တည်တည်ငြိမ်ငြိမ်ပဲနေ..
Vol. 29 Ch. 434
#ဘာသာပြန် = စနိုးဝှိုက်
ဆေးရုံတွင်..။
ဂျင်ဟွန်မင် နိုးလာခဲ့တယ်..။
သို့ပေမယ့်..သူ့ ဒဏ်ရာရဲ့ နာကျင်မူတွေက အရမ်းဆိုးရွားလွန်းတာကြောင့် သူချွေးထွက်နေခဲ့ပါတယ်..။
"ဘာဖြစ်တာလဲ...ငါ ဘာဖြစ်တာလဲ..."
ဂျင်ဟွန်မင် သူ့မျက်နှာ မူမမှန်တာကို သတိထားမိလိုက်တယ်..။
မန်နေဂျာဟာ သက်ပြင်း ချလိုက်ပြီး..
"ဟွန်မင်..ပြီးသွားပြီ..။ငါတို့တော့..အဆုံးသတ်ပြီ..."
ဂျင်ဟွန်မင်ဟာ..မန်နေဂျာ ရဲ့ မျက်နှာ အမူအရာကို ကြည့့်ပြီး သူ့မျက်နှာ ပြောင်းလဲ သွားခဲ့ပါတယ်..။
"ဘာဖြစ်လို့လဲ..ငါဘာဖြစ်လို့လဲ..."
"ကနိချက်ကြောင့်.နင့်ရဲ့ မေးရိုး နဲ့.နှာခေါင်းက ပုံစံ ပျက်သွားခဲ့ပြီ..။နှာခေါင်းရိုးက ကျိုးသွားပြီး..မေးရိုးမှာ ထည့်ထားတဲ့ အတွင်းပိုင်း အစိတ်အပိုင်းလဲ.ပျက်စီးသွားပြီ...။ထပ်ပြောရရင် တရုတ်က နည်းပညာက..ကိုရီးယား..လောက် မမြင့်သေးဘူး..။ဒါကြောင့် နင် ကိုရီးယားကို ပြန်တာက ပိုကောင်းလိမ့်မယ်..."
"ကိုရီးယားကို ပြန်ရမယ်..."
ဂျင်ဟွန်မင် ရဲ့ မျက်လုံးတွေဟာ.. စိုစွတ်သွားခဲ့တယ်..။ယင်းနောက် သူအော်လိုက်ပါတယ်..
"ဘယ်လို ဖြစ်နိုင်မှာလဲ...ငါ မပြန်နိုင်ဘူး..။ငါက အခု တရုတ်မှာ ပေါ်ပြူလာ ဖြစ်နေတာလေ..ဒါကို ကိုရီးယားကို ပြန်သွားမယ်ဆိုရင် အရာရာဆုံးရှုံးသွားမှာပေါ့..။ငါ ပိုက်ဆံ လုံလောက်အောင်တောင် မရှာရသေးဘူး..။တရုတ်မှာ ငွေရှာရတာက လွယ်တယ်လေ..ဒီကို ရောက်တာ ခနလေးပဲ ရှိသေးတာ.."
သူ့ရဲ့ မန်နေဂျာဟာ ခေါင်းခါယမ်းလိုက်ပြီး...
"အိမ်ကို မပြန်တော့ ငါတို့ ဘာများ ဆက်ပြီး လုပ်နိုင်မှာ မို့လို့လဲ..။နင့်ရဲ့ ပုံစံကို..ဓာတ်ပုံရိုက်ပြီး ဝိုက်ဘို အကောင့်မှာ တင်လိုက်ရင် ပရိတ်သတ်တွေ ဘာပြောမယ် ထင်လဲ..။အတွေးလွနိနေတာ တော်လိုက်တော့..။ငါတို့က တရုတ်မှာ ကျင်လည်လာတာ ကြာပြီ..ပရိတ်သတ်တွေသာ.နင့်ရဲ့ ဒီပုံစံကို မြင်ကြရင်..အချိန်တို အတွင်းမှာပဲ သူတို့ တစ်ခြား ဆယ်လီ ဆီကို ပြောင်းအားပေးလိမ့်မယ်.."
"မဖြစ်နိုင်တာ..ဒီတုံးအ တဲ့ တရုတ်ပရိတ်သတ်တွေ ကျွန်တော့်ကို ဘယ်လောက် ချစ်တာ..အစ်မ မမြင်ဘူးလား..။သူတို့ ငါ့ကို ဘယ်လိုလုပ် စွန့်ပစ်မှာလဲ.."
ဂျင်ဟွန်မင် အော်လိုက်တာပါ..။
ယင်းနောက် မန်နေဂျာဟာ ခေါင်းကို လှည့်လိုက်ပြီး..
"ဘယ်သူလဲ..."
သတင်းထောက် တစ်ချို့ဟာ..ဒီ အပြန်အလှန်စကား ပြောဆိုမူတွေကို ..ရိုက်ကူး နေတာဖြစ်ပြီး..အလျင်အမြန်ပဲ..ထွက်ခွာသွားခဲ့ကြပါတယ်..။
"ပြန်သွားပြီး..ကိုရီးယား စကား နားလည်တဲ့ လူတစ်ယောက်ယောက်ကို ဘာသာပြန်ခိုင်းရအောင်..။ဒါက လျို့ဝှက်ချက်ကြီး ဖြစ်လိမ့်မယ်..."
"ဟားဟား..ကျုပ်တို့..ရပြီ..။ကျုပ်တို့..တကယ် တွေ့ပြီ..."
"ချီးပဲ..ဂျင်ဟွန်မင်က..အတော်ကို စက်ဆုပ်ဖို့ကောင်းတာပဲ..။တကယ်လို့..သူ့ပရိတ်သတ်..တွေမြင်ရင် ..အံ့ဩလွန်းလို့ သေသွားလိမ့်မယ်...."
…
မန်နေဂျာဟာ..ဒါကို ကြားတဲ့ ..အချိန်မှာ ကြောင်အသွားပြီး ..အပြင်ကို အမြန်ထွက်သွားလိုက်ပါတယ်..။
"အဲ့မှာ ရပ်နေလိုက်..မလှုပ်နဲ့...။ရိုက်ထားတာကို အခု ပြန်ဖျက်ကြ...."
သိသာစွာပဲ..သူမ အတွေ့အကြုံရှိတဲ့.သတင်းထောက် တွေကို...ယှဥ္ပြိုင်နိုင်တဲ့ စွမ်းဆောင်ရည် မရှိပါဘူး..။
မန်နေဂျာဟာ..ပြေးထွက်သွားတဲ့..သတင်းထောက်တွေကိုသာ..စိုက်ကြည့်နေခဲ့ပါတယ်..။ဒါက..ပြီးဆုံးသွားခဲ့ပါပြီ..။
သူမ နဲ့.ဂျင်ဟွန်မင် နဲ့ ပြောထားတာတွေကို..သူတို့က..ရိုက်ကူးထားခဲ့တာပါ..။
တရုတ်ပရိတ်သတ်တွေက..သူတို့ရဲ့ အိုင်ဒေါကို..အမှန်အကန် အားပေးကြပါတယ် .။သို့ပေမယ့်..သူတို့သာ..အမှန်တရားကို သိသွားမယ် ဆိုရင် ဘယ်လောက်တောင်..ဒေါသထွက်ကြမလဲ ဆိုတာ ပြောလို့မရပါဘူး..။
သူတို့ရဲ့ အိုင်ဒေါသာ..သူတို့ အပေါ်ဒီလို စကားတွေပြောနေတာကို ကြားရင်..သူတို့ အရင်က ဘယ်လောက်ပဲ ချစ်ခဲ့ချစ်ခဲ့..လုံးဝ ဂရုစိုက်တော့မှာ မဟုတ်ပါဘူး.။
ဒါပေါ့..အိုင်ဒေါ နဲ့ အတူတူ ဆက်နေတဲ့..ပရိတ်သတ်အရင်းတွေ ရှိနိုင်ပေမယ့်..ဒါကလည်း အတော်ကို ရှားပါးပါတယ်..။ဒီကိစ္စသာ..ပေါက်ကွဲ ထွက်သွားရင်..လူတိုင်းက..သူတို့ အိုင်ဒေါရဲ့ အမှန်တရား အကြောင်းကို သိသွားတော့မှာပါ..။
တစ်ချို့ဆယ်လီတွေဟာ..ကိုယ့်ကိုကို ကာကွယ်ကြပြီး..ပရိတ်သတ်ကို..အပြစ်ပြုမယ့် စကားတွေကို မပြောကြပါဘူး..။
ဝိုက်ဘိုတွင်..။
လင်းဖန်ရဲ့ ဝိုက်ဘိုမှာတော့..မုန်းတီးတဲ့..စာတွေ နဲ့ ပြည့်နှက်နေခဲ့ပါတယ်..။
ဆောင်ဦးဓား..ဟာ..မီးတောက်စစ်ပွဲ အင်ပါယာ တစ်ယောက်ဖြစ်ပေမယ့်လည်း..ဂျင်ဟွန်မင် ရဲ့ပရိတ်သတ်တွေ..ကို အနိုင် မတိုက်ခိုက်နိုင်တာက..သူ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်..။ဒီမှာက..လူတွေ အ ရမ်းများပြားတာကြောင့်..သူလည်း မထိန်းချုပ်နိုင်တော့ပါဘူး..။
"ငါတော့ လက်လျော့လိုက်ပြီ.."
ဆောင်းဦးဓားဟာ..ဆွံ့အနေခဲ့တယ်..။ဒါက သူပထမဆုံးအကြိမ် အရှုံးကို ဝန်ခံတာ ဖြစ်ပြီး.ပရိတ်သတ်တွေရဲ့ အင်အားကို လည်း ပထမဆံူး အစစ်အမှန်မြင်ဖူးတာပါ..။
တကယ်လို့..တစ်ယောက်ယောက်သာ..လင်းဖန်ရဲ့ဝိုက်ဘိုကို ဝင်ကြည့်လိုက်ရင်..မုန်းတီးတဲ့ မက်ဆေ့တွေကို ကျိန်းသေ မြင်တွေ့ရမှာပါ..။
ဂျင်ဟွန်မင် ရဲ့ ပရိတ်သတ်တွေဟာ..သူတို့ အိုင်ဒေါရဲ့ ကံကြမ္မာအတွက် အတော်ကို စိတ်မကောင်း ကဖြစ်နေခဲ့ကြပါတယ်..။သူတို့ ရဲ့ ဒေါသ တွေ ဝမ်နည်းမူ တွေကို လင်းဖန် ဆီပုံချနေပြီး..ကြမ်းတမ်းတဲ့ စကားလုံးတွေပါ သုံးပြီး တိုက်ခိုက်နေခဲ့တာပါ..။
တစ်ချိန်တည်းမှာပဲ..တစ်ချို့ ပရိတ်သတ်တွေဟာ..ငိုကြွေးပြနေပြီး တကယ်ကို ဗရမ်းဗတာ ပါပဲ..။
လင်းဖန်ရဲ့..မနေ့က တင်ထားတဲ့ ဝိုက်ဘိုပို့စ့်က..ဂျင်ဟွန်မင် ပရိတ်သတ်တွေရဲ့တားဂတ်ပါ..။
"နင့်ဘကြီးကို ခံစားလို့ကောင်းပါလား.. "
"ငါ့ရဲ့ အိုင်ဒေါက နင်လာရှုပ်လို့ ရတဲ့လူ မဟုတ်ဘူး.."
"ဟွန်မင် အိုပါးအမြန် ပြန်ကောင်းလာပြီး ဒီကောင်ကို ပညာပေးဖို့ မျှော်လင့်တယ်."
"အမှိုက်ကောင် မာစတာ လင်း..."
တိမ်ဖြူလမ်း...။
လူလိမ် ထျန်ဟာ ပြောလိုက်တယ်..။
"ချီီးပဲ..ဒီကလေးရဲ့ ဝိုက်ဘိုက..တုံးအတဲ့ ပရိတ်သတ်တွေနဲ့ ပြည့်နေတာပဲ.."
ဝူယူလန်ပြောလိုက်တယ်..။
"သူတို့ ဘာဖြစ်နေကြတာလဲ.။ဒါပေမဲ့ ကြည့်ရတာ သမီးတိုလည်း ဘာမှ မတတ်နိင်တော့ဘူး ထင်တယ်..."
ကျောက်ကျန်းယန်ဟာတိုက်ရိုက်ထုတ်လွင့်နေခဲ့တာပါ..။
"အားလုံးပဲ.မာစတာ လင်းရဲ့ဝိုက်ဘိုက အတိုက်ခိုက်ခံနေရတယ်..။ကျေးဇူးပြုပြီး ကူညီပေးလိုက်ကြပါဦး.."
တိုက်ရိုက်ထုတ်လွင့်မူထဲက..ပရိတ်သတ်တွေဟာ ျက်ချင်းအသက်ဝင်လာခဲ့ပါတယ်..။
"တုံးအတဲ့ ပရိတ်သတ်တွေ..သူတို့ကများ ငါတို့ရဲ့ မာစတာ လင်းကို လာရှုပ်ရဲတယ်..။ငါတို့..ဒီပရိတ်သတ်တွေကို..တိုက်ခိုက်ပစ်ရမယ်..."
"ညီအစ်ကို တို့..အခုပဲ သွားရအောာင်.."
"ငါတို့ မာစတာ လင်းအတွက် တိုက်ခိုက်ရမယ်.."
ယင်းနောက် ကျောက်ကျန်းယန် ရဲ့ ပရိတ်သတ်တွေဟာ..လင်းဖန်အတွက် တိုက်ခိုက်ဖို့ ဝိုက်ဘိူကို ထွက်သွားခဲ့ကြပါတယ်..။သူတို့ အစွမ်းကုန်ကြိုးစားပြီး တိုက်ပွဲစတင်တော့မှာပါ.. ။
ဆောင်းဦးဓားဟာ..အခြေအနေကို ကြည့်နေရင်း.မာစတာ လင်းဘက်က..ဝင်ပြီးတိုက်ခိုက်ဖို့ ပရိတ်သတ်တွေကို အများကြီး ရောက်လာတာကို သတိထားမိလိုက်ပါတယ်..။သူတို့ရဲ့ အကြင်နာမဲ့တဲ့..သူဌေးက..ဒီလောက်အထိ..အင်အားကြီးလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။ဒါက တကယ်မယုံနိုင်စရာ ကောင်းပါတယ်..။
တစ်ခြား တစ်ဖက်မှာတော့..လင်းဖန် ..အင်တာနက်ပေါ်က အခြေအနေတွေကို လုံးဝ ဂရုမစိုက်ပေ..။သူ့ကို တိုက်ခိုက်ချင်တဲ့ လူတွေကို ဒီတိုင်းလွှတ်ပေးထားခဲ့ပါတယ်..။
ထပ်ပြောရရင်..သူ ယွဲ့ချီဂျုရှီ တို့နဲ့ အတူ ညစာတောင် မစားရသေးပါဘူး..။ပန်ချီကား ပြန်ရပေမယ့် အနုပညာပြပွဲ ပျက်သွားတာကြောင့် အကြီးအကဲ ယွဲ့က ဝမ်းနည်းနေပါသေးတယ်..။
အကြီးအကဲ ယွဲ့ တည်ငြိမ်ဖို့..သူတို့ ညစာစားဖို့ ချိန်းဆိုလိုက်ကြပါတယ်..။
လင်းဖန် သူတို့ရဲ့ တောင်းဆိုမူကို မငြင်းပယ်ခဲ့ပေ..။အကြီးအကဲ ယွဲ့တို့ အဖွဲ့က အတော်ကို..တက်တက်ကြွကြွ ရှိကြတာပါ...။သူတို့ကို ကြည့်တာနဲ့ သူတို့ အနုပညာကို ဘယ်၀လာက်ချစ်လဲ ဆိုတာကိုပါ မြင်နိုင်ပါတယ်..။
အထူးသဖြင့်..ဥက္ကဌ ကျန်းကျောင်ရှန်းက..သူ့ကိုပါ ပန်ချီတစ်ခုပေးဖို့ အရိပ်အမြွတ်ပြောနေခဲ့တာပါ...။
ဒါပေါ့..လင်းဖန်ကတော့ မသိချင်ယောင်နေခဲ့ပါတယ်.။သူသာ..ပန်ချီတွေကို လွယ်လွယ်ကူကူ ဆွဲပေးရင် တစ်ခြားလူတွေက..သူ့ပန်ချီကို..အပေါစားလို့ထင်ကုန်ကြတော့မှာပါ..။ဒါဆိုရင် ဘာအဓိပ္ပါယ်မှ ရှိတော့မှာ မဟုတ်ပါဘူး..။
ယင်းနောက် ဝမ်မင်ယန် ဖုန်းခေါ်လာခဲ့တယ်..။
"ချီးပဲ..ငါဖုန်းမခေါ်တာနဲ့ မင်းငါ့ကို မေ့နေပြီ ထင်တယ်..."
လင်းဖန် ပြုံးလိုက်တယ်..။
"ဟားဟား..ကျုပ်က..အစ်ကိုကြီး ဆိုတော့..ခင်ဗျားကပဲ အရင်ခေါ်သင့်တယ်လေ.."
"ဒီနေ့ ယန်ဂန်က ငါ့ကို တစ်ယောက်ယောက်နဲ့ တွေ့ဖို့ ခေါ်သွားမလို့..။ငါအနိင်ကျင့် မခံရအောင် မင်းလိုက်ခဲ့ချင်သေးလား.."
လင်းဖန်ပြုံးလိုက်ပြီး..
"ကျုပ်ချိန်းထားတာ ရှိလို့ ဒီညလိုက်နိုင်မှာ မဟုတ်ဘူး..။အကြီးအကဲ ဝု နဲ့ ပဲ သွားလိုက်တော့..။ဒါပေမဲ့..လုံခြုံအောင်တော့ နေကြနော်..။ချမ်းသာတဲ့လူတွေက ဘယ်လိုနေထိုင်သင့်လဲ သိသင့်တယ်..။ပြီးတော့ တရားမဝင် စီးပွားရေးတွေ မလုပ်နဲ့...လိင်ပိုင်း ဆိုင်ရာအလုပ်တွေ မလူပ်နဲ့ ကျုပ်အားမပေးဘူး.."
"မဟုတ်တာ..မင်းဘာတွေ ပြောနေတာလဲ..။ငါတို့က...ရိုးသားတဲ့လူတွေလေ..ဘာလို့ ဒီအလုပ်တွေ လုပ်ရမှာလဲ..။ဒါပဲ ငါ ဖုန်းချလိုက်တော့မယ်..ငါမင်းကို ခေါ်တယ်နော် မင်းဟာမင်း မလိုက်တာ...။နောက်မှ မခေါ်ဘူးလို့ မပြောနဲ့.."
လင်းဖန် ပြောလိုက်တယ်...။
"ကောငိးပြီလေ.ဖုန်းချလိုက်တော့မယ်..။သွားကစားလိုက်ဦး..."
ဖုန်းချပြီးနောက်..။
ဒါက အတော်ကို နောက်ကျ နေခဲ့ပါပြီ..။
လင်းဖန် အကြီးအကဲ ယွဲ့ တို့နဲ့ ညစာစားဖို့ ချိန်းထားတဲ့ နေရာကို တက္ကစီ တစ်စီးငှားပြီး ထွက်လာခဲ့လိုက်ပါတယ်..။