်းအထဲကို ဝင်လို့ရပေမယ့်..အထဲကို မဝင်ခင်..ပါလာတဲ့ ပစ္စည်းတိုင်းကို သေချာ စစ်ဆေးကြပါတယ်..။
အစကတော့ ဒီလို စစ်ဆေးဖို့ မလိုအပ်ပါဘူး..။သို့ပေမယ့်..ယွဲ့ချီဂျုရှီရဲ့..အရေးအပါဆုံး..ပန်ချီကားတစ်ချပ်ပါဝင်လို့..စိုးရိမ်ပြီး..ဒီလို လုပ်ဖို့ ဆုံးဖြတ်လိုက်ကြတာပါ..။
ဒီမှာ..အနုပညာ..ချစ်သူတွေ ..အများကြီး ရောက်နေကြပါပြီ..။သူတို့ နံရံက ပန်ချီကားတွေကို ကြည့်ပြီး..ဒေါသထွက်နေခဲ့တာပါ..။အနုပညာကို မခံစားတတ်တဲ့ လူတွေဟာ..ဒီတိုင်းသာ ကြည့်နေကြပြီး..အနုပညာကို..ခံစားတတ်ကြတဲ့..လူတွေကတော့..မတူညီတဲ့ အမြင်တဲ့..ကြည့်နေခဲ့ကြပါတယ်..။သူတို့က..ဒီပန်ချီကားတွေမှာ ဖော်ပြချင်တဲ့..အဓိပ္ပါယ်တွေကို ပါ လေးလေးနက်နက် ခံစားချင်နေကြတာပါ..။
လင်းဖန် ယွဲ့ချီဂျုရှိီ နဲ့ ကျန်တဲ့ လူတွေကို ချက်ချင်းလို်က်မရှာခဲ့ပေ..။သူ ပန်ချီကားတွေဆီကိုလျောက်သွားပြီး..တီးတိုး..ပြောနေကြတဲ့..လူတွေရဲ့ စကားကို နားထောင်လိုက်ပါတယ်..။
"ယွဲ့ချီဂျုရှီရဲ့ 'ပန်းပွင်တစ်ရာ တိုက်ခိုက်ခြင်း' ပန်ချီကားက အတော်ကို..အံ့ဩဖို့ကောင်းတာပဲ..."
"ဒီအနုပညာက..အတော်ကို ကောင်းမွန်တယ်.."
"ဒီမှာ အသိမ်မွေ့ဆံူး ပန်ချီကားကတော့..မာစတာလင်းရဲ့ ' ဖီးနစ်တစ်ကောင်ကို ငှက်ပေါင်းတစ်ရာ ဝန်းရံခြင်း' လို့ပဲထင်တယ်...။ဒီပန်ချီကားက..ဒီမှာ အကောင်းဆုံးပဲ..။မင်းတို့..သေချာကြည့်သင့်တယ်..."
"တကယ်လား..."
"ဒါပေါ့..သေချာတယ်.."
ယင်းနောက် လင်းဖန် ဖြတ်ပြောလိုက်ပါတယ်..။
"ကျုပ်လည်း အဲ့ပန်ချီကားကို ကြည့်ပြီးသွားပြီ..။အတော်ကို မယုံနိုင်စရာကောင်းတာ..။ဒီမာစတာလင်းက ကျော်ကြားတဲ့ လူတစ်ယောက် မဟုတ်ပေမယ့်လည်း..သူ့ရဲ့ ပန်ချီကားက..ဆယ်စုနှစ်အတွင်းမှာ အကောင်းဆုံး..တစ်ခုပဲ..။ဒီပန်ချီကားရဲ့ တန်ဖိုးက အတော်ကို ကြီးမားလိမ့်မယ်..."
"တကယ်လား...ငါသွားကြည့်လိုက်ဦးမယ်.."
"ငါရောပဲ.."
လင်းဖန် ဒီလူတွေ သူ့ရဲ့ ပန်ချီကားဆီကို လျောက်သွားတာမြင်ပြီး ပြုံးလိုက်ပါတယ်..။သူက ..ကိုယ့် ဂုဏ်ကို ဖော်နေတဲ့ လူတစ်ယောက်လိုပါပဲ.။ဒီပန်ချီကားကို ဆွဲတဲ့ လူက..သူမှန်း မသိကြပေ..။
"မာစတာ လင်း.."
ယင်းနောက်..ရင်းနှီးတဲ့ အသံတစ်ခုကို ကြားလိုက်ရပါတယ်..။
လင်းဖန် လှည့်ကြည့်လိုက်ပြီး..
"မာစတာ ယွဲ...မာစတာ တာအို..."
ယွဲ့ချီဂျုရှီ ပြုံးလိုက်ပြီး..
"မာစတာ လင်း..ရောက်နေတာကို ဘာလို့ ကျွန်တော်တို့ကို မပြောတာလဲ.."
လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..
"ကျွန်တော် ..ဒီကို အရင်ပတ်ကြည့်နေတာပါ.."
"လာ..ကျုပ်ရဲ့ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးမယ်...။သူ တို့က..မာစတာ လင်းလို..အစစ်အမှန် ပညာရှင်နဲ့ တွေ့ချင်နေကြတာ.."
ယွဲ့ချီဂျုရှီ ပြုံးပြီး ပြောလိုက်တာပါ.။
"ခင်ဗျားက.အရမ်းယဥ်ကျေးတာပဲ.."
လင်းဖန် ပြုံးလိုက်တယ်..။မာစတာတွေ တွေကြတဲ့ အချိန်မှာ..တစ်ယောက်ရဲ့ ပန်ချီကားကို တစ်ယောက် ချီးကျုးကြမှာပါ..။လူတွေက..သူ့ကို တစ်ခြားလူငယ်တွေနဲ့ အသက်တူတူ ပဲလို့ မြင်နိုင်ပေမယ့် သူ့ရဲ့ကျွမ်းကျင်မူတွေကတော့ မတူညီပါဘူး..။
ယွဲ့ချီဂျုရှီဟာ..အရမ်းကိုပျော်ရွှင်နေခဲ့တယ်...။ဒါက သူ့ရဲ့ အောင်မြင်တဲ့ အနုပညာ ပြပွဲကြောင့် လည်း ဖြစ်နိုင်ပါတယ်..။
အနုပညာ လက်ရာတွေကို ကြည့်ဖို့ လာတဲ့ လူတိုင်းက..မာစတာလင်းရဲ့ ပန်ချီကားရှေ့ရောက်ရင်..အံ့ဩငေးမောပြီး ကြည့်ကြရတာပါ..။
သူတို့ ဒီအနုပညာ လက်ရာကို အတော်သဘောကျတယ်ဆိုတာ ထင်ရှားပါတယ်..။
သီးသန့်ခန်းထဲတွင်.။
လင်းဖန် အထဲကို ဝင်လိုက်တဲ့ အချိန်မှာ..အကြီးအကဲ လူကြီး တစ်ချို့ဟာ..လင်းဖန်ကို ကြည့်လိုက်ပြှး..ယွဲ့ချီဂျုရှီနဲ တာအိုရှီဂန် တို့ကို ကြည့်လိုက်ပါတယ်။သူတို့က...ဘယ်သူလဲ ဆိုတာ သိချင်နေကြတဲ့ ပုံပါပဲ..။
ယွဲ့ချီဂျုရှီ ပြုံးလိုက်ပြီး..
"ဒါက မာစတာ လင်းပါ...။ခင်ဗျားတို့ တွေ့ချင်လို့ စောင့်နေတဲ့ လူတစ်ယောက်ပေါ့..."
အချင်းချင်း ဆွေးနွေးနေကြတဲ့ အကြီးအကဲ တစိချို့ဟာ..မယုံကြည်နိုင်စွာ..မတ်တတ်ထရပ်လိုက်ကြပါတယ်..။
မာစတာလင်း ဆိုတာ ဒီလောက် ငယ်နေလိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ကြပါဘူး..။ဒါက အတော်ကို မယုံကြည်နိုင်စရာ ကောင်းပါတယ်..။
အကြီးအကဲ တစ်ယောက်ဟာ..ပြုံးလိုက်ပြီး..
"ငယ်ရွယ်တဲ့ လူတွေက စွမ်းဆောင်နိုင်တယ်..။မာစတာ လင်းနဲ့ တွေ့ရတာ ဘယ်လောက်တောင် ကောင်းမွန်လိုက်လဲ..."
"ဟိုင်း.."
လင်းဖန် လက်ဆွဲနှုတ်ဆက်လိုက်တယ်..။ယင်းနောက်..သူ ဒီလူကို ကြည့်လိုက်ပြီး..
"ခင်ဗျားက စစ်တပ်မှာ တစ်ဘဝလုံး အလုပ်လုပ်ခဲ့ပြီး.. နောက်ပိုင်း နှစ်တွေမှ ပန်ချီပညာကိုလေ့လာ ခဲ့တာပဲ..။ဒါက...စိတ်ကို လန်းဆန်စေဖို့ ကောင်းတဲ့ အရာပဲ.."
အကြီးအကဲ လူကြီးကြောင်အသွားခဲ့ပြီး..
"မာစတာ လငိး..ကျုပ်ကို သိနေတာလား..."
လငိးဖန် ခေါင်းခါယမ်းလိုက်တယ်..။
"ဟင့်အင်..ဒါပေမဲ့ ကျုပ် တစ်စုံတစ်ယောက်ရဲ့ မျက်နှာကို ကြည့်ပြီး..ကံကြမ္မာဘယ်လိုဟော ရမလဲ ဆိုတာ နည်းနည်းသိတယ်.."
ယွဲ့ချီဂျုရှီ နှုတ်လိုက်ပါတယ်..။
"မာစတာ လင်း..မိတ်ဆက်ပေးပါရစေ..။သူက..စစ်တပ်ရဲ့ အကြီးအကဲ တစ်ယောက်ပဲ..လက်ရှိတော့..ကျုပ်တို့အဖွဲ့အစည်းရဲ့..ခေါင်းဆောင်.. ကျန်းကျုံးရှန် ..ပါ.."
ယင်းနောက် သူလင်းဖန်ကို တစ်ခြားလူတွေနဲ့ မျတ်ဆက်ပေးနေပြီး..လငိးဖန်လည်း လက်ဆွဲနှုတ်ဆက်နေခဲ့ပါတယ်..။
သူတို့ အကုန်လုံး လင်းဖန်ရဲ့ အနုပညာကို..ချစ်ကြပေမယ့်..ယွဲ့ချီဂျုရှီက..သူရဲ့ ရတနာ တစ်ခုလို အမြဲတမ်း ထိန်းသိမ်း ထားခဲ့တာပါ..။သူ ဘယ်သူကိုမှ သေချာမပြချင်ပါဘူး..။အခုသူတို့..ပန်ချီဆွဲတဲ့ လူကိုယ်တိုင်ကို မြင်ရပြီ ဆိုတော့ ကျေနပ်ကြရပါတယ်...။
တစ်ချိန်တည်းမှာပဲ..သူတို့ တစ်ခုခုကို တွေးနေကြပါပြီ..။