အံ့ဩစရာ သူခိုး...
Vol. 29 Ch. 431
#ဘာသာပြန် = စနိုးဝှိုက်
"ဘာလို့ ဒီလောက်ရှုပ်ထွေးနေတာလဲ..."
ယွဲ့ချီဂျုရှိီ သီးသန့် ခန်းထဲကနေ ထွက်လာပြီး အခြေအနေတွေကို မြင်တဲ့ အချိန်မှာ ကြောင်အသွားပြီး ပြောလိုက်တာပါ..။
ငါ့အနုပညာ ပြပွဲမှာ ဘာတွေ ဖြစ်နေတာလဲ...
တာအိုရှီဂန်ကတော့..မာစတာ လင်း သူ့အတွက် ဆွဲပေထားတဲ့ ပန်ချီကားကို ရတနာ တစ်ခုလို ကိုင်ထားခဲ့ပါတယ်..။
ကျန်းကျောင်ရှန်း..နဲ့ တစ်ခြား လူတွေဟာ..တာအိုရှီဂန် လက်ထဲက ပန်ချီကားကို ကြည့်ပြီး တစ်ခုလောက် လိုချင်ပေမယ့်..ဒါကလည်း..မာစတာ လင်း သူတို့ကို ဆွဲပေးချင်မှ ဖြစ်မှာပါ..။သူတို့ လိုချင်ရင်တောင် ရနိုင်မှာ မဟုတ်ပါဘူး..။သူတို့ မာစတာ လင်း အနာဂတ်မှာ သူတို့ကို ဆွဲပေးချင်လာအောင် ကောင်းကောင်းဆက်ဆံဖို့ပဲ တတ်နိုင်ပါတော့တယ်..။
သူတို့..နောက်ထပ် အံဩစရာ ပန်ချီကား တချပ်ရေးဆွဲတာ ကို ကြည့်နေရတာကြောင့် အတော်ကို စိတ်လှုပ်ရှာကြ ရပါတယ်..။အခုအချိန်မှာတော့..စိတ်အလှုပ်ရှား ဆုံးလူက တာအိုရှီဂန်ပါ..။
နောက်ဆုံးမှာတော့..သူလည်း..မာစတာ လင်းဆီက ပန်ချီကား တစ်ချပ်ကို ရခဲ့ပါပြီ..။အရင်တစ်ခေါက်တုန်းက..မာစတာ လင်း ပေးတဲ့ ပန်ချီကားကို မယူခဲ့မိတာ သူ ပြန်ရောက်တော့..နောင်တတွေရနေခဲ့တာပါ.။
သို့ပေမယ့်..လင်းဖန်ကလွဲလို့ လူတိုင်းဟာ..လက်ရှိအခြေအနေကို ကြည့်ပြီး.. ကြောင်အနေကြပါတယ်..။
"ဘာဖြစ်တာလဲ.."
တာအိုရှီဂန် သူ့ရဲ့ ပန်ချီကားကို ထွေးပွေ့ထားပြီး မေးလိုက်တာပါ..။သူ့ကြည့်ရတာ သရဲတစ်ကောင်မြင်လိုက်ရတဲ့ အတိုင်းပါပဲ..။
လုံခြုံရေး အရာရှိဟာ ပြေးလာခဲ့ပြီး..
"မာစတာ ယွဲ့..ပန်ချီကား..တစ်ချပ်...အခိုးခံလိုက်ရပြီ..."
"ဘာ..."
မာစတာ ယွဲ့.ကြောင်အသွားခဲ့တယ်..
"ဘယ် ပန်ချီကား လဲ..။ဘယ်တစ်ခုလဲ..."
လုံခြုံရေး အရာရှီဟာ ပြောလိုက်တယ်..။
"ခင်ဗျားရဲ့ ပန်ချီကားတွေက တော့ တစ်ခုမှ မပျောက်ဘူး..။အခုပျောက်သွားတာက..ငှက်ပေါင်းတစ်ရာ စ်ရာ ဖီးနစ်ငှက်ကို ကြည့်နေတဲ့ ပနိချီကား..."
ယွဲ့ချီဂျုရှီရဲ့ မျက်နှာဟာ နီရဲသွားပြီး အသက်ရူရ ကြပ်လာခဲ့တယ်..။သူ့ခြေထောက်တွေဟာ တုန်ရီနေခဲ့ပြီး ..သူ့ကြည့်ရတာ မတ်တတ်ထပ်မရပ် နိုင်တော့တဲ့ ပုံပါပဲ..။
"ပန်ချီကားလေး..ငါ့ရဲ့..ပန်ချီကားလေး..."
တာအိုရှီဂန်နဲ့ တစ်ခြား လူတွေဟာ ကြောင်အသွားခဲ့ပြီး..
"အကြီးအကဲ ယွဲ့..."
လင်းဖန် ယွဲ့ချီဂျုရှီကို ကိုင်လိုက်ပြီး..သူ ဖိအားတွေကနေ သက်သာစေဖို့..ခန္တာကိုယ်က အမှတ်တစ်ချို့ကို နိုပ်လိုက်ပါတယ်..။ယင်းနောက် သူ နှစ်သိမ့်လိုက်တယ်..။
"စိတ်မပူပါနဲ့..ခငိဗျားလုံခြုံ သ၍ အခိုးခံရလဲ အဆင်ပြေပါတယ်..။ကျုပ် နောက် တစ်ခါမှ တစ်ပုံထပ်ဆွဲပေးမယ်လေ.."
ယွဲ့ချီဂျုရှီဟာတော့..ငိုတော့မယ့် ပုံပါပဲ..။
"မာစတာလင်း ဒါက ခင်ဗျားရဲ့ ပထမဆုံး လက်ရာလေ..။ဒီပန်ချီကားက အဓိပ္ပါယ်တွေ အများကြီး ရှိတယ်..။ကျုပ် ရတနာ တစ်ခုလို စောင့်ရှောက်လာတာကို..သူတို့က ဘာလို့ခိုးသွားတာလဲ..။သူတို့ ပန်ချီကား လိုချင်ရင် ကျုပ်ကို ပြောသင့်တယ်..။ကျုပ်တစ်ခြား ပနိချီကားတွေ အကုန်ပေးလိုက်မှာပေါ့..."
"တစ်ယောကိယောက်..အဲတာကိုပြန်ရအောင် မလုပ်နိုင်တော့ဘူးလား..."
ယွဲ့ချီဂျုရှီ လုံခြုံရေး အရာရှိတွေကို အော်ပြောလိုက်တာပါ..။
သူအေတာ်ကို စိတ်ပူနေတာ ဖြစ်ပြီး..သူ့နှာဖူးပေါ်မှာတော့..ချွေးတွေတောင် ကျဆင်းနေခဲ့ပါတယ်..။
လုံခြုံရေး အရာရှိဟာ ပြန်ဖြေလိုက်တယ်..။
"သူ့ရဲ့ ပါတနာတွေက ..ပြေးသွားပြီ ..ဒါပေမဲ့ သဲလွန်စရှိနေတုန်းပဲ..။ကျွန်တော် ထွက်ပေါက်တွေ အကုန်ပိတ်ထားတယ်...။သူ ဒီထဲမှာ ရှိနေသ၍ ကျိန်းသေ ဖမ်းမိမှာ.."
"အမြန်သွား.."
ယွဲ့ချီဂျုရှီ ပြောလိုက်တာပါ..။
တာအိုရှီဂန်နဲ့ ကျန်တဲ့ လူတွေဟာ သူ့ကို နှစ်သိမ့် ပေးဖို့ ကြိုးစားနေခဲ့ျကတယ်..။အနုပညာ ပြပွဲမှာ ဒီလိုမျိုး ဖြစ်လာလိမ့်မယ် လို့ သူတို့လည်း မထင်ထားခဲ့ ပါဘူး..။
ဒီ သူခိုးတွေက..အသိပညာ ရှိပြီး..မာစတာလင်းရဲ့ ပနိချီကားကို ခံစားနိုင်ခဲ့ပါတယ်..။ဒီတစ်ခုက..တန်ဖိုးအကြီးဆုံးဆိုတာ သူတို့ သိသွားခဲ့တာပါ..။
လူတိုင်း အကူညီမဲ့နေခဲ့တယ်..။
လင်းဖန် ..ယွဲ့ချီဂျုရှီရဲ့ ပုခုံကို ပုတ်လိုက်ပြီး..
"စိတ်မပူနဲ့..ကျုပ်ခင်ဗျားအတွကိ ထပ်ဆွဲပေးမယ်..။ဒေါသထွက်တာက..ကောင်းတဲ့ အရာမဟုတ်ဘူးလေ"
ယွဲ့ချီဂျုရှီ လင်းဖန်ကို ကြည့်ပြီး ငိုချင်နေခဲ့ပါတယ်..။ဒီတစ်ခုက..သူအရမ်းချစ်ရတဲ့ ပန်ချီကား ဖြစ်ပြီး တစိခါတစ်လေ..အိပ်မက်တောင် မက်ပါသေးတယ်..။သို့ပေမယ့် ..အခုတော့ ခိုးခံလိုက်ရပါပြီ..။
သူသာ ဒီလိုမှန်းသိရင်..ဒီပန်ချီကားကို..ပြပွဲမှာ ခင်းကျင်းပြသခဲ့မှာ မဟုတ်ပါဘူး..။
သို့ပေမယ့် အခုတော့ နောက်ကျသွားခဲ့ပါပြီ..။
လင်းဖန် ကျန်နေတဲ့ လူတိုငိးကို လိုက်ကြည့်လိုက်တဲ့ အချိန်မှာ အကုန်လုံး အံ့ဩနေခဲ့ကြတာပါ..။
ယင်းနောက် လူကြီးတစ်ယောက်ဟာ..လင်းဖန်ကို အမှတ်တမှတ် ကြည့်လိုက်မိတဲ့ အချိ်န်မှာ..လငိးဖန်က သူ့ကို ထူးဆန်းတဲ့အပြုံးနဲ့ ကြည့်နေတာကို သတိထားမိလိုက်ပါတယ်..။
ငါက..ခိုးတဲ့ လူတွေနဲ့ တစ်ဖွဲ့တည်းဆိုတာကို ..သူသိနေတာလာား.....
မဟုတ်ဘူး..မဖြစ်နိုင်တာ။ယင်းနောက်..လူကြီးဟာ..ထပ်ပြီး မနေချင်တော့ ပါဘူး..။သူ ခေါင်းကို ငုံ့ပြီး အခန်းထဲက ထွက်ခွာ သွားခဲ့ပါတယ်..။
လင်းဖန် ..စိတ်ထဲကနေ..တိတ်တဆိတ် ရယ်မောလိုက်တယ်.။
ဒါက ထိုက်တန်ပါတယ်..
အနုပညာပြပွဲ ကျင်းပသည့် စင်တာ၏ ၁၈ ထပ်တွင်..။
ဓာတ်လှေကားဟာ..ရပ်တန့်သွားခဲ့တယ်..။
လူကြီးဟာ ဓာတ်လှေကား ထဲကနေ တည်တည်ငြိမ်ငြိမ်ထွက်လာပြီး..သန့်စင်ခန်းထဲကို သွားလိုက်ပါတယ်..။သူ..အမှိုက်တောင်းထဲကနေ..အဝတ်အစား အသစ်တစ်စုံယူပြီး..သန့်စင်ခန်း
ထဲမှာ ပြောင်းဝတ်လိုက်တယ်..။သူ သန့်စင်ခန်းထဲက ထွကိလာတဲ့ အချိန်မှာတော့ မှုတ်ဆိတ်နဲ့ လူကြီး ဖြစ်သွားခဲ့ပါပြီ..။
ယင်းနောက်..သူ လုံခြုံဖို့ အတွက် ၁၉ ထပ်ကို ထပ်တက်လိုက်ပါတယ်..။
ဟားဟား...မင်းတို့က ငါ့ကို ဖမ်းချင်ကြတာလား...
ဆုတောင်း နေလိုက်...
ယွဲ့ချီဂျုရှီ ဒီမှာ အနုပညာ ပြပွဲ ကျင့်ပမယ် ဆိုကတည်း.က.သူ တို့ အဆောက်အဦးကို လေ့လာထားကြတာပါ..။
တရုတ် အနုပညာအဖွဲ့အစည်းမှာ မာစတာ တွေ အများကြီး ဟာ..အနုပညာ ပြပွဲ ကျင်းပကြပေမယ့် သူတို့ တွေ အကုန်လုံးက အလိမ်အညာတွေ ချည်းပါ..။သူတို့ရဲ့ ပန်ချီကားတွေကို..အထူး လေလံပွဲတွေမှာရောင်းချပြီး..အမြင်ဆုံးစျေးကလည်း..သူတို့ ကိုယ်တိုင် ပြန်ပေးထားကြတာပါပဲ..။
သူတို့..ဟာ..စာရွက်ပေါ်မှာ စျေးကစားပြီး သူတို့ရဲ့ ပန်ချီကားကို တန်ကြေးမြင့်အောင် လုပ်တတ်ကြပါတယ်..။ဒါက ..လူအများစုလုပ်တဲ့ ပုံစံပါပဲ..။
သို့ပေမယ့် ဒီအနုပညာ ပနိချီကားတွေကို..အနုပညာ မခံစားတတ်တဲ့ လူတွေ ပဲ ဝယ်ကြမှာပါ.။အနုပညာ..ကိုခံစား တတ်တဲ့လူတွေကလည်း..ဒီအလိမ်အညာ ဇာတ်လမ်းတွေကို သိထားကြပါတယ်.။
သို့ပေမယ့် ယွဲ့ချီဂျုရှီကတော့ ကွာခြားတဲ့ လူတစ်ယောကိပါ..။သူ့ရဲ့ အနုပညာ လက်ရာတွေဟာ..အတော် တန်ကြေးရှိပြီး..သူက တရုတ်အနုပညာ..အဖွဲ့အစည်းရဲ့ ရှေးပြေးဦးဆောင်သူလို့တောင် ပြောလို့ရပါတယ်..။
အထူးသဖြင့်..သူ့ရဲ့ ပန်းပေါင်း တစိရာ..ပန်ချီကားက...စုဆောင်းသူ တွေ အများကြီး လိုချင်နေခဲ့တာပါ..။ဒီပန်ချီကားက..စျေးအတော်မြင့်ပြီး..ယွဲ့ချီဂျုရှီကလည်း ရောင်းဖို့ စိတ်ကူး မရှိပါဘူး..။တစ်ချို့ စုဆောင်းသူတွေဟာ..မပျော်မရွှင်ဖြစ်ကြပေမယ့်လည်း ဘာမှ မတတ်နိုင်ကြပေ..။
သို့ပေမယ့် သူတို့အဖွဲ့ရဲ့ ့ပစ်မှတ်က..ပြပွဲရောက် မှ
ဖီးနစ် ပန်ချီကားကို ပြောင်းလဲ သွားခဲ့တာပါ.။
သူ ပြတင်းပေါက်ဆီလာလိုကိပြီး ဂရုတစိုက် ဖွင့်လိုက်တယ်..။ဆန့်ကျင်ဘက်အဆောင်အဦးကို..ဆက်သွယ်ဖို့..ကြိုးတစ်ချောင်းက အဆင်သင့် ရှိနေခဲ့တာပါ..။
ယင်းနောက် သူနောက်ကို ပြန်လှည့်ကြည့်ပြီး ပြုံးလိုက်ကာ..
"သွားပြီ သောက်ရူးတွေရေ.."
*ဝှှီ*
သူ ခုန်ချသွားခဲ့ပါတယ်..။
ဆန့်ကျင်ဘက် အဆောက်အဦး၏ ၁၈ ထပိမြောက်တွင်..။
ဂျင်ဟွန်မင်ဟာ..စင်ပေါ်မှာ ရှိနေပြီး..သူ့နောက်မှာ..ပြတင်းပေါက်တစ်ခု ရှိနေခဲ့ပါတယ်..။သူက သူ့ပရိတ်သတ်တွေကို နှုတ်ဆက်ပြီး..အကြောင်းအရာမျိုးစုံကို ပြောနေခဲ့တာပါ..။
သူ ပြောတာတွေက..အရေမရ အဖတ်မရ တွေ ဖြစ်ပေမယ့်..သူ့ရဲ့ ပရိတ်သတ်တွေက..အသည်းအသန်တွေ အားပေးနေတုန်းပါပဲ.။ဒီပရိတ်သတ်တွေက ဂျင်ဟွန်မင် ထွေးလိုက်တဲ့ တံတွေးကိုတောင် ရေမွှေးလိုထင်ရင် ထင်နေကြမှာပါ..။
သူပြောတဲ့ ပုံပြင်တွေကို ပရိတ်သတ်တွေ ယုံကြည်ကြလို့ ဂျင်ဟွန်မင် ပျော်ရွှင်နေခဲ့ပါတယ်..။
မန်နေဂျာကတော့ ဘေးနားမှာ ရပ်နေပြီး ဘာသာပြန်ပေးနေခဲ့တယ်..။
"ကျွန်တော်ဒီကို မလာခင်တုန်းက..အဖျားက..အတော်များနေခဲ့တာ..။ဒါပေမဲ့.ပရိတ်သတ်တွေကို စိတ်မပျက်စေချင်တာကြောင့် ရအောင်လာခဲ့တယ်လေ..။ဒီကို ရောက်ပြီး ပရိတ်သတ်တွေကို မြင်လိုကိတာနဲ့ အဖျားက လုံးဝ ပျောက်သွားတော့တာပဲ.."
တစ်စုံတစ်ယောက်ဟာ..ဦးနောက် နည်းနည်းလေး ရှိတာနဲ့.. ဒီကောင် စောက်တလွဲ တွေ ပြောနေတယ် ဆိုတာ သိနိုင်ပါတယ်..။သို့ပေမယ့် ဒီမှာရှီတဲ့ ပရိတ်သတ်တွေ ကတော့ အဲတာတွေ စိတ်မဝင်စားကြပေ.။သူတို့က..ဂျင်ဟွန်မင် ပြောတဲ့ အရာရာတိုင်းကို ယုံကြည်နေကြပါတယ်..။
"အိုပါး..အိုပါးက အရမ်း ပရော်ဖက်ရှင်နယ် ဆန်တာပဲ..။အိုပါးရဲ့ ပရိတ်သတ်ဖြစ်ရတာ တကယ်ပျော်ရွှင်တယ်..."
"အိုပါးက အမြဲတမ်း ကျွန်မရဲ့ အိုင်ဒေါပဲ..."
ပရိတ်သတ်တွေ ဟာ ကျယ်လောင်စွာ အားပေးနေခဲ့ပါတယ်..။
ဂျင်ဟွန်မင် ဝီးချဲပေါ်မှာ ထိုင် နေရင်း ပြုံးလိုက်ပါတယ်..။သို့ပေမယ့် သူ့ရဲ့ အေပျာ်တွေက သိပ်ပြီး မခံခဲ့ ပါဘူး..။
* ခွမ်း *
သူ့နောက်က မှန်ကြီးဟာ ကွဲသွားပြီး..လူတစ်ယောကိ..ပေါ်လာခဲ့တယ်..။လူကြီးဟာ ဝီးချဲကို ကန်မိသွားတဲ့ အချိန်မှာ ဂျင်ဟွန်မင် အောက်ကို ပြုကျသွားခဲ့ပါတယ်..။
"ချီးပဲ ဒီမှာဘယ်လိုဖြစ်ပြီး လူရှိနေတာလဲ..."
လူကြီးဟာ ကြောင်အသွားခဲ့တယ်..။သူတို့ မစ်ရှင်
မစတင်တုန်းက. အကုန်တွက်ချက် ထားတဲ့ အထဲမှာ ဒီမှာ ဘယ်သူမှ မရှိရပါဘူး..။
ဘာတွေ ဖြစ်နေတာလဲ.....ဘာလို့ ဒီမှာ လူတွေ အများကြီး ရောက်နေတာလဲ.......
သို့ပေမယ့် သူအများကြီး ဂရုမစိုက်နိုင်တော့ပေ..။
လူအုပ်ကြီးဟာ..လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့တယ်..။သူတို့ အခြေအနေကို အံ့ဩနေကြပြီး..စတင်ကာ..ဗရမ်းဗတာ ဖြစ်လာခဲ့ပါပြီ..။
လူကြီးဟာ..မီးခိုးဗုံး တစ်လုံးကို ပစ်လိုက်ကာ..မီးခိုးတွေကြားထဲမှာပဲ..အပေါ်အက်ျီကို ချွတ်လိုက်ပါတယ်..။
"ချီးပဲ..မီးခိုးဗုံးရဲ့ မီးခိုးတွေက..အများကြီးပါလား.။ငါတောင် ရှေ့ကို ဘာမှ မမြင်ရဘူး..."
လူကြီးဟာ..လကိဝေ့ယမ်းပြီး..မီးခိုးတွေကို ခါယမ်းလိုက်ပါတယ်..။
“!#@!, !#@!…”
သူ ကိုရီးယား စကားတွေကိုဆက်တိုက် ကြားနေခဲ့ရတယ်.။
လူကြိးဟာ..မျက်မှောင်ကျုတ်လိုက်ပြီး..သူ လူတစ်ယောက်ရဲ့ လက်မောင်းကို တက်နင်းထားတယ် ဆိုတာ နားလည်လိုက်ပါတယ်..။သူ တောင်းပန်ဖို့ လုပ်လိုက်ပေမယ့်လည်း..ဒီလူက..ကိုရီးယား စကားတွေကိုပဲ ဆက်တိုက် ပြောနေတာကို သတိထားမိ လိုက်တယ်.။
"မအိမ်လုံး..ကိုရီးယားကကောင်..။ငါက ကိုရီးယား ဆိုရင် အမုန်းဆုံးပဲ...."
ယင်းနောက် သူ ဂျင်ဟွနိမင် ရဲ့ မျက်နှာကို ဖြတ်ကန်လိုကိပြီး အမြန်ပြေးထွက်သွားခဲ့ပါတယ်..။
ဂျင်ဟွန်မင် သတိလစ်သွားပြီး မျက်နှာတစ်ခုလုံး သွေးတွေနဲ့ ဖုံးလွမ်းသွားခဲ့တယ်...။ပလတ်စတစ် ခွဲစိတ်မူ လုပ်ထားတဲ့ သူ့ရဲ့ နှာခေါင်းကတော့...တိမ်းစောင်းနေခဲ့ပါပြီ..။
အခြေအနေက ဗရမ်းဗတာ ဖြစ်နေခဲ့ပြီး..မီးခိုးတွေဟာ..တစ်နေရာလုံးမှာ ပြည့်နေခဲ့လို့ပါ..။ဂျင်ဟွန်မင် ဘယ်နေရာ ရောက်နေလဲ ဆိုတာကိုတော့..ဘယ်သူမှ မသိကြပါဘူး...။