လူစု ခွဲလိုက်ကြရအောင်..
Vol. 29 Ch. 433
#ဘာသာပြန် = စနိုးဝှိုက်
လင်းဖန်..အနုပညာ ပြပွဲကို ပြန်ရောက်တဲ့ အချိန်မှ..ယွဲ့ချီဂျုရှီဟာ စိတ်သက်သာရာ ရသွားခဲ့ပါတယ်.။သူက အခုမှ အသက်ပြန်ရှင်လာတဲ့ အတိုင်း ပါပဲ..။
အထူးသဖြင့်..ယွဲ့ချီဂျုရှီ ..လင်းဖန်ဆီကို ကလေးတစ်ယောက် လိုပြေးဖက်နေတဲ့ မြင်ကွင်းက..မြင်လို့ မကောင်းလှပါဘူး..။
တာအို ရှီဂန်ဟာ..မာစတာ လင်း သူတို့ရဲ့ ပနိချီကားတွေကို ဘာလို့ ယူသွားလဲ မသိပေမယ့်..အခု..ဖီးနစ် ပန်ချီကား ပြန်ပါလာပြီး..အစ်ကို ယွဲ့လည်း ပျော်ရွှင်နေပြီ ဆိုတော့..သူဘာမှ ထပ်ပြီး စိတ်ထဲမထားတော့ပေ.။
အနုပညာ ပြပွဲ့ အတွက်ကတော့. ယွဲ့ချီဂျုရှီ ထပ်ပြီး မကျင်းပ ချင်တော့ပါဘူး..။သူသာ..ဒီပန်ချီကားကို ထပ်ပြှီး ပြသထားချင်ရင်..လုံခြုံရေး အပြည့်အဝ ဘေးနားမှာ ထားမှ ရမှာပါ..။
ဒီလို အဖြစ်အပျက် ဖြစ်သွားပြီ ဆိုမှတော့..အနုပညာ ပြပွဲကို ထပ်ပြီး ကျင်းပလို့ မရတော့
ပါဘူး..။သို့ပေမယ့်..ယွဲ့ချီဂျုရှီ အပျော်ရွှင်ဆုံး အရာက..ဖီးနစ် ပန်ချီကားကို ပြန်ရလိုက်တာပါပဲ..။
ရဲအရာရှိတွေဟာ..လာစစ်ဆေးခဲ့ကြပြီး..သူခိုးအဖွဲ့အစည်း တစ်ခုဆိုတာ..နားလည်လိုက်ကြပါတယ်..။သူ တို့..လက်ရှိလိုက်နေတဲ့ သူခိုး အဖွဲ့တွေထဲက..အဖွဲ့တစ်ဖွဲ့နဲ့ အတူတူပါပဲ.။သူတို့ ဒီအဖွဲ့က လုပ်တယ် ဆိုတာ အတော် ..ယုံကြည်နေခဲ့ကြပါတယ်..။
သို့ပေမယ့် လင်းဖန် ဒီသူခိုးတွေ လွှတ်နေတာကို ဂရုမစိုက်ပေ..။သူ ကံကံ၏ အကျိုးကို ယုံကြည်ပါတယ်..။သူ အစောကသာ..ဖော်ထုတ်ခဲ့ရင် ..ဒီလို အမူ ဆိုတာကလည်း ဖြစ်လာမှာ မဟုတ်ပါဘူး..။သို့ပေမယ့်..ဒါက..ဂျင်ဟွန်မင်လည်း အရိုက်မခံရတော့ဘူးလို့ ဆိုလိုတာပါ..။
ဒါကြောင့်..သူ..ဒီတိုင်း စောင့်ဆိုင်းပြီး ..အခြေအနေ တွေကို ဆက်ကြည့်ဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်..။
ယင်းနောက် လင်းဖန် ဖုန်းကို ထုတ်လိုက်ပြီး ဝို်က်ဘိုမှာ ပို့စ်တင်လိုက်တယ်..။
"အံ့ဩစရာပဲ..အတော်ခံစားလို့ ကောင်းတယ်..။ငါ..ဒီလို မခံစားရတာတောင် အတော်ကြာပြီ....."
မြို့သားတွေဟာ..လင်းဖန် ရဲ့ ပို့စ်ကို မြင်ပြီး ပဟေဠိ ဖြစ်နေခဲ့ကြတယ်..။အဲ့အချိန်မှာတော့..ဂျင်ဟွန်မင် ရဲ့ တုံးအတဲ့ ပရိတ်သတ်တွေကတော့..သူရဲ့ ဝိုက်ဘိုမှာ ကျိန်ဆဲနေကြတုန်းပါ..။
လင်းဖန် ချက်ချင်း ဝိုက်ဘိုကို ပြန်ပိတ်လိုက်တယ်..။ဒီ ငတုံး တစ်သိုက်ကတော့..မနက်ဖြန်ကြရင်..သူတို့ အိုင်ဒေါအတွက် ငိုကြရတော့မှာပါ..။
ယွဲ့ချီဂျုရှီကတော့..သူ့ ရဲ့ ပန်ချီကား ပြန်ရပြီ ဖြစ်တဲ့ အတွက်..ဒီကိစ္စကို ထပ်ပြီး..ဂရုမစိုက်ချင်တော့ပါဘူး..။သူဘာမှ ထပ်ပြီး မမေးသလို ..သိလည်း မသိချင်တော့ပေ..။မာစတာ လင်း..ယူသွားတဲ့..ပန်ချီကား နှစ်ချပ်အတွက်ကတော့..သူ မာစတာလင်းကို ဘာမှ မမေးသလို ရဲတွေကိုလည်း..ဘာမှ မပြောပါဘူး..။
အဲ့အချိန်မှာတော့..ဆန့်ကျင်ဘက် အဆောက်အဦးမှာလည်း မတော်တဆ တစ်ခုဖြစ်နေခဲ့ပါတယ်..။သူခိုး..ကန်သွားတဲ့ ကိုရီးယား ဆယ်လီဟာ..အခု ဆိုရင် ကိုမာ ပါ ဝင်နေခဲ့ပါပြီ..။ရဲအရာရှိတွေဟာ..အဲ့ကိုလည်း ကူညီဖို့ သွားခဲ့ကြပါတယ်..။
ဒီ မတော်မဆ မူက ကိစ္စကြီးတစ်ခုဖြစ်ပေမယ့်..သတင်းတွေဟာ.အခုထိ အပြင်ကို မရောက်သေးပါဘူး..။
သတင်းထောက်တွေဟာလည်း..ဒီ ဧရိယာ တစ်ခုလုံးကို တာဆီးခြင်းခံနေရပါတယ်..။ဂျင်ဟွန်မင်ကို..ဆေးရုံ တန်းပို့လိုက်တဲ့ အတွက် သူတို့ အရေးကြီးတဲ့ သတင်းဘာတစ်ခုမှ မရလိုက်ပါဘူး..။ဒါကြောင့် သူတို့..ဆေးရုံကိုပဲ အမြန်လိုက်သွားလိုက်ကြပါတယ်..။
သူတို့အတွက်ကတော့..ဂျင်ဟွန်မင် ကိုမား..ဖြစ်နေတာက..သတင်းကြီးတစ်ခုပါပဲ..။တကယ်လို့..ဒီသတင်းတွေသာ..ပျံ့နှံ့သွားရင်..အကုန်အံ့ဩသင့်ကြရမှာပါ..။
တစ်ညလုံးတွင်..။
သတင်းထောက်တွေဟာ..ဒီမှာ ရောက်နေကြပေမယ့်..ဘာတွေဖြစ်နေလဲ မသိကြသေးပါဘူး..။
ယင်းနောက် ဒေါက်တာ တစ်ယောက်ဟာ ..ထွက်လာခဲ့တယ်..။
သတင်းထောက်တွေဟာ..အလျင်အမြန် ရှေ့ကို ထွက်သွားလိုက်ပြီး..
"ဟိုင်း ဒေါက်တာ..ဂျင်ဟွန်မင် ရဲ့ အခြေအနေကို သိပါရစေ.."
"သူ အသက်အန္တာရယ်ရှိလား..."
ဒီဒေါက်တာဟာ..တစ်ခုခုစားဖို့ အပြင်ထွက်လာခဲ့တာပါ.။သို့ပေမယ့်သတင်းထောက် တွေ ဝန်းရံခံလိုက်ရတဲ့ အတွက် ကြောင်အသွားခဲ့ပါတယ်..။သူ ရုတ်တရက်ကြီး ဖြစ်ပေမယ့်လည်း..သူ့ကို ဒီလို မီဒီယာတွေ ဝိုင်းမေးနေတဲ့ ခံစားချက်ကို အကြိုက်ဆုံးပါပဲ.။ဒါကြောင့်..သူ သူ့ကိုယ်သူ သေချာပြင်ဆင်လိုက်ပြီး..သတင်းထောက်တွေကို ကြည့်လိုက်ပါတယ်..။
"ကျွန်တော်ကို မေးနေတာလား..."
သတင်းထောက်တွေဟာ ခေါင်းညိမ့်လိုက်ကြတယ်..။
"ဒေါက်တာ..ဂျင်ဟွန်မင် ဆိုတာ ကိုရီးယား ဆယ်လီလေ...။ဂျင်ဟွန်မင် ဒီနေ့ တိုက်ခိုက် ခံလိုက်ရတာ..။သူ အခြေအနေ ဘယ်လိုရှိလဲ..."
ဒေါက်တာဟာ..သတင်းထောက်တွေကို..ကြည့်လိုက်ပြီး ခေါင်းခါယမ်း လိုက်ပါတယ်..။ယင်းနောက် သူ သက်ပြင်းချလိုက်ပြီး..
"ဒါက ..အတော် ဆိုးတယ်.."
သတင်းထောက်တွေဟာ မေးလိုက်ပါတယ်..။
"ဘယ်လောက်တောင် လေးနက်လို့လဲ..."
ဒေါက်တာဟာ..ပြောလိုက်တယ်.။
"သူ့ရဲ့ မျက်နှာက..အတော်ဆိုးရွားတယ်..."
"သူ့ မှာ ဒဏ်ရာတွေ အများကြီးပဲ...."
"ကျွန်တော် ထင်တာတော့..သူ့ရဲ့ ကိုယ်ပိုင် အစိတ်အပိုင်းက သုံးမရတော့ဘူးထင်တယ်.."
ဒေါက်တာဟာ..အရာအားလုံးကို..ပြောပြနေခဲ့တုန်း..ရုတ်တရက် ဆေးရုံ ဒါရိုက်တာကို လှမ်းမြင်လိုက်ပါတယ်..။ယင်းနောက် သူ့ရဲ့ မျက်နှာ အမူအရာ ပြောင်းလဲ သွားပြီး..သတင်းထောက်တွေ နဲ့ ဝေးရာကို ထွက်ပြေးသွားခဲ့ပါတယ်..။
သတင်းထောက်တွေကတော့..ဒေါက်တာ ပြောသွားတာတွေကို နားလည်ဖို့ ကြိုးစားနေတုန်းပါ..။
'ဆိုးရွားတဲ့ မျက်နှာ' ဆိုတာက..သူ့ရဲ့ ရုပ်ရည်က အဆုံးသတ်သွားပြီ မဟုတ်ဘူးလား....
ပြီးတော့..နောက်ဆုံး စကားလုံး ဆိုရင် ပိုပြီးတော့တောင် ဆိုးရွားပါသေးတယ်..။ဒီ ဆယ်လီကတော့..မသန်မစွမ်း တစ်ယောက် ဖြစ်နေခဲ့ပါပြီ..။
ချီးပဲ..
ဒါက ဒီနေ့အတွက် တကယ်ကို သတင်းကြီးပဲ..။
ငွေပုံကြီးမယ်..ဒီသတင်းသာ..တက်လာရင်..နိုင်ငံတစ်ခုလုံးကိုပါ တုန်လှုပ်သွားမှာပါ..။
ယင်းနောက် သတင်းထောက်တွေဟာ.ပြန်သွားပြီး သတင်းရေးဖို့ ပြင်ဆင်ကြပါတော့တယ်...။သူ တို့..ဒီသတင်းကို အမြန်ဆံူး တင်နိုင်ဖို့ အတွက် ဌာနကို ..လူတွေ ပြင်ဆင်ထားဖို့ပါ အကြောင်းကြားထားပြီးပါပြီ..။
နောက်တစ်ရက်..။
မနက်ခင်းတွင်..။
ရာသီဉတုက သာယာနေခဲ့ပါတယ်..။
သို့ပေမယ့်..အင်တာနက်ပေါ်မှာ..ကိစ္စကြီးတစ်ခုဖြစ်နေခဲ့ပါပြီ..။လူတိုင်းဟာ..သတင်းတွေကို မြင်တဲ့ အချိန်မှာ ကြောင်အသွားကြတယ်..။
မှတ်ချက် များတွင်တော့..။
"ချီးပဲ..ဂျင်ဟွန်မင်ကို သူခိုး တစ်ယောက်က..ဆိုးဆိုးရွားရွား ရိုက်နှက်သွားတာပဲ..."
"ဒီမှာတော့..ဂျင်ဟွန်မင်က အနုပညာ ပြပွဲ ကျင်းပ တဲ့ စင်တာရဲ့ ဆန့်ကျင်ဘက်မှာ..ပွဲတက်နေပြီး သူခိုးက ပန်ချီခိုးရင်း.ဒီဘက်ရောက်လာတာတဲ့...။သူက..ဟိုဘက် တိုက် ၁၉ ထပ်ကနေ ဒီဘက် ၁၈ ထပ်ကို ရောက်လာပြီး ဂျင်ဟွန်မင်ရဲ့ နောက်က မှန်ကိုခွဲပြီး ပေါ်လာတာ..။နောက်တော့..သူက..ဂျင်ဟွန်မင်ကို ရိုက်တော့တာပဲ.။ဒါက ဇာတ်ကား ကြည့်နေရသလိုပဲနော်..."
"ချီးပဲ..အဲ့ဩစရာပဲ..ကြားရတာ ကောင်းလိုက်တာ.."
"သတင်းကို သေချာကြည့်..ဒေါက်တာက သူ့ရဲ့ အဓိက အစိတ်အပိုင်း သုံးလို့မရတော့ဘူးလို့ ပြောထားတယ်နော်..။ဒါက သူ မသန်စွမ်းဖြစ်ပြီ လို့ ဆိုလိုတာမလား..."
"ဒါဖြစ်နိုင်တယ်..."
"ဒီလူက..သူခိုးဖြစ်ပေမယ့်..လုပ်ရည်ကိုင်ရည်က အေတာ်ကျွမ်းကျင်တယ်နော်..။
လင်းဖန် ၏ဝိုက်ဘိုတွင်..။
"ဟားဟား..အံ့ဩစရာပဲ..မနေ့က မာစတာ လင်းတင်တုန်းက..ဘာကို ဆိုလိုတာလဲ ငါမသိခဲ့ဘူး..။ဒီနေ့မှ ငါနားလည်တော့တယ်..။မာစတာ လင်းက ကြိုသိပြီးသား ဖြစ်လိမ့်မယ်.."
"ဒါက ထူးဆန်းတယ်..။မာစတာ လင်းက ဘယ်လို ကြိုသိနေတာလဲ.."
"မင်း ငတုံးလား..။မာစတာ လင်းရဲ့ ဗေဒင်ပညာက ဒီလောက်ကောင်းတာ..။သူမပြောနိုင်ပဲ နေမလား..."
"ဒါမဟုတ်သေးဘူးနော်..မာစတာ လင်းက ကြိုသိထားရင် ဘာလို့ အကုန်လုံးကို မပြောတာလဲ..။ဘာပဲဖြစ်ဖြစ် အပြစ်မဲ့တဲ့ လူအရိုက်ခံရတာ ကောင်းတဲ့အရာ မဟုတ်ဘူးလေ.။မာစတာ လင်းက..ဒီလောက် စွမ်းဆောင်နိုင်တာတောင် ဘေးနားကနေပဲ ရပ်ကြည့်နေတယိ.."
"မင်း ငတုံးလား..မာစတာ လင်းက..ဒီတိုင်း ဖြစ်စေချင်လို့ မပြောပဲ ထားထားတာပေါ့..."
"မအိမ်လုံး...မင်းငါ့ကို ငတုံးလို့ ထပ်ပြောရင်..ငါဒေါသထွက်မိတော့မယ်.."
"မင်းက တကယ်ငတုံးပဲလေ..။ငါ့ကို လာရိုက်ရင် ရိုက်စမ်း..."
"မင်း...မင်း...ငါမင်းကို မှတ်ထားမယ်. "
သီးခြားနေရာတစ်ခုတွင်..။
သူခိုးငါးယောက်ဟာ..သတင်းကို ကြည့်ပြီးကြောင်အနေခဲ့ကြပါတယ်..။ယင်းနောက်..သူတို့ထဲက လေးေယာက်ဟာ.. လီလောင်ကို ကြည့်လိုက်ပြီး...
"လီလောင်..မင်းသူ့ကို ကန်ခဲ့တာလာား.."
လီလောင် ခေါင်းညိမ့်လိုက်တယ်..။
"အင်း..ငါလုပ်ခဲ့တာ..."
်
"ချီးပဲ..မင်းဘာလို့ ဆယ်လီ တစ်ယောက်ကို
ရိုက်နှက်ခဲ့တာလဲ..။ငါတို့ ပြစ်မူတွေ ကျူးလွန်လို့ မရဘူးလေ.."
"ငါလည်း ဒီလို မလုပ်ချင်ပါဘူး..။မင်းတို့ ပြောတုန်းက ဘယ်သူမှ မရှိတဲ့ နေရာကို ရောက်မှာဆို..။ငါလည်း ရောက်သွားရော..လူအုပ်ကြီးရှိနေတာလေ..။သူ ကြောင်အနေခဲ့တာ..ပြီးတော့..ငါဒီကောင့် လက်ကို တက်နင်းထားလို့ တောင်းပန်ဖို့ လုပ်ပေမယ့်.ဒီကောင်က ကိုရီးယားလိုပဲ စွတ်အော်နေတာနဲ့ စိတ်မရှည်ပဲ ရိုက်နှက်ခဲ့တာ.."
"ကောင်းပြီ ဒီအကြောင်းကို မပြောနဲ့တော့..။ငါ တို့ ဒီပန်ချီကား နှစ်ချပ်ကို..ပုံမှန် ဖောက်သည်ဆီကို ဒေါ်လာ ငါးသန်းနဲ့ ရောင်းကြမယ်.။ထုံးစံအတိုင်းတစ်သန်းကို လှူမယ် ကျန်တဲ့ လေးသန်းကို တစ်ယောက် ဒေါ်လာ ၈ သိန်းရမယ်..။လူစုခွဲလိုက် ကြရအောင် ငါကတော့..ငါ့မွေးရပ်မြေကို ပြန်ပြီး..အပင်ပဲ စိုက်စားတော့မယ်...။မင်းတို့ရော..ဘာလုပ်မှာလဲ..."
ကိုယ်ဝန်သည် ပုံစံဟန်ဆောင်တဲ့ အမျိုးသမီးဟာ ပြောလိုက်တယ်...
"ငါကတော့..ဇီကျောင်းကို ပြန်ပြီး ဒရမ်မာ တစ်ခုကိုပဲ..သရုပ်ဆောင်တော့မယ်..."
"ချီးပဲ..နင် အဲ့ငနဲကို တကယ်ယုံကြည်တယ်လား.."
အမျိုးသမီးဟာ ခေါင်းညိမ့်လိုက်ပြီး..
"အင်း..အင်တာနက်မှာ တွေ့တာ သူက မာစတာ လင်းတဲ့..။ငါ သာ ဆယ်လီ ဖြစ်လာရင်..နင်တို့ ငါ့ကို လာကူညီကြ..ဒါဆို ဒီအလုပ်တွေ လုပ်စရာ မလိုတော့ဘူး..."
"ဒါဆိုရင်တော့..ငါက တောင်တွေကြားထဲက..ရွာတစ်ရွာမှာ စာသွားသင်မယ်..။မင်းတို့ နောက်ထပ် ပေရာဂျက် ရှိမှ ငါ့ကို ဆက်သွယ်လိုက်ပေါ့..."
ယင်းနောက် သူတို့ ငါးယောက်စလုံးဟာ မတ်တတ်ရပ် ဝိုင်းလိုက်ပြီး လက်တွေ ဆန့်တန်းကာ..လက်ချင်း ထပ်လိုက်ကြပါတယ်..။
"ကောင်းပြီ..ငါတို့က ညီအစ်ကိုတွေပဲ..ပြီးတော့..တစ်စုံတစ်ယောက်ကသာ..အဖမ်းခံရရင် ဘယ်တော့မှ သစ္စာ မဖောက်ဘူး..။လူစုခွဲကြရအောင်..."