← Chapters

အခန်း (၄၂၉)

Vol. 29 Ch. 429

အခန်း (၄၂၉)

Vol. 29 Ch. 429

#ဘာသာပြန် = စနိုးဝှိုက်

ပန်ချီ အနုပညာ ပြပွဲ၏ အလယ်တွင်..။

ကိုယ်ဝန်လွယ်ထားရတဲ့ အမျိုးသမီးတစ် ယောက်ဟာ..အနုပညာ လက်ရာတွေကို လျောက်ကြည့်နေခဲ့ပါတယ်..။လူတိုင်းဟာ သူမကို မြင်တဲ့အချိန်မှာ ကြောင်အသွားခဲ့ကြတယ်..။

ယင်းနောက် လှပတဲ့ မိန်းမလှလေး တစ်ယောက်ဟာ..သူမဆီကိုလျောက်သွားလိုက်ပြီး..

"အစ်မ..အစ်မရဲ့ဗိုက်က အတော်ကြီးနေပြီ..ကလေးက မွေးတော့မယ် ထင်တယ်နော်..။ဘာလို့ အနုပညာ ပြပွဲ မှာရောက်နေတာလဲ..."

အမျိုးသမီးဟာ..ပြုံးလိုက်ပြီး..

"အစ်မက .ယွဲ့ချီဂျုရှီရဲ့..ပန်းပွင့်နဲ့..တိရစ္ဆာန် ပန်ချီကားလေးတွကို အရမ်းချစ်တာ..။ဒီနေ့ မမွေးရသေးတဲ့..ကလေးလေးကို. အစ်မက တစ်ဆင့်အနုပညာ လက်ရာတွေ ခံစားခိုင်းမလို့လေ..။သူ အနာဂတ်မှာ..အနုပညာကို စိတ်ဝင်စားဖို့ အစ်မမျှော်လင့်မိတယ်.."

ဘေးနားက လူတွေဟာ ရယ်မောလိုကိကြပါတယ်.။

"ဒါက တကယ်ကောင်းမွန် တဲ့ အတွေ့အကြုံပဲ..။ဒါပေမဲ့ မိသားစုတွေက ..ဘာလို့ မပါလာကြတာလဲ..။တစ်ယောက်ထဲဆိုတော့..သိပ်ပြီး အဆင်ပြေမှာ မဟုတ်ဘူးလေ.."

ကိုယ်ဝန်နဲ့ အမျိုးသမီးဟာ..ပြုံးလိုက်ပြီး..

"သူတို့က..သန့်စင်ခန်းသွားကြတယ်..."

ယင်းနောက် သူမ..ယွဲ့ချီဂျုရှီရဲ့..အကျော်ကြားဆုံး..ပန်းပွင့်နဲ့ တိရစ္ဆာန် ပန်ချီကား ရှေ့မှာ ရပ်လိုက်ကာ...

"ဒီ ပန်းပွင့် တစ်ရာတိုက်ခိုက်ခြင်း ပန်ချီကားက သူ့ရဲ့ အကောင်းဆုံး ပန်ချီလက်ရာတစ်ခုပဲ..။ဒီနေ့ခေတ်မှာတင်..ဒေါ်လာ သုံးသန်းနဲ့ ကမ်းလှမ်းထားပေမယ့် ရောင်းဖို့ ဆိုတာက မထိုက်တန်သေးဘူး..။ငါတော့ ဒီထက် တန်ဖိုးရှိ ဦးမယ်လို့ ထင်တယ်..."

သူမဘေးနားက လူကြီးဟာ ပြုံးလိုက်ပြီး..

"ကျုပ်သာ..ဟိုနားက ပန်ချီကားကို မမြင်ထားရင်..ဒီပန်ချီကားကို ဒီမှာ အကောင်းဆုံးလို့ ပြောမိမှာပဲ..။ဒါပေမဲ့..ဟိုနားက..ငှက်ပေါင်းတစ်ရာ ဖီးနစ် ငှက်ကို ကြည့်နေတဲ့ ပန်ချီ ကားက အတော်ကို ဆန်းကျယ်လွန်းတယ်..။ကျွန်တော် အရင်မျိုးဆက်က ပညာရှင်တွေရဲ့ ပန်ချီကားတွေကို တွေ့ဖူးပေမယ့် ဒီပန်ချီကားကိုတော့ မယှဥ်နိုင်ဘူး.."

ကိုယ်ဝန်နဲ့ အမျိုးသမီးဟာ ဒီလူကြီး ရဲ့ စကားကို ကြားတဲ့ အချိန်မှာ..မျက်ခုံးပင့်သွားခဲ့တယ်..။

"ဘယ်တစ်ခုလဲ..."

သက်လတ်ပိုင်းလူကြီးဟာ... အရှေ့ဘက်ကို လကိညိုးညွှန်ပြလိုက်ပြီး..

"အဲ့နားမှာ..သေချာထားထားတဲ့ ပန်ချီကား တစ်ချပ်ရှိတယ်..။အဲ့မှာ လူတွေလည်း အများကြီးပဲ..။ပထမ တစ်ခါကြည့်လိုက်တာနဲ့ ပန်ချီကားက..အသက်ဝင်လာသလိုပဲ..။တစ်ချက်ုကည့်လိုက်တာနဲ့ မြင်ကွင်း တစ်ခုလုံးကို မှတ်မိနေလိမ့်မယ်..။ဒီပန်ချီကို ဆွဲတဲ့ မာစတာ လင်းက..လူသိမများပေမဲ့...သူ့ရဲ့ ဒီပန်ချီကားက တကယ်ကို အကောင်းဆုံးလက်ရာ တွေထဲက တစ်ခုပဲ..။မဟုတ်ဘူး..အကောင်းဆုံးလက်ရာ တစ်ခုတောင်ဖြစ်နိုင်တယ်..။ယွဲ့ချီဂျုရှီရဲ့ ပန်ချီကားတွေတောင် သူ့ကို မယှဥ္နိုင်ဘူး..."

ကိုယ်ဝန်နဲ့ အမျိုးသမီးဟာ ကြောင်အသွားခဲ့ပြီး..

"မဖြစ်နိုင်တာ.."

"ဒါအမှန်ပဲ..တစ်ချက်သွားကြည့်လိုက်လေ..။ဒါဆိုရင် သိလိမ့်မယ်.."

ကိုယ်ဝန်လွယ်ထားတဲ့ အမျိုးသမီးဟာ.ယွဲ့ချီဂျုရှီရဲ့..ပန်းပွင့်ပေါင်းတစ်ရာ ပန်ချီကားကို ကိုင်ထားရင်းကနေ လက်ဖယ်လိုက်ပြီး ရှေ့ဆက်သွားလိုက်တယ်..။သူမ ဒီလူပြောတဲ့..ဖီးနစ်ငှက် ပန်ချီကားကို တစ်ချက်ကြည့်ကြည့်ချင်ပါသေးတယ်..။

ကိုယ်ဝန် အမျိုးသမီး..ပန်းပွင့်ပေါင်းတစ်ရာ ပန်ချီကား ဘေးနားကနေ ထွက်သွားတဲ့ အချိန်မှာ..သူမကို ကြည့်နေကြတဲ့ လူတစ်စုဟာ မျက်မှောင်ကျုတ်လိုက်ပေမယ့်..နောက်ကို ဆက်လိုက်သွားကြပါတယ်..။

"တားဂတ် ပြောင်းလိုက်တော့..."

"ငှက်ပေါင်းတစ်ရာ..ဖီးနစ်ငှက်ကို ကြည့်နေတဲ့ ပနမချီကား..."

ကိုယ်ဝန်လွယ်ထားတဲ့ မိန်းမကြီးဟာ..ဘယ်သူမှ မကြားနိုင်တဲ့ လေသံနဲ့ ရေရွတ်လိုက်တာပါ..။

"ငှပ်ပေါင်းတစ်ရာ ဖီးနစ်ငှက်ကို ကြည့်နေတဲ့ ပန်ချီကား..."

ကိုယ်ဝန်နဲ့ အမျိုးသမီးဟာ..ပန်ချီကား ရှေ့မှာ ရပ်ပြီး အနီးကပ် ကြည့်လိုက်တယ်..။ဒါက တကယ်ကို ပုံမှန်ထက် ထူးကဲ လွန်းနေခဲ့တာပါ..။ခုနက လူဖော်ပြသွားတာက အတော်ကို တိကျလှပါတယ်..။

ယွဲ့ချီဂျုရှီရဲ့ အကောင်းဆုံး ပန်ချီကားတောင် ဒီတစ်ခုကို ယှဥ္နိုင်မှာ မဟုတ်ပါဘူး..။ဒီပန်ချီကားက တကယ်ကို နောက်ထပ် ..အဆင့်တစ်ခုကို ရောက်နေခဲ့ပါပြီ..။

'ပန်းပွင့်တစ်ရာ တိုက်ခိုက်ခြင်း' ပန်ချီကားက..အနုပညာလောကမှာ..အကောင်းဆုံး ပန်ချီကားတွေထဲက တစ်ချပ်ဖြစ်ပြီး..ဒေါ်လာ သုံးသန်းလောက် တန်ကြေးပေါက်ပါတယ်..။ဒါကလည်း..ယွဲ့ချီဂျုရှီ အသက်ရှင်နေသေးလို့ပါ..။တကယ်လို့..ယွဲ့ချီဂျုရှီသာ..သေဆုံးသွာခဲ့ရင်..ဒီ..ပန်ချီကားရဲ့ တန်ကြေးက မိုးအထိ ထိုးတက်သွားမှာ အသေအချာပါပဲ..။

သို့ပေမယ့်.. ဒီပန်ချီကားကို မြင်ပြီးတဲ့ အချိန်မှာ..ကိုယ်ဝန်နဲ့ အမျိုးသမီးဟာ..သူမရဲ့ စိတ်ကို ပြောင်းလဲလိုက်ပါပြီ..။စျေးနှုန်းဆိုတာက အချိန်နဲ့ မဆိုင်ပဲ သမိုင်းကြောင်းနဲ့ပဲ ဆိုင်တာပါ..။ပန်ချီဆိုတာက..ဆွဲတဲ့ပညာရှင် နာမည်မကြီးရင်တောင်.လက်ရာအပေါ်မှာပဲ မူတည်ပါတယ်..။

သူမဟာ..ပန်ချီကားရှေ့မှာ တိတ်ဆိတ်စွာ မတ်တတ်ရပ်နေခဲ့တယ်...။ဘေးနားက ..အနုပညာ ချစ်တဲ့ လူတွေဟာ.သူမ ကိုယ်ဝန်ကြီးနဲ့ ဖြစ်နေတဲ့ အတွက် ဘေးနားကို ရှောင်ပေးလိုက်ကြပါတယ်.။

ဒီပန်ချီကားက..တစ်ချက်ကြည့်ရုံနဲ့ ခံစားနို်င်တာ မဟုတ်ပါဘူး..။ဒါက ဖြည်းဖြည်းချင်း ကြည့်နေရင်းနဲ့မှ..သဘာဝ အရသာတွေကို ပျော်ဝင်သွား..ခံစားရတာပါ..။

ပန်ချီ စုဆောင်းသူတွေ အတွက်ကတော့ ..ဒီပန်ချီကားရဲ့ စျေးနှုန်းက..အတော်မြင့်မှာပါ. ။

ကိုယ်ဝန်နဲ့ အမျိုးသမီးရဲ့ စိတ်ထဲမှာ..စျေးနှုန်း ဆိုတဲ့စကားတစ်ခွန်း ပဲ ရှိပါတယ်..။

"အား..."

ရုတ်တရက် ကိုယ်ဝန်နဲ့ အမျိုးသမီးကြီးဟာ ဗိုက်ကို ကိုင်ပြီး နာကျင်စွာအော်လိုက်ပါတယ်...။သူမ ဖြည်းချင်းစွာ ထူးထောက်ချလိုက်ပြီး..သူမရဲ့ ခြေထောက်နှစ်ဖက်ကြားကနေလဲ..အရည်တစ်ချို့ ကျဆင်းလာခဲ့တယ်..။

ဘေးနားက လူအုပ်ဟာ..ရုတ်တရက်ကြီး ဒီမြင်ကွငိးကို မြင်လိုက်ရတာကြောင့် ကြောင်အသွားခဲ့တယ်..။ဒီကိုယ်ဝန်နဲ့ အမျိုးသမီးကြီး..ပန်ချီကားရှေ့မှာ လဲကျသွားလိမ့်မယ် လို့..သူတို့ မထင်ထားခဲ့ပါဘူး..။

ယင်းနောက်..လူတစ်ယောက်ဟာ..ပြေးလာပြီး မေးလိုက်တယ်..။

"မဒမ် ..ဘာဖြစ်လို့လဲ.."

ကိုယ်ဝန်နဲ့ အမျိုးသမီးကြီးဟာ ပြောလိုက်တယ်..။

"ငါလည်းမသိဘူး..ပန်ချီကားကို ကြည့်နေရင်းကနေ..ရုတ်တရက်ကြီး ဗိုက်နာလာတာ..။ငါထင်တာတော့..ငါမွေးတော့မယ် ထင်တယ်..."

လူကြီးဟာ..ခေါင်းမော့လိုက်ပြီး..သူ့ အိပ်ကပ်ထဲက..အလုပ်ပါမစ်ကို ထုတ်ပြကာ..

"အားလံူးပဲ..ကျုပ်က ဒေါက်တာ တစ်ယောကိပါ..။ဒီအမျိုးသမီးက..မွေးတော့မယ်..။တကယ်လို့ လုပ်တတ်ကိုင်တဲ့ လူတွေရှိရင် ကျွန်တော်ကို လာကူပါဦး.."

လူအုပ်ကြီးဟာ..တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်တယ်..။

ဘယ်သူ..ကူညီနိုင်လဲ...

ယင်းနောက်..လူငယ်စုံတွဲ တစ်တွဲဟာ..ရှေ့ကို တက်လာခဲ့ပြီး..

"ကျုပ်တို့..ကူညီမယ်.."

လုံခြုံရေး အရာရှိဟာလည်း အနားကို ရောက်လာတဲအချိန်မှာကြောင်အသွားခဲ့တယ်..။

"သူမ ရေအိတ်ပေါက်သွားတာလား.."

လူကြီးဟာ ခေါင်းညိမ့်လိုက်ပြီး..

"အင်း..ကျုပ်လူနာ တင်ယာဥ္ကို ခေါ်ပြီးသွားပြီ..ဒါပေမဲ့ ကလေးက အခုမွေးတော့မှာ..။မဟုတ်ရင် ကလေးရော အမေရော အန္တာရာယ် ရှိတယ်..။ကျေးဇူးပြုပြှီး အဝတ်အစားတွေနဲ့ ဒီနေရာကို ကာကွယ်ပေးပါ..။ရေနွေးနွေး လေးရော ပြင်ဆင်ပေးပါဦး.."

တစ်ချို့..တက်ကြွတဲ့ လူတွေဟာ..လိုက်ကာ တွေကို..အကုန်ဆွဲချလိုက်ပြီး.

"ဒေါက်တာ..ကျန်တာတွေကို စိတ်မပူပါနဲ့..။အကုန်ပြင်ဆင်ပေးပါ့မယ်.."

ဒေါက်တာ ခေါင်းညိမ့်လိုကိတယ်..။

"ကောင်းပါပြီ..ကျေးဇူးပါ.."

"အား..."

အောဟစ်သံဟာ ဆက်တိုက်ကြားနေရပြီး..ကျန်တဲ့ လူတွေဟာ ဒါကိုကြားကာ..စိတ်ပူနေကြပါတယ်..။

လုံခြုံရေးအရာရှိဟာ..ယွဲ့ချီဂျုရှီကို အကြောင်းကြားဖို့..အမြန်သွားလိုက်ပါတယ်..။

သို့ပေမယ့် သူ..သီးသန့်ခန်းနား ရောက်တဲ့ အချိန်မှာ သူ အတားဆီး ခံလိုက်ရပါတယ်..။

"ခင်ဗျား ဝင်လို့မရဘူး.။အထဲမှာ..ဆွေးနွေးနေကြတယ်.."

သူ စိတ်ပူသွားပြီး

"မဟုတ်ဘူး..အပြင်မှာ တစ်ခုခုဖြစ်နေပြီ..။ကျုပ်တို့..မာစတာ ယွဲ့ကို အကြောင်းကြားဖို့ လိုအပ်တယ်.."

တံခါးမှာ စောင့်နေတဲ့ လုံခြုံရေးဟာ..သူ့ကို ပေးမဝင်ခင် အနည်းငယ် တွေဝေ နေခဲ့ပါသေးတယ်.။

ယင်းနောက် အခန်းထဲတွင်..။

လင်းဖန် ရှေ့ဆုံးမှာ ရပ်ပြီး တစ်ခုခုကို ဆွဲပြနေခဲ့တယ်..။

လူကြီးဟာ..အထဲကို ရောက်တဲ့ အချိန်မှာ တစ်ခုခုပြောချင် ပေမယ့်..ယွဲ့ချီဂျုရှီရဲ့ စိုက်ကြည့်ခြင်းကို ခံလိုက်ရပါတယ်.။ဒီအကြည့်တွေက သူ့ကို တိတ်တိတ်နေဖို့ ပြောနေခဲ့တာပါ..။

လင်းဖန် ပုံဆွဲရင်း အလုပ်ရှုပ်နေရင်း လှည့်မကြည့်ခဲ့ပေ..။

"အပြင်ထွက်..ကျုပ်ကို မနှောက်ယှက်နဲ့.."

အခန်းထဲက တစ်ခြားလူတွေဟာ..ယွဲချီဂျုရှီကို ကြည့်ပြီး ဒီလူကို အပြင်ထွက်ခိုင်းဖို့ အချက်ပေးလိုက်ကြပါတယ်.။

ယွဲ့ချီဂျုရှီ လူကြီးကို ကြည့်ပြီး အပေါက်ဝကို လက်ညိုးထိုးကာ..အပြင်ကို ထွက်သွားဖို့..အချက်ပြလိုက်ပါတယ်...။

လူကြီးဟာ..အကူညီမဲ့စွာပဲ အခန်းပြင်ကို ပြန်ထွက်သွားခဲ့ရပါပြီ.။

အပြင်ဘက်...။

ကိုယ်ဝန်လွယ်ထားတဲ့ အမျူိးသမီးဟာ တော့ ငယ်သံပါအောင် အော်ဟစ်နေခဲ့ပါတယ်.။ဘေးနားက လူတွေဟာ..အရမး်ကို စိတ်ပူနေခဲ့ကြတာပါ..။

ယင်းနောက် သူတို့ လိုက်ကာတွေ ဖုံးကွယ်ထားတဲ့နေရာကို ကြည့်နေကြတယ်..။အခြေအနေတွေ ဘယ်လို ရှိနေလဲ ဆိုတာ သူတို့ မသိကြရပါဘူး..။

ဒါပေမဲ့..သူမ ဒီလောက်အထိ ငို နေပုံထောက်ရင်..အတော်အန္တာရယ်များတဲ့ဘအခြေအနေမှာ ရှိနေတာတောါ သေချာပါတယ်..။သူတို့..အမေရော..ကလေးရော အဆင်ပြေဖို့သာ..မျှော်လင့်မိကြတာပါ..။

လိုက်ကာ များ၏ နောက်တွင်..။

ကိုယ်ဝန်လွယ်ထားတဲ့..အမျိုးသမီးကြီးဟာ..ခံစားချက်မဲ့စွာ..ထိုင်နေပြီး အသံတွေကို ..ရည်ရွယ်ချက်ရှိရှိအော်နေခဲ့ပါတယ် .။ယင်းနောက်..သူမ ဘေးက လူတွေကို ခေါင်းညိမ့်ပြလိုက်တယ်။ သူတို့..ဒီမှာ ရှိနေတဲ့ ပန်ချီကားကို..သူမတို့..ပါလာတဲ့ ပန်ချီကားအတုတစ်ခုနဲ့..ပြောင်းလဲထားတော့မှာပါ..။

All Chapters