အရာအားလုံးက ဖော်ထုတ်ခံရပြီ
Vol. 29 Ch. 430
#ဘာသာပြန် = စနိုးဝှိုက်
သီးသန့်အခန်းထဲတွင်..။
လူတိုင်းဟာ ပြီးခါနီးနေပြီ ဖြစ်တဲ့..ပန်ချီကားချပ်ကို ကြည့်နေခဲ့ပါတယ်..။သူတို့ ခေါင်းညိမ့်လိုက်ကြပေမယ့် ဘာအသံမှတော့ မထွက်ကြပါဘူး..။မာစတာ လင်း ပန်ချီရေးဆွဲနေချိန်တွင် သူတို့ ဘာအနှောက်အယှက်မှ မပေးချင်ကြပေ..။
ယွဲ့ချီဂျုရှိီဟာ...ပန်ချီလက်ရာကို ကြည့်ပြီး အတော်ကို စိတ်လှုပ်ရှားနေခဲ့ရပါတယ်..။ဒီ ပန်ချီကားချပ်က..နောက်ထပ်..အကောင်းဆုံးလက်ရာ တစ်ခု ဖြစ်လာမှာ အသေအချာပါပဲ..။ဒါက မပြီးမြောက်သေးပေမယ့်...ပြိုင်ဘက်ကင်းတဲ့ ဆွဲဆောင် နိုင်စွမ်းတွေကို တွေ့မြင်နေရတာပါ..။
တာအိုရှိီဂန်ဟာ..တောင်ကုန်းတောင်တန်းတွေ..ရေတွေ ဆွဲတာကို အထူးပြုတဲ့ လူတစ်ယောက်ပါ..။သို့ပေမယ့်..မာစတာ လင်းက သူအရင်က တစ်ခါမှ မမြင်ဖူးတဲ့ နည်းစနစ် တွေကို အသုံးပြုနေတာကို တွေ့မြင်နေရပါတယ်..။သူ မေးချင်တာတွေ ရှိပေမယ့် လည်း အနှောက်အယှက်ဖြစ်မှာကြောင့် မမေးရဲပေ..။
သို့ပေမယ့်..မာစတာလင်းရဲ့ စိတ်ထဲမှာ..ဘယ်လောက်တောင် တွေးတော နေလဲ ဘယ်သူမှ မသိနိုင်ပါဘူး..။သူ စတင်ပြီး စကားပြောလာခဲ့တယ်.။
"ဒါက..အစက်ချ ပြီး အမှတ်အသား လုပ်တဲ့ နည်းစနစ်ပဲ..။ဒီမှာ..မှီညှမ်းတဲ့ အမှတ်...ညွှတ်ကျတဲ့ အမှတ်..စံ အမှတ် တွေ ပါတယ်လေ...။စံအမှတ်က အရေးအကြီးဆုံးပဲ..."
"ဘာလို့..အရမ်း အရေးကြီးတာလဲ.."
တာအို ရှီဂန်..မသိလိုက်ပဲ..မေးလိုက်တာပါ...။ယင်းနောက်..မာစတာလင်း..အနောက်အယှက်ဖြစ်မှာကြောင့် သူ့ပါးစပ်ကို ချက်ချင်း ပြန်ပိတ်လိုက်ပါတယ်..။
လင်းဖန် ပြုံးလိုက်ပြီး...
"ခင်ဗျား..တောင်တန်းတွေ..ရေတွေကို..ဆွဲတဲ့အချိန်မှာ စုပ်ချက် တွေကို အရမ်းသတိထားရမယ်..။ခင်ဗျား..အလယ်ဗဟိုကို ထောက်ထားရမယ်..ခဲတံနဲ့..ကားချပ်မျက်နှာပြင်ခွာတဲ့ အချိန်မှာ ဘာအစက်အပျောက်မှ မကျန်စေရဘူး..။အားကို အနည်းငယ်ထည့်ထားရမယ်..ရေစက်တွေဟာ.ကျောက်တုံးပေါ်ကို ကျဆင်းနေသလိုပဲ..။တစ်ချိန်တည်းမှာပဲ..ကြက်တစ်ကောင် အစာကောက်နေသလိုမျိုး..ဖြည်းဖြည်းနဲ့ စည်းချက် မှန်မှန်လှုပ်ရှား ရမယ်..။ကာလာ အပြောင်း အလဲ..အလင်းအမှောင် ကိုလည်း ဂရုစိုက်ရမယ်.."
"တောင်ကုန်းတွေကို ဆွဲရာမှာ လွယ်ကူတယ်လို့ ထင်ရပေမယ့်လည်း..တကယ်တော့..နည်းပညာတွေ အများကြီး ပါဝင်တယ်လေ..။ခင်ဗျား အကုန်လုံးကို စနစ်တကျ လိုက်ဆွဲနိုင်ရင်..ကမ္ဘာ့အဆင့်ပန်ချီကား တစ်ချပ်ဖြစ်လာလိမ့်မယ်..."
တာအိုရှီဂန် ခေါင်းညိမ့်လိုက်တယ်..။မာစတာ လင်းက စကား အနည်းငယ်သာ ပြောပေမယ့် ဒီစကားတွေက..ရိုးရှင်းပြီး ထိရောက်လှပါတယ်..။ဒီအဆင့်မျိုး ဆိုတာက သေချာ မလေ့ကျင့်ဖူး ဆိုရင်..ရောက်လာနိုင်မှာ မဟုတ်ပါဘူး..။
လင်းဖန် ဆက်ပြီး ဆွဲနေခဲ့ပြီး ကျန်တာတွေကို စိတ်မဝင်စားခဲ့ပေ..။
…
အပြင်ဘက်...အနုပညာ ပြပွဲ၏ ဆန့်ကျင်ဘက်..စင်တာတစ်ခုတွင်..။
များပြားလှတဲ့ ဆယ်ကျော်သက် မိန်းကလေး တွေဟာ..သစ်လွင်တဲ့ ဆိုင်းဘုတ်တွေကို ကိုင်ထားပြီး ..ခုန်နေကြပါတယ်..။
"ဟွန်မင်..အိုပါး..."
"အိုး..ဟွနိမင် အိုပါးက ငါ့ကို လှမ်းကြည့်လိုက်တယ်..."
ဂျင်ဟွန်မင်ဟာ..အခုမှ ဆေးရုံက ဆင်းပြီးလာခဲ့တာဖြစ်ပြီး..ဝီးချဲပေါ်မှာ ထိုင်နေခဲ့ပါတယ်..။သူ အခမ်းအနား..အဆောက်အဦးဆီကို..တွန်းသွားတဲ့အချိန်မှာတော့..မိန်းကလေး ပရိတ်သတ်တွေဟာ..အစွမ်းကုန်.အားပေးနေကြပြီး..ရူးသွပ်သွားကြတဲ့ အတိုင်းပါပဲ..။
တစ်ချို့ အသည်းငယ်တဲ့ ပရိတ်သတ်တွေဟာ..မျက်ရည်တွေတောငိ ကျလာခဲ့ကြပါတယ်..။
"ဘာလို့..ငါ့ရဲ့ ဟွန်မင်.အိုပါး မျက်နှာက ဒီလို မကောင်းဖြစ်နေရတာလဲ..။ဘုရားရေ..ငါတော့..သူ့အစားသာ..ဒဏ်ရာတွေ ဝင်ခံစားပေးလိုက်ချင်တော့တယ်.."
*တီ တီ...*
မိန်းကလေး ..ပရိတ်သတ် တစ်ယောက်ရဲ့ ဖုန်းဟာ မြည်လာတဲ့ အတွက်သူမ ကြည့်လိုက်ပါတယ်..။
"သမီးလေး..အမေ အခု ဆေးရုံမှာ..။သမီးလေး.ဘယ်တော့ အားမှာလဲ..။ကျေးဇူးပြုပြီး အမေ့ဆီကို လာလည်ပါဦးကွယ်...."
ဒီ မက်ဆေ့က..မိန်းကလေး..ပရိတ်သတ်ကို..စိတ်ပူမူ လုံးဝ မရှိစေပါဘူး..။သူမ ချက်ချင်းပဲ..မက်ဆေ့ ဆော့ဝဲထဲက..ထွက်ကာ..ကင်မရာကို..ပြန်ဖွင့်လိုက်ပါတယ်..။
"အိုပါး..အိုပါး..."
ဂျင်ဟွန်မင် ဒီလို...လေထုကို အတော် သဘောကျပါတယ်..။လူတိုင်းက သူ့ကိုပဲအာရုံ စိုက် နေခဲ့တာပါ..။လူတိုင်းက သူ့ကို ကြည့်နေကြပြီး..သူ့ရဲ့ အပြုအမူတွေ ပြောစကားတွေကို ဂရုစိုက်စောင့်ကြည့် နေခဲ့ကြပါတယ်..။
သူ လက်ဝေ့ယမ်းပြလိုက်ပြီး တရုတ်ပရိတ်သတ်တွေကို နှုတ်ဆက်လိုက်တယ်..။ဒီပရိတ်သတ်တွေက သူ့ရဲ့ အနာဂတ် အတွက် ကူညီ ထောက်ပံ့ပေးနေခဲ့တာပါ..။
"အရမ်းချစ်တယ်..ကောင်မလေးတို့.."
ဂျင်ဟွန်မင်..မဒရင်း ဘာသာစကားကို ဘယ်လိုပြောရမလဲ မသိပေမယ့်..ဆယ့်လီတစ်ယောက် အနေနဲ့ အနည်းအကျင်းတော့ သိပါတယ်..။
သူ 'အရမ်းချစ်တယ်' ဆိုတဲ့ စကားတင်မဟုတ်ပဲ..'ကျေဇူးပါ ' ဆိုတဲ့ စကားတွေကိုပါ..တတ်ကျွမ်းတာပါ..။
ပရိတ်သတ်တွေဟာ..အမိုးပွင့်သွားလောက်အောင်..ဆူညံစွာ အားပေးနေခဲ့ကြတာပါ..။
ဓာတ်လှေကားထဲတွင်..။
ဂျင်ဟွန်မင်ကို သူ့ရဲ့ မန်နေဂျာက တွန်းပေးနေပြီး..သူတို့..အခမ်းအနား ကျင်းပမယ့် အလွှာကို ..တက်သွားလိုက်ကြပါတယ်..။
တစ်ချို့ ပရိတ်သတ်တွေဟာ သူ့ဘေးနားက ဓာတ်လှေကားနဲ့ လိုက်တက်လာကြပြီး တစ်ချို့ဟာ..လှေကားအတိုင်း ပြေးတက်နေခဲ့ကြပါတယ်..။သူ ဆယ်ထပ်မြောက်ကို..ခြေထောက်နဲ့ ပြေးတက်ရတာတောင် မောတယ်လို့ မထင်ကြပါဘူး..။
ဟွန်မင် အိုပါးက ..ဒဏ်ရာကြီးနဲ့တောင် ဒီပွဲကို လာတက်တာဖြစ်ပြီး..သူတို့.ဒီလို ဆယ်ထပ်လောက်ကို ..ပြေးတက်ရတာက..ဘာမှ မပြောပလာက်ပေ..။
ဓာတ်လှေကာထဲတွင်..။
ဂျင်ဟွန်မင် ကျန်တဲ့ လူတွေကို ကိုရီးယားလို ပြောလိုက်တယ်..။
"ကြည့်..ဒီတရုတ်ပရိတ်သတ်တွေ..ရူးသွပ်နေကြတာ..။ဒါမျိုးက ကိုရီးယားမှာ ဆိုရင် ဖြစ်လာမှာမဟုတ်ဘူး.."
မန်နေဂျာ ခေါင်းညိမ့်လိုက်တယ်..။
"ဟုတ်တယ်..ငါတို့..သူတို့ရဲ့ အာရုံစိုက်မူကိုသာ ရရင် ကျိန်းသေ..ပိုက်ဆံတွေ အပုံလိုက်ဝင်လာမှာပဲ..."
ဂျင်ဟွန်မင်..ပြန်ပြောလိုက်တယ်..။
"ကျွန်တော် ကိုရီးယာကို ပြန်ရင်လည်း..အခြေအနေတွေ ပိုကောင်းလာလိမ့်မယ်.."
မန်နေဂျာ ခေါင်းညိမ့်ပြီး ပြုံးလိုက်ပါတယ်..။သူမက..ကိုရီးယားမှာ မကျော်ကြားတော့တဲ့..ဆယ်လီတွေကို တရုတ်ကို အမြဲတမ်း ပို့နေကြပါ..။အနည်းဆုံး ဆယ်ယောက်မှာ ရှစ်ယောက်လောက်က အောင်မြင်ကြပါတယ်..။
ထပ်ပြောရရင်..သူတို့အတွက် ဒီမှာ ပိုက်ဆံ တွေ အများကြီး ဝင်ဖို့ ဆိုတာက ပြသနာ တစ်ခုမဟုတ်ပါဘူး..။
အရင်တုန်းက..တစ်ချို့ ကိုရီးယားတွေ..တရုတ်မှာ ကျော်ကြားတယ် ဆိုတာက..ရုပ်မြင်သံကြား ပရိုဂရမ်ကနေ တဆင့်ပါ..။
ကိုရီးယား ဆယ်လီ တွေရဲ့..မျက်လုံးထဲမှာတော့..တရုတ်ပြည်က ရွှေတွင်းကြီးပါပဲ.။
ဒီက ပရိတ်သတ်တွေက အတော်တုံးအ ကြလို့.
.ကိုရီးယား ဆယ်လီတွေကို ကမ်းလှမ်းတဲ့..စာချုပ်တွေက အများကြီးပါ..။
အခမ်းအနားကို ရောက်တဲ့ အချိန်မှာတော့..။
ပရိတ်သတ်တွေနဲ့ ပြည့်နေခဲ့ပါပြီ..။
ဂျင်ဟွန်မင် သူ့ဝီးချဲသူ..တွန်းပြီး ပြုံးလိုက်ကာ...
"$%&#@!"
မန်နေဂျာဟာ ဘာသာပြန်ပေးလိုက်တယ်..။
"ဟိုင်း ပရိတ်သတ်တို့..နေကောင်းကြရဲ့လား..."
"ကောင်းပါတယ်..."
ပရိတ်သတ်တွေဟာ ပြန်အော်လိုက်ကြတာပါ..။
ဂျင်ဟွန်မင်ဟာ ပြောပြီး သူ့ရဲ့မန်နေဂျာက. ဘာသာပြန်ပေးနေခဲ့ပါတယ်..။
"လတ်တလော..မကောင်းတဲ့ အရာတစ်ခုဖြစ်သွားပေမယ့်..တရုတ်လူမျိုးတွေက ချစ်ဖို့ကောင်းပြီး..ဖော်ရွေကြတယ် ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်..။မင်းတို့က.ကျွန်တော် နှလံူးသား ထဲက..နတ်သမီးလေးတွေပါ..။အားလုံးကို ချစ်တယ်နော်..."
ပရိတ်သတ်တွေဟာ..ခံစားသွားကြပြီး..တစ်ချို့ဆို စတင်ပြီး တောင် ငိုကြွေးနေကြပါပြီ..။
"အိုပါး..ရှင်ကလည်း ကျွန်မတို့ ရဲ့ နတ်သားလေးပါ.."
"အရမ်းချစ်တယ်နော်..."
"ကျွန်မတို့ အိုပါးကို အမြဲတမ်း ကြင်ကြင်နာနာ ဆက်ဆံပါ့မယ်..။အရမ်းချစ်တယ် အိုပါး..."
"အဲ့မာစတာ လင်းက..အိုပါးကို အနိုင်ကျင့်တာ..ငါတို့ လက်စားချေရမယ်.."
"ဟုတ်တယ်..ငါတို့..သူ့ကိုခွင့်လွှတ်လို့မရဘူး..."
…
ပွဲကျင်းပတဲ့ လူတွေကတော့..ခံစားချက်မဲ့စွာ ထိုင်နေခဲ့ကြပါတယ်..။သူတို့က..ဂျင်ဟွန်မင်ကို ကျိန်ဆဲ နေခဲ့ကြတာပါ..။သူ့ရဲ့ လွမ်းမိုးနိုင်တဲ့ စွမ်းအားကြောင့်သာ မဟုတ်ရင်..ဒီကို ခေါ်မှာတောင် မဟုတ်ပါဘူး..။
ဘယ်လောက် စိတ်တိုဖို့ကောင်းလဲ..
နတ်သမီး ဟုတ်လား...။မင်းအမေကသာ...နတ်သမီး...
ဂျင်ဟွန်မင်ဟာ..ဆက်တိုက် လှပအောင်ပြောနေခဲ့ပြီး..ပရိတ်သတ်တွေလည်း ကျယ်လောင်စွာ အားပေးနေခဲ့ကြပါတယ်..။
အနုပညာပြပွဲ..စင်တာတွင်..။
လူနာတင်ယာဥ္ဟာရောက်လာခဲ့ပါပြီ..။
အဖြူရောင် ဝတ်ဆင်ထားတဲ့ လူတွေဟာ ကားပေါ်က ဆင်းလာကြပြီး..သူတို့..မျက်နှာမှာ mask တွေလည်း တပ်ထားခဲ့ကြပါတယ်..။သူတို့ တွန်းလှည်းတစ်ခုကို တွန်းလာခဲ့ကြတယ်..။
ယောကျာ်းလေးဒေါက်တာဟာ ရောက်လာပြီး လိုက်ကာစကို ဆွဲလိုက်တယ်..။
"ဒေါက်တာ..ဒီကို အမြန်တင်ပါ..။ဒါက..ကိုယ်ဝန်သည်လေ..။အားလုံးပဲ ခွင့်ပြုပါဦး..."
ဘေးနားက လူတွေဟာ လည်း ဘေးကို လွှတ်အောင်ဖယ်ပေးလိုက်ကြပါတယ်..။
သူတို့..ကလေးမွေးတာ အတော်ခက်ခဲနေတယ် ဆိုတာကို ကြားပြီး စိတ်ပူနေကြရတာပါ..။သူတို့ တစ်ခုခု ဖြစ်ပျက်သွားမှာကို ကြောက်ရွံ့မိကြပါတယ်..။
ကိုယ်ဝန်သည် မိန်းမဟာ နာကျင်စွာ လူးလိမ့်နေပြီး..ဒေါက်တာ တွေဟာ..သူ့ကို တွန်းလှည်းပေါ်တင်လိုက်ပါတယ်..။သူတို့ ထွက်ပေါက်ကို တွန်းသွားခဲ့့ကြတယ်..။
မိန်းမကြီးကို ကူပေခဲ့တဲ့ လူတွေထဲက..အမျိုးသမီးတစ်ယောက်ဟာလည်း.. သူတို့နောက်ကို အလျင်အမြန် လိုက်သွားခဲ့ပါတယ်..။ယင်းနောက် သူမ..လူအုပ်ကြီးကို လက်ဟန် တစ်ခုပြလိုက်ပြီး..ဒါကို လူတစ်ယောက်ကပဲ နားလည်လိုက်ပါတယ်..။ကျန်တဲ့ လူတွေက သတိတောင် မထားမိလိုက်ကြပေ..။
လုံခြုံရေး အရာရှိတွေလည်း ကြောင်အနေကြပြီးဘသူတို့ ဘာလုပ်ရမယ်မှန်း မသိကြပါဘူး..။သူတို့..ပန်ချီကားထားတဲ့ နံရံကို ကြည့်တဲ့ အချိန်မှာ မျက်မှောင်ကျုတ်လိုက်တယ်..။ပန်ချီက ..အရင်ထားထားတဲ့ ပန်ချီကားနဲ့ မတူတော့ပဲ..ပြောင်းလဲနေခဲ့တာပါ..။သူတို့ ချက်ချင်းအော်ဟစ်လိုက်တယ်....
"သူတို့ကို တားလိုက်.. သူတို့ ပနိချီကားချပ်ကို ခိုးသွားတာ..."
ကိုယ်ဝန်သည် မိန်းမကြီးနဲ့ ကျန်တဲ့ လူတွေဟာ အမူအရာ ပြောင်းလဲသွားပြီး..ကြောင်အသွားခဲ့ပါတယ်..။သူတို့ကို ခပ်မြန်မြန်ပဲ သတိထားမိသွား လိမ့်မယ် လို့မထင်ထားခဲ့ပါဘူး..။
"ဟေး.."
ဓာတ်လှေကားမှာ..ရပ်နေတဲ့ လူကြီးတစ်ယောက်ဟာ..ကျယ်လောင်စွာ အော်လိုက်တဲ့ အတွက်.. လူတိုင်းက..သူရှိရာ နေရာကို လှည့်ကြည့်လိုက်ကြတယ်..။သူဟာ..လက်ထဲမှာ..လက်ပစ်ဗုံးကို ကိုင်ထားပြီး လူအုပ်ထဲကို လှမ်းပစ်လိုက်ပါတယ်..။
လူအုပ်ကြီးဟာ..လက်ပစ်ဗုံးကို မြင်တဲ့ အချိန်မှာ ကြောင်အသွားခဲ့ပါတယ်..။
ယင်းနောက်..အော်ဟစ်လိုက်ကြတယ်..။
*အား..*
မီးခိုးတွေဟာ..အခန်းထဲမှာ ပြည့်နှက်လာခဲ့ပါပြီ..။
အခြေအနေ က တကယ်ကို ရှုပ်ထွေးပြီး.. ဗရမ်းဗတာပါပဲ..။
လုံခြုံရေး အရာရှိဟာ..မီးခို လွတ်ရာကို အမြန်သွားလိုက်ပြီး..အပြင်ကို ကြည့်လိုက်ပါတယ်..။လူနာတင်ယာဥ္ဟာ..မောင်းထွက်သွားခဲ့ပါပြီ...။
"အမြန်..ထွက်ပေါက်တွေကို ပိတ်လိုက်..။လူခွဲမယ်..တစ်ဖွဲ့က..ဓာတ်လှေကားကို သွား..တစ်ဖွဲ့က..အရေးပေါ် ထွက်ပေါက်တွေကို လိုက်ရှာကြ.."
"သိပါပြီ.."
.
ယင်းနောက်..သူ အခြေအနေတွေကို တင်ပြဖို့..သီးသန့်အခန်းထဲကို ပြေးသွားလိုက်ပါတယ်..။
ဒါက အရေးကြီးတဲ့ မတော်တဆမူ ဖြစ်သွားပါပြီ..။