← Chapters

အခြေအနေတွေကို ခက်ခဲအောင် ပြုလုပ်ခြင်း

Vol. 30 Ch. 436

အခြေအနေတွေကို ခက်ခဲအောင် ပြုလုပ်ခြင်း

Vol. 30 Ch. 436

#ဘာသာပြန် = စနိုးဝှိုက်

အခန်း၏ အပြင်ဘက်တွင်..။

ဝုယန်ဂန်..လည်ချောင်းရှင်းပြီး ပြောလိုက်တယ်..။

"မင်ယန်..ငါတို့..ဒီမှာ..တည်တည်ငြိမ်ငြိမ်နေမှ ရမှာ..။မင်း ဘေဂျင်းမှာ အောင်မြင်မလား..မအောင်မြင်ဖူးလား ဆိုတာက..ဒီနေ့ညမှာ မူတည်နေ

တယ်..။ဒီ လူငယ်လေးတွေက..ငါတို့လောက်..မစွမ်းဆောင်နိုင်ကြပေမယ့်..သူတို့က..ပါဝါရှိတဲ့ မိသားစုကနေ..မွေးလာကြတော့ ငါတို့လည်း ဘာမှ မတတ်နိုင်ဘူးလေ.."

ဝမ်မင်ယန် ပြုံးလိုက်ပြီး..

"စိတ်မပူနဲ့ ငါ့ကို ယုံကြည်လို့ရပါတယ်..."

သူတို့က..စည်းစိမ်ဥစ္စာတွေကို ကိုယ်ပိုင်အရည်အချင်းနဲ့ ရှာထားကြတဲ့ လူတွေပါ..။သူတို့ ရဲ့ အသားတင် ပိုင်ဆိုင်မူတင်..ဒေါ်လာ ဆယ်ဘီလီယံ ကျော်လောက် ရှိပါတယ်..။ဒီလူငယ်လေးတွေ သူတို့ကို ဖိတ်ခေါ်လို့သာ မဟုတ်ရင် သူတို့..ဒီငနဲ တွေနားကို လာမှာတောင် မဟုတ်ပါဘူး..။သို့ပေမယ့်..တစ်ခါတစ်လေမှာ မင်းဘာအမှားမှ မလုပ်ထားရင်တောင်..ပါဝါရှိတဲ့ မိသားစုက..သခင်လေးတွေ ရဲ့ အနိုင်ကျင့်မူကို. ခံရတတ်ပါတယ်...။

သူတို့ တံခါးကို ဖွင့်ပြီး ဝင်သွားလိုက်ကြတယ်..။

အပြင်အဆင်က အတော်ကို အံ့ဩဖို့ ကောင်းပြီး..သူတို့ကြားနေတာ ဆိုလို့..အမျိုးသမီးတွေရဲ့ သိမ်သိမ်မွေ့မွေ့ ရယ်သံတွေပါပဲ..။

ဒီမှာ..အသက် နှစ်ဆယ် သုံးဆယ် ဝန်းကျင်လောက် ရှိတဲ့ လူငယ်လေးယောက် ရှိနေခဲ့ပါတယ်..။သူတို့ရဲ့ အဝတ်အစားတွေ က အတော်စျေးကြီးပုံရပြီး..သူတို့မှာ မိန်းကလေး တစ်ယောက်ဆီ ရှိနေခဲ့ပါတယ်..။မိန်းကလေး တွေဟာ..ရိုးရာ ကိုယ်ကျပ်အက်ျီ (cheongsam) ကို ဖက်ရှင်ကျကျ ဝတ်ဆင်ထားပြီး..ဒါက သူတို့ရဲ့ ရင်ဘတ်ကို ပိုကြီးနေစေ ခဲ့ပါတယ်..။

"သခင်လေး ကျောင်း..သခင်လေး ဟွန်...သခင်လေး မာ နဲ့ သခင်လေး ကျိုး.. ကျွန်တော်တို့ ရောက်ပါပြီ.."

ဝုယန်ဂန် ပြုံးပြီး နှုတိဆက်လိုက်တာပါ..။သူက ..သက်လတ်ပိုင် အရွယ်ရောက်နေပေမယ့်..ဒီသခင်လေးတွေနဲ့ စကားကောင်းကောင်း ပြောနိုင်ပါသေးတယ်။

သူ ဒီသခင်လေး တွေကို သိပ်အထင် မကြီးပေမယ့်.သူတို့တွေက..တကယ်ကို လွမ်းမိုးနိုင်စွမ်း ရှိကြတာပါ..။ သူတို့ အဖေ..အဖိုး တင်မကပဲ တစ်မိသားစုလုံး ပါဝါရှိကြပါတယ်..။ဘယ်သူမှ သူတို့ကို လာမရှုပ်ရဲကြပါဘူး..။

ဝမ်မင်ယန်က ..လူတွေကို အကဲခတ်တဲ့ နေရာမှာ ကျွမ်းကျင်တဲ့လူတစ်ယောက်ပါ.။သူက..တစ်ချက်ကြည့်လိုက်တာနဲ့..ဘယ်လို အမူအကျင့်ရှိလဲ ဆိုတာ ခန့်မှန်းနိုင်ပါတယ်..။ဒီမှာ..ရုပ်ဆိုးတဲ့ လူ သုံးယောက်နဲ့..ကြည့်ကောင်းတဲ့ လူငယ်လေး တစ်ယောက် ရှိနေခဲ့တာပါ..။ဒီရုပ်ချောတဲ့ လူငယ်လေး ရွေးထားတဲ့ မိန်းကလေးကို .လည်း ကျန်တဲ့ လူတွေရွေးထားတဲ့ မိန်းကလေးတွေ မယှဥ္နိုင်ပါဘူး..။

ဒီလို အလှဆုံး မိန်းကလေး ကို ရထားတာကို ကြည့်ရင်...ဒီရုပ်ရည်ချောမောတဲ့ လူငယ်လေးက.ဒီမှာ..အဆင့်အတန်း အမြင့်ဆုံး ဆိုတာ သိသာစေပါတယ်..။တစ်ချိန်တည်းမှာပဲ..ဒါကို စားပွဲပေါ်က..မီးညှိတဲ့ အတံ ထားထားတာကို ကြည့်ရင်လည်းမြင်နိုင်ပါတယ်..။ရုပ်ဆိုးတဲ့ လူငယ်လေးသုံးယောက်မှာ မီးညှိတဲ့ အတွ ရှိပြီး ..ဒီလူငယ်လေးမှာတော့ မရှိပါဘူး..။ဒါက ဒီလူငယ်လေး စီးကရက် သောက်ရင် ကျန်တဲ့ သုံးယောက်က ညှိပေးကြရတယ်လို့ ဆိုလိုပါတယ်..။

ပိုပြီး..သတိထားရမယ့် အချက်က..ရုပ်ချောတဲ့ လူငယ်လေးက သူ့ဘေးနားက မိန်းမလှလေးကို ..လုံးဝ စိတ်မဝင်စားတာပါ.။မိန်းမလှလေး ဘယ်လောက် ပဲ ဆွဲဆောင် ဆွဲဆောင် သူလုံးဝ မလှုပ်ရှားပါဘူး..။ဒါက..ဒီလူငယ်လေး..မိန်းမလှလေးတွေရဲ့ ဒီလိုလုပ်ခြင်းခံရတာကို ရိုးနေပြီလို့ ပြောလို့ရပါတယ်..။

"အကြီးအကဲ ဝု..ကျွန်တော်တို့ကို..မိတ်ဆက်ပေးချင်တဲ့ သူငယ်ချင်းဆိုတာလား.."

သူတို့ထဲက တစ်ယောက်ဟာ မေးလိုက်တာပါ..။

ဝုယန်ဂန် ပြုံးလိုက်ပြီး..

"ဟုတ်ပါတယ်..သူက ဝမ်မင်ယန်ပါ..။ရှန်ဟိုင်းက စီးပွားရေးလုပ်ငန်း ရှင်တစ်ယောက် ဖြစ်ပြီး အတော်စွမ်းဆောင်နိုင်စွမ်း ရှိပါတယ်..."

ဝမ်မင်ယန် စီးကရက် တစ်လိပ်ကို ထုတ်လို်က်တယ်..။သူ ပထမဆုံး..စီးကရက် ကမ်းလိုက်တဲ့ လူက သခင်လေး ကျောင်းပါ..။

"သခင်လေး ကျောင်း..ကျေးဇူးပြုပြီး ဆေးလိပ်သောက်ပါဦး.."

သခင်လေး ကျောင်း...စီးကရက်ကို လှမ်းမယူခဲ့ပေ..။သူ ဝမ်မင်ယန်ကိုသာ..ကြည့်လိုက်ပြီး..

"ခင်ဗျားက..ငယ်ရွယ်ပေမယ့် စွမ်းဆောင်နိုင်စွမ်း ရှိတယ်..။ကြည့်ရတာ ခင်ဗျားက..ထူးခြားတဲ့ လူ ထင်တယ်..."

ဝမ်မင်ယန်..ယဥ်ကျေးစွာ ပြုံးလိုက်ပြီး..

"မဟုတ် မဟုတ်ပါဘူး..။နည်းနည်းပါးပါး ပါ..."

ဝမ်မင်ယန်က မကြွားဝါတတ်ပေမယ့် ..တကယ်ပဲ..ငယ်ရွယ်ပြီး ချမ်းသာ တဲ့လူတစ်ယောက်ပါ..။သူက.ကိုယ်ပိုင် အရည်အချင်းနဲ့ ကြိုးစားခဲ့တာ ဖြစ်ပြီး ..အရာရာတိုင်းက..သူ့ရဲ့ ကြိုးစာမူကြောင့် ဖြစ်လာတာတွေချည်းပါပဲ..။

"ကောင်းပြီလေ.."

သခင်လေး ကျောင်း စီးကရက်ကို လှမ်းယူလိုက်တယ်...။

"ခင်ဗျား ကိုယ့်အခြေအနေကို သိထားသင့်တယ်..။ခင်ဗျားရဲ့ ပိုင်ဆိုင်မူ သေးသေးလေးတွေက ကျုပ်တို့ရဲ့ မျက်လုံးထဲမှာတော့..ဘာမှ မဟုတ်ဘူး..။ပိုက်ဆံက..အရာရာတိုင်း မဖြစ်နိုင်ပေမယ့်..ပါဝါကတော့ အရာရာတိုင်း ဖြစ်နိုင်တယ်..။ကျုပ် အခု ခင်ဗျားထက် ချမ်းသာ တဲ့ လူဆယ်ယောက် ကို ဖုန်းခေါ်လိုက်ရင်..သူတို့က ကျုပ်ကို အစ်ကိုကြီး လိူ့ ခေါ်ကြရလိမ့်မယ်..."

"ဟုတ်..ဟုတ်ကဲ့ပါ..."

ဝမ်မင်ယန် မပျော်မရွှင်ဖြစ်နေပေမယ့်..သခင်လေး ကျောင်းရဲ့စီးကရက်ကို မီးညှိပေးလိုက်ပါသေးတယ်..။

ကျန်တဲ့ သုံးယောက်လည်း. စီးကရက်ကိုယ်စီ ထုတ်ပြီး သောက်လိုက်ကြပါတယ်..။သခင်လေး ကျောင်း ဆေးလိပ်သောက်ပြီ ဆိုမှ တော့..သူတို့လည်း ဆေးလိပ်သောက်ကြရမှာပါ..။သို့ပေမယ့်..သူတို့ ဝမ်မင်ယန်ကို ဆက်လေ့လာနေကြပြီး..သူ့ကို သဘောကျသင့်လား မကျသင့်ဘူးလား ဆိုတာတော့ မဆုံးဖြတ်ရသေးပါဘူး..။

ဆိုဖာပေါ်တွင်..။

ဝုယန်ဂန် ဝမ်မင်ယန်ကို ကြည့်ပြီး ခေါင်းညိမ့်ပြလိုက်တယ်..။ဝမ်မင်ယန် လုပ်တာ ကောင်းတယ်လို့ သူပြောချင်တာပါ..။

ဒေါက် ဒေါက်..

သက်လတ်ပိုင်း အရွယ်မိန်းမလှ လေး တစ်ယောက်ဟာ..လျောက်ဝင်လာပြီး အပြုံးလေးနဲ့ ပြောလိုက်တယ်..

"သခင်လေး ကျောင်း..ရှင့်ရဲ့ သူငယ်ချင်းတွေ ဒီရောက်နေတာ ဆိုတော့..နောက်ထပ် မိန်းကလေး နှစ်ယောက် ထပ်ခေါ်ပေးရမလား.."

သခင်လေးကျောင်း သူမကို ကြည့်ကာ ပြုံးလိုက်ပြီး..

"အစ်မယန် ဆီမှာ ရှိနေမှတော့..ဘယ်မိန်းကလေးကို လိုဦးမှာလဲ..."

"အစ်မယန်က အိုနေပြီလေ..ဘယ်လိုလုပ်ဆွဲဆောင် နိုင်တော့မှာလဲ..."

"မဟုတ်တာ..အစ်မယန်က အသက်ကြီးလေ ပိုလှလာလေပဲ..။ဒီ မိန်းမငယ်လေးတွေက အစ်မယန်ကို ဘယ်ယှဥ္နိုင်မှာလဲ..."

သခင်လေး ကျောင်းပြုံးပြီး ပြောလိုက်တာပါ.. ။

ယင်းနောက် အစ်မယန် ရယ်မောလိုက်ပြီး..

"ကောင်းပြီလေ..သခင်လေးယန် ဖြစ်နေမှ တော့..မျက်နှာသာ ပေးရမှာပေါ့..။တကယ်လို တသ်ခြား လူသာ ဆိုရင် ..သူတို့ကို မေ့ခိုင်းလိုက် မှာ..."

ဝမ်မင်ယန် ဝုယန်ဂန်ရဲ့ခါးကို တို့လိုက်တယ်...။သူ ဒီမိန်းကလေးရဲ့..နောက်ခံကို သိချင်နေခဲ့တာပါ..။

ဝုယန်ဂန် တီးတိုးပြောလိုက်တယ်..။

"သူမက..ဒီကလပ် ပိုင်ရှင်ရဲ့ မိန်းမပဲ..။သူမက..ဒီကလပ်ကို ဦးစီးပြီး စွမ်းလည်း စွမ်းဆောင်နိုင်တယ်..။သူမကို သွားပြီး အပြစ်မပြုမိစေနဲ့..."

သခင်လေး ကျောင်း..သူ့ဘေးနားက ..မိန်းကလေးကို ..တွန်းလိုက်ပြီး..

"ဟိုဘက်ကို သွား..အစ်မယန် ဒီမှာလာ ထိုင်လိမ့်မယ်.."

မိန်းမလှလေးဟာ ဘေးဖယ်ပေးလိုက်ပါတယ်.။ဒီနေရာက..အတော်ခမ်းနားပေမယ့်လည်း..ဒီလို ညစ်ပတ်တဲ့ အလုပ်အကိုင် တွေ ရှိနေခဲ့တာပါ..။သူတို့က ပိုက်ဆံရဖို့ အတွက် ဖွင့်ထားကြတာ ဖြစ်ပြီး..ဘယ်သူ့ကိုမှ..အပြစ်အပြုရဲ ကြပါဘူး..။

အစ်မယန်က ..အတော်ဆွဲဆောင်မူ ရှိပြီး အရွယ်ရောက်နေတဲ့ အမျိုးသမီး တစ်ယောက်ပါ..။သူမရဲ့ ခန္တာကိုယ် အချိူးအစားကို ဒီ မိန်းမငယ်လေးတွေ ..ယှဥ္ပြိုင်လို့ ရမှာ မဟုတ်ပါဘူး..။

"အကြီးအကဲ ဝု ..ဒီလူသစ်က ဘယ်သူလဲ.."

အစ်မယန် ပြုံးပြီး မေးလို်က်တာပါ..။

ဝုယန်ဂန် ပြုံးလိုက်ပြီး..

"သူက ကျွန်တော်ရဲ့ သူငယ်ချင်းကောင်း..ဝမ်မင်ယန်..။ကျွန်တော်..သူ့ကို ..သခင်လေး ကျောင်းနဲ့ ကျန်တဲ့ သခင်လေး တွေကို မိတ်ဆက်ပေးဖို့ ခေါ်လာတာ..."

အစ်မယန်..ဝမ်မင်ယန်ကို ကြည့်လိုက်ပြီး...

"သူက..ငယ်ရွယ်ပေမယ့်..ကြီးပွားချမ်းသာမယ့် အသွင်အပြင်ရှိတာပဲ..။ပုံမှန်လူတစ်ယောက်တော့ မဖြစ်လောက်ဘူး..."

ဝုယန်ဂန် ခေါင်းညိမ့်လိုက်တယ်..။

"ကျွန်တော် သူငယ်ချင်းက......."

သူ ဝမ်မင်ယန် အကြောင်း ပြောဖို့ လုပ်လိုက်ပေမယ့် သခင်လေး ကျောင်းရဲ့ ဖြတ်ပြောမူကို ခံလိုက်ရပါတယ်..။သူ ဒီလိူမျိူး ဝမ်မင်ယန် အကြောင်းပြောချင်တာက..ဝမ်မင်ယန်ကို ပိုကောင်းကောင်း ဆက်ဆံကြအောင်လို့ပါ..။

"သူပ..ထူးခြားတယ် ဆိုရင်တောင်..ကျုပ်တို့လောက်တော့ မထူးခြား နိုင်ပါဘူး.."

သခင်လေးကျောင်းဟာ..တစ်စုံတစ်ယောက်က..သူ့ထက်..စိတ်ဝင်စားခံရလို့..မပျောမရွှင်ဖြစ်နေခဲ့တာပါ..။

အစ်မယန် သူ့ပါးစပ်ကို ပိတ်ပြီး ရယ်မောလိုက်တယ်..။

"ဟုတ်တယ်..သခင်လေးကျောင်းက ..အထူးခြားဆုံးပဲ..ဒါပေါ့..သခင်လေး ကျိုး..သခင်လေး မာ..သခင်လေး ဟွန်တို့ရောပဲ.."

ကျန်တဲ့ သုံးယောက်ဟာ..လက်ဝေ့ယမ်းလိုက်ကြပြီး..

"မဟုတ်တာ..ကျွန်တော်တို့က..သခင်လေး ကျောင်းလောက်..မထူးခြား ပါဘူး.."

သခင်လေး ကျောင်း..စားပွဲပေါ်ကို ကြည့်လိုက်ပြီး..

"အစ်မယန်..ကျွန်တော်တို့ကို..အယ်လ်ကိုဟော လေးဘာလေး ပြင်ဆင်ပေးလို့ ရမလား..။ကျွန်တော် ရှန်ဟိုင်းက အကြီးအကဲ ဝမ်ကို ဧည့်ခံရမယ်လေ.."

ဝုယန်ဂန်..ကြောင်အသွားခဲ့ပြီး အမြန်ပြောလိုက်ပါတယ်..။

"သခင်လေး ကျောင်း..ကျွန်တော်သူ့ကို ဂရုစိုက်လိုက်ပါ့မယ်..။ဘာပဲဖြစ်ဖြစ်..ဒီမှာတင်..အရက်တွေ အတော်များနေပြီလေ..။ကျွန်တော်တို့လည်း..အများကြီး မသောက်နိုင်ပါဘူး..."

သခင်လေးယန်..လက်ချောင်းကို တစ်ဒေါက်ဒေါက် ခေါက်လိုက်ပြီး..ခေါင်းကို..ဝုယန်ဂန် ဘက်လှည့်ကာ..

"ကျုပ် အရက်ထပ်မှာဖို့ ကိစ္စမှာ..ခင်ဗျားဆီက

ခွင့်ပြုချက် လိုအပ်နေတာလား..."

ဝမ်မင်ယန် ..အလျင်အမြန်ပြောလိုက်တယ်..။

"သခင်လေး ကျောင်း..ယန်ဂန်က..အဲလိုပြောတာ မဟုတ်ပါဘူး..။သခင်လေး ကျောင်းက..အရမ်းယဥ်ကျေး..နေမှတော့..ကျွန်တော် ဝမ်မင်ယန်က ..မငြင်းပယ် ဝံ့ပါဘူး..."

ယင်းနောက် ..သခင်လေး ကျောင်း ပြုံးလိုက်ပြီး..

"ကောင်းပြီလေ..အစ်မယန်..အရက်ကောင်းကောင်းလေးတွေ လုပ်ပေးပါဦး.."

အစ်မယန် ပြုံးပြီး..ခေါင်းညိမ့်လိုက်တယ်..။

"ကောင်းပြီလေ..သခင်လေး ကျောင်း ခိုင်းတာ ဘာမဆိုလုပ်ပေးရမှာပေါ့..။ကျွန်မ အခုပဲ..အကောင်းဆုံး ပုလင်းတွေ သွားဝယ်ပေးမယ်..။ဒါပေမဲ့ သခင်လေးကျောင်း အများကြီး သောက်လို့ မရဘူးနော်..။ကျွန်မတို့က..ဘယ်ဧည့်သည်ကိုမှ ဒီမှာ ညအိပ်လက်မခံ ဘူး..."

ဝုယန်ဂန် မျက်မှောင် ကျုတ်ပြီး ဝမ်မင်ယန်ရဲ့ ခါးကိုတို့ လိုက်တယ်..။သူ အတော်ကို စိတ်ပူနေခဲ့တာပါ..။

သခင်လေး ကျိုး နဲ့ ကျန်တဲ့ လူတွေကတော့ ဘာမှ မပြောကြပါဘူး..။သူတို့က တစ်ခုခု စောင့်ဆိုင်းနေသလိုပဲ ဘေးနားမှာ ထိုင်ကြည့်နေခဲ့ပါတယ်..။တစ်ချိန်တည်းမှာပဲ..သူတို့ဟာ မိန်းမလှလေး တွေနဲ့ တီးတိုး..ပြောဆိုနေကြပြီး..မိန်းမလှလေးတွေဟာ.ကလူတဲ့ အပြုံးနဲ့ ရယ်မောနေကြပါတယ်....။

All Chapters