အကြီးအကဲ လင်း..
Vol. 29 Ch. 435
#ဘာသာပြန် = စနိုးဝှိုက်
ဟိုတယ် တွင်..။
သီးသန်းခန်းတစ်ခု ၌.။
လငိးဖန် တံခါးကို ဖွင့်ပြီး ဝင်လိုက်တဲ့ အချိန်မှာ..ကျန်းကျောင်းရှန် နဲ့ ကျန်တဲ့ လူတွေဟာ နွေးထွေး စွာ..ကြိုဆိုလိုက်ကြပါတယ်..။
"မာစတာ လင်း..ရောက်လာပြီလား.."
အစကတော့..လင်းဖန်ကို မမြင်ဖူးသေးတဲ့ အဖွဲ့အစည်း မန်ဘာတွေဟာ..လူငယ်လေးတစ်ယောက် ဖြစ်နေတဲ့ အတွက် သိပ်ပြီး ဂရုမစိုက်ကြပါဘူး..။သို့ပေမယ့် ..သူတို့ရဲ့ ဥက္ကဌ ကိုယ်တိုင် မတ်တတ်ထပြီး နှုတ်ဆက်တော့ ထူးခြားတဲ့ လူမှန်း သိလိုက်ကြပါတယ်..။သူတို့..မာစတာ လင်းဆိုတဲ့ အသံကို ကြားမှ သဘော ပေါက်သွားခဲ့ကြတယ်...။
သူတို့ မာစတာ လင်းကို သိထားကြပါတယ်..။မာစတာ လင်းဆိုတာက..ယွဲ့ချီဂျုရှိီ ...တာအိုရှီဂန်တို့ အမြဲတမ်း ပြောပြောနေတဲ့ လူတစ်ယောက်ပါ..။ယွဲချီဂျုရှီ နဲ့ တာအို ရှီဂန် တို့ဟာ..သူတို့ရဲ့..လက်ဆောင်ရထားတဲ့ ပန်ချီကား တွေကို အမြဲတမ်း ထုတ်ကြွားလေ့ရှိကြတာပါ..။
ဒီ အနုပညာ လက်ရာ နှစ်ခုက..အတော်လှပပြီး အဓိပ္ပါယ်လည်း ပြည့်ဝပါတယ်..။သူတို့ ဒီပန်ချီကားကို ပြန်ဝယ်ဖို့ ကမ်းလှမ်းကြပေမယ့် လည်း ဘာအခွင့်အရေး မှ မရကြပါဘူး..။
လင်းဖန် ပြုံးလိုက်ပြီး..
"ခင်ဗျားက အရမ်းယဥ္ကျေးတာပဲ.. ဥက္ကဌကျန်း..."
"အားလုံး ထိုင်လိုက်ကြရအောင်..ပြီးမှ မာစတာ လင်းကို တစ်ယောက် ချင်းစီနဲ့ မိတ်ဆက်ပေးမယ်.."
ဥက္ကဌ ကျန်း အပြုံးလေးနဲ့ ပြောလိုက်တာပါ.။သူက ..ရာထူးအကြီးဆုံးဆိုတော့...အခမ်းအနားမှူး တစ်ယောက်လို့ပါ ပြောလို့ရပါတယ်..။
သူက လင်းဖန် ရဲ့ ပန်ချီကျွမ်းကျင်မူကို လေးစားမိသလို တစ်ချိန်တည်းမှာပဲ အံ့ဩမိပါတယ်..။
နည်းပညာ နဲ့ စွမ်းဆောင်ရည်ချင်းယှဥ္ ရင် သူ့ရဲ့ အရည်အချင်း က အဆင့်တစ်ခုကို ရောက်နေခဲ့ပါပြီ..။
အခန်းထဲက..ထိုင်ခုံတိုင်းမှာ..လူပြည့်နေပြီး..စုစုပေါင်း ၁၂ ယောက် ရှိနေခဲ့တာပါ..။
လင်းဖန် အပြင် ဒီမှာ ရှိနေတဲ့ အငယ် ဆုံး လူက အသက် ၅၀ ပါ..။
လင်းဖန် သူ့ကို ဒီလိုမျိူး ဖိတ်ကတည်းက..အဖွဲ့အစည်းမှာ သူ့ကို အဆင့်အတန်း ကောင်းကောင်းပေးမယ် ဆိုတာ ယုံကြည်ပါတယ်..။
ကျန်းကျောင်းရှန်ဟာ လင်းဖန် ဘေးမှာ ထိုင်ပြီး တစ်ယောက် ချင်းစီတိုင်း နဲ့ မိတ်ဆက်ပေးနေခဲ့ပါတယ်..။လင်းဖန် ဒီမာစတာ တွေကို မသိပေမယ့်..သူတို့က ..အနုပညာ လောက မှာ ထင်ရှား တဲ့ လူတွေပါ..။တကယ်လို့..အနုပညာကို..နားလညိတဲ့..လူသာ သူတို့ရဲ့ ပန်ချီကားချပ်ကို ..ရခဲ့ရင်..အတော်ကို အံ့ဩ ဝမ်းသာ သွားခဲ့ကြမှာပါပဲ..။
ဘာလို့လဲ ဆိုတော့..ဒီအကြီးအကဲ တွေက..တွေ့ဖို့ အတော်ကို ခက်ခဲပါတယ်..။ပြောစရာ မလိုအောင်ပဲ..သူတို့ရဲ့ အနုပညာ..ကို..ရဖိုဆိုတာက ပိုပြီး ခက်ခဲတဲ့ အရာပါ..။
တစ်ချို့လူတွေဟာ ဆိုရင်..ဒီ မာစတာ တွေရဲ့ အနုပညာ လက်ရာတွေကို ဝယ်ပြီး သူတို့အိမ်တွေမှာ ချိတ်ဆွဲ ထားကြပါတယ်..။သူတို့ အလှပြဖို့ အတွက် မဟုတ်ပါဘူး..။ဒါက..စုဆောင်းထားဖို့ အတွက်ပါ..အကောင်းဆုံး လက်ရာတွေကတော့..မာစတာ တွေရဲ့ သီးသန့် ဆွဲထားတဲ့ လက်ရာတွေပါပဲ..။
လင်းဖန် တစ်ခြား လူတွေကို ခေါင်းညိမ့်ပြလိုက်တယ်..။သူက ငယ်ရွယ်ေပမယ့်လည်း..သူ့ရဲ့အနုပညာ လက်ရာတွေကြောင့် ဘယ်သူမှ သံသယ မရှိကြပေ..။
ကျန်းကျောင်ရှန်း ပြုံးလိုက်ပြီး..
"မာစတာ လင်း..အယ်လ်ကိုဟော .. ပါတာလား..မပါတာလား..."
လင်းဖန် ကျန်းကျောင်ရှန်း လက်ထဲက ဝိုင်ပုလင်းကို ကြည့်ကာ ပြုံးလိုက်ပြီး..
"ကျွန်တော့မှာ ရွေးချယ်စရာ ရှိသေးလို့လား..။ဒါပေမဲ့ ကျွန်တော် အများကြီး မသောက်နိင်ဘူးနော်..။ကျွန်တော် ဖန်ခွက် နည်းနည်းလောက်ပဲ သောက်နိုင်တယ်.."
ကျန်းကျောင်ရှန်း..ခွက်တွေထဲ လိုက်ထည့်ပေးလိုက်ပြီး..
"လူငယ်လေး..မင်း အယ်လ်ကိုဟော..သောက်နိင်မူ..ကို မြင့်တင်ရမယ်..။အရင်တုန်းက..ငါလည်း မသောက်နိုင်ဘူး..ဒီလိုပဲ...။တစ်မော့တည်း သောက်လိုက်ကြရအောင်.."
အကြီးအကဲ ယွဲ့ ပြုံးလိုက်ပြီး..
"ငါတို့ရဲ့..ဥက္ကဌက..အရင်တုန်းက အကြောင်းကို ပြန်ပြောနေပြန်ပြီး..။သို့ပေမယ့်..သူ့ရဲ့ အယ်လ်ကိုဟော သောက်နိုင်မူက..အခု အတော်ဆိုးရွားနေပြီ..။အခု..သူက အရင်ကထက် ၁၀ ရာခိုင်နှုန်း လောက်တောင် မသောက်နိုင်တော့ဘူး..."
တာအိုရှီဂန်..ရယ်မောလိုက်ပြီး..
"မာစတာ လင်း..နည်းနည်းချင်းပဲ သောက်ပါ..အကြီးအကဲ ကျန်း က ဆယ်စုနှစ်လောက် သောက်လာတာ ဆိုတော့..သူ့ရဲ့ သောက်နိုင်နှုန်းကိုသွားယှဥ်လို့ မရဘူးလေ..။ဒီနေ့ လူတိုင်းက ပျော်ရွှင်နေတယ် ဆိုတော့..သူက သောက်တော့မှာပဲ..."
"အကြီးအကဲ..ကျန်း..က တစ်မော့တည်းသောက်မှာ ဆိုတော့..ကျွန်တော်လည်း သောက်ရမှာပေါ့.."
လင်းဖန် ပြောလိုက်ပြီး ချက်ချင်းပဲ သောက်လိုက်ပါတယ်..။သူ့ရဲ့ လည်ချောင်းထဲမှာ လောင်ကျွမ်းပြီး အောက်ကို ကျဆင်းသွားခဲ့တယ်..။သို့ပေမယ့်..ဗိုက်ထဲရောက်သွားတဲ့ အချိန်မှာတော့...သိမ်မွေ့သွားခဲ့တာပါ..။
"ဒါက ကျွန်တော် သောက်ဖူးတာတွေနဲ့ မတူဘူး..."
"ကောင်းတယ်..ငါ့ ဗိုက်ထဲကို အယ်လ်ကိုဟော ဘယ်လောက် ထည့်ထည့်..မျက်နှာ နီရဲလာမှာ မဟုတ်ဘူး..."
လင်းဖန်..ဒီတိုင်း နားထောင်နေခဲ့ပြီး ဘာမှ ပြန်မပြောပေ...။ယင်းနောက် အစားအသောက်တွေ ရောက်လာခဲ့ပါတယ်..။အကုန်လုံးက လင်းဖန်ကို အပြင်လူလို မဆက်ဆံကြပါဘူး..။
ကျန်းကျောင်ရှန်း ပြုံးလိုက်ပြီး..
"ကျုပ်တို့လို အကြီးအကဲ တွေက..လူစုမိတာနဲ့ အနုပညာ အကြောင်းပဲ ပြောကြတာ..။လူငယ်တွေ စုဝေးပြီး သောက်စားကြတာနဲ့ မတူဘူး..။လာ နောက်တစ်ခွက်သောက်လိုက်ရအောင်..."
ယင်းနောက် သူ နောက်တစ်ခွက်သောက်လိုက်ပါတယ်..။
လငိးဖန် ဒီလူကို စိုက်ကြည့်နေခဲ့တယ်..။တကယ်လို့ သူသာ..ဒီတိုင်း..ထပ်သောက်နေရင်..ခွက်အနည်းငယ် သောက်ပြီးရင် မှောက်သွားတော့မှာပါ..။
ကျန်းကျောင်ရှန်း ပြံူးလိုက်ပြီး..
"ဒီဝိုင်ကို..တစ်ခြားနေရာမှာ ဝယ်လို့မရဘူးနော်..။ဒါက နိုင်ငံခြားက တင်သွင်းထားတာ..ပုံမှန်လူတွေ သောက်လို့ မရနိုင်ဘူး.."
တာအို ရှီဂန် ပြုံးလိုက်ပြီး..
"အကြီးအကဲ ကျန်း..ဒီလို ဝိုင်မျိူးကို ငါတို့ကို တိုက်တာ ငါတို့ ကံကောင်းတာပဲ..."
လင်းဖန် ပြုံးလိုက်တယ်..။သူ ကျန်းကျောင်ရှန်း နောက်ခံ အေကြာင်းကို သိပေမယ့်..သူ ဒီလောကထဲ ဝင်လာလိမ့်မယ် လို့ တကယ် မထင်ထားခဲ့ပါဘူး..။သူ့ရဲ့ လမ်းညွှန်မူအောက်မှာ အဖွဲ့အစည်းက ကျိန်းသေ..အင်အားကြီး လောက်ပါတယ်..။
ကျန်းကျောင်ရှန်း ..တစ်ခွက်ပြီးတစ်ခွက်သောက်နေပြီး လင်းဖန် လည်း ဆက်ပြီး သောက်နေခဲ့ပါတယ်..။ဒီဝိုင်မှာ..အယ်လ်ကိုဟော ပါဝင်မူ များပေမယ့် သောက်လို့တော့ အတော်ကောင်းတာပါ..။
ယင်းနောက် လင်းဖန် ရဲ့ ရှေ့မှာ..စာရွက်တစ်ရွက်ပေါ်လာခဲ့ပါတယ်..။
"ဥက္ကဌ ကျန်း..ဒါက ဘာလဲ..."
ကျန်းကျောင်ရှန်း ပြုံးလိုက်ပြီး..
"မာစတာ လင်း လက်မှတ်ထိုးလိုက်..။ဒါဆိုရင်..အဖွဲ့ရဲ့ အစိတ်အပိုင်း ဖြစ်သွားပြီ...။အဖွဲ့ဝင်ဖြစ်သွားရင်..အကျိုးကျေးဇူးတွေ ရှိသလို နှစ်စဥ္ တိုင်းလည်း ဘောနပ်တွေ ရဦးမယ်..။ထပ်ပြောရရင်..မာစတာ လင်း အဖွဲ့ဝင်ဖြစ်လာရင် အဖွဲ့အစည်းက ကြီးကြီးမားမား..တိုးတက်သွားမှာ..."
ယွဲ့ချီဂျုရှီ ပြုံးလိုက်ပြီး...
"အကြီးအကဲ ကျန်း..ငယ်ငယ်တုန်းက..စစ်တပ်မှာ..တစ်ချိန်လံူး ရှိခဲ့တာလေ..။အခု သူက အသက်ကြီးလာ တာတောင်..သူ့ရဲ့ စတိုင်ကို မပြောင်းလဲ သေးဘူး..။ဒါပေမဲ့..ကျုပ်တို့က..အနုပညာသမားတွေ ဆိုတော့ ဘာပြသနာ မှမရှိပါဘူး..။မာစတာ လင်း..ကျွန်တော်တို့..နဲ့ ပူးပေါင်းလိုက်..။ပြီးရင် ကျွန်တော်တို့ မိသားစု ဖြစ်သွားပြီ..."
လငိးဖန် လူတိုင်းကို ကြည့်ကာ..ပြုံးလိုက်ပြီး..
"ကျွန်တော် ဝင်ထားတဲ့ အဖွဲ့အစည်းတွေက များတယ်နော်..။ဖြစ်ပါ့မလား..."
"ပြသနာ မရှိဘူး..။အရည်အချင်း ရှိတဲ့ လူတွေဆိုတာက ဒီတိုင်းပဲလေ..။ငါတို့ ဒီမြေကြီး တစ်ခုထဲမှာ ရှိနေတာ ဆိုတော့ ဘာမှ မထူးခြားပါဘူး.."
ကျန်းကျောင်ရှန်း အပြုံးလေးနဲ့ ပြောလိုက်တာပါ..။
"ကောင်းပြီလေ..ကျွန်တော် လက်မှတ်ထိုးလိုက်မယ်.."
လငိးဖန် ဘောပင်ထုတ်ပြီး လက်မှတ်ထိုးလိုက်ပါတယ် .။
ကျန်းကျောင်းရှန် လက်ခုတ်တီး လိုက်တယ်..။
"ကောင်းပြီ..အကြီးအကဲ လင်း..အတွက် ခွက်ခြင်းတိုက်လိုက်ရအောင်.."
"အာ..."
လငိးဖန် ကြောင်အသွားပြီး အမြန်ပြောလိုက်ပါတယ်..။
"ခနလေး..ကျွန်တော်က အသက် ၂၀ ပဲ ရှိသေးတာလေ..။အကြီးအကဲ လင်းလို့ ခေါ်မလို့လား..."
ယွဲ့ချီဂျုရှီ လင်းဖန် ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..
"မာစတာ လင်း..လက်မှတ်ထိုးပြီးသွားပြီ ဆိုရင် အဖွဲ့အစည်းရဲ့ အစိတ်အပိုင်း ဖြစ်သွားပြီလေ..။အကြီးအကဲ ချန်း တောင် အသက် ၅၀ ပဲ ရှိသေးတာ..သူက.. ဥက္ကဌ ..ကျန်းရဲ့ သားအကြီးဆုံးနဲ့ အူအသက်တူ ပေမယ့် အကြီးအကဲ ချန်းလို့ ခေါ်နေကြတာပဲ..။ကျွန်တော်တို့က..အနုပညာ ကျွမ်းကျင်မူကိုပဲ ကြည့်ကြတာ.."
"စိတ်ဝင်စားစရာပဲ.."
လင်းဖန် ပြုံးလိုက်ပြီး..
"ကောင်းပြီလေ..ဆုတ်တံ နဲ့ မှင် ပြင်ဆင်ပေးပါဦး..။ကျွန်တော် ဒီက တစ်ယောက်ယောက်ကို ပုံတူ ဆွဲပေးမယ်..."
"ကောင်းတယ်.."
ကျန်းကျောင်ရှန်း..ကျေနပ်သွားခဲ့ပြီး..အမြန်ပြောလိုက်ပါတယ်..။
"အမြန်.ပြင်ဆင်ပေးပါဦး.."
…
ဘေဂျင်း ရှိ..ကလပ်တစ်ခုတွင်..။
ဝုယန်ဂန်ဟာ..ဝမ်မင်ယန်ကို ..ဇိမ်ခံ ကလပ်တစ်ခုစီ ခေါ်သွားခဲ့တယ်.။
"ယန်ဂန် ဒီနေရာက တစ်ကယ် မဆိုးဘူး.."
ဝမ်မင်ယန် ဘေးနားကို ကြည့်ပြီး ပြောလိူက်တာပါ..။
ဝုယန်ဂန် ရယ်မောလိုက်ပြီး..
"ဒါပေါ့..ဒါက ဘေဂျင်းမှာ အကောင်းဆုံး ဇိမ်ခံ ကလပ် တစ်ခုပဲလေ..။ပုံမှန် လူတွေ ဒီအနားတောင် ကပ်လို့ ရမှာ မဟုတ်ဘူး.."
ဒီမှာ လှပတဲ့ မိန်းကလေး အတန်း..နှစ်တန်းတောင် ရှိနေခဲ့ပါတယ်..။ယင်းနောက် မိန်းကလေး တစ်ယောက်ဟာ..သူတို့ဆီ လျောက်လာခဲ့တယ်..။မိန်းကလေးရဲ့ အပြုံးတွေက..ကြောင်အ ဖို့ ကောင်းပြီး..သူတို့ ဝတ်ထားတဲ့ အဝတ်အစားတွေကလည်း..အလှအပ တွေကို ဖော်ပြထားသလိုပါပဲ..။
"ဆျာ..ဒီမှာ ချိန်းဆိုထားတာ ရှိလား.."
အမျိုးသိှးတစ်ယောကိဟာ..ညှင်သာပြီး လှပတဲ့ အသံနဲ့ မေးလိုက်တာပါ..။
ဝုယန်ဂန်ဟာ ခေါင်းညိမ့်ပြီး သူမကို အချက်အလက်တစ်ချို့ ပြောပြလိုက်ပြီး..သူမ ခေါ်ရာ နောက်ကို လိုက်သွားခဲ့ပါတယ်..။
ဝမ်မင်ယန် ပြောလိုက်တယ်..။
"ယန်ဂန် ဒီနေရာက အတော်မိုက်တယ်..။ဘာလို့..ငါအရင်က မရောက်ဖူးတာလဲ.."
ဝုယန်ဂန် ရယ်မောလိုက်ပြီး..
"ဒီနေရာက မင်းချမ်းသာတာနဲ့ လာလို့ရတဲ့ နေရာမဟုတ်ဘူးလေ...။ဘေဂျင်းကို ဘာထင်နေလို့လဲ..။ဒီမှာက လူချမ်းသာတွေနဲ့ ပြည့်နေတာ..။အဓိက အချက်က...."
ဝမ်မင်ယန် သူ ပြောတာတွေ နားထောင်ပြီး..နားလည်သွားခဲ့ပါတယ်..။ယင်းနောက် သူ လေးနက်စွာဖြင့်..
"ငါနားလည်ပြီ..."
တစ်စုံတစ်ယောက်ဟာ..ချမ်းသာ ပေမယ့်လည်း..ပါဝါကို ရရှိနိုင်မှာ မဟုတ်ပါဘူး..။သို့ပေမယ့်..တစ်စုံတစ်ယောက်မှာသာ ပါဝါရှိရင်..ချမ်းသာလာဖို့ ဆိုတာက အလွယ်လေးပါ..။
ဒီနေ့ ယန်ဂန်က..သူ့ကိုဒီနေရာ ခေါ်လာတယ် ဆိုတော့..သူလည်း ရိုးရှင်းတဲ့ လူ မဟုတ်လောက်ပါဘူး..။