← Chapters

ငါတို့ ဒါကို ကိုယ့်အရည်အချင်းနဲ့ကို ခိုးလာတာလေ...ဘာလို့ ပြန်ပေးရမှာလဲ...

Vol. 29 Ch. 432

ငါတို့ ဒါကို ကိုယ့်အရည်အချင်းနဲ့ကို ခိုးလာတာလေ...ဘာလို့ ပြန်ပေးရမှာလဲ...

Vol. 29 Ch. 432

ဘာသာပြန် = စနိုးဝှိုက်.

မီးခိုးငွေ့တွေဟာ လွင့်ပြယ်သွားခဲ့တယ်..။

ဂျင်ဟွန်မင်..ကြမ်းပြင်ပေါ်မှာ..ခံစားချက်မဲ့စွာလဲှလျောင်းနေပြီး..ပရိတ်သတ်တွေက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြပါတယ်..။ပွဲကျင်းပတဲ့..အဓိက စီစဥ္သူတွေကတော့..ဒီမှာ မရှိတော့ပါဘူး..။သူတို့..မီးခိုးတွေ ထွက်လာကတည်းက..ကြောင်အပြီး..အဝေးဆုံးကို ဝေးနိုင်သလောက် ထွက်ပြေးသွားခဲ့ကြတာပါ..။

မန်နေဂျာဟာ အတော်ကို စိတ်ပူသွားခဲ့တယ်..။သူမဟာ ဘေးနားပတ်လည်ကို ကြည့်နေပြီး..ဂျင်ဟွန်မင်ကို မြင်သွားတဲ့ အချိန်မှာ ပြေးသွားခဲ့ပါတယ်..။

"ဟွန်မင်...ဟွန်မင်..."

သူမ ဂျင်ဟွန်မင်ရဲ့ ချောမောပြီး မိန်းကလေး ဆန်တဲ့..မျက်နှာကို မြင်တဲ့ အချိန်မှာ..ကြောင်အသွားခဲ့ပါတယ်..။သူမ ရဲကို အလျင်အမြန်ခေါ်လိုက်တယ်..။

"ပြီးသွားပြီ...ပြီးသွားပြီ..."

သူမ ဖုန်​ေခါ်ပြီးတဲ့ နောက်မှာ..မြေကြီးပေါ်မှာ ..ပုံကျသွားခဲ့တယ်..။အရာရာတိုင်းက ပြီးဆုံးသွားခဲ့ပါပြီ..။ဟွန်မင်ရဲ့ မျက်နှာက..ခွဲစိတ်မူလုပ်ထားတာကြောင့် အတော်ချောမော နေပေမယ့်..အခုလက်ရှိသူ့ရဲ့ မျက်နှာ အခြေအနေက ..မကြည့် ရဲလောက်အောင်ပါပဲ..။

သူ ပြန်ကောင်းဖို့ အချိန်ဘယ်လောက်ကြာအောင် ယူရမလဲ ဘယ်သူသိမှာလဲ...

ထပ်ပြောရရင်..သူပြန်ကောင်းလာတဲ့ အချိန်ကြရင် လူတွေက သူ ဆယ်လီတစ်ယောက် ဆိုတာတောင် မေ့နေလောက်ပါပြီ..။

တရုတ်မှာ..ဦးနှောက်မရှိတဲ့ ပရိတ်သတ်တွေ..ရှိနေတယ် ဆိုတာကို သူမသိပြီးသားပါ..။သူတို့က..သူတို့အားပေးတဲ့ အိုင်ဒေါကို မိဘတွေထက်တောင် ပိုအလေးထားပြီး ဆက်ဆံကြပါတယ်.။သို့ပေမယ့် သူတို့တွေက.အတော်ကို ထိလွယ်ရှလွယ်ပါ..။

သူတို့က..သူတို့ရဲ့ အိုင်ဒေါ..ရုပ်ချောတုန်းသာ.အားပေးကြပြီး..သူတို့ရဲ့ အိုင်ဒေါ ရုပ်ရည်..ဆိုးရွားသွားရင်..လုံးဝ ဂရုစိုက်တော့မှာ မဟုတ်ပဲ..နောက်တစ်ယောက် ဆီ ပြောင်းသွားကြမှာပါ..။

မန်နေဂျာဟာ..ကြမ်းပြင်ပေါ်မှာပဲ..ခံစားချက်မဲ့ စွာ ထိုင်နေခဲ့ပါတယ်..။

…

ဒီမှာတော့..သူခိုးငါးယောက် အဖွဲ့ထဲက..လေးယောက်ဟာ စုဝေးနေကြပါပြီ..။

သူတို့ဟာ..သိီးခြားနေရာတစ်ခုမှာ ရောက်နေခဲ့တာပါ..။

ကိုယ်ဝန်လွယ်ထားရသလို..ဟန်ဆောင် တဲ့ အမျိုးသမီးကြီးဟာ..သူမရဲ့ ဗိုက်ကို ကြည့်ကာ.ပြုံးလိုက်ပြီး...

"ဘယ်လိုလဲ..။ငါ့ရဲ့ သရုပ်ဆောင်တဲ့ စကေးက..ကျွမ်းကျင်တယ် မလား.."

ဆရာဝန်အဖြစ်သရုပ် ဆောင်တဲ့ လူဟာ ပြုံးလိုက်ပြီး..

"ဟုတ်တယ်..ဒါက..အတော်ကို..အံ့ဩဖို့ကောင်းတယ်..။ဒါပေမဲ့.နင့်ရဲ့..လုပ်ရပ်က ငါတို့ကို အတော် ရှော့ရစေတယ်နော်.။နင်ဘာလို့.ယွဲ့ချီဂျုရှီရဲ့ ပန်ချီကားကို မယူတာလဲ..."

ကိုယ်ဝန်သည် အမျိုးသမီးဟာ ပြောလိုက်တယ်..

"အစကတော့.ငါတို့ရဲ့ပစ်မှတ်က..ပန်းပွင့်တစ်ရာ ပန်ချီကား ဖြစ်နေပေမယ့်.လူတွေက ပန်ချီကားတစ်ခုကို ဆယ်စုနှစ်အတွင်းမှာ အကောင်းဆုံး ပန်ချီကားလို့ ပြောကြလို့လေ..။ဒါကြောင့် ဒီပန်ချီက..လှပလားဆို တာ ငါသေချာသွားကြည့်သေးတယ်..။ဒါက တကယ်ကို လှပတာ..။ထပ်ပြောရရင် ခေါင်းစဥ္က သေချာ မရှိပေမယ့်..သူ့ရဲ့ လက်ရာက..အကောင်းဆုံးဖြစ်ပြီး တစ်ခြား ပန်ချီကားတွေထက် အဆပေါင်းများစွာ သာလွန်တယ်လေ..။နင်တို့ ကြည့်ကြည့်လိုက်.."

နောက်ထပ် အဖွဲ့ဝင်သုံးယောက်ဟာ ခေါင်းညိမ့်ပြီး..ဖွင့်ကြည့်လိုက်ကြပါတယ်..။သူတို့ဟာ ပြုံးလိုက်ကြပြီး..

"ဒါက တကယ်ကို လှပတဲ့ လက်ရာပဲ.."

သူတို့ အကုန်လုံးက သူခိုးတွေပါ..။သူတို့ အနုပညာ လက်ရာ တွေ အကြောင်းကို နားလည်ပါတယ်..။ဒီပန်ချီကားက..ယွဲ့ချီဂျုရှီရဲ့ လက်ရာ 'ပန်းပွင့်တစ်ရာ တိုက်ခိုက်ခြင်း' ထက် ပိုကောင်းတယ် ဆိုတာ အသေအချာပါပဲ.။

"ဟေး..လီကျန်းက ဘာလို့ရောက်မလာ သေးတာလဲ.."

ဂျင်ဟွန်မင်ကို ဖြတ်ကန်ခဲ့တဲ့ သူခိုးဟာ..မျက်မှောင်ကျုတ်လိုက်ပြီး..

"ငါထွက်လာတုန်းက..သူ လူအုပ်ထဲမှာ ရှိနေတုန်းပဲ..။တကယ်ဆို ငါတို့ ဒီမှာ လူစုံသင့်နေပြီ..။သူတစ်ခုခု ဖြစ်နေတာများ ဖြစ်နိုင်မလား.."

"မဖြစ်နိုင်တာ..လီကျန်းက အမြဲတမ်း စေ့စေ့စပ်စပ် လုပ်တတ်တဲ့ လူတစ်ယောက်ပဲ..။သူလူအုပ်ထဲမှာ ပုန်းနေတာ ဆိုရင် သူ့ကို ဘယ်သူမှ ရှာတွေ့မှာ မဟုတ်ဘူး..။ဟေး..ဟိုမှာ သူလာနေပြီ..."

ဒေါက်တာ ပုံစံ သရုပ်ဆောင်တဲ့ လူကြီး က ပြောလိုက်တာပါ..။

သိပ်မဝေးတဲ့ နေရာတွင်..။

လူတစ်ယောက်ဟာ.အမြန်ပြေးလာနေခဲ့တယ်...။သူ့လူတွေကို မြင်တဲ့ အချိန်မှ သူစိတ်သက်သာရာ ရသွားခဲ့ပါတယ်..။ဘာပဲဖြစ်ဖြစ် သူ့လူတွေ အဆင်ပြေနေတာက ပုံမှန်ပါပဲ..။

"လီကျန်း.မင်းက..အချိန်ယူတာ ကြာတာပဲ..."

လီကျန်း ပြန်ပြောလိုက်တယ်..။

"ငါလည်း..ကြာကြာမနေချင်ပါဘူး..။ဒါပေမဲ့..ယွဲ့ချီဂျုရှီ ဘေးနားမှာ ရှိနေတဲ့ လူငယ်လေးက..ငါ့ကို ပြုံး

ပြီး တစ်ချိန်လုံး ကြည့်နေတာ...။သူ့ကြည့်ရတာ ငါဘယ်သူလဲ ဆိုတာ သိနေတဲ့ ပုံပဲ..။အဲတာနဲ့ ငါလည်းကြောက်ပြီး နည်းနည်း ဆက်လျောက်နေလိုက်တာလေ..."

ဂျင်ဟွန်မင်ကို ကန်ခဲ့တဲ့လူကလွဲလို့ ကျန်တဲ့ လူတွေဟာ ခေါင်းခါယမ်းလိုက်ပြီး..

"မဖြစ်နိုင်တာ..မင်းစိတ်ထင်နေလို့ ဖြစ်မှာပါ..။သူကဘယ်လိုဖြစ်ပြီး သိနိုင်မှာလဲ..။ဘာပဲဖြစ်ဖြစ် ငါတို့အကောင်းဆုံး လုပ်ခဲ့တယ်..။ငါတို့ရဲ့ ကာစတန်မာ အဟောင်းကိုပဲ ဆက်သွယ်ပြီ စျေးမေးလိုက်ရအောင်..။ဒါက..ဟိုပန်ချီကားထက် ပိုပြီး စျေးတန်မယ် ထင်တာပဲ..."

လီကျန်း ခေါင်းညိမ့်လိုက်တယ်..။

"ဟုတ်တယ် ငါ​ အကြောက်လွန်နေတာပဲ ဖြစ်မှာပါ...။တစ်ခြား လူတွေက ဘယ်လို သိနိုင်မှာလဲ..."

သူခိုးတွေ အားလုံး ရယ်မောလိုက်ကြပါတယ်..။ဒီတစ်ကြိမ်ပြီးသွားရင်တော့..သူတို့ အေးဆေး အနားယူနေလို့ရပါပြီ..။

ဒီကမ္ဘာကြီးမှာ အဖိုးတန် ပစ္စည်းတွေ ..အများကြီး ရှိပေမယ့်..ရင်းနှိီးရမယ့်. ရာခိုင်နှုန်း များမယ် ဆိုရင်တော့..သူတို့ ခိုးမှာ မဟုတ်ပါဘူး..။အနုပညာ လက်ရာတွေ ဆိုတာက ခိုးရ အလွယ်ဆုံး ပစ္စည်းတွေပါ..။လုံခြုံရေးတွေက ဦးနှောက်သိပ်မကောင်းတော့..သူတို့ နည်းနည်းလောက် အစီစဥ္ ဆွဲလိုက်ရုံပါပဲ..။

အဲ့အချိန်မှာပဲ ရုပ်တရက်..ပေါ်လာတဲ့အသံတစ်ခုကြောင့် သူတို့..ကြောင်အသွားခဲ့ကြပါတယ်..။

"ခင်ဗျား အကြောက်လွန်နေတာ မဟုတ်ပါဘူးဗျာ..။ခင်ဗျားမှန်း ကျွန်တော် သိတာပေါ့..."

သူခိုးတွေ အကုန်လုံး ဒါကို ကြားတဲ့ အချိန်မှာ ကြောင်အသွားခဲ့တယ်..။သူတို့ ဘေးပတ်လည်ကို ကြည့်တဲ့ အချိန်မှာတော့..လူငယ်လေးတစ်ယောက်..သူတို့ဆိကို လျောက်လာတာ တွေ့လိုက်ရပါတယ်..။အဲ့အချိန်မှာပဲ..ဂျင်ဟွန်မင် ကို တိုက်ခိုက်ခဲ့တဲ့ လူနဲ့ လီကျန်းဟာ မှတ်မိသွားပြီး..လီကျန်းက အရင်ပြောလိုက်တယ်...

"အဲတာ သူပဲ..။သူက တစ်ချိန်လုံး ငါ့ကို ကြည့်ပြီး ရီပြနေတာ..."

လင်းဖန် အရာအားလံူးသိနေတဲ့ လူတစ်ယောက်လို ဖြည်းညှင်စွာ လျောက်လာခဲ့ပါတယ်..။သူ ဂျင်ဟွန်မင် ရဲ့ မျက်နှာကို မြင်တုန်းက ခွဲစိတ်ထားတာမှန်းသိပေမယ့် ထုတ်မပြောချင်ခဲ့ပါဘူး..။သူ့အလိုလို ဖြစ်လာမှာကိုပဲ..သူစောင့်နေခဲ့တာပါ..။

သူ ဒီသူခိုးတွေ အကြောင်းကို လဲ သိထားပါသေးတယ်.။

လင်းဖန် ဒီသူခိုးတွေကို ကြောက်ရွံ့သွားအောင် မလုပ်ချင်ပါဘူး..။သူ တည်တည်ငြိမ်ငြိမ်ပဲ လီကျန်းကို ပြောလိုက်တယ်..။

"ခင်ဗျားက.ဒီကို တစ်ခါတည်း တန်းတန်း မလာပဲ..ဘာလို့ နေရာပေါင်းစုံ.လျောက်ဝင်နေတာလဲ..။ကျုပ် ခင်ဗျားနောက်လိုက်ရင်းနဲ့ လမ်းပျောက်တော့မလို့..."

လီကျန်း ကြောင်အသွားခဲ့တယ်..

"မင်းငါ့ကိုဘယ်လို သိတာလဲ.."

ဒါက ခက်ခဲတဲ့ မေးခွန်းတစ်ခုဖြစ်ပြီး လင်းဖန် ပြန်ဖြေဖို့ စိတ်ကူးမရှိပါဘူး..။သူ သူခိုးတစ်ယောက် ရဲ့ ပုခုံးကိုသာ ပုတ်လိုက်ပြီး..

"ညီအစ်ကို တစ်ကယ် မဆိုးဘူး.။အဲ့စောက်ရေးမပါတဲ့ ကိုရီးယားကောင်ကို အဲလို လုပ်ခဲ့တာ ကောင်းတ

ယ်..။ကျုပ် ခင်ဗျားရဲ့ လုပ်ရပ်ကို တကယ်လေးစားတယ်..။ခင်ဗျားတို့က သူခိုးတွေဆိုပေမယ့်..ကျုပ်က ဘယ်ပညာရှင် ကိုမှ မထင်မသေးပါဘူး..။ကျုပ်ဒီလုပ်ရပ်ကြောင့် တကယ်ပျော်ရွင်ရတယ်.."

ဂျင်ဟွန်မင်ကို ကန်ခဲ့တဲ့ သူခိုးဟာ ကြောင်အသွားခဲ့တယ်..။ဘာတွေ ဖြစ်နေလဲ သူ မသိတော့ ပါဘူး..။သူ ထွက်မလာခင်တုန်းက လည်း ဒီလူငယ်လေးက သူ့ကို တစ်ချိန်လုံး ပြုံးပြီး ကြည့်နေခဲ့တာပါ..။

ကျန်တဲ့သူခိုးတွေ ဟာလည်း မြေကြီးပေါ် လဲကျခါနီးနေကြပါပြီ..။

သူတို့က သူခိုးတွေ ဖြစ်တဲ့ အတွက် ပေါ်သွားမှာကို အကြောက်ဆုံးပါပဲ..။

ဒီနေ့တော့..တစ်ယောက်ယောက်က သူတို့ အကြောင်းကို သိသွားခဲ့ပါပြီ..။

သူတို့ ဘာလုပ်နိုင်မှာလဲ....။သူ့ကို သတ်လိုက်ရမလား....

မဟုတ်ပါဘူး...။သူတို့က ဒီတိုင်း သူခိုးတွေသာ ဖြစ်ပြီး. လူသတ်သမားတွေ မဟုတ်ကြပေ..။

ပစ္စည်းခိုးတာနဲ့ လူသတ်တာက..မတူညီတဲ့ အရာနှစ်ခုပါ.။သူတို့ ဘဝကို ပျော်ပျော်ရွှင်ရွှင်နေထိုင်ချင်ပြီး တစ်သက်လုံး ထောင်ထဲမှာ မကုန်ဆုံးချင်ကြပေ..။

လင်းဖန် ကိုယ်ဝန်သည်ပုံ ဟန်ဆောင်တဲ့ အမျိုးသမီးဆီသွားကာ ခေါင်းညိမ့်လိုက်ပြီး..

"အစ်မ..ခင်ဗျားက ရုပ်ရည်လှပသလို..သရုပ်ဆောင်လည်းကောင်းတယ် ။အနာဂတ်မှာ ရုပ်ရှင်လောကကို ဝင်သင့်တယ်နော်..အဲ့မှာ ရပ်တည်နိင်လောက်တယ်..။ဒါပေမဲ့ အခုတော့ ..ကျွန်တော် ဒီပန်ချီကားကို ပြန်ယူသွား မှရမယ်.။ဒါပေါ့..ခင်ဗျားတို့က အကောင်းဆုံး ကြိုးစားခဲ့တာလေ..ကျွန်တော့်ကို ဒီတိုင်းကြီး ပေးလိုက်လို့တော့ ဘယ်ရမလဲ..။ကျုပ်ခင်ဗျားတို့ကို အနိုင်မကျင့်ပါဘူး.။ဒီမှာ တာအိုရှီဂန် နဲ့ ယွဲ့ချီဂျုရှီ တို့ ဆွဲ့ခဲ့တဲ့ ပန်ချီကား နှစ်ချပ်..။ဒါက..ဒေါ်လာ လေး ငါး ..သန်းလောက်တော့ တန်ကြေးရှိ မှာပါ.."

လင်းဖန် ..ကိုယ်ဝန်သည် ဟန်ဆောင်တဲ့ အမျိုးသမီး လက်ထဲက..ဖီးနစ် ပန်ချီကား ကို ယူလိုက်ပြီး ပန်ချီကား နှစ်ချပ်ကို ပြန်ထည့်ပေးလိုက်တယ်..။

လင်းဖန် ဒီလူတွေ ကြောင်အနေကြတယ် ဆိုတာကို သိပါတယ်..။သူတို့ တိတ်တဆိတ်သာ..မတ်တတ်ရပ်နေခဲ့ကြပြီး ဘာစကားမှ မပြောကြပါဘူး.။ဒါကြောင့် လင်းဖန် လည်း အကူညီမဲ့စွာပဲ ပြန်ထွက်လာခဲ့ပါတော့တယ်..။

"ကောင်းပြီ..ကံမကုန်ရင်တော့..ကျုပ်တို့ ပြန်ဆုံကြတာပေါ့.."

လင်းဖန် ပြောပြီး လက်ဝေ့ယမ်း လိုက်ပါတယ်..။

လင်းဖန် ထွက်သွားပြီးနောက်..။

သူခိုးတွေဟာ အသိပြန်ဝင်လာခဲ့တယ်..။

"သူက ဘယ်သူလဲ..."

သူတို့ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြတယ်..။

"ငါလည်း မသိဘူးလေ.."

"ဘာလို့ ငါတို့ စကားမပြောတာလဲ..."

"ငါက ..ရဲတွေ ငါတိုကို သူနတ်နဲ့ ချိန်ထားကြမှာကို ကြောက်တာ..။တကယ်လို့ ငါတို့ လှုပ်ရင် အသေပစ်သတ်လို်က်မှာလေ.."

"ရဲတွေက ဘယ်မှာ​လဲ..."

"မသိဘူးလေ.."

အဆုံးမှာတော့.သူခိုးတွေဟာ..အနည်းငယ်ဆွေးနွေးပြီး ပန်ချီကား နှစ်ချပ်ကို ဖွင့်ကြည့်လိုက်ကြပါတယ်..။ပန်ချီကားကို မြင်တဲ့ အချိန်မှာ သူတို့..အံ့ဩသင့်ပြီး ..အပြုံးတွေဟာ ပေါ်ထွက်လာခဲ့ပါပြီ.။

…

All Chapters